ရခိုင်အလံ အဓိပ္ပါယ်ဖွင့်ဆိုချက်

(အရောင်)

အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှင့် ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကိုဖော်ဆောင်သည်။ အနီရောင်၏သဘောမှာ ရဲရင့်တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။

(သီရိ၀စ ၦ)

သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။

(နေနှင့်လ)

နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသောအမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားလက္ခဏာများကိုဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာ မြေပြင်ပေါ်ရှိလူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည်အေးမြကြည်လင်သောသာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင်ကိုပေးတတ်သည်။ လူသားသတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။
လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း
တိုင်းပြည်ကိုအုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ကျာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။

(စိန်တောင်)

စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဏိုင်မားမားမတ်မတ်ဖြောင့်တန်းစွာရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည်မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားသည်။

(စိန်တောင်အောက်ခံ)

စိန်တောင်အောက်ခံမှာလခြမ်းသဒဏ္ဍာန်ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့် မတ်တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်းသဘောကို သရုပ်ဆောင်သည်။

(ရွေးလုံး(ရ)လုံး (ဗိန္ဒု))

ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့်ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟုဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့်လျှော်ညီစွာ စိုက်ပျိုးရေးကိုအဓိကပြု၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်သည်။

(ခြူးပန်း )

ခြူးပန်းသည် အမြင့်မြတ်ဆုံးသောပန်းတစ်မျိုးတွင် ပါဝင်သည်။ခြူးပန်းမှာ အပင်မှပွင့်သောပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေသောအမွှေးအမျှင်တို့၏ ပုံသဒဏ်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ပန်းနွယ်များထုလုပ်ရာတွင်သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏အလယ်တွင်ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။ မင်္ဂလာရှိသော၊ တေးသံသာသောအသံကို သရုပ်ဖော်ထားသည်။ ၎င်းတို့သည်ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားသည်။ 
ဤသီရိဝိစ္ဆတစ်ခုလုံး၏သဘောတရားမှာသစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကိုဆင်ခြင်စေနိုင်ခြင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများတိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်ဆောင်ထားပါသည်။

ဆရာကြီး ဦး ဦးသာထွန်း ( ၁၉၁၇ - ၁၉၉၀ )

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦး တည်းသော သား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇ ဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြား နေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

၁၉၅ဝ ခုနှစ်မှ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ယခုလက်ရှိ မြောက်ဦး ရှေးဟောင်းသုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက် ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။

၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနခွဲတွင်အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက် လက် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှု လုပ်ငန်းတွင် ကိုယ် တိုင် ကိုယ်ကျ ပါဝင် တူးဖော် ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တောင် ဘုရား သမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ – ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ – ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္သေ ပကျမ်း (၁၉၅၄ – ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ် ဝေခဲ့သည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ် တော်ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားများ၊ သမိုင်းကျမ်းစာများ ကို ရေး သားပြုစုပြီး ဘဏ္ဍာ ရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်ခဲ့သည်။

အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းများ ကို လင်္ကာ စကားပြေ မော်ကွန်း စသည့်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။

ဓညဝတီ မဂ္ဂင်း စာတည်း၊ အယ်ဒီတာ အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓညဝတီ စာစောင်၊ ဓညဝတီ မဂ္ဂ ဇင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္တလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရခိုင် ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

မြို့စောင့်နတ် ဒေဝတာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်း ဆေးကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံး များ၊ ကဗျာများ စုပေါင်း စာတမ်း၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်း အတာ စာတမ်း၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ(ပြွီ) အမျိုးမျိုး ပြု လုပ်ပုံ အတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ တေးခြင်း ကဗျာ စသည်တို့ကို ရေးသား ပြုစုခဲ့သည်။

ဆင်ယင် ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင် ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခ ဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်သား ဒေါင်းမာတင် (မူကြမ်း)၊ သျှင်ဦးမြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧခြင်း ရှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက် တော်မြို့ သေလာဂီရီမောပဗ္ဗတ တောင်ခြေရင်းမှတွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများသုတေသနပြုချက် (မူကြမ်း) စသည်တို့ကို ရေးသား ပြုစုခဲ့သည်။

သြစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင် ပုံပြင် လိပ်ကန်ဖာမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှ သိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီ အဆောက်အအုံနှင့် နန်း အဆောက်အအုံ စာတမ်းကို လည်းကောင်း၊ အမေ ရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ် စတိမ်းဗာစ် ၏ ဝေသာ လီ ကျောက်ရုပ်တု ဆင်းတုများ ၏ နှစ်ပေါင်း ကြာညောင်းမှုအား တိုင်းတာမှု စာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနို တိုရရူနှင့် ရခိုင်စကားပြော လေယူလေသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင် ရှိသော ဒတ်ခ်ျ ကောင် ဆယ်လာ အဆောက်အအုံ ပုံစံနှင့် ကူးသန်း ရောင်းဝယ်ခဲ့ပုံ စာတမ်းကို လည်းကောင်း ရေး သား ပြုစုရာတွင် ကူညီခဲ့သည်။

နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဌာနနှင့် အခြား ပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးသည် ကူညီပေးခဲ့သည်။ ဦး မင်းနိုင် ၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရခိုင် တိုင်းရင်းသား လူမျိုးဖြစ်စဉ်နှင့် ဓလေ့ထုံးစံ များ စာ အုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာ စည်တော်နှင့် တူရိယာ တီးကွက်များ စာတမ်း၊ မြန်မာ ဝေါဟာရ အဘိဓာန်ကျမ်း ပြုစုစဉ် ဝေါ ဟာရ စာလုံးများ ပြုစုပြီး ပေးပို့ခြင်း၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုစဉ် ဝေါဟာရ စာလုံးများနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကျမ်း ကိုးကားချက်များ စာအုပ် ပြုစုခြင်း၊ ၁၉၇၆ – ၇၇ ခု ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ်၊ တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စသည်တို့ကို ပါဝင် ကူညီ ရေး သား ပြုစုခဲ့သည်။

အထက်တန်း ပညာ ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခု အဘိ ဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ရန်အတွက် လည်းကောင်း၊ ဂဝိကဏ္ဍ ပါသဏ ကျမ်း ပေမူ ကို မိုက်ခရိုဖလင် ရိုက်နိုင်ရန် လည်းကောင်း၊ လျှိုဝှက်ကျောက်စာ ဂဏန်းရေးနည်း ပေမူကို မိုက် ကရို ဖလင် ရိုက်ရန် လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစု ရခိုင် ဝေသာလီ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ ရခိုင်ဒင်္ဂါးများ သမိုင်း ပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓ အနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်း ကောင်း ပါဝင် ကူညီခဲ့သည်။

၁၉၅၉ ခုနှစ်မှာ မြန်မာ့ အသံ ရေဒီယိုမှ ရခိုင်အသံကို အစဆုံး အသံလွှင့်ခဲ့သည်။ တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ ထုံးတမ်းစဉ် လာ များအား ကမ္ဘာက သိအောင် ရှာဖွေစုဆောင်း လေ့လာ ဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်း စောင့်ရှောက်ခဲ့ သည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ထုံး တမ်းစဉ်လာ ဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်လည်း အမြဲ ဆော်သြခဲ့သည်။

ဆရာကြီး သည် ရခိုင့် ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာ ထုံးထမ်းစဉ်လာ များကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဖြစ်သည်။

ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ ရရှိရေး၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် လောင်း တဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ် အဖြစ် အနယ် နယ် အရပ်ရပ်သို့ မဲဆွယ် တရားဟော ထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ် တရားဟောပွဲ တွင် တရားဟော နေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။

ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန် ဟောပြောမှုများကြောင့် နဝတ/ နအဖ စစ်ဝါဒီများ၊ ဗမာ လူမျိုးကြီး ဝါဒီများအား အနာပေါ် တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ်၁၄ တွင် ကွယ်လွန် ခဲ့ သည်။(ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန်အစရှိသော အဆိပ် ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုး သားများက ယုံကြည်နေကြသည်။)။ သို့သော်လည်း နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သေဆုံးရခြင်း သည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံ တွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။

ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန် တန်ဖိုး ထားခဲ့သော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့ သည်။

http://www.arakanfolks.com  မှကူးယူဖော်ပြပါသည်

တောင်ပေါက်ကြီးကျောက်စာ

ဘုရားရှင်ရခိုင်ပြည်သို့ ကြွရောက်ခဲသည်ကို ကျောက်စာဖြင့်ရေးထိုးထားခဲသောသမိုင်းဝင်ကျောက်စာဖြစ်ပါသည် *****************
*****

