စာပေ သူခိုး ဗမာမျိုးဟဲ့
ရခိုင် ဒင်္ဂါးပြား
(ရက္ခိုင့်အာဇာနီ) ဥက္ကဌကြီးခိုင်မိုးလင်းဧ့ကိုယ်ရေးအကျဉ်း
======================
အာဇာနီခိုင်မိုးလင်းဧ့ငယ်နာမေမာ စံလှဖော်ဖြစ်သည်။ ရန်ကုန်ရောက်မှ ထွန်းစိန်လှဟု ခေါ်တွင်လာကတ်သည်။ ရခိုင်ပြည်ရသေ့တောင်မြို့နယ် အဝဒါကျေးရွာ အဖဦးမောင်ဖြူသီး အမိဒေါ်လှညွန့်ဦးရို့မှ ၁၉၄၄ ခုနှစ်တွင် မွီးဖွားသန့်စင်ခသည်။ မွီးချင်းသုံးယောက်ထဲမှ ဒုတိယမြောက် သားမြတ်ရတနာဖြစ်သည်။ စံလှဖော်သည် အခြခံပညာအလယ်တန်းအောင်မြင်ပြီး၊ ပါဠိဘာသာများကို လေ့လာဆေးပူးခသည်။
(၁၉၆၇ ခုနှစ်) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ရန်ကုန်လှိုင်မြို့၌ စတင်ဖွဲ့စည်းစဉ်က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခသည် စစ်ရေးတာဝန်ခံနန့် မြီအောက်လှုပ်ရှားမှုကို တာဝန်ယူသည်။စံလှဖော်သည်ရန်ကုန်သို့ မိသားစုစားဝတ်နိန်ရေး အဆင်မပြေမှုကို ဖြေရှင်းနိုင်ရန်ရောက်လာရာမှ ပါဝင်လာခြင်းဖြစ်သည်။ လူအများက သူ့နာမေကို မိန်းမြန်းကတ်ရာ ထွန်းစိန်လှဟုပြောသည်။ ထွန်းစိန်လှမာ နာမေပြောင်းထားခြင်းဖြစ်သာသည်။
ခိုင်မိုးလင်းဟုခေါ်တွင်လာခြင်းကား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၊ပါတီဝင်နာမေဖြစ်သည်။ ယင်းအချိန်က အမေရိကန်နန့် ဗီယမ်နန်စစ်ဖြစ်နိန်ရေ အချိန်ဖြစ်သည်။ အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလင်းသည် ဗီယမ်နန်စစ်မြီပြင်မာ အကြိုက်အနယ်ဖြစ်နိန်ချိန်ဖြစ်တေ။
ရေဒီယိုအသံလွင့်ဌာနများက ဝက်စ်မိုးလင်းသတင်းများကို နိတိုင်းပိုင် ကြားနိန်ကတ်ရသည်။ ခိုင်မိုးလင်းသည် အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလင်းကို အားကျရေအတွက် မိုးလင်းဟု အမည်ကို ပါတီဝင်နာမေအဖြစ်ပီးလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ သဘောတရားမာ ရခိုင်သားတိုင်း (ခိုင်) ကို 'အမျိုးသီလနှစ်ဌာနကို ပြည့်ဝမဏ္ဍိုင်စောင့်စွမ်းနိုင်မှ ရခိုင်နာမဘွဲ့မည်လနန့် အနွတ်တရာခေါ်အပ်ရာတည်း ' ဆိုရေ အမျိုးနန့်သီလကို အပြည့်အဝစောင့်ထိမ်းမှ ရခိုင်ပီသရေလို့ ခံယူပြီးကေ ပါတီဝင်တိုင်းသုံးရသည့် အသုံးအနှုန်းဖြစ်သည်။ ဥပမာ-(ခိုင်ရဲခိုင်-လက်ဟိ ဥက္ကဌ)၊ ထွန်ဝင်း(ခိုင်ထွန်းဝင်း) ၊စိုးနိုင်(ခိုင်စိုးနိုင်) ယင်းပိုင်ပေါင်းစပ်ခေါ်ဝေါ်ရာမှ( ခိုင်+မိုးလင်) ' ခိုင်မိုးလင်း' ဟု ခေါ်တွင်လာခြင်းဖြစ်သည်။ လက်ဟိကာလ ' ခိုင် ' အသုံးအနှုန်းကား ရခိုင်အမျိုးသားကြားမာ တွင်တွင် ကျယ်ကျယ်ဖြစ်လာသည်။
