တပ်မတော်မှခေါ်ဆောင်သွားသည့် အမ်းမြို့နယ်မှ ဒေသခံတစ်ဦးပြန်လွတ်လာပြီးနောက် ဆေးကုသမှု ခံယူနေရ W estern News - ခိုင်ဇော်ထွန်း နိုဝင်ဘာ ၁၅ ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းအုပ်စု ချစ်ပုံမကျေးရွာမှ ဒေသခံတစ်ဦးအား တပ်မတော်မှ တစ်ရက်ကြာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာကာ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများကပြောသည်။ ဆေးကုသမှုခံယူနေရသူမှာ ဦးကျော်နုမောင် အသက် (၄၅) နှစ်ဖြစ်သည်။ ၎င်းမှာ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းကကျေးရွာအနီးရှိ ပုစွန်ကန်၌ရှိနေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်ခြင်း သွားခြင်းဖြစ်သည်ဟု ချစ်ပုံမကျေးရွာရှိကျောင်းထိုင်ဆရာတော်ကမိန့်သည်။ “သူ့ကို ဆေးရုံသို့ယူဆောင်သွားပါပြီ။ မနေ့ညနေပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကျေးရွာက ဇရပ်မှာ တပ်မတော်သားတွေက ချည်နှောင်ထားခဲ့တယ်။ သူ့ကို ဒီနေ့ နေ့လည် ၁ နာရီမှာ လွှတ်ပေးလိုက်ဆိုပြီးတော့ ဘုန်းကြီးကျောင်းက ကပ္ပီယကို ပြောသွားခဲ့တယ်လို့ပြောတယ်တဲ့။ အခု သူ့တို့ ရွာကထွက်သွားပြီ၊ ဘယ်အချိန်ကထွက်သွားတာလည်း ဆိုတာကိုတော့ ဦးဇင်း မသိဘူး”ဟု မိန့်ကြားသည်။ ဦးကျော်နုမောင်မှာ ချစ်ပုံမကျေးရွာအနီးရှိ ပုစွန်ကန်၌ သူ၏ ဇန...