Posts

Showing posts with the label နယ်စပ် စစ်ပြေးစခန်း

ဘူးသီးတောင်နှင့် ရသေ့တောင်တွင် AA တပ်စခန်းများ ရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်နေ

Image
 ■ ဘူးသီးတောင်နှင့် ရသေ့တောင်တွင် AA တပ်စခန်းများ ရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်နေ (မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် တို့ စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွားနိုင်ပြီး အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်လာနိုင်ဟု သုံးသပ်ကြ)  Western News| ဇူလိုင် ၂၅  ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီမှ ညဘက်ဆိုလျှင် ဒရုန်းဖြင့် ကင်းထောက်လျှက်ရှိကြောင်း ဒေသခံများနှင့် ရက္ခိုင့်တပ်တော် AA နှင့် နီးစပ်သူများမှ အတည်ပြု ပြောဆိုသည်။  စစ်ကောင်စီ၏ ဒရုန်းဖြင့် ကင်းထောက်မှုမှာ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အစပ်နယ်မြေများတွင် ကင်းထောက်နေပြီး အထူးသဖြင့် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီးအနားနှင့် ရသေ့တောင်မြို့နယ် ပဲသဒူ ကျေးရွာအနီးအနား တောင်တန်းတစ်လျှောက် ပိုမိုတွေ့ရကြောင်း ခိုင်မာသော သတင်းရင်းမြစ်များထံမှ သိရသည်။  ဘူးသီးတောင်ဒေသခံတစ်ဦးက "ဘူးသီးတောင်နဲ့ ရသေ့တောင် အစပ် ကျေးရွာအနီးအနားတွေမှာ ညဘက်ဆိုရင် စစ်ကောင်စီရဲ့ ကင်းထောက် ဒရုန်းတွေကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လက မတွေ့ရဘူး။ ဒီလထဲမှာပဲ တွေ့လာရတာပါ။ နေ့တိုင်းတွေ့ရတာတော့ မဟုတ်ဘူး။ ည ၉ နာရ...

စစ်ရာဇဝဋ် ကျူးလွန်

Image
ဘာကြောင့် တပ်မတော်က စစ်ပြေး ဒုက္ခသည်စခန်းကို လက်နက်ကြီး ပစ်ခတ်နေတာလဲ January 03, 2017/KNG အစိုးရတပ်မတော်က ဝိုင်းမော်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် နှင့် တပ်ရင်း ၃ အမာခံ စခန်းတွေကို လွန်ခဲ့တဲ့ ၂ ပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် နယ်စပ် စစ်ပြေး ဒုက္ခသည် စခန်းရှိရာကို လက်နက်ကြီး ပစ်ခတ်မှု ဆက်လက် ပြုလုပ်နေတာကြောင့် စိုးရိမ်နေရကြောင်း စစ်ဘေး ပြည်သူများ ပြောသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို တပ်မတော်က သိမ်းပိုက်ပြီး အဲဒီည ၇ နာရီခန့် Zai Awng (ဇိုင်းအောင်) စစ်ပြေးဒုက္ခသည်စခန်းကို လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်ရာမှ စစ်ရှောင်များ နယ်စပ် Dabak Hka (ဒဘတ်ချောင်း) တစ်လျှောက် မှာ ထွက်ပြေး နေရခြင်း ဖြစ်သည်။ ထိုသို့ ရက်ပိုင်းအတွင်းမှာဘဲ ထွက်ပြေးသွားသူများမှ အချို့ ပြန်လာနေစဉ် ဒီဇင်ဘာ ၃၁ ရက် စနေနေ့မှာ တဖန် စစ်ရှောင်များ၏ ရေခပ်သည့် နေရာ အနီး ဝန်းကျင်ကို တပ်မတော်၏ လက်နက်ကြီး ကျည် အနည်းဆုံး ၃ လုံး ကျရောက်ခဲ့ ပြန်တာကြောင့် ထပ်မံ ထွက်ပြေးခဲ့ရသည်ဟု စစ်ပြေး ပြည်သူများ ပြောသည်။ ယနေ့ထိလည်း တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှု ပုံမှန် ဆက်လုပ်နေပြီး ယမန်နေ့ ညနေပိုင်း ၅ နာရီခ...