Posts

     သဆုံး

Image
  မိုး     သဆုံးခဲ့တဲ့ အလောဘွမ်‌‌တောင်တိုက်ပွဲ ဧရာဝတီတိုင်းမ် ဧပြီ ၁၂ ရက်။ ကချင်ပြည်နယ် အလောဘွမ်တောင် တိုက်ပွဲမှာ မိုးမောက်အခြေစိုက် ခလရ ၃၈၇ တပ်ရင်းမှုးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးသွားတယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက DVB ကို အတည်ပြုပြောပါတယ်။ ဧပြီ ၁၂ ရက် မနက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်ရင်းမှူးအပါအ၀င် အာဏာသိမ်း စစ်ကောင်စီတပ်တွေ ဘက်ကအကျဆုံးများခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းပြောပါတယ် ကျဆုံးသွားတဲ့ တပ်ရင်းမှူးအလောင်းကိုရဟတ်ယာဉ်နဲ့ လာရောက်သယ်ဆောင်‌သွားခဲ့ပြီးနောက် ကေအိုင်အေ ထိန်းချုပ်ရာ အလောဘွမ်တောင်အား စစ်တပ်က လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ Source -#dvbtvnews.

      

Image
 တပ်မတော်မှခေါ်ဆောင်သွားသည့် အမ်းမြို့နယ်မှ ဒေသခံတစ်ဦးပြန်လွတ်လာပြီးနောက် ဆေးကုသမှု ခံယူနေရ W estern News - ခိုင်ဇော်ထွန်း နိုဝင်ဘာ ၁၅ ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းအုပ်စု ချစ်ပုံမကျေးရွာမှ ဒေသခံတစ်ဦးအား တပ်မတော်မှ တစ်ရက်ကြာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာကာ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများကပြောသည်။ ဆေးကုသမှုခံယူနေရသူမှာ ဦးကျော်နုမောင် အသက် (၄၅) နှစ်ဖြစ်သည်။ ၎င်းမှာ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းကကျေးရွာအနီးရှိ ပုစွန်ကန်၌ရှိနေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်ခြင်း သွားခြင်းဖြစ်သည်ဟု ချစ်ပုံမကျေးရွာရှိကျောင်းထိုင်ဆရာတော်ကမိန့်သည်။ “သူ့ကို ဆေးရုံသို့ယူဆောင်သွားပါပြီ။ မနေ့ညနေပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကျေးရွာက ဇရပ်မှာ တပ်မတော်သားတွေက ချည်နှောင်ထားခဲ့တယ်။ သူ့ကို ဒီနေ့ နေ့လည် ၁ နာရီမှာ လွှတ်ပေးလိုက်ဆိုပြီးတော့ ဘုန်းကြီးကျောင်းက ကပ္ပီယကို ပြောသွားခဲ့တယ်လို့ပြောတယ်တဲ့။ အခု သူ့တို့ ရွာကထွက်သွားပြီ၊ ဘယ်အချိန်ကထွက်သွားတာလည်း ဆိုတာကိုတော့ ဦးဇင်း မသိဘူး”ဟု မိန့်ကြားသည်။ ဦးကျော်နုမောင်မှာ ချစ်ပုံမကျေးရွာအနီးရှိ ပုစွန်ကန်၌ သူ၏ ဇန...

AA မှထုတ်ဖော်ပြသ သော ဓါတ်ပုံအရ တပ်မတော် အရာရှိ တချို့အကျဆုံးရှိနေ

Image
  မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက်ရှိနေသောကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ ဇွန်လ (၁) ရက်နေ့တွင်လည်း ယခင်ရက်သတ္တပတ်များအတွင်း တိုက်ပွဲများပြင်းထန်နေခဲ့သော မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ ဇွန်လ(၁) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မေလွန်းရွာ၊ အရှေ့မြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိ တောင်တန်း၌ မြန်မာ့တပ်မတော်သည် မိမိတို့ရှိရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် မိနစ် (၃၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ (၆) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ အတွင်း ရက္ခိုင့်တပ်တော်မှ သိမ်းဆည်းရမိသော ရန်သူ့လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများထဲမှအချို့အား ထုတ်ပြန်လိုက်သည်။ သိမ်းဆည်းရမိသော တပ်မတော်လက်နက်ခဲယမ်းများကိုAA မှထုတ်ဖော်ပြသနောက်နေ့များ၌လည်း ထပ်မံထုတ်ပြန်ပါအုံးမည်ဟုဆို

   AA တပ်တော်မှ  

Image
   AA တပ်တော်မှ                               ()              ...

