ArakanArmy စစ်စီးဦးချုပ် နှင့် ဒုဦးစီးချုပ်
“ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ပဲရှိရမယ်လို့”
“ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ပဲရှိရမယ်လို့”
အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော။ #ဘီဘီစီမြန်မာပိုင်း #ရခိုင်ပြည်နယ် #မြန်မာ #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော။ #ဘီဘီစီမြန်မာပိုင်း #ရခိုင်ပြည်နယ် #မြန်မာ #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက် ~~~~~~~~~~~~ ■
ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး- နန်းလွင်နှင်းပွင့်
Mrauk-U township in #Rakhine State
A baby & mother were injured from the attack by #Myanmar Government forces in Shaoung Tai village, Mrauk-U township in #Rakhine State on April 10 6am morning. Many of the children are killed and critically injured and fighting for their lives. This incidents happed while they sheltering at Monastery. The recent violence in Rakhine State was extreme, and seemingly geared toward terrorizing the population and driving out the Rakhine Civilians. #UNICEF #HumanRights #UN
ရခိုင်ပြည် တိုက်ပွဲ သတင်း 7.4.2019 ၂၀၁၉ ခုနှစ် ၊ဧပြီလ ပထမအပတ် အတွင်းရခိုင်ပြည်တိုက်ပွဲသတင်းများ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ရွာ နှင့် စပါးထားရွာအကြားတွင် မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗမာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်လှုပ်ရှားစစ်ကြောင်းတို့ သည် နံနက် (၈) နာရီခန့်မှစတင်ပြီး နှစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင် ထိတွေ့တိုက်ခိုက်မှုများမရှိသော်လည်း ဗမာစစ်တပ်ဖက်မှလက်နက်ကြီး များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုများမှာ ကြိုကြားကြိုကြားတစ်နေ့လုံးနီးပါးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၃) ရက်နေ့၊ နေ့လည်(၂) နာရီခန့်အချိန်တွင် တိုက်ပွဲများမရှိသော်လည်း ဗမာနယ်ချဲ့ စစ်တပ်သည် ဟတ်စကီးများပေါ်မှ စက်သေနတ်များ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းပတ်ဝန်းကျင်တွင် ရှိနေသော ဘင်္ဂလီ(၇) ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိ သူအရေအတွက်မှာလည်း (၂၀) နှစ်ဆယ်ဦးကျော်အထိရှိခဲ့သည်။ ဗမာစစ်တပ်သည် ယခုကဲ့သို့အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ဖုံးကွယ်လိုသောကြောင့် ဒဏ်ရာရရှိသူများကို အရပ်ဖက်ဆေးရုံတွင် ကုသ ခြင်းအား မပြုလုပ်စေဘဲ ၎င်းတို့၏စစ်ဆေးရုံတွင် ဆေးကုပေးခြင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ပိုက်ဆံများပေးကာ အဖြစ်မှန်များနှင့်သတင်းမှန်များကို ထိန်ချန်ဖုံးကွယ်ထားလျှက်ရှိသည်။ ထို့အပြင် ၎င်းသတင်းနှင့်ပတ်သက်၍ ဗမာစစ်တပ်ဖက်မှထုတ်ပြန်ရာတွင် ရက္ခိုင့်တပ်မတော်အား နှိမ်နင်းရာတွင် AA အဖွဲ့နှင့်အတူရှိနေသော ဘင်္ဂလီ(၆) ဦးသေဆုံးခဲ့ပြီး (၉) ဦးဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။ ဤသည် မှာ ဗမာစစ်တပ်၏ နောက်ထပ်တစ်ကြိမ်လိမ်လည်ထုတ်ပြန်ချက် နှင့် မရိုးနိုင်သောပြက်လုံးတစ်ခုသာဖြစ်သည်။ မြေပြင်အနေအထားများ၊ မြေပြင်သက်သေများ၊ ကာယကံရှင်များ၏ ပြောကြားချက်အရ ဗမာစစ်တပ်၏ဟယ်လီကော်ပတာပေါ်မှနေ၍ စက်လက်နက်များ၊ ရော့ကတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဘင်္ဂလီများသေဆုံး၊ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၄) ရက်နေ့၊ နေ့လည်(၁) နာရီ (၂၀) မိနစ်ခန့်တွင် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာ အရှေ့မြောက်ဖက် (၉) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်နာရီနီးပါး ကြာယခုတိုက်ပွဲအတွင်း ဗမာနယ်ချဲ့စစ်တပ်ဖက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၆) ဦး(မျက်မြင်) အထိရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့၊ နံနက် (၇) နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ အထက်ဝါးနက်ရုံရွာ အရှေ့မြောက်ဖက်၊ နယ်စပ်မှတ်တိုင် ၆၄ (BP-64) အနီးတွင် အင်အား (၁၅၀) ခန့်ရှိသောရန်သူစစ်ကြောင်း၊စကခ(၅) တောင်ကုတ်လက်အောက်ခံ၊ အမ်းအခြေစိုက် (ခမရ-၃၇၃)နှင့် မိမိတို့လှုပ်ရှားစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၁၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်းများပြားခဲ့သည်။ ထို့အတူ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း မိမိတို့လှုပ်ရှားစစ်ကြောင်းမှ သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများမှာ (၁) ၆၀ မမ ပြောင်းတို (၁) လက် (၂) ၆၀ မမ ဗုံးသီး (၄) လုံး (၃) RPG-7 တစ်လက် (၄) RPG-7 ဗုံးသီး(၁) လုံး (၅) RPG-7 ပို့ကျည် (၂) ခု (၆) ၉ မမ-ပီစတို (၁) လက် (၇) ၉ မမ-ပီစတိုကျည် (၁၀) တောင့် (၈) MA-1 (၄) လက် (၉) MA-2 (၃) လက် (၁၀) ၅.၅၆ ကျည် (၁၂၃၄) တောင့် (၁၁) ၅.