သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ်
သံတွဲ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမြန်ရေယာဉ်ငယ် ( Speed Boat တစ်စီးအား )အာရက္ခတပ်တော်AA မှ တိုက်ခိုက်နစ်မြုပ် ၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ ကို AA မှ ထုတ်ပြန် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက် အာရက္ခဒေသအတွင်းတိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အခြား တစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမို...