Showing posts with label Share ပီးကပ်ပါ အမျိုးတိ. Show all posts
Showing posts with label Share ပီးကပ်ပါ အမျိုးတိ. Show all posts

ဘူးသီးတောင်နှင့် ရသေ့တောင်တွင် AA တပ်စခန်းများ ရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်နေ


 ■ ဘူးသီးတောင်နှင့် ရသေ့တောင်တွင် AA တပ်စခန်းများ ရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်နေ


(မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် တို့ စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွားနိုင်ပြီး အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်လာနိုင်ဟု သုံးသပ်ကြ) 


Western News| ဇူလိုင် ၂၅ 


ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီမှ ညဘက်ဆိုလျှင် ဒရုန်းဖြင့် ကင်းထောက်လျှက်ရှိကြောင်း ဒေသခံများနှင့် ရက္ခိုင့်တပ်တော် AA နှင့် နီးစပ်သူများမှ အတည်ပြု ပြောဆိုသည်။ 


စစ်ကောင်စီ၏ ဒရုန်းဖြင့် ကင်းထောက်မှုမှာ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အစပ်နယ်မြေများတွင် ကင်းထောက်နေပြီး အထူးသဖြင့် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီးအနားနှင့် ရသေ့တောင်မြို့နယ် ပဲသဒူ ကျေးရွာအနီးအနား တောင်တန်းတစ်လျှောက် ပိုမိုတွေ့ရကြောင်း ခိုင်မာသော သတင်းရင်းမြစ်များထံမှ သိရသည်။ 


ဘူးသီးတောင်ဒေသခံတစ်ဦးက "ဘူးသီးတောင်နဲ့ ရသေ့တောင် အစပ် ကျေးရွာအနီးအနားတွေမှာ ညဘက်ဆိုရင် စစ်ကောင်စီရဲ့ ကင်းထောက် ဒရုန်းတွေကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လက မတွေ့ရဘူး။ ဒီလထဲမှာပဲ တွေ့လာရတာပါ။ နေ့တိုင်းတွေ့ရတာတော့ မဟုတ်ဘူး။ ည ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် ကျေးရွာတွေအပေါ်ကနေ ပျံဝဲနေတာတွေ တွေ့ရပါတယ်။ တောင်တန်းဘက်ဆီ ပျံဝဲသွားတာလည်း တွေ့ရပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ စခန်းတွေကို မှတ်တမ်းယူတာ ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။ 


ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာဖြစ်စဉ်နောက်ပိုင်းမှ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်ခြင်းကို လုပ်လာခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်၏ တပ်စခန်းများကို မှတ်တမ်းယူခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။ 


ရက္ခိုင့်တပ်တော် စိုးမိုးထားသော ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှ ဦးဂါကျေးရွာသို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီမှ ယူနီဖောင်းအပြည့်အစုံဖြင့် ရက္ခိုင့်တပ်တော်၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာခြင်းကြောင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာမှုရှိခဲ့ကြသည်။ 


နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ရက္ခိုင့်တပ်တော်၏ ရည်မှန်းချက်များကို ထိခိုက်လာပါက အထူးသဖြင့် အဖျက်အမှောက်များကို လုပ်နေပါက စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်ထားသည်။ 


