သားလေးကိုမိခင်မှလက်တစ်ဖက်ဖြင့်ပွေ့ဖက်ရင်းသေဆုံးနေကြတဲ့သားအမိရုပ်အလောင်းနန်းချောင်းဝကျေးရွာတွင်တွေ့ရှိ
Apr 10, 2020
ဧပြီလ (ရ)ရက်နေ့က တပ်မတော်လေကြောင်းပစ်ခက်မှု ဖြစ်ပွားရာ ပလက်ဝမြို့နယ်၊ နန်းချောင်းဝကျေးရွာတွင် မိခင်မှ (၃)နှစ်အရွယ်သားလေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ရင်း သားအမိနှစ်ဦး သေဆုံးနေသည့် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း Chinland Guardian သတင်းတွင် ဖော်ပြထားပါတယ်။
ဧပြီလ (ရ)ရက်နေ့ တပ်မတော်လေကြောင်း ပစ်ခက်မှုတွင် နန်းချောင်းဝ ရွာသား (၇) ဦးသေဆုံးခဲ့ရပြီး (၈)ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါသားအမိနှစ်ဦး၏ ရုပ်အလောင်းကို ဗုံးဒဏ်ကြောင့် မီးလောင်ပျက်ဆီးတဲ့ အိမ်အပျက်အဆီးများကြားတွင် ကယ်ဆယ်ရေးသမားများကတွေ့ရှိခဲ့တာဖြစ်သည်။
(၃)နှစ်အရွယ်ကလေးငယ်လေးမှာ မောင်ကျော်နိုင်လင်း ဟုသိရှိရပြီး သားငယ်လေးကိုကာကွယ်ရင်း သေဆုံးသွားသောမိခင်မှာ ဒေါ်မထွန်း (၂၂)နှစ် ဖြစ်ကြောင်း ပလက်ဝစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဧပြီလ (ရ)ရက်နေ့က တပ်မတော်လေကြောင်းပစ်ခက်မှုတွင် အသက်မပြည့်သေးသော ကလေး (၂)ဦး အပါအ၀င် အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၂)ဦး သေဆုံးခဲ့ကြကြောင်း သိရသည်။
Crd: Chin News Journal
No comments:
Post a Comment