အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများက လေ့ကျင့်သင်တန်းပေးနေကြောင်း နယူးဒေလီအခြေစိုက် Northeast Newsတွင် ဆောင်းပါးရှင် Chandan Nandy ရေးသားဖော်ပြထား
၃၁ ဇန် နဝါရီ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် ဒုက္ခသည်စခန်းအတွင်းက ARSA -RSO စသည့် အစွန်းရောက် စစ်သွေးကြွများကို ဘင်္ဂဘားဒေ့ရှ် အာဏာပိုင်အချို့က ပြောက်ကျား တိုက်ခိုက်ရေး လေ့ကျင့်သင်တန်းပေးလျက်ရှိနေသည်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ကော့ဘဇား ဒုက္ခသည်စခန်းအတွင်း ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ (Arakan Rohingya Society for Peace and Human Rights -ARSPHR ) အာရ်ကန်ရိုဟင်ဂျာငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ နှင့် ( Director General of Military
Intelligence -DGFI ) ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အရာရှိအချို့ တွေ့ဆုံစဉ် အဆိုပါတွေ့ဆုံမှုတွင် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် မွတ်ဆလင်တွေကိုလေ့ကျင့်သင်တန်းပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ARSPHR ကိုယ်စားလှယ်အချို့နှင့် DGFI တို့တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ကုတူပလောင်ဒေသတွင် နေထိုင်သည့် မွတ်ဆလင် ဒုက္ခသည်စခန်းအတွင်းက ARSA -RSO အကြမ်းဖက်အဖွဲ့မှ လူသစ်စုထားသည့် လူငယ်တွေကို ပြောက်ကျား စစ်ဆင်ရေးသင်တန်းကို စတင်ခဲ့ပြီး အာရက္ခတပ်တော် AA ကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် တစ်စိတ်တစ်ပိုင်းအဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေး ညွှန်ကြားရေးအဖွဲ့ DGFI နှင့် ဆက်သွယ်ရန်ချော့မွေ့စေဖို့ အဓိက “ကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းပြီး ကုတူပလာင် Kutupalong ဒုက္ခသည်စခန်း ၃၃ ခုမှ အလားအလာရှိသော တိုက်ခိုက်ရေးသမား မွတ်ဆလင် ၂၇ ဦးကိုဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့က ကနဦးသင်ကြားပေးခဲ့တာဖြစ်ကြောင်း သိရသည်။
ရက္ခိုင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးတိမ်းရှောင်လာစဉ် စုဆောင်းရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များကို ၎င်းသင်တန်ပေးထားသော မွတ်ဆလင်အကြမ်းဖက်သမားတွေကို ပြန်လည် တပ်ဆင်ပေးလျက်ရှိသည်ဟု ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်AA သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီးနောက်ပိုင်း မွတ်ဆလင်ခေါင်းဆောင်များနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကြား ပထမဆုံးတွေ့ဆုံကြတာဖြစ်ပြီး ယခုလို့ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းအဖွဲ့နှင့် အကြမ်းဖက်စစ်သွေးကြွအဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်- အာရက္ခနယ်စပ်ဒေသတစ်လျှောက် တိုက်ခိုပ်မှုတွေသိသိသာသာ အရှိန်မြှင့်လာမည်နိုင်ပြီး အိန္ဒိယနယ်စပ်ဘက်ကို တစ်ဆင့် အကြမ်းဖက်မှုများ ကူးစက်လာမည်ကို စိုးရိမ်မိကြောင်း ဆောင်းပါးရှင် Chandan Nandy မှ ရေးသားထားသည်။
source: nenews.in
#lay_wadi_media #lay_wadi_voice #Rakhine #AA #Maungdaw #Buthidaung #Bangladesh
Comments
Post a Comment