"စစ်ကောင်စီနဲ့ ULA/AA ရဲ့ တိုက်ပွဲက မပြီးဆုံးသေးပါဘူး။ ULA/AA ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ မပြည့်ဝသေးသ၍တော့ တိုက်ပွဲကတော့ ဆက်ရှိနေအုံးမှာပါ။ အခုက တိုက်ပွဲကို ရပ်နားထားတာပဲ ရှိပါတယ်။ တချိန်ချိန်မှာ အကြောင်းတစ်ခုခုကြောင့် တိုက်ပွဲဟာ ပြန်ဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီက နားလည်မှုနဲ့ ရပ်စဲထားတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ပျက်လိုရာပျက်စီးကြောင်း၊ ယုံကြည်မှုနည်းအောင် ယုံကြည်မှုမတည်ဆောက်ဘဲ လုပ်နေတာဟာ တိုက်ပွဲကို ပြန်ဖြစ်စေမှာပါ။ အခု ငြိမ်နေတဲ့အခြေအနေမှာ စစ်ရေးအသာစီးရအောင် လုပ်နေခြင်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ပါတာပေါ့။ ဒါတွေက မလုပ်သင့်တဲ့ ကိစ္စပါ။ စစ်ကောင်စီအနေနဲ့ အခု အပစ်အခတ်ရပ်စဲထားတဲ့ အနေအထားကနေ ယုံကြည်မှုကို တည်ဆောက်ပြီး နိုင်ငံရေးစကားဝိုင်းသို့ သွားရမှာဖြစ်ပါတယ်။ သွားဖို့လိုပါတယ်။ စစ်ရေးအသာရဖို့ လုပ်ဆောင်နေတာဟာ စစ်ပွဲကိုခေါ်နေတာနဲ့ တူပါတယ်" ဟု ပြောသည်။ 


ဆက်လက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ARSA နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွင် ARSA ဘက်မှ မြန်မာစစ်တပ်မှ ကျောထောက်နောက်ခံပြုထားကြောင်းလည်း သုံးသပ်မှုရှိနေကြသည့်အတွက် အကယ်၍ စစ်ကောင်စီက ARSA ကို မြှောက်ပင့်ပေးပါက ကြီးမားသော လုပ်ရပ်အမှားဖြစ်မည်ကို ဦးဖေသန်းက သတိပေးခဲ့သည်။ 


ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်နံနက်ပိုင်းတို့တွင် မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA နှင့် ရက္ခိုင့်တပ်တော် AA တို့ မယူတောင်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုထားသည်။ 


ARSA ဘက်ကကလည်း ယူကျူးစာမျက်နှာတွင် ရက္ခိုင့်တပ်တော် AA နှင့် တိုက်ပွဲဖြစ်ကြောင်းကို အတည်ပြုထားသည့် တိုက်ပွဲ ဗီဒီယိုဖိုင်များကို လွှင့်တင်ထားသည်ကိုလည်း တွေ့ရသည်။ 


သို့သော်လည်း ရက္ခိုင့်တပ်တော် AA ဘက်က ယနေ့ ဇူလိုင်လ ၂၅ ရက်အထိ သတင်းထုတ်ပြန်ခြင်းမရှိသလို Western News ၏ အကြိမ်ကြိမ်မေးမြန်းမှုများကိုလည်း AA ဘက်က တစ်စုံတစ်ရာ ပြန်လည်တုန့်ပြန်ဖြေကြားပေးခြင်းမရှိသေးပေ။ 


ARSA နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရပြီး ARSA  ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ရက္ခိုင့်တပ်တော်ဖက်က ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က အတည်ပြုပေးထားသည်။ 


ထိုတိုက်ပွဲကြောင့် မယူတောင်ထဲ၌ လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများမှာ မသွားရဲဘဲ လုံခြုံရေးစိုးရိမ်စရာ ဖြစ်နေကြောင်း Western News စုံစမ်းချက်အရ သိရသည်။ 


ယင်းကြောင့် ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် ARSA နှင့် တိုက်ပွဲဖြစ်မဖြစ်ကို ပြည်သူများသိအောင် ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်သင့်ပြီး ယခုအချိန်အထိ သတင်းထုတ်ပြန်ခြင်း နောက်ကျနေသည်ကိုလည်း ဒေသခံများက ဝေဖန်နေကြသည်။ 


တစ်ဆက်တည်းတွင် စစ်ကောင်စီတပ် မြန်မာစစ်တပ်အနေဖြင့် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောဒေသတို့တွင် တပ်အင်အားကို ယခင်ကထက် သုံးဆအထိ တိုးမြှင့်ဖြည့်နေပြီး လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များမှာ ပိုမိုတင်းကျပ်လျှက်ရှိနေကာ စစ်ရေးအတွက်အဆင့်သင့်လုပ်ထားကြရန်လည်း နယ်မြေအရာရှိများကို မကြာသေးခင်က ရခိုင်ပြည်သို့ ရောက်ရှိလာခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေးခဲ့သည်။ 


