Posts

Showing posts from September, 2024

အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

Image
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက် အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့်  ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဤပင်မရေ...

မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွဲ့နေ့သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှတ်တမ်း ရုပ်သံ

Image
 မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွဲ့နေ့သည့် အာရက္ခတပ်တော် AA ၏ တိုက်ပွဲမှတ်တမ်း ရုပ်သံ ၃၀သြဂုတ် ၂၀၂၄ မောင်တောမြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းအချို့နှင့် တိုက်ပွဲအတွင်းဖမ်းဆီးရမိသော ARSA၊ RSO၊ ARA အကြမ်းဖက် မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ ရုပ်သံ မှတ်တမ်း -AA Info Desk #lay_wadi_media #Maungdaw #Rakhine #စစ်ကောင်စီ #RSO #ARSA #ARA #စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်

ULA / AA စိန်ခေါ်မှုနှင့် ထိုးနှက်ချက်တွေ

Image
 စိန်ခေါ်မှုနှင့် ထိုးနှက်ချက်တွေ မြင့်မားလာနေတဲ့ ရက္ခိုင့်စစ်မြေပြင် - တစ်ဘက်မှာလည်း ရိုးသားရန်လိုအပ်သလို မိမိလူမျိုးအပေါ် ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲ… အပြောထက် အလုပ်နဲ့ သက်သေထူရန် လိုအပ်သည်…? ညီညီ - လေးဝတီ ၂၅ သြဂုတ် ၂၀၂၄ (၂ )  မိမိလူမျိုးအပေါ်ဘယ်လောက် တန်ဖိုးတတ်သလဲ …? 🔴  မောင်တောမြို့က ပြည်သူတွေကို စစ်ကောင်စီ နှင့် ပူးပေါင်း နေတဲ့ RSO / ARA အကြမ်းဖက်အဖွဲ့တွေ  ထွက်သွားခွင့်မပေးဘူး ပိုက်ဆံ သိန်းချီပေးနိုင်မှ ထွက်သွားခွင့်ပြုတယ်။ မြို့ပေါ်မှ မွတ်ဆလင် လူငယ်တွေကို စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးတယ်။ စစ်ကောင်စီတပ်ထဲ မဝင်ချင်ရင် သိန်း၃၀ ကနေ ၆၀ အထိ RSOက တောင်းယူနေတာရှိတယ် နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ  မွတ်ဆလင်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲကိုအပ်ပေးတယ်။ စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေတဲ့ ဒီမွတ်ဆလင် လက်နက်ကိုင်ဟာ မောင်တောမြို့ပေါ်ပြည်သူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ ငွေညစ်တာ ဘာသာရေးအပေါ် အစွန်းရောက်နေတာ ဗုဒ္ဓဘာသာဝင် ဆိုရင် ဈေးမဝယ်ရတာ ဈေးမရောင်းရတာ မြို့ထဲကို လျှောက်သွားခွင့်မရတာ လျှောက်သွားရင် သေနတ်နဲ့ လိုက်ပစ်ခတ်တာတွေ နေ့စဉ် တွေ့နေ ကြားနေရတယ်။ လူ့အခွင့်ရေးခေါင်းစ...