တပ်မ (၈၈) တပ်မမှူးဗိုလ်မှူးချုပ် ဝင်းထွဋ်ဦး KIA နှင့်တိုက်ပွဲအတွင်းသေဆုံး

 တပ်မ (၈၈) တပ်မမှူးဗိုလ်မှူးချုပ် ဝင်းထွဋ်ဦး KIA နှင့်တိုက်ပွဲအတွင်းသေဆုံး



၃၀ မတ်လ ၂၀၂၄


ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းထွဋ်ဦး သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


KIA ဌာနချုပ် လိုင်ဇာအနီး ဘွမ်ရယ်ဘွမ်တပ်စခန်းမှ ထွက်ပြေးသွားသည့် တပ်မ(၈၈) တပ်မမှူးပါဝင်သည့် စစ်ကြောင်းနှင့် KIA တို့ ယမန်နေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနီး မန်နောင်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မမှူး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


“မနေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနောက်ဘက် မန်နောင် တိုက်ပွဲမှာ တပ်မ(၈၈) တပ်မမှူး ဝင်းထွဋ်ဦး သေသွားပြီ။ သူက ဘွမ်ရယ်ဘွမ်က ထွက်ပြေးလာတဲ့ တပ်ဟုတ်တယ်။ မနေ့က သူတို့အဖွဲ့နဲ့ မန်နောင်ရွာမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


#lay_wadi_media  #စစ်ကောင်စီ #ကချင် #KIA

…ရခိုင်စစ်မျက်နှာနှင့် တရုတ် …စစ်ကောင်စီ


 

( …ရခိုင်စစ်မျက်နှာနှင့် တရုတ် …စစ်ကောင်စီ)

AAကို အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်က အလေးထားဆက်ဆံမှုတွေ ရှိလာနေတဲ့ အတွက် တရုတ်အနေနဲ့ AA ကို ဘယ်လို့ဆက်ဆံမလဲ …?


၃၀ မတ် ၂၀၂၄


ရခိုင်တွင် တရုတ်အကျိုးစီးပွားရှိနေသည့်အတွက်  ရှမ်းမြောက်ကလိုမျိုး တရုတ်သည် ရခိုင်ဒေသတွင်လည်း အပစ်ရပ်လိုရန်ဆန္ဒရှိနေသည်။ AA ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ ဖေဖော်ဝါရီ ၂ရက်က BBC နှင့် အင်တာဗျူတွင် တရုတ်က အပစ်ရပ်လိုကြောင်း BBC ကိုဖြေကြားထားတာတွေ့ရသည်။ ရှမ်းမြောက်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ဟိုင်ဂင်သဘောတူညီချက်ဖြင့်  အပစ်အခတ်ရပ်စဲသော်လည်း  ရခိုင်တွင် အပစ်မရပ်စဲနိုင်သည့်အတွက်  စစ်ကောင်စီ တပ်စခန်း တပ်မ ဌာနာချုပ်အပြင် မြို့နယ် ( ၉ ) ခုအထိ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရယူထားသည်။


ရက္ခိုင့်တပ်တော် AA ကို ရှမ်းမြောက်ကလိုမျိုး တရုတ်သည်  တင်းတင်းမာမာ ဖိအားပေးနိုင်သည့် အခြေအနေ မတွေ့ရသေးပေ (တရုတ်ဖိအားကို ရှောက်လွဲရန် AA ၏ နိုင်ငံရေး ပါးနပ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။)


 ယခုအခါ AA ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အလေးထား ဆက်ဆံနေချိန်တွင် တရုတ်တို့သည် ရှမ်းမြောက်တွင်ရှိသော ကျန်အဖွဲ့များကို ဖိအားပေးဆက်ဆံမှုရှိသော်လည်း AA ခေါင်းဆောင်များကိုဖိအားပေး ဆက်ဆံ၍မရနိုင် ထို့ကြောင့် တရုတ်တို့သည် AA ခေါင်းဆောင်များအား ချော့မော့၍ ပျော့ပြောင်းစွာ ဆက်ဆံလေ့ရှိသည်ဟု သိရ၏။