၅၆ ကျည်ဘောက် (၂၂) ဘောက် (၁၂) ၄၀ မမ ဗုံးသီး (၁၁) လုံး (၁၃) အီနာဂါ (၇) လုံး (၁၄) အီနာဂါ ပို့ကျည် (၄) ခု (၁၅) Detonator (၂) ခု (၁၆) RT စက် (၁) လုံး (၁၇) CDMA ဖုန်း (၄) လုံး (၁၈) Remote Control Jammer (၁) ခု (၁၉) လက်ပစ်ဗုံး (၂) လုံး (၂၀) ရုံးသုံးစာရွက်စာတမ်း (၁) ထုပ် (၂၁) Dry Battery (၁) ခု (၂၂) အခြား အထွေထွေပစ္စည်းအချို့တို့အားသိမ်းဆည်းရမိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ဧပြီလ(၅) ရက်နေ့၊ နေ့လည် (၁၂) နာရီခန့်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းရွာ အနောက်ဖက်၊”ဖောက်ပီ”တောင်တန်းပေါ်တွင် အင်အား (၁၀၀) ခန့်ရှိသော ဗမာနယ်ချဲ့စစ်တပ်နှင့် ရက္ခိုင့်တပ်မ တော်လှုပ်ရှားစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် အင်အားအလုံးအရင်းဖြင့် မိမိတို့ရှိရာ နေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့်ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲမဖြစ်ပွားမီ တစ်မနက်လုံးနှင့် လွန်ခဲ့သောရက် ဧပြီလ (၄) ရက်နေ့ကတည်းကပင် ယခုတိုက်ပွဲဖြစ်ပွားရာနေရာပတ်ဝန်းကျင် အားဗမာစစ်တပ်သည်လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ယခုတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၃) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ဧပြီလ(၅) ရက်နေ့တွင်တတိယမြောက်တိုက်ပွဲအား မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာ၊ အရှေ့မြောက်ဖက်တောင်တန်းပေါ်တွင် နေ့လည်(၁) နာရီ (၂၀) မိနစ်တွင်စတင်ဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲ ဖြစ်ပွားနေသည့်နေရာပတ်ဝန်းကျင်များသို့လည်း ဗမာစစ်တပ်သည် အခြားတိုက်ပွဲဖြစ်ပွားသည့်နေရာများနည်း တူ လက်နက်ကြီးပစ်ကူများဖြင့် တစ်မနက်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နေ့လည်(၁) နာရီ (၂၀) မိနစ် အချိန်တွင်မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုနေရာသည် မတ်လ(၃၀) ရက်နေ့၊ဧပြီလ( ၄) ရက်နေ့ များတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သောနေရာဖြစ်ပြီး ဗမာစစ်တပ်ဖက်မှ လက်နက်ကြီး၊လက်နက်ငယ်၊ စက်သေနတ်၊လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ လေးရက်ခန့်ရှိခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၆) ရက်နေ့တွင်၊ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာ အရှေ့ဖက်တောင်တန်းပေါ် တွင် နံနက်(၉) နာရီခန့်မှစတင်ပြီး အင်အား(၁၅၀) ခန့်ရှိသော ဗမာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် လှုပ်ရှား စစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်လက်နက်ကြီးများကို နေရာသုံးခုမှတပြိုင်နက် တည်း ပစ်ခတ်တိုက်ခိုက်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုတောက်လျှောက်ပြုလုပ်နေခဲ့သောကြောင့် တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ဧပြီလ(၆) ရက်နေ့၊ နံနက်(၁၁) နာရီ(၄၀) မိနစ်မှ ညနေ(၄) နာရီခန့်အထိ ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းရွာအနောက်ဖက်၊ “ဖောက်ပီ” တောင်တန်းပေါ်တွင်ရက်ဆက်တိုက်ပွဲများအဖြစ် ဆက်လက်ပြင်းထန်ခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ ထိခိုက်-ကျဆုံး(၁၀)ဦးအထိရှိနိုင်သည်။ မိမိတို့ဖက်မှ လက်နက်ငယ်ထိမှန်ခဲ့သူတစ်ဦးမှလွဲ၍အထိအခိုက်အကျအဆုံးမရှိခဲ့ပေ။
Burmese army who steal cattle station positioned to enter the village to search by entering the pit Buthidaung township barrel in March, Bull Kun, Rice,
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goods sold in violation of the lock column 2 million had brought home a box of keys to find a shred. Buthidaung to take refuge in the city, his family, the shop owner onion, Chili food, beer, Alcohol bottles set the key posts have been deleted. Box drones Shuffle search of the house. All home to go stealing mercury museum looting see anyone. Appliances Burmese army who steal cattle station positioned to enter the village to search by entering the pit Buthidaung township barrel in March, Bull Kun, Rice, The standard goal-thousand landmines near villages have been affected by heavy weapons fire killed thousands of residents to shelter in Buthidaung town and villages in the surrounding area. Leave the dog is worse than terrible Burmese military No more dogs shot According to the imperial colonial master course will continue in many killings.
Zaw Myat
Subscribe to:
Posts (Atom)
တိုက်ပွဲသတင်း
အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...
-
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...
-
စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ ၁၃ မေလ ၂၀၂၄ ရက္ခ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...