ခိုင်မိုးလင်းအား တော်လှန်ရေုး လုပ်ဖော်ကိုင်ဖက် ပါတီဝင်များက နယ်ချဲ့စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်၏ နာမေကို တော်လှန်ရေးသမားတစ်ယောက်က အားကျခြင်းနန့် ဝေဖန်မှုများဟိခကတ်သည်။ နောင်ကာလမာ ခိုင်မိုးလင်းဆိုရေ နာမေသည် ရခိုင်တော်လှန်ရေးတွင်မက ကရင်၊ကချင် ၊ရှမ်း၊ကယားစရေ လက်နက်ကိုင်တော်လှန်ရေးဂေါင်းဆောင် ရို့ကပင်လေးစားကြည်ညိုခြင်းကိုခံရသော တော်လှန်ရေး ဂေါင်းဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ရန်သူလက်နက်ကိုယ့် လက်နက်မူဝါဒကို ချမှတ်သည်။ စစ်ရေးတာဝန်ခံ ခိုင်မိုးလင်းသည် ရန်သူဘားကလက်နက်ကို ရယူရန် ဗမာ့တပ်မတော်ရီတပ်ထဲကို ဝင်လိုက်ပြီးစစ်ပညာများကို သင်ကြားသည်။ သူသည်စာရေးရာတွင်ဖောင်တိန်ကို လက်ညှိုးလက်မရို့နန့် မကိုင်ပဲ လက်ညှိုးကွင်းစွပ်ဖောင်တိန်ကို ကိုင်တတ်သည် သေနတ်မောင်းကို ဆွဲဖြုတ်သည့် ပုံစံဖြစ်သည်။ သူ့လက်ရေးများမာ တခြားသူများလက်ရေးနန့်မတူပဲ ရှည်ရှည်လျားလျားဖြစ်နိန်တတ်သည်။ အလုပ်လုပ်ရာမာ စိတ်ဝင်စားစွာလုပ်သည်၊ဇွဲဝိရိယဟိသည်၊ တစ်ဖက်သားကို လေးစားစွာဆက်ဆံတတ်သည်၊ သူများအထင်ကြီးလေးစားအောင် လည်းလုပ်တတ်သည်။
၁၉၆၈ ခုနှစ်က ရခိုင်ပြည်လွတ်မြောက်ရေးတီ ဗဟိုကော်မတီတစ်ခုလုံး အဖမ်းခံကတ်ရာ သူလည်း ဗမာရီတပ်အတွင်း ကော့သောင်းမြို့တစ်နိန်ရာမာ အဖမ်းခံလိုက်ရသည်။ ၁၉၇၂ ခုနှစ်မာ ထောင်က လွတ်မြောက်ပြီး ကရင်အမျိုးသားအစည်းအရုံးဟိရာ (KNU)သို့ မဟာမိတ်ကရင် များနန့်ပူးပေါင်းတိုက်ပွဲဝင်ရန် ရောက်ဟိလာသည်။ သူတတ်သော ဆီးပညာနန့် စားဝတ်နိန်ရေးပြေလည်ရန် ဆီးကုသပီးသည်။ တစ်ဖက်မာ ရဲဖော်သစ်များစုဆောင်းခြင်း၊ ပါတီကေဒါဖွဲ့စည်းခြင်းအလုပ်နန့် မဟာမိတ်နယ်မြီမာ တပ်ဖော်ထုတ်နိုင်ရန်တင်ပြခသည်။
ခိုင်မိုးလင်း၏ကြိုးပန်းမှုဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)ကို မဟာမိတ်ကရင်နယ်မြီမာ ထူထောင်ခွင့်ကိုရဟိသည်။ ခိုင်မိုးလင်းနန့်အတူ လက်ဟိဥက္ကဌ ခိုင်ရဲခိုင်၊ ခိုင်စိုးနိုင်အောင် ရို့လည်း ရောက်လာကတ်သည်။ ၁၉၇၄ ခု ဇွန်လ ၁ ရက်နိ့မာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA) ကို တည်ထောင်ခသည်။ ပါတီဥက္ကဌနန့် စစ်ဦးစီးချုပ်-ဗိုလ်မှူးကြီးခိုင်မိုးလင်းဖြစ်လာသည်။ တော်လှန်သောတိုင်းရင်းသားပေါင်းစုံ ပါဝင်ရေ မဒတ ကို ဖွဲ့စည်းရာမာလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရန်ကြိုးပန်းခသည်။ မဟာမိတ် ကရင်နယ်မြီမာ ကရင်ဂေါင်းဆောင်များနန့်အတူ ၃ နှစ်ပတ်လုံးပူးပေါင်းတိုက်ပွဲဝင်သည်။ ရခိုင်ပြည်လွတ်လပ်ရေးအတွက် ရခိုင်ပြည်ကို ချီတက်တိုက် ခိုက်ရန် တပ်မတော်ကိုအမိန့်ပီးသည်။
၁၉၇၆ခု ဇွန်လ ရခိုင်ပြည်သို့ မိုင်နှစ်ထောင်(၂၀၀၀)ကျော်ဝီးရေ ခရီးကိုချီတက်သည် ခိုင်မိုးလင်းဦးဆောင်ချီတက်သော စစ်ကြောင်းသည် အာရှမာတိုက်မာတစ်ခုလုံးမာ တရုတ်တော်လှန်ရေးတုန်းက မော်စီတုန်းဦးဆောင် ချီတက်သော ခရီးရှည်ပြီးလျှင် ဒုတိယ ခရီးရှည်စစ်ကြောင်းဖြစ်သည်။ စစ်ကြောင်းအမည်ကား ' မိုးလင်းရာဇာ ' စစ်ကြောင်းဖြစ်သည်။ ကရင်ပြည်၊ ရှမ်းပြည်၊ ကချင်ပြည်များကို ဖြတ်ကျော်ချီတက်ကတ်ရသည်။ စစ်ကိုင်း၊ နာဂတောင်တန်းများကို အခက်အခဲများကြားထဲက ဖြတ်ကျော်ကတ်ရသည်။ ဒုက္ခမျိုးစုံကိုလေ့ ရင်ဆိုင်ကျော်လွှားကတ်ရသည်။ ချင်းတောင်တန်းအရောက် မာ ရန်သူဗမာတပ်များ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရသည်။ ရန်သူမြရတနာစစ်ဆင်ရေးမာ အဆမတန်အင်အားများလွန်းပြီး၊ ဖြတ်လေးဖြတ်စစ်ဆင်ရေးတိုက်ခိုက်ခြင်းခံရသည်။
လက်နက်အင်အား၊ လူအင်အားမမျှတခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ကုန်ခမ်းခြင်း၊ ရိက္ခာပစ္စည်းများ ကုန်ကျခြင်း၊ ပထဝီနယ်မြီ မကျွမ်းကျင်ခြင်းရို့ကြောင့် စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ကာ ရန်သူသတ်ကွင်းထဲသို့ ကျဆင်းရသည်။ ခိုင်မိုးလင်းအား ရန်သူစစ်တပ်က နက်လက်ချရန် ဖိတ်ခေါ်သံများ တောင်ကြောတစ်ခု လုံး ဆူညံလျှက်ဟိသည်။ ခိုင်မိုးလင်းကား တပ်မှူး၊ ရဲဖော်များအား လုံးဝ နက်လက်မချရန်အမိန့်ပီးသည် သူလည်း လုံးဝ နက်လက်မချကြောင်း ပြောသည်။ သူ့အတွက် ကျည်ဆံသုံးတောင့် အမြဲတမ်းချန်ထားကြောင်း ကိုလည်း ထည့်သွင်းပြောကြားသည်။
ချင်းပြည်နယ်တီးတိန်အနီးတွန်းဇံတံတားဖြတ်အကူးမာ ခိုင်မိုးလင်းဒူးစိကိုကျည်ဆံထိမှန်သည် ရဲဖော်များက ထမ်းယူရန်ပြောကြားသော်လည်း သူ့အားဆက်လို့ မထမ်းဖို့ အမိန့်ပီးသည်။ စစ်ဦးစီချုပ်အမိန့်အား ရဲဖော်တိုင်းလိုက်နာကတ်ရသည်၊ တံတားတဖက်ကို အရောက်ကူးရန်ရဲဖော်များကို အမိန့်ပီးသည်။ သူ့မာ ပါလာသော စာရွက်စာတမ်းများနန့် ဖေသာငွေကြေးတိကို မီးတိုက်ဖျက်စီးပိုက်သည်၊ သူအိတ်ထဲမာကား မော်စီတုန်း၊ ကတ်စထရို၊ ချေဂွေဗားရား ဓာတ်ပုံတိကို အမြဲတမ်းဆောင်ထားတတ်သည်။ ရဲဖော်ရို့ ချောင်းတစ်ဖက် အရောက်မာ ပီစတိုကျည် ပေါက်သံကိုကြားလိုက်ရသည်။ သူ့တပည့်ရို့ကား ကမ္ကာပျက်မတတ်ခံစားလိုက်ရသည်။ ငါရို့ ဂေါင်းဆောင်ကြီးကား ကိုယ်ကိုအဆုံးစီရင် လိုက်ပြီဟု တစ်ပြိုင်တည်းပြောလိုက်ကတ်သည်။ ယင်းနိကား ၁၉၇၇ ခု ဇွန်လ ၄ ရက်နိ့ဖြစ်သည်။
ခိုင်မိုးလင်းကား သူချမှတ်ထားသည့် “ရန်သူ့ဘားမာ ဒူးထောက်လက်မြှောက်ခြင်းသည် အဖိနှိပ်ခံ ပြည်သူများအတွက် ခွင့်မလွတ်နိုင်သော ပြစ်မှုကိုကျူးလွန်ရာ ရောက်သည်” ဆိုရေ ၊ သူ၏ သန္ဒိဌာန်ကို သူကိုယ်တိုင်လိုက်နာ ကျင့်သုံးခရေ အမှန်တကယ်မျိုးချစ် တော်လှန်ရေးပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။
ဥက္ကဌ ခိုင်မိုးလင်း ပြောခရေမိန့်ခွန်း ( ၆ ) ချက်
၁/#ရခိုင်တစ်မျိုးသားလုံး တစ်မိသားတည်းပမာချစ်ခင်ကတ်
၂။ /#ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ရခိုင့်တပ်မတော်ကို တည်ဆောက်ကတ်
၃။ /#ရခိုင်ပြည်လွတ်မြောက်ရေးအတွက်
ဘဝတူအဖိနှိပ်ခံ ပြည်သူများနန့်လက်တွဲကတ်
၎။/#ရခိုင်ပြည်လွတ်လပ်ရေးသည် လက်နက်ကိုင်တော်လှန်မှုမှ တစ်ပါးအခြားမရှိ
၅။ /#ရခိုင်ပြည်လွတ်လပ်ရေးသည် ရခိုင်အမျိုးသားစည်းရုံးညီညွှတ်မှုတွင်တည်ဟိရေ
၆။ /#ရန်သူ့ထံတွင် ဒူးထောက်လက်မြောက်ခြင်းသည် အဖိနှိပ်ခံပြည်သူများအတွက် ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုကျူးလွန်ရာရောက်သည်။
Ra Kha Whan Tha
(ဓညဝတီ)
(ခိုင်ရာဇာအတ္ထုပတ္တိအကျည်းချုပ်)
ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ်ဗိုလ်ကြီး
=======================
စစ်ဦးစီးချုပ်ခိုင်ရာဇာကို မင်းပြားမြို့နယ် ရွှေချောင်းကျေးရွာ အဖဦးသာမြအောင်၊ အမိကဒေါ်ကြာစိန်မေ(သို့) ဒေါ်ကြာစိန်ဖြူရို့၏သားသမီး ၇ ယောက်အနက် တတိယမြောက်သားဖြစ်သည်။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပြီး သူ့ကိုအသက်၁၃နှစ်မှာသျှင်ပြုခပြီး စစ်တွေမြို့ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခသည်
စစ်တွေမှာစာသင်နေတုန်း အသက် ၁၆
နှစ်အရွယ်ကတည်းက သူသည်နိုင်ငံရေး၊ တော်လှန်ရီး အသိုင်းအ၀ိုင်းတနန့် ထိတွိ့ဆက်ဆံကာ ရခိုင်ပြည်လွတ်မြောက်ရီးပါတီ ALP နန့်ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ပနာ ရန်ကုန်နန့် စစ်တွေကို
