Showing posts with label အကြမ်းဖက် စစ်ကောင်စီ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့. Show all posts
Showing posts with label အကြမ်းဖက် စစ်ကောင်စီ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့. Show all posts

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

 

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

၁၃ မေလ ၂၀၂၄

ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုများသည် စာသင်ကျောင်း ဗလီ နေအိမ် အဆောက်အဦး ၌ အခိုင်အမာ စခန်းချ နေသည်ဟုသိရသည်။

အဆိုပါ အဆောက်အဦးများ၌ စခန်းချနေကြသည့် အကြမ်းဖက် စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်များသည် မေလ ၉ရက်က မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာကို သွားရောက်ပြီး  လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။

မောင်တောမြို့နှင့် နီးကပ်လာတဲ့ တိုက်ပွဲကြောင့် မြို့ပေါ်က ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ကြသည်မှာ လွန်ခဲ့သည့် ၃- ၄ ရက်အတွင်း က ထွက်သွားကြသည်ဟုသိရသည်။

မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ ပူးပေါင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကသာ ရှိနေသည်။

#law_wadi_media #Maungdaw #အကြမ်းဖက်စစ်ကောင်စီ #Rakhine


တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...