စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ


 

၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media 


ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ်အရွယ် ကလေး ၁ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိပါတယ်။


ဒဏ်ရာရှိသွားတဲ့ ကလေးမှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာမှ အဖ ဦးမျိုးသူအောင် နဲ့ အမိ ဒေါ်ဝင်းမိုးနွယ်တို့၏ သား မောင်ဖိုးရွှေလမင်း (၃ နှစ်) ဖြစ်တယ်လို့ဒေသခံတွေက ပြောဆိုပါတယ်။ 


ဖြစ်စဥ်မှာ ကျောက်ဖြူမြို့နယ် ၊ မင်းရပ်တိုက်နယ်၊ ကျောက်ပြောက်ကျေးရွာရဲ့ အောက်ဘက် ပင်လယ်ပြင်၌ ကျောက်ချ ရပ်နားထားသော စစ်ကော်မရှင်နေဗီတစ်စီးသည် ယမန်နေ့အောက်တိုဘာ ၁၂ရက် ညနေပိုင်း ၇ နာရီ ဝန်းကျင်အချိန်ခန့်တွင် ကျောက်ပြောက်ကျေးရွာ ဖက်ကို ဦးတည်ပြီးရည်ရွယ်ချက်ရှိရှိ နေဗီပေါ်ကနေ လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။


အဆိုပါ လက်နက်ကြီးကျည်တစ်လုံးသည် ကျောက်ပြောက်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး မောင်ဖိုးရွှေလမင်းထံကို ကျည်စထိမှန်ခဲ့တာလို့ ရွာသားတွေက ပြောဆိုပါတယ်။ 


လားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကလည်း စစ်ကော်မရှင် နေဗီပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ င/အုပ်ကျေးရွာက ဦးအောင်ဇံ ၈၆ နှစ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့ပါတယ်။


စစ်ကော်မရှင်သည် ပြည်သူ့စစ်အင်အားတွေ စုစည်းရရှိလာပြီးနောက် ၎င်းတို့စစ်ရှုံးဆုံးပြီး လက်လွှတ်ထားရသော အာရက္ခဒေသမှ မြို့နယ်အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ရေကြောင်းအင်အားကို နေ့စဥ်ဖြည့်တင်း၍ ကြိုးပမ်းဆောင်ရွက်လာသည်ကိုလည်း တွေ့ရတယ်လို့ ဒေသတွင်း မြေပြင် စစ်ရေးအကဲခတ်တစ်ဦးကလည်း ဆိုပါတယ်။ 


ထို့ကြောင့် ရက္ခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်ကမ်းအနီးရှိ မြို့၊ ရွာ အသီးသီး၌ နေထိုင်လျက်ရှိသော အာရက္ခပြည်သူများ စစ်ကော်မရှင်ရဲ့ လေကြောင်း၊ရေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အန္တရာယ်ကို အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် အောက်တိုဘာ ၁၀ ရက်နေ့တွင် အာရက္ခတပ်တော်AA မှ အသိပေးထုတ်ပြန်ထားပါတယ်။


ပုံစာ / ကျောက်ပြောက်ရွာမှ ဒဏ်ရာရှိသည့် မောင်ဖိုးရွှေလမင်း ( ဓာတ်ပုံ /APM )


#lay_wadi_media #အာရက္ခပြည် #ကျောက်ဖြူ #စစ်ကော်မရှင် #နေဗီ #စစ်သင်္ဘော #လက်နက်ကြီးပစ်ခတ် #ကလေးဒဏ်ရာရ

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...