AA ခေါင်းဆောင်များကို ချော့မော့ဆက်ဆံသည် ဆိုသော်ငြင်းလည်း ကျောက်ဖြူရှိ တရုတ်၏ အကျိုးစီးပွားကို ထိပါးနိုင်သည့် တိုက်ပွဲမျိုး မဖော်ဆောင်ရန် အပျော့နည်းဖြင့် ကြိုးစားနေပုံရသည်။ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့နှင့် ပတ်သက်သည့် အကျိုးအမြတ် တစုံတရာအား AA သို့ ခွဲပေးပြီး ဆွဲဆောင်နိုင်သည်။


 စစ်ကောင်စီသည် ရခိုင်နှင့် တိုင်းရင်းသားဒေသ အားလုံးတွင် အပစ်ရပ်လို့သည့်သဘောထားရှိပြီး  ပြည်မတွင် ဖိတိုက်ရန် စစ်ကောင်စီ၏ သဘောထားအမှန်ကိုတွေ့သည်။ ရခိုင်တွင်သာ အပစ်ရပ်နိုင်ပါက စစ်တပ်သည် တစ်ခြား ကချင်နှင့် ကရင်တို့သို့ပါ တပ်အင်အားဖြည့်နိုင်မည် ဖြစ်၏။


ထို့ကြောင်း စစ်ကောင်စီသည် ရခိုင်တွင်အပစ်ရပ်နိုင်ရန်အတွက် တရုတ်ကကြားဝင်ပြီး  (တစ်နည်း ) တရုတ် နှင့် စစ်ကောင်စီ အပေးအယူ 

တစ်ရပ်ဖြင့် AA ကို ဖိအားပေးရန် တရုတ်ထံ တောင်းဆိုမှုတွေရှိလာနိုင်သည်ဟု ယူဆရသည်။


#lay_wadi_media  #စစ်ကောင်စီ #Rakhine #AAInfoDesk #aaတပ်တော် Lay Wadi Media

မောင်တောမြို့နယ်တမန်းသားအထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၉၀ ကျော်ခန့်လက်နက်ချ

 

မောင်တောမြို့နယ်တမန်းသားအထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၉၀ ကျော်ခန့်လက်နက်ချ


၂၀၂၄၊မတ် ၂၆။


မောင်တောမြို့နယ်မြောက်ဖက်၊တမန်းသားကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့တမန်းသားအထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ရာခန့် မတ်လ ၂၅ ရက် မနေ့နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)ဆီ လက် နက်ကျအညံ့ခံခဲ့ကြပါတယ်။


တမန်းသားကျေးရွာအုပ်စု အရှေ့ရခိုင်ရွာအနီးတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အရာရှိတွေအပါအဝင်အင်အားသုံး

ဆယ်ကျော်ဟာ တပ်စခန်းကိုစွန့်ခွာထွက်ပြေးသွားကြပြီးနောက် အဲဒီစခန်းမှာ ကျန်ရှိနေခဲ့တဲ့တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချအညံခံခဲ့ကြတာလို့ ဆိုကြပါတယ်။ 


အဲဒီထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချေမှုန်းနိုင်ခဲ့ပြီးအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။


#lay_wadi_media #စစ်ကောင်စီ #မောင်တော #ရခိုင်

စစ်အာဏာရှင် တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေအပါအဝင် အမေရိကန်က မြန်မာကို ဒေါ်လာသန်း ၁၂၁ အကူအညီပေးဖို့ ကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုး

 စစ်အာဏာရှင် တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေအပါအဝင် အမေရိကန်က မြန်မာကို ဒေါ်လာသန်း ၁၂၁ အကူအညီပေးဖို့ ကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုး


၂၀၂၄ မတ် ၂၅ 


အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ပါ Burma Act အရ မြန်မာ့ အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးဖို့ပါဝင်တဲ့ အမေရိကန်အစိုးရ  သုံးစွဲမယ့် ဘတ်ဂျက်ငွေ ကို သမ္မတဂျိုးဘိုင်ဒန်က မတ်လ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။


၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်ထဲမှာ မြန်မာ့အရေးအတွက် နည်းပညာအကူအညီအ ပါအဝင် ဒေါ်လာ ၁၂၁ သန်း အနည်းဆုံး ပံ့ပိုးကူညီဖို့ သတ်မှတ်ထားပါတယ်။


၂၀၂၄ ခုနှစ်အတွက် အမေရိကန်အစိုးရက သုံးစွဲမယ့် ဘတ်ဂျက်ငွေ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ကို လွှတ်တော်နှစ်ရပ်မှာ အတည်ပြုပြီးနောက် ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးပြီး အတည်ပြုခဲ့တာ ဖြစ်ပါ တယ်။

NDAA ကို အမေရိကန်အောက်လွှတ်တော်က ၂၀၂၂ ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပြီး စာ မျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act ကိုလည်း ထည့်သွင်းခဲ့ပါတယ်။


Burma Act အရ မြန်မာကို အကူအညီပေးဖို့ လျာထားတဲ့ ဒေါ်လာ ၁၂၁ သန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ပေးအပ်ရမှာဖြစ်ပေမယ့် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်အကျပ်အတည်းကြောင့် သတ်မှတ်ချိန်ထက် ၆ လ နောက်ကျပြီးမှာသာ အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။


NDAA အရ အမေရိကန်နိုင်ငံက စစ်အာဏာရှင် တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေအပါအဝင် အစီအစဉ် ၇ ခု ပေးအပ်မယ်လို့ သိရပါတယ်။


ကိုးကား - CNBA

Ref; Biden signs $1.2 trillion spending package for government funding until October


#lay_wadi_media  #NUG #တော်လှန်ရေးတပ်ဖွဲ့


ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော ရန်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ရန်သူ (၁၂) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်"


 ရက္ခိုင်ပြည် တိုက်ပွဲသတင်းများ " ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော ရန်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ရန်သူ (၁၂) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်"


၂၀၂၄ ခုနှစ်၊ မတ်လ (၂၄) ရက်


ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား ယခုရက်များမှစတင်ပြီး အရှိန်အဟုန်မြှင့် လျက်ရှိသည်။ ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ 


ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဤစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်။ ထွက်ပြေးနေသော ရန်သူများအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း (၂၀) ကျော်၊  လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။


အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများအား တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသောကြောင့် အပြစ်မဲ့ ပြည်သူလူထုအပါအဝင် အရပ်ဘက်ပစ်မှတ်၊ စစ်ပွဲနှင့်မသက်ဆိုင်သော ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ပြည်သူလူထုများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။


နောက်ဆက်တွဲတိုက်ပွဲသတင်းအဖြစ် ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော ရန်သူများအား ရက္ခိုင့်တပ်တော်၏ ပိတ်ဆို့ဖြတ်တောက်ရေး တပ်ဖွဲ့ဝင်များမှ  ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။ ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော ရန်သူများထဲမှ ရန်သူ (၁၂) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဘက်မှ နောက်ထပ် (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့အား သိမ်းဆည်း ရမိခဲ့သည်။ ထွက်ပြေးနေသော ရန်သူများအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

ဘူးသီးတောင်မြို့၌ ယနေ့ ဆန္ဒထုတ်ဖော်တဲ့ မွတ်ဆလင် လူငယ်တွေကို စစ်တပ်က ကားဖြင့် ဘူးသီးတောင်မြို့အပြင်ကို ခေါ်ဆောင်သွား


 ဘူးသီးတောင်မြို့၌ ယနေ့ ဆန္ဒထုတ်ဖော်တဲ့  မွတ်ဆလင် လူငယ်တွေကို စစ်တပ်က ကားဖြင့် ဘူးသီးတောင်မြို့အပြင်ကို ခေါ်ဆောင်သွား


