Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား


 မတ် ၁၆ / ၂၀၂၄ 


အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရွာမှ အမျိုးများအားလုံးကို ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးထားကြောင်း စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။


ဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရပ်ရွာမှာ သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာဖြစ်သည်။ 


အဆိုပါဇီးကျွန်းကျေးရွာမှ ဒေါ်ကြူကြူလှနှင့် ဆွေမျိုးတော်စပ်သူများကို စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့် ကတ်ပြားများကို မတ်လ ၁၄ ရက်တွင် သံတွဲခရိုင်ထွေအုပ်ရုံးက ထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။ 


" ဒေါ်ကြူကြူလှရဲ့ ဇီးကျွန်းရွာက အမျိုးတွေအားလုံးစစ်မှုထမ်းကင်းလွတ်ခွင့်ရတယ်။ စစ်မှုထမ်း ကင်းလွတ်ခွင့် ဆိုပြီး ကတ်ပြားတွေထုတ်ပေးထားတယ်။ သံတွဲခရိုင်ထွေအုပ်ရုံးကထုတ်ပေးထားတာ" ဟု ပြောသည်။ 


ဒေါ်ကြူကြူလှ၏ အမျိုးများစာရင်းကို ဇီးကျွန်းကျေးရွာတာဝန်ခံက ကောက်ယူပြီး သံတွဲခရိုင် ထွေအုပ်ရုံးသို့ သွားရောက်ပို့ဆောင်ပြီးနောက် စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


" ရွာတာဝန်ခံက အမျိုးစာရင်းကောက်ပြီး သံတွဲထွေအုပ်ရုံးကို သွားပေးရတာ။ ထွေအုပ်ရုံးက စစ်မှုထမ်းကင်းလွတ်ခွင့်လက်မှတ်ပြန်ပေးလိုက်တာ" ဟု သူကပြောသည်။ 


စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်မှုမထမ်းမနေရဥပဒေကို အာဏာရှင်ပီပီ ကျင့်သုံးပြီး တစ်နိုင်ငံလုံးမှလူငယ်လူရွယ်များ၏ အနာဂတ်နှင့်ဘဝကို သင်းသတ် ဖျက်ဆီးနေသော်လည်း ၄င်းဇနီး၏အမျိုးများကိုမူ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးခြင်းမှာ ကိုယ့်ဥပဒေကို ကိုယ်မလေးစားခြင်းဖြစ်ကြောင်း ၊ လူငယ်များအနေဖြင့် တရားမျှတမှုမရှိသည့် စစ်မှုထမ်းဥပဒေကို မိမိလွတ်လပ်ခွင့်အတွက်ဆန့်ကျင်ကြရန် သံတွဲမြို့နယ်မှ လူမှုတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။


 "ထမ်းရမယ်ဆိုလည်း တပြေးညီထမ်းရမယ်လေ။ သူ့မိန်းမ(ဒေါ်ကြူကြူလှ) ဆွေမျိုးတွေကို ခွဲထုတ်ပြီး ကျန်တဲ့ လူငယ်တွေကို ဖိအားပေးတာမျိုးတော့ ဘယ်တရားမလဲ။ ပြောရရင် စစ်မှုထမ်း ဥပဒေ  အသက်သွင်း ထုတ်ပြန်တာကိုက နိုင်ငံ အနာဂတ်လူငယ်အားကို သင်းသတ်ပစ်လိုက်တာပဲ။ စစ်မှုထမ်း ဥပဒေကို လူငယ်တွေအနေနဲ့ ကိုယ့်လွတ်လပ်ခွင့်နဲ့ ဆန့်ကျင်ကြဖို့တိုက်တွန်းပါတယ်" ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။


သံတွဲမြို့နယ်တွင် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ 


ယခုမတ်လ ၁၈ ရက်ကစတင်၍ ကျေးရွာအုပ်စုတစ်ခုမှ လူငယ်နှစ်ဦးစီစုဆောင်းရမည်ဖြစ်ပြီး လေးလတကြိမ်စီ လူသစ်စုဆောင်းပေးရမည်ဟု စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုအတင်းအကျပ်စေခိုင်းထားထားကြောင်းလည်း ဒေသခံများကပြောသည်။


ဓာတ်ပုံ- အင်တာနက်



စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

 ကရင်နီပြည် ဖားဆောင်းသို့ စစ်ကူလာသောဖက်ဆစ်ခွေးစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား မီးလောင်သေဆုံး







ငြိမ်းချမ်းရေးမှာ UWSA အရေးပါကြောင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ UWSA အခန်းကဏ္ဍ အရေးပါကြောင်း ရိုက်တာသတင်းဌာနရေးသား(RFA)
~~~~~~~~~~~~
■ မြန်မာနိုင်ငံက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ တည်ရှိရာ ဝ,အထူးဒေသရဲ့ နိုင်ငံရေးနဲ့နိုင်ငံခြားရေး မူဝါဒတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဒီဇင်ဘာလ (၂၉) ရက်နေ့
ဒီကနေ့ ရေးသားလိုက်ပါတယ်။ UWSA အခြေစိုက်တဲ့ ဝ,အထူးဒေသ-၂ ရဲ့ နိုင်ငံခြားရေးမူဝါဒကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး အနောက်နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဆက်ဆံတာတွေကို မျက်ခြေမပြတ် အထူး စောင့်ကြည့်နေတယ်လို့ UWSA ထိပ်တန်းခေါင်းဆောင်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံနဲ့ အကျယ်အဝန်းတူညီတဲ့ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ-၂ ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုအဖြစ် ရပ်တည်နေပြီး လူဦးရေ ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။ ဝ,ဒေသမှာ တရားဝင်ငွေကြေး၊ ရုံးသုံးစာနဲ့ ဘာသာစကားသာမက အသုံးအဆောင်ပစ္စည်း တွေဟာလည်း တရုတ်နိုင်ငံနဲ့ အတူတူဖြစ်ရုံမက၊ စိုက်ပျိုးရေးဝန်ကြီး အပါအဝင် ဝ,သတင်းဌာန အကြီးအကဲတချို့ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဝ,ဒေသ အစိုးရအနေနဲ့ စစ်သုံးထရပ်ကားတွေကို တရုတ်နိုင်ငံက တိုက်ရိုက်ဝယ်ယူပြီး ရိုင်ဖယ်သေနတ်နဲ့ အမြောက်တွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေကို လာအိုနိုင်ငံ ကနေတဆင့် ဝယ်ယူတယ်လို့လည်း အမည်မဖော်လိုတဲ့ ဝ, ဝန်ကြီးတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...