စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံရသည့်အတွက် အရေးယူ ဆောက်ရွက်သွားမည်ဟု AA ပြောဆိုသည်။




 

စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က  ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံရသည့်အတွက် အရေးယူ ဆောက်ရွက်သွားမည်ဟု AA ပြောဆိုသည်။


၂၂ ဇူလိုင် ၂၀၂၄


ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး  ၇ ဦးကို စစ်တပ်ကအကြမ်းဖက်သင်တန်းပေးထားသော အစွန်းရောက် မွတ်ဆလင် လက်နက်ကိုင်များက သတ်ဖြတ်ခဲ့ကြောင်းသိရသည်။


တောတောင်ကို မှီခိုပြီး ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့  ဒေသခံအပြစ်မဲ့ ပြည်သူ ၇ ဦးသည်။ မျှစ်သွားချိုးရန် နေအိမ်မှ  ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီကျော် အချိန်တွင် ထွက်သွားကြသည်ဟုသိရသည်။


အဆိုပါ ၇ ဦးသည် တစ်ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များအသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့်  ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား အကြောင်းကြားပြီး အာရက္ခတပ်တော်AA မှ  ဂန္ဓာရီရွာသားများနှင့် စုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြပါပြီး ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ ၃ ဦး၏ ရုပ်အလောင်းကို  ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၂၁ ရက်တွင် AA မှ ထုတ်ပြန်ထားသည်။


ကျန်ရှိသော အခြားသော ၄ ဦး ဖြစ်တဲ့ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း   ဇူလိုင်လ  ၂၀ရက် နေ့လယ် ၁နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးကြောင်း AA ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။


အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော် AA မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်၍ ထို့အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဟုသိရသည်။


ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများသွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့်အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန်AA က သတိပေး ပြောဆိုထားသည်။


#lay_wadi_media #စစ်ကောင်စီ #ArakanArmy #Rakhine #Maungdaw #Buthidaung


Comments

Popular posts from this blog

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