၂၄  မတ်လ ၂၀၂၄


ရခိုင်ပြည် ဘူးသီးတောင်မြို့၌ စစ်ကောင်စီနှင့် ပြည်ခိုင်ဖြိုးနှင့်ကြံခိုင်ရေးပါတီ ခေါင်းဆောင်များစီစဉ်ပြီး ယနေ့မတ်လ ၂၄ တွင် AA မလိုမရှိ / တိုက်ပွဲအလိုမရှိ / စာတန်းကိုင်ဆောင်ပြီး ထပ်မံ့ဆန္ဒထုတ်ဖော်နေတာရှိနေသေးသည်ဟု သိရသည်။ ဆန္ဒထုတ်ဖော်နေတဲ့ မွတ်ဆလင်လူငယ်တချို့ကို စစ်ကောင်စီက အဖျက်အမှောက်လုပ်ဆောင်ရန် ညွှန်ကြားပေးထားတယ်လည်းလို့ ဒေခံတွေကပြောဆိုတယ်။


ရာနှင့်ချီသော မွတ်ဆလင်များမှာ ဘူးသီးတောင်မြို့ပေါ် လမ်းမများ၌ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

ဘူးသီးတောင်ဒေသကို ကာကွယ်ပေးရန်နှင့် စစ်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် စသည့် တောင်းဆိုချက်များကိုလည်း ပါဝင်ကြောင်း သိရသည်။ 


ဘူးသီးတောင် မြို့ပေါ်ဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက ဆန္ဒထုတ်ဖော်ခဲ့ကြသော မွတ်ဆလင်များ၏ နောက်တွင် စစ်ကောင်စီနှင့် USDP ကြံ့ခိုင်ရေးပါတီ (ဘူးသီးတောင်) က ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်နေကြောင်း ပြောသည်။ 


"မွတ်ဆလင်မိဘတွေကို စစ်တပ်က ဖိအားပေးနေတာရှိပါတယ်။ နင်တို့၊ မင်းတို့ ကလေးငယ်ကို စစ်မှုထမ်းဖို့ မခေါ်ယူစေချင်ရင် ရခိုင်မှာက AA က တိုက်ပွဲ ရပ်တန့်ပေးဖို့လိုတယ်။ တိုက်ပွဲမရှိတော့ရင် နင်တို့ ကလေးငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်စရာမလိုဘူး။ ဒါ့ကြောင့် တိုက်ပွဲတွေရပ်တန့်ဖို့၊ AA ကို အလိုမရှိဘူးဆိုတဲ့ အကြောင်း ဆန္ဒဖော်ထုတ်ရမယ်လို့ ဖိအားပေးနေတာရှိပါတယ်။ အဲလို စည်းရုံးနေတဲ့အထဲမှာ USDP ကြံ့ခိုင်ရေး အမတ်ဟောင်းတွေလည်း ပါနေပါတယ်။ " ဟု ပြောသည်။ 


လက်ရှိ ဘူးသီးတောင်ဒေသက မွတ်ဆလင်များကြားတွင် စစ်ကောင်စီခြိမ်းခြောက်ပြောဆိုမှုကို လက်ခံပြီး AA အား ကန့်ကွက်ဆန့်ကျင်နေသူများနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ကန့်ကွက်နေသော မိသားစုအချို့ကြား အချေအတင် ဖြစ်ပွားနေကြကြောင်း သိရသည်။ 


ရခိုင်တွင် အထိနာနေသော စစ်ကောင်စီတပ်က စစ်တပ်၏အင်အားအဖြစ် အသုံးချနေသလို AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန်လည်း စေခိုင်းကာ ပဋိပက္ခဖန်တီးခြင်းကသာ စစ်တပ်၏ ထွက်ပေါက်ရှာနည်းဖြစ်သည်ဟု ရခိုင်ဝါရ င့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်ထောက်ပြထားသည်။


ဘူးသီးတောင်မြို့က မွတ်ဆလင်လူငယ်တွေ ဆန္ဒထုတ်တာနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခ မှ မီဒီယာတွေကိုလည်းဖြေဆိုထားပါတယ်။


Lay Wadi Media  #စစ်ကောင်စီ #ဘူးသီးတောင် #ရခိုင် #Lay_wadi_media

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား


 မတ် ၁၆ / ၂၀၂၄ 


အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရွာမှ အမျိုးများအားလုံးကို ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးထားကြောင်း စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။


ဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရပ်ရွာမှာ သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာဖြစ်သည်။ 


