ကျောက်တန်းကျေးရွာသား ၂၀၀ ကျော်အား တပ်မတော်မှ စစ်ဆေးနေ ခိုင်ရိုးလ / DMG မေ ၁ ၊ ရသေ့တောင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ရွာသူ၊ရွာသား ၂၀၀ ကျော်အား ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ မေလ ၁ ရက်နေ့ ယခုအချိန်အထိ တပ်မတော်စစ်ကြောင်း တပ်မ ၂၂ မှ ၎င်းကျေးရွာရှိ စာသင်ကျောင်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။ တပ်မတော်မှ ကျေးရွာအတွင်းဝင်ရောက်လာကာ ယောက်ျားများအား စာသင်ကျောင်းသို့ လာရမည်ဟု ရွာဆော်ဖြင့်ခေါ်ခိုင်းပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေအား စစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောသည်။ “ရွာသားတွေက မနေရဲတော့ဘဲ စာသင်ကျောင်းကိုသွားကြတယ်။ ကျောင်းမှာစုထားပြီးတော့ မိန်းမတွေကျန်နေခဲ့တာကို အိမ်ထောင်စုစာရင်းတွေ လိုက်စစ်တယ်။ ဘယ်အိမ်မှာ လူဘယ် နှစ်ယောက်ရှိလဲ။ ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နံပါတ်တွေ မှတ်ပြီးယူသွားတယ် ” ဟု ၎င်းအမည် မဖော်လိုသူက ပြောသည်။ ဧပြီလ ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် အသက် ၁၅ နှစ်အောက်နှင့် အသက် ၅၀ အထက် ရှိသူများကို စစ်ဆေးနေရာမှ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်ထိ စစ်ဆေးခံနေရသူများမှာ အသက် ၁၆ နှစ်မှ အသက် ၅၀ အောက်ရှိသူ ၂၁၀ ဦးခန့် ရှိပြီး ၎င်းတို့ထဲတွင် ပညာရေးဝန်ထမ်း ၄ ဦးလည်းပါဝင်ကြောင်း ကျောက်တန်းကျေးရွာမှ အမည် မဖော်လိုသည့် ကျေးရွာသားနောက်တစ်ဦးကပြောသည်။ “ကိုယ့်ဆွေမျိုးသားသမီးတွေကို ဖမ်းထားတော့ စိုးရိမ်နေကြပါတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကိုလည်းမသိဘူး။ အချုပ်ချမှာလား။ သတ်ပစ်မှာလားဆိုတာကိုပါ။ ဟိုအဖွဲ့နဲ့ဆက်စပ် ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ပုဒ်မတွေတပ်တာ လုပ်မလားဆိုတာကို စိုးရိမ်နေပါတယ် ” ဟု ၎င်းကျေးရွာ သားကပြောသည်။ တပ်မတော်မှစစ်ဆေးနေသည့် ကျောက်တန်းကျေးရွာအား ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ရွာသားများနှင့်တွေ့ဆုံရန်သွားရောက်ခဲ့သော်လည်း ရွာအတွင်းသို့ဝင်၍ မရကြောင်းသိရသည်။ “ကျနော်တို့ ရွာထဲကိုဝင်လို့မရသေးပါ။ ဝင်ခွင့်မပေးသေးပါ။ ဝင်လို့ရအောင်ပြောဖို့လုပ်နေပါတယ်။ ရွာနားတံတားမှာတားလို့ ပြန်လှည့်လာရပါတယ်။ ရွာထဲမှာ စစ်ဆေးနေပါတယ်တဲ့။ (စစ်တပ်က) ပြောတာပါ။ ရွာထဲကသတင်းကိုတော့ မသိရသေးပါဘူး။ တွေ့ခွင့်ရအောင်တော့ ကြိုးစားနေပါတယ် ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက နေ့လည် ၁၂ နာရီခန့်တွင် DMG ကို ပြောသည်။ ကျောက်တန်းကျေးရွာသားများအား စစ်ဆေးနေမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းညီအား DMG မှ ဆက်သွယ်မေးမြန်းရာ လောလောဆယ် အခြေအနေမသိရသေးကြောင်း တုန့်ပြန်သည်။

      ======================== .. 