အခုမြင်တွေ့နေရတဲ့ ကျောက်စာက ဓညဝတီ ရွှေရခိုင်ပြည်ကြီးသို့ ဘုရားရှင်ကြွရောက်ခဲသည်ကို ကျောက်စာဖြင့်ရေးထိုးထားခဲတာဖြစ်သည်ကို သမိုင်းကို လေ့လာချက်အရတွေ့ရှိခဲပါတယ် သမိုင်းဆိုဆာလိမ်လို့မရပါဘူး ..
မြတ်စော်ဘုရားရှင်သည် ရခိုင်ပြည်နယ်ကျောက်တော်မြို့ တစ်ဖက်ကမ်းရှိ ကျောက်တော်တောင်ပေါ်တွင် ရဟာန်းတော်ငါးရာနဲ့ အတူရပ်နားခဲသည်ကို ကျောက်စာဖြင့်ရေထိုးထားသည်ကိုတွေရှိရပါသည် ။

Credit မူရင်းရေးသူ

ရခိုင်သားတိုင်း ဖတ်ဖို့

၁၁၄၆ခုနှစ်မတိုင်ခင်တည်းက မဟာမုနိရုပ်ရှင်တော်မြစ်ကြီးကို ဗမာတွေ ယူရန် ကြံစည်နေခြင်းဖြစ်သည် ရခိုင်သမ္မတနိုင်ငံကို သိမ်းခြင်းသည်လဲ မဟာမုနိကို လိုချင်သောကြောင့် အများဆုံးဖြစ်

  ၁၉၉၈ခု ၁၉၉၉ခု ဝန်းကျင်းလောက်က နအပ စစ်အစိုးရ ဦးခင်ညွန့် အာဏာပြင်းထန်နေတုန်းအချိန်ပေါ့  ဦးခင်ညွန့်သည် မဟာမုနိဘုရားကို ယူဆောင်နိုင်ရန် နံနှီခဲပုံမှာ ကျောက်တောမြို့သစ်ကမ်းနားရပ်ကွက် သိမ်ကျောင်ဆရာတော်ကို မဟာမုနိရင်ပြင်၌ရှိသော ကြေးခေါင်းလောင်းကြီးကို ဖြုတ်ချရန် လာရောက်လျှောက်ထားလေရာ ဆရာတော်က ဤခေါင်းလောင်းကြီးဟာ မင်းတို့ ခေါင်းပေါ်မှာတင်ထာလို့လားဟုပြောလိုက်သည်  ဆရာတော် ပျံတော်မူပြီးသည်နှင့် ခေါင်းလောင်းကြီးကို လက်တော်ဆေးကန်ထဲသို့ ဖြုတ်ပြီး တွန့်ချလိုက်သည် ပုံတူခေါင်လောင်ငယ်တစ်ခုသွန်းလုပ်ကာ ဘုရာရင်ပြင်အပေါ်သို့တင်ထားလေသည် ဆင်း၉ကောင်အားရှိသော ကြေးခေါင်းလောင်းကြီးမှာ လက်တော်ဆေးကန်ထဲမှ ယနေတိုင်ပျော်က်ဆုံးနေသည်မှာ အစအနတောင်မတွေရချေ ၄င်းခေါင်းကြီးကို  ဘယ်သူယူသွာသနည်း ရခိုင်မှ အမွေအနှစ်တွေ ဘယ်သူတွေ တစတစပျောက်ဆုံးလာနေသည် မြသိန်းတန်ဆရာတော်လည်း မဟာမုနိမှ ရတနာ အစရှိသော အမွေအနှစ်တွေကို စစ်တပ်မှ မေးမြန်ရာ မပြောသဖြင့် နှစ်စက်ခံရသော ဒဏ်ရာဖြင့် ပျံလွန်တော်မူရလေသည်

မဟာမုနိဘုရား၏ ဦးတော်၌ရှိသော ပြသဒ်ကို အသစ်တခု အစားပြီး ပထမဆုံး လှည်ယူသွားသည်

  ပြီးလျှင် ဇလွယ်သိုင်းပေးလိုက်သည် ယခင်မဟာမုနိဘုရားမှာ ဇလွယ် လုံးဝမပါပါ ဦးတော်သည်လည်း ခေါင်းတုံးတော်ဖြစ်သည် ပြာသဒ်ကို မင်းဘာကြီးလှူဒါန်းထားခြင်းဖြစ်သည်

