ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ UWSA အခန်းကဏ္ဍ အရေးပါကြောင်း ရိုက်တာသတင်းဌာနရေးသား(RFA)
~~~~~~~~~~~~
■ မြန်မာနိုင်ငံက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ တည်ရှိရာ ဝ,အထူးဒေသရဲ့ နိုင်ငံရေးနဲ့နိုင်ငံခြားရေး မူဝါဒတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဒီဇင်ဘာလ (၂၉) ရက်နေ့
ဒီကနေ့ ရေးသားလိုက်ပါတယ်။ UWSA အခြေစိုက်တဲ့ ဝ,အထူးဒေသ-၂ ရဲ့ နိုင်ငံခြားရေးမူဝါဒကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး အနောက်နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဆက်ဆံတာတွေကို မျက်ခြေမပြတ် အထူး စောင့်ကြည့်နေတယ်လို့ UWSA ထိပ်တန်းခေါင်းဆောင်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံနဲ့ အကျယ်အဝန်းတူညီတဲ့ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ-၂ ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုအဖြစ် ရပ်တည်နေပြီး လူဦးရေ ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။ ဝ,ဒေသမှာ တရားဝင်ငွေကြေး၊ ရုံးသုံးစာနဲ့ ဘာသာစကားသာမက အသုံးအဆောင်ပစ္စည်း တွေဟာလည်း တရုတ်နိုင်ငံနဲ့ အတူတူဖြစ်ရုံမက၊ စိုက်ပျိုးရေးဝန်ကြီး အပါအဝင် ဝ,သတင်းဌာန အကြီးအကဲတချို့ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဝ,ဒေသ အစိုးရအနေနဲ့ စစ်သုံးထရပ်ကားတွေကို တရုတ်နိုင်ငံက တိုက်ရိုက်ဝယ်ယူပြီး ရိုင်ဖယ်သေနတ်နဲ့ အမြောက်တွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေကို လာအိုနိုင်ငံ ကနေတဆင့် ဝယ်ယူတယ်လို့လည်း အမည်မဖော်လိုတဲ့ ဝ, ဝန်ကြီးတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
ငြိမ်းချမ်းရေးမှာ UWSA အရေးပါကြောင်း
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...
No comments:
Post a Comment