ရက္ခိုင့်တပ်တော် ULA/AA ကမူ မြန်စစ်တပ်၏ လှုပ်ရှားများကို အချိန်ပြည့်စောင့်ကြည့်လျှက်ရှိနေပြီး ULA/AA ၏ သဘောတူညီချက်များနှင့် နိုင်ငံရေးရည်မှန်းချက်များကို ထိခိုက်လာပါက အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းကို ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်၏ ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။ 


Western News-WN

ရခိုင်ပြည်သူ လုထုများနှင့် ရခိုင်မီဒီယာသမားများသိစေရန်


ဇန်နဝါရီလ ၂ ရက်၊ ညဉ့်(၁၀)နာရီကျော်တွင်ကျောက်တော်မြို့၊သျှမ်းရွာနေ"ကိုစိန်အေးမောင်"အားစစ်သား၊ရဲပုလိပ်များမှအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။ယခုအချိန်အထိမိသားစုများမှာ"ကိုစိန်အေးမောင်"အားမည်သည့်နေရာတွင်ဖမ်းဆီးထားကြောင်းမသိရသေးသောကြောင့်မိသားစုများမှာအထူးစိုးရိမ်လျှက်ရှိကြသည်။

ထို့အတူ ကျောင်းဆရာကိုရွှေလုံး(ခ)ရွှေစိန်ဝင်း"မိသားစုဆီသို့စစ်သားနှင့်ရဲပုလိပ်များရောက်လာပြီးဖုန်းနံပါတ်ကိုတောင်းယူသွားသည်။ ကိုရွှေလုံး(ခ)ရွှေစိန်ဝင်း" ဆိုသည်မှာ မကြာမှီအချိန်က ၁၇(၁) အပါအဝင် AA နှင့်ဆက်စပ်သည့်အမှုကြောင့် ထောင်ကျပြီးချုပ်ရက်စေ့၍အချုပ်မှ လွတ်မြောက်လာသူဖြစ်သည်။ ယခုအချိန်တွင် ကိုရွှေလုံးမှာစရဖစောဝင်းနိုင်ကဖုန်းဆက်ခေါ်ပြီးနောက်(ခမရ-၃၈၀)တပ်ရင်းမှဗိုလ်မှူးလင်းကြည်စင်"နန့်"စောဝင်းနိုင်(စရဖ) တို့မှဖမ်းဆီးခေါ်ဆောင်သွားကြောင်းထပ်မံသိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်ယိုးတရုတ်ရွာမှဆိုင်သည်"ဦးယဉ်မောင်"ကိုလည်း ၂၀၁၇ ၊ဇန်နဝါရီလ ၁ ရက် နေ့တွင်ပင်ဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်မှုများရှိကြောင်းကြားသိရသည်။

ယိုးတရုတ်ကျေးရွာတွင်နေထိုင်သော ဦးစောလှ"( ANP-ရခိုင်အမျိုးသားပါတီဝင်)၏သားနှစ်ဦးဖြစ်သူ"နိုင်နိုင်"နှင့်''အောင်အောင်" တို့အပြင် သူတို့၏အုတ်ဖုတ်အလုပ်သမား(၁၀)ဦးကျော်တို့အားလည်းယနေ့၊နံနက်စောစောတွင်လစစ်တပ်(မည်သည့်တပ်ရင်းဟုမသိရ) မှထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်။

ဤကဲ့သို့ ရခိုင်လူမျိုးများအားမတရားဖမ်းဆီးနှိပ်စကခေါ် ဆောင်နေကြသည်များကိုရခိုင်မီဒီယာသမားများ၊ရခိုင်မိဖပြည်သူလူထုအနေဖြင့် တတ်နိုင်သည့်ဖက်မှ မီဒီယာလက်နက်ဖြင့်ကိုယ်စွမ်းဉာဏ်စွမ်ူရှိသလောက်ကူညီဆောင်ရွက်ပေးကြပါရန်တို့တိုက်တွန်းအပ်ပါသည်။

ကိုရွှေလုံး(ခ)ရွှေစိန်ဝင်း ဖုန်းနံပါတ် ၀၉၄၅၄၂၁၃၆၅၂

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...