Showing posts with label ပြည်သူ့စစ် အဓမ္မဖမ်းဆီးခံရတဲ့ စစ်တွေ မှ မွတ်ဆလင်တစ်ဦးက ပြောသည်။. Show all posts
Showing posts with label ပြည်သူ့စစ် အဓမ္မဖမ်းဆီးခံရတဲ့ စစ်တွေ မှ မွတ်ဆလင်တစ်ဦးက ပြောသည်။. Show all posts

ပြည်သူ့စစ် အဓမ္မဖမ်းဆီးခံရတဲ့ စစ်တွေ မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

 စစ်ကောင်စီက ပြည်သူ့စစ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မွတ်ဆလင်တွေကို မင်းတို့ကိုနိုင်ငံသားကဒ်ထုပ်ပေးမယ် မိသားစုစားဝတ်နေရေး လစဉ်ထောက်ပံ့ပေးမယ်ဟုပြောဆိုကာ ပြည်သူ့စစ် အဓမ္မဖမ်းဆီးခံရတဲ့ စစ်တွေ မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

 ၁၆ ဧပြီ ၂၀၂၄







စစ်ကောင်စီသည် ရခိုင်က မွတ်ဆလင်တွေကို စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးပြုရန် ကျောက်ဖြူ / စစ်တွေ / ဘူးသီးတောင် / မောင်တော စသည့်  ဒုက္ခသည်စခန်းက မွတ်ဆလင် လူငယ်တွေကို လိမ်ညာပြီးပြည်သူ့စစ် 

ခေါ်ဆောင်ခဲ့ကြောင်း စစ်တွေ မှ မွတ်ဆလင် တစ်ဦးက အတည်ပြုပြောသည်။


" ကျွန်တော်တို့ကို စစ်တပ်က ပြောတယ် ပြည်သူ့စစ်လုပ်ရမယ်  တစ်နိုင်ငံလုံး မလုပ်လို့မဘူးပြောတယ်။ ကျွန်တော်တို့က ကြောက်လည်းကြောက်တယ် ပြန်မပြောရဲဘူး ပြည်သူ့စစ်တပ်ထဲဝင်ရင် မင်းတို့ကို နိုင်ငံသားကဒ် ( ID - မှတ်ပုံတင်ပန်းရောင်) လုပ်ပေးမယ် မိသားစု စားဝတ်နေရေး လစဉ်ထောက်ပံ့မယ် ။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကိုမသွားရဘူး မင်းတို့ မိသားစုတွေနဲ့ ဒီနေရာတွေမှာ အတူနေရမှာ အေးလိုပြောတယ်" ဟု ဆိုပါတယ်။


စစ်ကောင်စီသည် ပြည်သူစစ်ထမ်းအတွက် နည်းမျိုးစုံလိမ်ညာငြိမ်းခြောက်ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ထားတဲ့ မွတ်ဆလင်တွေကို လစဉ်မိသားစုစားဝတ်နေရး ထောက်ပံ့တာမရှိသလို  ( နိုင်ငံသားကဒ် မှတ်ပုံတင်)လည်း ထုတ်ပေးတာမရှိဟုသိရသည်။ ၎င်းအပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့  ရသေ့တောင်မြို့တိုက်ပွဲတွင် ဘင်္ဂလီ အလောင်းတခ်ျို့ကို တွေ့ရသည်ဟု AA က မတ်လ ၂၀ ရက်က ဓါတ်ပုံနှင့် တကွထုတ်ပြန်ထားသည်။


စစ်ကောင်စီသည်  မတ်လ ၂၅ -၂၆ ရက်နေ့က စစ်တွေမှ မွတ်ဆလင် ၂၅ ဦးကို အဓမ္မဖမ်းဆီးခေါ်သွားကြောင်းသိရသည်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မွတ်ဆလင် ၂၅ ဦးသည်  ၂၀၂၄ မတ်လ ၂၅ ရက်က  စစ်တွေမြို့အနီးရှိ ဘာဆာရာရွာမှ (၄)ဦး၊ အောင်ဒိုင်ရွာမှ (၁၀)ဦး၊ မှော်သီးညှာမှ (၄)ဦး မတ်လ ၂၆ ရက် နေ့လယ် ၂ နာရီခွဲအချိန်က  စစ်တွေမြို့ ၊ အောင်မင်္ဂလာရပ်ကွက်က ၇ ဦး စုစုပေါင်း ၂၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် ( စစ်တွေ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဦးစီးမှူးလက်ရေးထိုးထားသော ယာယီကဒ်တစ်မျိုးသာ ထုတ်ပေးထားဟုသိရသည်။


Lay Wadi Media @topfans 

#lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #ဘူးသီးတောင် #ရခိုင် #Sittwe





တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...