အလားအလာလုပ်ပြီးကေ လျှို့ဝှက်ယူဂျီ လုပ်နိန်ယင်း အသက် ၂၀ပြည့်ရေအခါ သူရို့ရွာမှာမိဘတိက ရဟန်းခံပီးခသည်။ နောက်ပိုင်းမာ ရန်ကုန်ကိုပြန်လာပြီး လျှို့ဝှက်ယူဂျီအလုပ်တိကို ဆက်လက်လုပ်ကိုင်ယင်းနန့် လူသိများလာရေအခါ ရန်ကုန်မှာ နီလို့မရရေအတွက် ဘိတ် ကော့သောင်းကို ထွက်လာခရသည် ဗိုလ်ရာဇာသည် ဇာနိန်ရာကိုရောက်ရောက်၊ ဇာအလုပ်ကိုပင်လုပ်လုပ်၊ ဇာပညာကိုပင်သင်သင် သူစွာ ရခိုင်အမျိုးသားရေးကိုသာ အလီးထားပြီးကေ အမျိုးသားရေးအကြောင်းတိကိုသာ ပြောဆိုတတ်သည် ဗိုလ်ရာဇာ၏ အဖကလည်း ရခိုင်တော်လှန်ရေးသမား ပြောက်ကျားတစ်ဦးဖြစ်တေအတွက် သူသည် အမျိုးသားရီးစိတ်ဓါတ်တိ အငယ်ချေခါကပင်
ပြင်းထန်ခသူတစ်ဦးဖြစ်သည်။ ရခိုင်တမျိုးသားလုံး လွတ်မြောက်ရီးအတွက် ငယ်စဉ်ကပင်စိတ်ဓါတ်ပြင်းထန်ခသူ တစ်ဦးဖြစ်တေအတွက် အရွယ်ရောက်လာရေအခါ မည်သူတဦး တယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရီးနယ်ပယ်ထဲကို အရောက်လာပြီး လက်နက်ကိုင်တော်လှန်ရီးကို လုပ်ကိုင်ခစွာဖြစ်သည်။
ဗိုလ်ရာဇာသည် ရခိုင်ပြည်နန့် ရခိုင်လူမျိုး လွတ်မြောက်ရီးအတွက် တိုက်ပွဲဝင်ရေ ဇာသူ့ကိုမဆို ချစ်မြတ်နိုးရေ စိတ်ဟိပြီးကေ သူနန့်အတူ တော်လှန်တိုက်ပွဲဝင်ခရေ ရဲဘော်ရဲဘက်တိအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားစောင့်ယှောက်တတ်ပြီး တိုက်ပွဲမှာကျဆုံးလားရေ သူ၏ရဲဘော်တိ အတွက်လည်း သူသည်အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပါရေ
ဗိုလ်ရာဇာသည် ပထမဆုံး ALP ကိုဝင်ပြီးALP က
ခေါင်းဆောင်တချို့နန့် ဆက်ဆံရေး အဆင်မပြေမှုတိကြောင့်
ဗိုလ်ရာဇာသည် ကရင်နယ်မြီ တပ်မဟာ ၄ကို တိတ်တဆိတ် ထွက်ခွါလာကာ ယင်းမှာတော်လှန်ရီးစလုပ်ပြီး လက်နက်နန့်လူအင်အားတိ စတင်စုဆောင်းခသည် လက်နက်နန့်ငွေအင်အား တောင့်တင်းလာရေအခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တိနန့်ဖြတ်ပြီးကေ ဘင်္ဂလား-ရခိုင်နယ်စပ်မှာ ရခိုင်ပြည်တပ်မတော် AA ကိုလာရောက် ထူထောင်ခသူဖြစ်သည်။ ဗိုလ်ရာဇာစွာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ ရခိုင်တော်လှန်ရီးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွီ
စုဆောင်းပီးနိုင်ခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပင်ဖြစ်၏
