စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ
စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ ၈ ဇွန်လ ၂၀၂၄ ရက္ခိုင်ပြည်မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။ စစ်ကောင်စီလက်အောက်တွင်ကျန်ရှိနေတဲ့ မောင်တောခရိုင်အတွင်း မောင်တောမြို့နယ်က စစ်ကောင်စီ၏ တပ်စခန်းများ တစ်ခုပြီး တစ်ခု နေတိုင်းဆိုသလို အာရက္ခတပ်တော်က သိမ်းပိုက်လျက်ရှိနေသည်။ အလုံးစုံသိမ်းပိုက်ရန် ကျန်ရှိနေသည့် တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့အဝင်က မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော်AA မှ ယမန်နေ့ ဇွန်လ ၇ ရက် ညနေပိုင်းက စတင်၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ "တိုက်ပွဲက တောက်လျှောက်ပြင်းထန်နေပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကဆက် တိုက်ခိုက်လိုခြင်းမရှိကြဘူး အာရက္ခတပ်တော်ထံ လက်နက်ချအလင်းဝင်ချင်တယ် လက်နက်ချအလင်းဝင်လိုက်ရင် အသက်ဘေးကလွတ်မြောက်မည် ဆက်တိုက်နေရင် ကိုယ့်ရဲ့အသက်ကအာမခံချက်မရှိဘူး ဒါကို သိသိကြီး ဆက်တိုက်ရန် အမိန့်ပေးနေတဲ့ စစ်တပ်က အရာရှိတွေကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒေါသထွက် နေကြတယ် သူတို့ကိုယ်တိ...