အဆိုပါဇီးကျွန်းကျေးရွာမှ ဒေါ်ကြူကြူလှနှင့် ဆွေမျိုးတော်စပ်သူများကို စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့် ကတ်ပြားများကို မတ်လ ၁၄ ရက်တွင် သံတွဲခရိုင်ထွေအုပ်ရုံးက ထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။ 


" ဒေါ်ကြူကြူလှရဲ့ ဇီးကျွန်းရွာက အမျိုးတွေအားလုံးစစ်မှုထမ်းကင်းလွတ်ခွင့်ရတယ်။ စစ်မှုထမ်း ကင်းလွတ်ခွင့် ဆိုပြီး ကတ်ပြားတွေထုတ်ပေးထားတယ်။ သံတွဲခရိုင်ထွေအုပ်ရုံးကထုတ်ပေးထားတာ" ဟု ပြောသည်။ 


ဒေါ်ကြူကြူလှ၏ အမျိုးများစာရင်းကို ဇီးကျွန်းကျေးရွာတာဝန်ခံက ကောက်ယူပြီး သံတွဲခရိုင် ထွေအုပ်ရုံးသို့ သွားရောက်ပို့ဆောင်ပြီးနောက် စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


" ရွာတာဝန်ခံက အမျိုးစာရင်းကောက်ပြီး သံတွဲထွေအုပ်ရုံးကို သွားပေးရတာ။ ထွေအုပ်ရုံးက စစ်မှုထမ်းကင်းလွတ်ခွင့်လက်မှတ်ပြန်ပေးလိုက်တာ" ဟု သူကပြောသည်။ 


စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်မှုမထမ်းမနေရဥပဒေကို အာဏာရှင်ပီပီ ကျင့်သုံးပြီး တစ်နိုင်ငံလုံးမှလူငယ်လူရွယ်များ၏ အနာဂတ်နှင့်ဘဝကို သင်းသတ် ဖျက်ဆီးနေသော်လည်း ၄င်းဇနီး၏အမျိုးများကိုမူ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးခြင်းမှာ ကိုယ့်ဥပဒေကို ကိုယ်မလေးစားခြင်းဖြစ်ကြောင်း ၊ လူငယ်များအနေဖြင့် တရားမျှတမှုမရှိသည့် စစ်မှုထမ်းဥပဒေကို မိမိလွတ်လပ်ခွင့်အတွက်ဆန့်ကျင်ကြရန် သံတွဲမြို့နယ်မှ လူမှုတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။


 "ထမ်းရမယ်ဆိုလည်း တပြေးညီထမ်းရမယ်လေ။ သူ့မိန်းမ(ဒေါ်ကြူကြူလှ) ဆွေမျိုးတွေကို ခွဲထုတ်ပြီး ကျန်တဲ့ လူငယ်တွေကို ဖိအားပေးတာမျိုးတော့ ဘယ်တရားမလဲ။ ပြောရရင် စစ်မှုထမ်း ဥပဒေ  အသက်သွင်း ထုတ်ပြန်တာကိုက နိုင်ငံ အနာဂတ်လူငယ်အားကို သင်းသတ်ပစ်လိုက်တာပဲ။ စစ်မှုထမ်း ဥပဒေကို လူငယ်တွေအနေနဲ့ ကိုယ့်လွတ်လပ်ခွင့်နဲ့ ဆန့်ကျင်ကြဖို့တိုက်တွန်းပါတယ်" ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။


သံတွဲမြို့နယ်တွင် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ 


ယခုမတ်လ ၁၈ ရက်ကစတင်၍ ကျေးရွာအုပ်စုတစ်ခုမှ လူငယ်နှစ်ဦးစီစုဆောင်းရမည်ဖြစ်ပြီး လေးလတကြိမ်စီ လူသစ်စုဆောင်းပေးရမည်ဟု စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုအတင်းအကျပ်စေခိုင်းထားထားကြောင်းလည်း ဒေသခံများကပြောသည်။


ဓာတ်ပုံ- အင်တာနက်



စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

 ကရင်နီပြည် ဖားဆောင်းသို့ စစ်ကူလာသောဖက်ဆစ်ခွေးစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား မီးလောင်သေဆုံး







တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...