ဗိုလ်ရာဇာသည် သူရသတ္တိနန့်ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာအလွန်ကောင်းရေပိုင် ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းသူဖြစ်သည် ဗိုလ်ရာဇာသည် ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနန့်ဆက်ဆံရေနိန်ရာမှာလည်း ကောင်းမွန်ပြီး ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်း မငှဲ့ကွက်တတ်ပါ။ ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင် ပြောဆိုခြင်းမဟိပဲ ဗုဒ္ဓဘာသာနန့်ဆိုင်ရေ လှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်တတ်ပါရေ။ ဗိုလ်ရာဇာစွာ တော်လှန်ရီးသက်တမ်း တလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက်တခုလည်း လုပ်ကိုင်ခစွာမဟိဘဲ အမြင့်မြတ်ဆုံးပီးဆပ်လားသူ တစ်ဦးဖြစ်သည်။ဗိုလ်ရာဇာသည် ရခိုင့်နိုင်ငံရေးတော်လှန်ရီးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်တေအတွက်နန့် ရခိုင်တော်လှန်ရီးနယ်ပယ်မှာ အချိန်တိုအတောအတွင်း ဗိုလ်ရာဇာသည် အထူးထင်ရှားသူ တစ်ဦးဖြစ်လာသည်
ရခိုင်ပြည်နန့်ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နွဲပြီးကေ ရခိုင်ပြည်တပ်မတော်
AA ကိုထူထောင်ခရေ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ ရီးတပ်အခြီစိုက်စခန်းတစ်ခု ဖွင့်ပီးမေဆိုပြီး ခေါ်ယူကာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နိတွင် အိန္ဒိယနိုင်ငံ လန်ဒမန်ကျွန်းစု လန်ဖောကျွန်းပေါ်မာ မြန်မာအစိုးရနန့် အိန္ဒိယအစိုးရ၏ ပူးပေါင်းကြံစည် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနန့်အတူပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း အိန္ဒိယအစိုးရက ချုပ်နှောင်ထားခသည် ဘင်္ဂလားနယ်စပ်မှာဟိနီရေ ရာနန့်ချီရေရဲဘော်တိနန့် ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနန့်အတူ ပျောက်ဆုံးလားခရသည်
အားလုံးသူသာလီစွပါကျန်းမာချမ်းသာပါဇီ
သူသူငါငါ သိသလောက်သောသုတစာပီ
တိကိုမျှဝီနိင်ဂတ်ပါဇီတောင်းဆိုဆန္ဒပြုပါယင့် တတ်နိင်သလောက်သောစာပီများ
ကို ရွီးတင်ပီးပါမည်။
တောင်းဆိုထားရေလူတိအချိန်မအားစာတင်ပီနောက်ကျခြင်းကိုလည်းနားလည်ပါ
Ra Kha Whan Tha
(ဓညဝတီ)
တိုက်ပွဲသတင်း
အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...
-
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...
-
စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ ၁၃ မေလ ၂၀၂၄ ရက္ခ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...