30.ဧပြီ 2019
၂၀၁၉ ဖေဖေါ်ဝါရီ ( ၂ )ရက်နေ့က ပလက်ဝမြို့နယ် ကင်းတလင်း ကျေးရွာမှ ခူမီးချင်းတိုင်းသား ၅၄ ဦးကို သူတို့ သဘော
ဆန္ဒ မပါပဲ ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးခေါ်သွားတယ်ဆိုပြီး ( ၂၀၁၉ ဧပြီလ ၂၈ ရက်စွဲ့နှင့် ခူမီးချင်းမျိုးနွယ်စုများရေးရာ
ပေါင်းစပ် ညှိနှိုင်းကောင်စီ )ရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
၁။ ခူမီးလူမျိုးသည် ရခိုင်မျိုးနွယ်စုဝင်ထဲတွင်
ပါဝင်သည်။
၂။ AAမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၅၄
ဦး အနက် ၂ ဦးမှာ ထွက်ပြေးလွတ်မြှောက်
လာပြီး AA အဖွဲ့ မှ စေခိုင်းသမျှ
အလုပ်ကိုလုပ်ပေးနေရပြီ အစာရေစာ
မလုံမလောက်စားသောက် ရကြောင့် ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။
( ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းကောင်စီ ) ထုပ်ပြန်ချက်ဟာ
လွဲမှားနေပါသည်။
၁။ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးခ်ါသွားခြင်း လုံးဝမဟုတ်ပါ။
နှစ်ဘက်တိုက်ပွဲကြောင့် တောတွင်း ပိတ်မိ
နေတဲ့ ၎င်း ကျေးရွာသား ၅၄ဦးကို ဖမ်းဆီး
ခေါ်သွားခြင်းမဟုတ်ပဲ သူတို့အသက်လုံခြုံ
ရေးအတွက် လမ်းတစ်လျှောက်တွင် သူတို့၏လိုအပ်ချက်
များကို AA တပ်တော်သားတွေ ဝိုင်းဝန်း
ကူညီပြီးဘေးလွတ်ရာကိုလိုက်ပို့ပေးခဲ့တာပါ။
၂။ အဲဒါကို ရက္ခိုင့်တပ်တော် ဦးခိုင်သုခ မှ မီဒီယာကို ပြောကြားထားတာရှိပါတယ်။
ဒါကို ပြည်သူ တစ်ရပ်လုံးကလည်း သိထား
ပြီးသားဖြစ်မှာပါ။
အခုဟာက စစ်တပ် ရဲ့လုပ်ဆောင်ချက်အ
တိုင်း လိုက်လုပ်နေရတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတယ်။
ရခိုင်မျိုးနွယ်စုဝင်ထဲက ခူမီး လူမျိုးကိုဆွဲထုတ်
ချင်းလူမျိုးနှင့် သွားပေါင်း သူတို့လိုအပ်သလို လုပ်နေတယ်လို့ပဲမြင်မိဗျာ။
ကဲ ဖမ်းခေါ်သွားသလား…?
ဆိုတာ Video file ကို ကြည့်ရင် သိနိုင်မှာပါ
ကျောက်တန်းကျေးရွာသား ၂၀၀ ကျော်အား တပ်မတော်မှ စစ်ဆေးနေ
ခိုင်ရိုးလ / DMG
မေ ၁ ၊ ရသေ့တောင်
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ရွာသူ၊ရွာသား ၂၀၀ ကျော်အား ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ မေလ ၁ ရက်နေ့ ယခုအချိန်အထိ တပ်မတော်စစ်ကြောင်း တပ်မ ၂၂ မှ ၎င်းကျေးရွာရှိ စာသင်ကျောင်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
တပ်မတော်မှ ကျေးရွာအတွင်းဝင်ရောက်လာကာ ယောက်ျားများအား စာသင်ကျောင်းသို့ လာရမည်ဟု ရွာဆော်ဖြင့်ခေါ်ခိုင်းပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေအား စစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောသည်။
“ရွာသားတွေက မနေရဲတော့ဘဲ စာသင်ကျောင်းကိုသွားကြတယ်။ ကျောင်းမှာစုထားပြီးတော့ မိန်းမတွေကျန်နေခဲ့တာကို အိမ်ထောင်စုစာရင်းတွေ လိုက်စစ်တယ်။ ဘယ်အိမ်မှာ လူဘယ် နှစ်ယောက်ရှိလဲ။ ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နံပါတ်တွေ မှတ်ပြီးယူသွားတယ် ” ဟု ၎င်းအမည် မဖော်လိုသူက ပြောသည်။
ဧပြီလ ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် အသက် ၁၅ နှစ်အောက်နှင့် အသက် ၅၀ အထက် ရှိသူများကို စစ်ဆေးနေရာမှ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်ထိ စစ်ဆေးခံနေရသူများမှာ အသက် ၁၆ နှစ်မှ အသက် ၅၀ အောက်ရှိသူ ၂၁၀ ဦးခန့် ရှိပြီး ၎င်းတို့ထဲတွင် ပညာရေးဝန်ထမ်း ၄ ဦးလည်းပါဝင်ကြောင်း ကျောက်တန်းကျေးရွာမှ အမည် မဖော်လိုသည့် ကျေးရွာသားနောက်တစ်ဦးကပြောသည်။
“ကိုယ့်ဆွေမျိုးသားသမီးတွေကို ဖမ်းထားတော့ စိုးရိမ်နေကြပါတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကိုလည်းမသိဘူး။ အချုပ်ချမှာလား။ သတ်ပစ်မှာလားဆိုတာကိုပါ။ ဟိုအဖွဲ့နဲ့ဆက်စပ် ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ပုဒ်မတွေတပ်တာ လုပ်မလားဆိုတာကို စိုးရိမ်နေပါတယ် ” ဟု ၎င်းကျေးရွာ သားကပြောသည်။
တပ်မတော်မှစစ်ဆေးနေသည့် ကျောက်တန်းကျေးရွာအား ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ရွာသားများနှင့်တွေ့ဆုံရန်သွားရောက်ခဲ့သော်လည်း ရွာအတွင်းသို့ဝင်၍ မရကြောင်းသိရသည်။
“ကျနော်တို့ ရွာထဲကိုဝင်လို့မရသေးပါ။ ဝင်ခွင့်မပေးသေးပါ။ ဝင်လို့ရအောင်ပြောဖို့လုပ်နေပါတယ်။ ရွာနားတံတားမှာတားလို့ ပြန်လှည့်လာရပါတယ်။ ရွာထဲမှာ စစ်ဆေးနေပါတယ်တဲ့။ (စစ်တပ်က) ပြောတာပါ။ ရွာထဲကသတင်းကိုတော့ မသိရသေးပါဘူး။ တွေ့ခွင့်ရအောင်တော့ ကြိုးစားနေပါတယ် ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက နေ့လည် ၁၂ နာရီခန့်တွင် DMG ကို ပြောသည်။
ကျောက်တန်းကျေးရွာသားများအား စစ်ဆေးနေမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းညီအား DMG မှ ဆက်သွယ်မေးမြန်းရာ လောလောဆယ် အခြေအနေမသိရသေးကြောင်း တုန့်ပြန်သည်။
Subscribe to:
Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...