စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲကို ထပ်မံထွက်ပြေး
စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲကို ထပ်မံထွက်ပြေး ၁၄ ဧပြီ ၂၀၂၄ စစ်ကောင်စီနယ်ခြားစောင့်တပ် အဖွဲ့ဝင် ၉ ဦးသည် ယနေ့ နံနက်ပိုင်းက ကော့ဘဇားရှိခရိုင် Teknaf မြို့နှင့် Hoikang ၏ Kharankhali နယ်စပ်တွင် ဝင်ရောက်လာခဲ့သည်ဟု ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်မှူး ဒုဗိုလ်မှူးကြီး Mohiuddin Ahmed က အတည်ပြုပြောကြားခဲ့ ကြောင်း Theterritorialnews.com-TTN သတင်းဌာနက ဖော်ပြထားသည်။ ရခိုင်ပြည် မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်တပ်စခန်းအများအပြား အာရက္ခတပ်တော်AAမှ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေသည်ဟုသိရသည်။ ယနေ့ဧပြီလ ၁၄ ရက် မနက်ပိုင်းအချိန်က မောင်တောမြို့ မြောက်ပိုင်းရှိငါးခူရ နယ်ခြားစောင့် စခန်းတစ်ခုလုံး ထွက်ပြေးသွားကြောင်းဒေသခံတွေကပြောသည်။ ၎င်းအပြင် ခမောင်းဆိတ်ဗျူဟာစခန်းကိုလည်း အာရက္ခတပ်တော် AA မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသံတွေပြောဆိုချက်အချက်သိရသည်။ စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် အလားတူ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသွားတဲ့ သာတက အြ...