ဘူးသီးတောင်မြို့နယ် နွားရုံတောင်မှာ ရွာလုံးကျွတ်ထွက်ပြေးနေရတာကို အခွင့်ကောင်းယူကာ ဗမာစစ်သား တပ်မ (၂၂)မှ နေအိမ်အချို့ကို ဖောက်ထွင်းကာ ခိုးယူမှုများရှိခဲ့ကြောင်း ကျေးရွာသားများ၏ ပုံပါဖော်ပြချက်များအရ သိရှိရ။ Photo-Credit

လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေမှုကြောင့် ဘောင်းဒွတ်ရွာလုံးကျွတ် ထွက်ပြေး 


         DMG                   “       ”          “    ”                 - 

ArakanArmy စစ်စီးဦးချုပ် နှင့် ဒုဦးစီးချုပ်

ArakanArmy စစ်စီးဦးချုပ် နှင့် ဒုဦးစီးချုပ် "ဝ"ပြည်နယ် ရောက် ရက္ခိုင့်"တော်ဝင်"တပ်တော် သတင်းစာ ရှင်းလင်း

“ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ပဲရှိရမယ်လို့”

“ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ပဲရှိရမယ်လို့”



အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော။ #ဘီဘီစီမြန်မာပိုင်း #ရခိုင်ပြည်နယ် #မြန်မာ #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက် ~~~~~~~~~~~~ ■ 

AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက် ~~~~~~~~~~~~ ■ အစိုးရတပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင့်တပ်မတော် AA အဖွဲ့ဟာ သက်တမ်း ၁ဝ နှစ်လောက်သာ ရှိသေးပေမယ့် အစိုးရ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့အထိ လက်နက်နဲ့ စစ်သည်အင်အား ကောင်းမွန်နေတာကို ရခိုင်ပြည်နယ်က တိုက်ပွဲသတင်းတွေအရ ကြားသိနေရပါတယ်။ AA ခေါင်းဆောင်ပိုင်းကတော့ စစ်သည်အင်အား အတိအကျကို ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။ AA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ရခိုင်တိုင်းရင်းသား လူငယ်တွေအပြင် အမျိုးသမီးတွေပါ စစ်သင်တန်း တက်ရောက်နေကြပါတယ်။ ရခိုင်အမျိုးသမီးတွေ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်နေကြတာပါလဲ…။ RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ စုစည်းတင်ပြထားပါတယ်။ (ရိုက်ကူး - ထက်အာကာ/အဲလိဇဘက်ဂျန်မာ)

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး- နန်းလွင်နှင်းပွင့်

ဖမ်းဆီးထားတဲ့ ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမယ်လို့ AA စစ်ဦးစီးချုပ် ပြော (ရုပ်/သံ) ဧရာဝတီ ၊ ဧပြီ ၁၁ ၊ ၂၀၁၉ AA အထူးတပ်ဖွဲ့ဝင်များသည် ဧပြီ ၉ရက် ည ၁၀နာရီမှ ဧပြီ ၁၀ရက်မနက် ၅နီာခန့်အထိ မြောက်ဦးမြို့ရှိ အမှတ် ၃၁လုံခြုံရေး ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် လေညှင်းတောင်အနီးရှိ ယာယီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည် ။ တိုက်ပွဲ ဖြစ်ပွားပြီ ပြန်ဆုတ်ခွာရာတွင် ရဲတပ်ဖွဲ့ဝင် မိသားစု ၇ဦးကိုဖမ်းဆီးသွားခဲ့သည်။ အဆိုပါ ၇ဦးမှာ ဒု-ရဲအုပ် သဲဇော်အောင်၏ ဇနီးနှင့် သမီး ၊ ဒု-ရဲအုပ် အောင်ကိုကိုမြင့်၏ မိခင် အပါအဝင် ဇနီးနှင့်သားသမီး ၊ရဲတပ်သား စည်သူစိုး၏ ဇနီးတို့ဖြစ်သည်။ အင်တာဗျူး- နန်းလွင်နှင်းပွင့် ရိုက်ကူး /တည်းဖြတ်- ဝေနှင်းထွဋ်

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...