စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ
စစ်ကောင်စီ နယ်ခြားစောင့် နခခ ၅ မှ လက်နက်ချ အလင်းဝင်လို့သည့် နယ်ခြားတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စု နှစ်စုကွဲနေ
၈ ဇွန်လ ၂၀၂၄
ရက္ခိုင်ပြည်မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။
စစ်ကောင်စီလက်အောက်တွင်ကျန်ရှိနေတဲ့ မောင်တောခရိုင်အတွင်း မောင်တောမြို့နယ်က စစ်ကောင်စီ၏ တပ်စခန်းများ တစ်ခုပြီး တစ်ခု နေတိုင်းဆိုသလို အာရက္ခတပ်တော်က သိမ်းပိုက်လျက်ရှိနေသည်။
အလုံးစုံသိမ်းပိုက်ရန် ကျန်ရှိနေသည့် တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့အဝင်က မြို့သူကြီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်ရင်း နခခ ၅ ကို အာရက္ခတပ်တော်AA မှ ယမန်နေ့ ဇွန်လ ၇ ရက် ညနေပိုင်းက စတင်၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
"တိုက်ပွဲက တောက်လျှောက်ပြင်းထန်နေပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကဆက် တိုက်ခိုက်လိုခြင်းမရှိကြဘူး အာရက္ခတပ်တော်ထံ လက်နက်ချအလင်းဝင်ချင်တယ် လက်နက်ချအလင်းဝင်လိုက်ရင် အသက်ဘေးကလွတ်မြောက်မည် ဆက်တိုက်နေရင် ကိုယ့်ရဲ့အသက်ကအာမခံချက်မရှိဘူး ဒါကို သိသိကြီး ဆက်တိုက်ရန် အမိန့်ပေးနေတဲ့ စစ်တပ်က အရာရှိတွေကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒေါသထွက် နေကြတယ် သူတို့ကိုယ်တိုင်မှ မတိုက်ရတာ အောက်ခြေက နယ်ခြားစောင့်တပ်သားတွေကို ချနင်းနေတာ အသက်တွေ ဘဝတွေ စတေးခံရတာ မတန်ဘူးလို့ "နယ်ခြားစောင့်တပ်ဖွဲ့ဝင် မိသားစုတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်AA သည် မောင်တောခရိုင်တစ်ခုလုံး သိမ်းပိုက်ရန်အတွက် စစ်ရှိန်မြှင့်တိုက်ခိုက်လျက်ရှိနေသည် မောင်တောမြို့နယ်က လက်ကျန်စခန်းများ နခခ ( ၂ ) လေးမိုင် နခခ ( ၄ ) မောရဝတီ နခခ ( ၅ ) မြို့သူကြီး စသည့်တပ်ရင်း အပြင် မောင်တောမြို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့ သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်များ ထောင်ချီပြီး မြို့အတွင်း ဘာသာရေးအဆောက်အဦး စာသင်ကျောင်း လူနေအိမ်များတွင် အကာကွယ်ယူပြီး စခန်းချနေထိုင်လျက်ရှိဟုသိရသည်။
#lay_wadi_media #Rakhine #Maungdaw #နခခ၅ #အကြမ်းဖက်စစ်ကောင်စီ #မွတ်ဆလင်လက်နက်ကိုင် #ရခိုင်
Comments
Post a Comment