မောင်တောတွင် ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတစ်ဦးသေဆုံး

Image
မောင်တောတွင် ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတစ်ဦးသေဆုံး ချလူးအောင် | DMG မေ ၁ ၊ မောင်တော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွားလမ်းပေါ်ရှိ ဥဒေါင်းကျေးရွာရဲကင်းစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် ဧပြီလ ၃၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ ကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သေဆုံးသွားသူမှာ ဦးအောင်ထွန်းသိန်း ၄၈ နှစ်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ဦးအောင်ထွန်းသိန်း၏ ရင်ဘတ်ပွင့်ထွက်ဒဏ်ရာဖြင့် ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “သူကအဲဒီနားမှာ ကွမ်းယာဆိုင်ဖွင့်ပြီး ကွမ်းယာတို့၊ အချိုရည်တို့ရောင်းတာ။ အဲဒီနေ့က သူ့ဆိုင်နောက်ဘက်က ဝါးရုံမှာ မျှစ်သွားချိုးတာလို့ သိရတယ်။ ဝါးရုံဘေးမှာ သတင်းစာစက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်တွေ့လို့ ဖွင့်ကြည့်လိုက်တော့ ပေါက်ကွဲပြီးခုလိုဖြစ်သွားတာ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ဆိုသည်။ သေဆုံးသွားသည့် ဦးအောင်ထွန်းသိန်း၏ရုပ်အလောင်းကို မောင်...

ရခိုင်ပြည် ကျောက်တော်မြို့နယ်ပြိုင်းတိုင်း ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်စီး

Image
ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ကျေးရွာ တချို့မီးရှို့ဖျက်စီးခံရ ၁ မေ ၂၀၂၀ ရခိုင်ပြည် ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေး ရွာ ကို ဧပြီလ ထဲမှာဘဲ စစ်တပ်က မီးရှို့ဖျက်စီး ခဲ့ပါတယ် အလားတူ ပလက်ဝမြို့နယ် နှမဒါ ကျေးရွာကို လည်းမီရှို့ ဖျက်စီးခဲ့တယ်လို့သိရပါတယ်။

စစ်တပ်က ဖမ်းဆီးသွားသော ကိုဇော်ဇော်ဦး အသက် ၂၆ နှစ်  နောက်တစ်နေ့ ဆေးရုံကို အလောင်းလာပို့

Image
စစ်တပ်က ဖမ်းဆီးသွားသော ကိုဇော်ဇော်ဦး အသက် ၂၆ နှစ် နောက်တစ်နေ ဆေးရုံကို အလောင်းလာပို့ အလုပ်အကိုင် - ဆိုင်ကယ်ဝပ်ရှော့ နေရပ် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာ 29 - Apri - 2020 နံနက် ၁၀ နာရီခန့်က မြောက်ဦးမြို့သို့ ဆိုင်ကယ်ပစ္စည်းများဝယ်ယူရန်လာရောက်ချိန် မြို့အဝင်ထွက် စစ်ဆေးရေးဂိတ် ( ငွေတောင်ပေါက်ဂိတ် ) တွင်မသင်္ခါဟုဆိုကာ စစ်နှင့်ရဲကဖမ်းဆီးသွားသည်။ ဖမ်းဆီးခံရပြီးနောက်တွင် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမသိရ။ နောက် တနေ့ 30 -Apri - 2020 နေ့ ၁၀ နာရီကျော်ခန့်တွင် မြောက် ဦးဆေးရုံသို့အလောင်းလာအပ်သွားကြသည်ဟုသိရသည်။ အိမ်ရှင်မနှင့်အတူ ၃ နှစ်သမီးငယ်တစ်ဦးကျန်ရစ်ခဲ့သည်။ ========== Myanmar army turn a live Mrauk-oo civilian into a dead body overnight ========== A Mrauk-oo civilian was detained alive by Myanmar Army at a checkpoint of battalion no. 377 (29-04-2020) yesterday, and his dead body was sent back to hospital today on (30-04-2020).