  ထိုးနောက် နားတော်ကို ဖေါက်၍ နားဒေါင်းဝတ်ပေးလိုက်သည်  မဟာမုနိနားတော်၏ တစ်ဖက်သည် လွယ်ကူစွာပေက်သွားပြီး ကျန်တစ်ဖက်သည် ဖေါက်၍မရပါ ဆောက်လုပ်ရေးသမားတွေ သုံးသော ကန်းဖြင့် ဖေါက်လေရာ စူးသွားမှာ ကျိုးကျိုးသွားသည် ထို့ကြောင့် စူးသွားကို နိုင်ငံခြားက မှာယူပြီး ဖေါက်သော်လည်း စူးသွား ကျိုးသွားသည်  ထိုအခါ နားတော်တစ်ဖက်ကို အပေါက်မှ ဝတ်ဆင်ပြီ  တစ်ဖက်ကို ကော်ဖြင့်ကတ်ထားပါသည် သေခြာကြည့်ခြင်းဖြင့်သိနိုင်သည်  

  ထိုးနောက်  ရန်ကုန်မှ မစန္ဒာဝင်း ဟု အမည်ပါရှိသော အမျိုးသမီးတစ်ယောက်ကို သိန်း၃၀၀၀ိ/ ဝယ်ယူလာပြီး ရခိုင် မဟာမုနိရှပ်ရှင်တော်မြတ်ကြီးနှင့် လက်ထပ် မင်္ဂလာဆောင်းပေးသည် မစန္ဒာဝင်းသည် မဟာမုနိဘုရားနှင့် မင်္ဂလာဆောင်ချိန်တွင် ခေါင်းမူးနောက်နောက်ဖြစ်လာသည် မင်္ဂလာဆောင်ပြီး ရန်ကုန်သို့ ပြန်ပို့ရန် လေယာဉ်ပေါ်သို့ရောက်သည်နှင့် မစန္ဒာဝင်းမှာ သွေးအန်ခြင်း သွေးဝမ်းသွားခြင်းဖြင့် ကွယ်လွန်သးလေသည်
  ထို့နောက် ၆လခန့်ကြာသောအခါ  မဟာမုနိဘုရားကို ရန်ကုန်သို့ အပြီးပင့်ဆောင်သွားမည် ထို့ကြောင့် နောက်နောင် ဖူးမျော်ရမည်မဟုတ်သောကြောင့် ၇ရက်အတွင်းလာရောက်ဖူမျော်ကြပါရန် ကြေငြာအပ်ပါသည်ဟု " အသံချဲ့စက်ဖြင့် ကျောက်တော်မြို့ မှ စပြီးလှည့်လှည် ကြေငြာလေသည် 

  အဖ ရခိုင်ပြည့် တစ်ပြည့်လုံးရှိ ပြည်သူအများသည် လာရောက်ဖူးမျော်ကြတာ ကြိတ်ကြိတ်တိုနေကြသည် မဟာမုနိ ဘုရားကို ပင့်ဆောင်ရန် အမိန့်ကျသူသည် ၂ယောက် သွေးဝမ်းသွားပြီးကွယ်လွန်လေသည် နောက်ထပ်၂ယောက်ကိုအမိန့်ပေးလေသည် ထို၂ယောက်လည်း ထိုအတူ ကွယ်လွန်သောအခါ အများသူငှာ တုန်လှုပ်သွားကြသည်  ထိုအခါ မဲစနစ်ဖြင့်ပြုလုပ်ရာ မဲကျသောသူ သွေးဝမ်သွား၍ ကွယ်လွန်လေသည်  ဗေဒင်ဆရာတွေနှင့် တွက်ချက်ကြည့်သောအခါ  ဗုဒ္ဓသာသနာ ကုန်ဆုံးပြီး သီကြားသာသနာဖြစ်သည့်အတွက် သီကြားမင်းပင့်လျှင်ရမည် တွက်ချက်ချက်လိုက်သည်ခါ

