Showing posts with label Lay Wadi Media. Show all posts
Showing posts with label Lay Wadi Media. Show all posts

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြို့နယ်က နေအိမ်များကို ULA / AA မှ ဆောက်လုပ်ပေး


၂ ဒီဇင်ဘာ ၂၀၂၄

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ့ ပြည်သူပိုင် နေအိမ်များကို ULA / AAမှ ပြန်လည်ဆောက်လုပ်ပေးလျက်ရှိသည်ဟု သိရသည်။

နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူပိုင်နေအိမ်အများအပြားပျက်စီးခဲ့ရသလို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့/ရွာ တွေအမျာအပြားသည်းလည်းမီးလောင်ပျက်စီးခဲ့ရသည်။

ယခုအခါ တိုက်ပွဲအတွင်း၌ပျက်စီးခဲ့ရတဲ့ မင်းပြားမြို့နယ်မှ ကျေးရွာအချို့ရှိ  နေအိမ်များကို အာရက္ခပြည်သူ့အစိုးရမှ ဒေသခံပြည်သူတွေနှင့် ဝိုင်းဝန်းကြိုးပမ်းကာ ပြန်လည်ဆောက်လုပ်ပေးလျက်ရှိသည်။

မင်းပြားမြို့နယ်တွင် နေအိမ်ပေါင်း ၅၅၂ ဆောင်မှာ အလုံးစုံပျက်စီးခဲပြီး ၆၈၆ ဆောင်မှာ တချို့တစ်ဝက်ပျက်စီးခဲ့သည်ဟုသိရသည်။

ပုံစာ - မင်းပြားမြို့နယ်၌ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ တိုက်ပွဲကာလ မီးလောင်ပျက်စီးခဲ့ရတဲ့ လူနေအိမ်များကို  ပြန်လည် ဆောက်လုပ်ပေးနေသည်ကို တွေ့ရစဉ် ( ဓါတ်ပုံ - Arakan Princess Media)။

#lay_wadi_media #အာရက္ခပြည်  #Rakhine #အရပ်သား #မင်းပြား #အာရက္ခပြည်သူ့အစိုးရ #ula_aa


တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...