စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ
၁၃ မေလ ၂၀၂၄
ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုများသည် စာသင်ကျောင်း ဗလီ နေအိမ် အဆောက်အဦး ၌ အခိုင်အမာ စခန်းချ နေသည်ဟုသိရသည်။
အဆိုပါ အဆောက်အဦးများ၌ စခန်းချနေကြသည့် အကြမ်းဖက် စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်များသည် မေလ ၉ရက်က မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာကို သွားရောက်ပြီး လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။
မောင်တောမြို့နှင့် နီးကပ်လာတဲ့ တိုက်ပွဲကြောင့် မြို့ပေါ်က ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ကြသည်မှာ လွန်ခဲ့သည့် ၃- ၄ ရက်အတွင်း က ထွက်သွားကြသည်ဟုသိရသည်။
မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ ပူးပေါင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကသာ ရှိနေသည်။
#law_wadi_media #Maungdaw #အကြမ်းဖက်စစ်ကောင်စီ #Rakhine
No comments:
Post a Comment