ကျော်တော်မြို့တစ်ဖက်ကမ်း၌ရှိသော သကြားစက်ရုံမှ မန်နေဂျာ စစ်ဗိုလ်တစ်ယောက်သည် သကြားတွေကို ပိုင်ဆိုင်သော သီကြားမင်းဖြစ်သည် ထို့ကြောင့် သီကြားမင်းတန်ဆာဝတ်ဆင်ပြီး ပင့်မည်ဟု တာဝန်ယူလေရာ ထိုနေရာ၌ပင် သွေးအန် သွေးဝမ်းသွားပြီးပြီး ကွယ်လွန်သွားသည် ထိုအခါ ပင့်မည်နေမှာပဲ မဲနှစ်ပြီး ချချင်းပင့်မည်ဟု အကြံထုတ်လေသည်  ဘုရားကိုပင့်ဆောင်ရန်မက်ကြည့်သောအခါ မဟာမုနိဘုရာသည် ပလ္လင်နှင့် တစ်ဆက်တည်ဖြစ်နေသည် မဟာမုနိ မခ်ဦးကို တိုင်းထွာကြည့်သော်လည်း မုခ်ဦးသေးပြီး ဘုရားကြီးနေသည် ဘုရားနှင့်လူ၂ယောက် ထွက်၍မရနနိုင် ရသည်တိုင်အောင် မုခ်ဦးကို ဖြိုပျက်မည်ဟု အမှတ်ဖြင့်ပြုလုပ်ပြီး ဘုရားကိုတိုင်သေအခါ ဘုရားပင့် ကြီးနေလေသည်  မုခ်ဦးကို အားလုံးဖြိုပြီး ကရိန် မြေတူးသောစက် ဖြင့် ဘုရားကိုကို ပင့်မည်ဟု ဆုံးဖြတ်ပြီး  ၁၀နာရီ ခင်ညွန့်ရောက်မည် ၉နာရီတည်က ဘုရားကို ကရိန်တစ်ုဖြင့် အစမ်းမက်သောအခါ  သာသာနာ၅၀၀၀ အဒွန်ရှည်သည့်တိုင်အောင် မဟာမုနိဘုရားသည် သီရိကုတ္တရ တောင်ကုန်ပေါ်၌ ရှိနေစေရန်အတွက် ဝသုနြေ္ဒမြေစောင့်နတ်နှင့် သီကြားဗြဟ္မာတို့က မြေငလျှင်ကြီးကို လုပ်ခတ်လိုက်လေ၏ 

  ဘုရားရင်ပြင်မှာ ရှိသော လူများတိုသည် တုန်လှပတ်ပြီး ထွက်ပြေကြသည် ကရိန်းကို ဖြုတ်လိုက်သောအခါ မြေငလျှင်သည် ချက်ချင်းရပ်သွားသည်  နံနက် ၁၀နာရီထိုးလို့ ခင်ညွ့်ရောက်လာသောအခါ အကြောင်းအရာကို သိရှိသွာ၍ ခင်ညွန့် သည် ဘုရားပင်ဖို့လာတာမဟု ဘုရားဖူးဖို့လာတာပါဟု လူအများသီအောင် ကြေငြာလေတောသည်       
  အမှန်တကယ်မှာတော့ မဟာမုနိဘုရားသည် ပလ္လင်နှင့် တစ်ဆက်တည်းလုံးဝမဟုတ် ခင်ညွန့် ပင်သည့်အခါက တန်ခိုးတော်ကြောင့် တစ်ဆက်တည်းဖြစ်ရခြင်းသာဖြစ်သည် ဗုဒ္ဓဘုရာရှင်လက်ထက်တော်က မြောက်ဖက်ကို မျှက်နှာတော်လှည့်ပြီး ခိုးသူဓားမြတို့ကြောင့် ပျောက်ကွယ်သွားသည် ရခိုင်ဘုရင်မင်းဘာကြီးလက်ထက်ရောက်မှ ဘုရင်ကြီးသည် စန္ဒသူရိယမင်း ဖိတ်ကြားဘို့ ဂေါဓမ္မမြတ်စွာဘုရာသည် မဟာသက္ကရာဇ် ၁၂၃ခု ကဆုန်လပြည့် အင်္ဂါနေ့မှာ ရခိုင်တိုင်းပြည်သို့ ကြွရောက်ပြီး မဟာမုနိဘုရားသွန်းလုပ်ခြင်းသမိုင်ကို သိ၍ သီရိကုတ္တရကုန်ပေါ်၌သာ ရှိမည်ဟု ဆိုပြီး ရှာဖွေလေရာ ဦးတော်တစ်ခြား ကိုယ်တစ်ခြား နောက်ကျောမှာလည်း ခိုးသူဓားမြတွေ ရွှေခြစ်ထားသော ဒဏ်ရာနှင့် တွေ့ရှိလေရာ ပြုပြင်မွန်းမန်ကာ အရှေ့မုခ်ဦးတည့်တည့် အရှေ့ဖက်မျာက်နာတော်မူလျှက် ပြန်လေ တည်ထားကိုးကွယ်လေသည်

  ထို့နောက် ရဲကျော်သူ သူဌေးသည် ဘုရားတစ်ဆူတညိ၍ သူဌေးရဲ့ဘုရားကို လူအများ ရှိခိုးခြင်း မပြုပဲ မုခ်ဦးတည့်တည့်ရှိသော မဟာမုနိကိုသာရဗိခိုးကြသည်ကိုသိ၍ ရဲကျော်သူဘုရားကို မုထ်ဦးတည့်တည့်ထားပြီး မဟာမုန်ကိုမူ တောင်ဖက်သို့  ရွှေ့းလိုက်လေသည်

  ဤအကြောင်းရာကျု ကြည့်ခြင်းဖြင့် မဟာမုနိသည် ပလ္လင်နှင့် တဆက်တည်းမဟုကြောင်း ထင်ရှားသည် ယခင်သန့်ရှင်းရေး လုပ်သောအခါလည်း လူ၂ယောက်ဖြင့် ပြောင်းရွှေ့ပြီး သန့်ရှင်ရေးလုပ်ကြသည် ဦးခင်ညွန့်ပင့်ဆောင်သောအခါ  မဟာမုနိသည် သီရိကုတ္တရ ကုန်းမြေပေါ်မှ အခြားနေရာသို့ ပင့်မရဟုသော ဗုဒ္ဓဗျာဒိတ်စကားကို လက်တွေ့ကျကျပြခြင်းသာဖြစ်လေသည် ။

     ကျန်းကိုး =၁ ' ဗုဒ္ဓဂေါဓမ္မနန့် စန္ဒသူရိယ
                       ၂ ' မဟာမုနိသမိုင်း
                             ကျနော် အဖိုးပြောပြသော
                             ရှင်ကျော်မုနိအကြောင်း
                        ၃' ကိုတွေ့ကြုံခဲသော ဦးခင်ညွန့်
                             မဟာမုနိကရိန်းဖြင့်ပင့်မရခြင်း
                        ၄ ' မင်းဘာကြီးရာဇဝင်
                        ၅ ' ဟောင်းနွမ်းတဲ့ အချစ်အိမ်က
                             လေး အကောင့်ပိုင်ရှင်ရဲ့ မဟာမုနိမှ ရတနာတွေကို စစ်တပ်မှ သိမ်းယူခြင်း အကြောင်းကို ဖတ်ရသောကြောင့် ပို့စ်တင်ရန် စိတ်ဖြစ်ပေါ်လာခြင်း ဟောင်းနွမ်းတဲ့ အချစ်အိမ်ကလေးကို အထူးကျေးဇူးတင်ရှိပါသည်  နောက်လည်း တတ်နိုင်သလောက် တင်းပေးပါဟု ကျွန်တော်
ကိုရက္ခ တောင်ဆိုလိုက်ပါသည်

       အမှာစကား = ယခုကျနော်တင်လိုက်သောပို့စ်သည် ဦးခင်ညွန့် လုပ်ရပ်ကို ကိုယ်တွေ့ မြင်ဖူလိုက်သောကြောင့် အသည်းနဗလုံးထဲမှာ စွဲမြဲနေသည်  ဒါကြောင့် အကောင်ဖျက်သွားခဲလျှင်လည်း ပြန်လေတင်ပေးသွားမည်  အိုရခိုင်သူ/သားအပေါင်းတို့ အနာကတ် ရက္ခိုင် လှပစေရန် မိုက်ရိုင်းသောအကြောင်းကိုတင်ခြင်းထက် ယဉ်ကျေးသော အကြောင်းကိုတင်ပြီး ဂုဏ်ယူကြပါ

Credit /

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...