အကြောင်း နှင့် အကျိုးပေါ်တွင် အဖြေရှာနည်း

အကြောင်း နှင့် အကျိုး ပေါ်တွင် အဖြေရှာနည်း

(ယေဓမ္မာ ဟေတုပြဘ၀ါ တေသံဟေတုံ တထာဂတော၊ အဟာတေသစ္စ

ယောနိရောဓေါ၊ ဧ၀ံဝါဒီ မဟာသာမဏော)

=======================

အကြောင်း နှင့် အကျိုး ပေါ်တွင် အဖြေရှာနည်း

အတိတ်ကာလက ပြုလုပ်ခဲ့သည့် အကြောင်းတရားဖြစ်သော သမုသယသစ္စာကြောင့် ပစ္စုပ္ပန်၌ ဒုက္ခသစ္စာ ဆို သော ယနေ့ဖြစ်ပေါ်နေသည့် အကျိုးတရားများသည် ဧကန် ဖြစ်ရှိကြကုန်၏။ ပစ္စုပ္ပန်၌ ဖြစ်ပေါ်နေသော ဒုက္ခ သစ္စာ ဆိုသည့် အကျိုးတရားများ(၀ါ) ပြသနာများ ချုပ်ငြိမ်းရန်အတွက်၊ သူ၏ အကြောင်း ရင်းခံဖြစ်သော သမုဒယသစ္စာကို ပယ်သတ်နိုင် မှသာလျှင်၊လက်ရှိ ဖြစ်ပေါ်နေသော ဒုက္ခသစ္စာ ခေါ် အကျိုး တရားများသည် ရပ်တန့် ချုပ်ငြိမ်းနိုင်မည် ဖြစ်ပေသည်။   

မြတ်ဗုဒ္ဓ  (624-544 B.C)

============

*

ယနေ့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသော မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်တိုက်ပွဲများ၊ နိုင်ငံအတွင်း/ အပြင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများ၊ တိုင်းရင်းသားလူမျိုးများ ၏ လူ့ အခွင့်အရေးပြဿနာများ၊ နိုင်ငံ၏မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပြဿနာများ၊ နိုင်ငံ တွင်း အရှေ့အနောက် လူခိုးဝင်မှုပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊  တိုင်းရင်းသားဒေသများမှ စစ်ဘေးဒုက္ခသည်ပြဿနာများ၊ ယနေ့ထိ ဥပဒေနှင့် အညီ စစ်စစ်ခြင်းမရှိသေးသည့် ဘင်္ဂလီဒုက္ခသည် စခန်း ပြဿနာများ၊ သိမ်းဆည်းခံ မြေယာပြဿနာများ၊ အလုပ် သမား၊ လယ်သမားပြဿနာများနှင့် အခြားအခြား သော ပြဿနာ ပေါင်းစုံတို့သည် မြန်မာနိုင်ငံ၌ ဧကန်အမှန် ဖြစ်ပေါ်လျှက် ရှိနေကြကုန်၏။ ထိုပြဿနာများကို လွတ်လပ်ရေး ရပြီးကတည်းက အစိုးရအဆက်ဆက်တို့သည် ဖြေ ရှင်းလာကြသည်မှာလည်း နှစ်ပေါင်း(၆၈) နှစ်သာ ကြာညောင်းသွားသည်  ထိုပြဿနာများက ပြေလည်မှု မရှိဘဲ ယနေ့ထိ အများအပြားရှိနေဆဲ တွေ့မြင် နေရဆဲ ဖြစ်သည်ကို လူတိုင်းလက်ခံကြရမည်ဖြစ်ပေသည်။

**

အဆိုပါပြဿနာများကို ဖြေရှင်းရာတွင် မြတ်ဗုဒ္ဓ၏  အကြောင်းအကျိုး မူဘောင်ပေါ်တွင် အခြေခံကာ ဖြေရှင်းနိုင်မှသာ မှန်ကန်သော ဖြေရှင်းမှုဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ပြဿနာကို ဖြေရှင်းကြရာ၌လည်း အားလုံးသော သက်ဆိုင်သူ ပုဂ္ဂိုလ်များသည် မောဟကင်းကွာ၍၊ အမှန်ကို အမှန်အတိုင်း ဖြစ်ခဲ့တာ၊ ဖြစ်နေ တာကို အမှန်အတိုင်းသိထားမှ၊ မြင်ထားမှ ၊ လက်ခံထားနိုင်မှ ဖြေရှင်းလို့ ရမည်ဖြစ်ပေသည်။ တနည်း အကြောင်းတရား တစ်ခုကြောင့် ယနေ့အကျိုးဖြစ်ပေါ်နေတယ်ဆိုတာကို အားလုံး လက်ခံဖို့တော့ လိုအပ်ပါ သည်။ သို့မှသာ အမှန်နှင့် နီးစပ်မည် ဖြစ်ပေသည်။ ဘေးထိုင်ဘုပြော၊ အကြောင်း အကျိုးကို လက်မခံသမျှ မည်သည့်ပြဿနာမှ ဖြေရှင်း၍ ရမည် မဟုတ်ပေ။ ပြဿနာတိုင်းသည် အကြောင်း အကျိုးပေါ်တွင်သာ အခြေခံ၍ ဖြစ်ပေါ်လာကြသည် သတိပြုသင့်သည်။ 

***

သစ်ပင်တစ်ပင်၌် ဒုက္ခသစ္စာဟု ဆိုအပ်သော အကျိုးတရား အသီးအရွက် အကိုင်းအခက်များကို ခုတ်လိုက်ရုံဖြင့်  ထိုသစ်ပင်သည် သေမသွားနိုင်ပေ။ ထိုသစ်ပင်ကို အသက်ရှင်ဖို့ အထောက်အပံ့ပြုနေသော သမုဒယသစ္စာ အကြောင်းတရားဖြစ်သော  ရေသောက်မြစ် တစ်ခုကို ဖြတ်လိုက်ရုံဖြင့် ထိုသစ်ပင်သည် များမကြာမီ ကိုင်းခြောက်ရွက်ကြွေကာ ထိုသစ်ပင်လည်း သေသွားမည်ဖြစ်ပေသည်။ 

****

ထိုအတူ မြတ်ဗုဒ္ဓအလို၌ ယခုဖြစ်ပေါ်နေသော ပြဿနာများသည်  မဖြစ်ပေါ်ခင်က အကြောင်းရင်းခံ တစ်ခုခုကို အခြေခံတည်ကာ ဖြစ်ပေါ်လာကြသည်ချည်းဖြစ်ပေသည်။ ထိုကြောင့် ပြဿနာဖြစ်ပေါ်စေသော အခြေခံ အကြောင်းရင်းကို အားလုံးအမှန်သိအောင် အရင်လုပ်ပြီးမှ ယင်းအခြေခံ အကြောင်းတရားကို ဗဟိုပြုကာ နောင်မဖြစ်ပေါ်လာအောင် ယင်းFRAME ပေါ်၌  စုပေါင်းအဖြေရှာ ဖြေရှင်းနိုင်မှသာလျှင်  ယနေ့မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာ အစုစုတို့သည် ပြေလည်သွား မည်ဖြစ်သည်ကို  မြတ်ဗုဒ္ဓက လွန်ခဲ့ သော နှစ်ပေါင်း(၂၅၀၀) ကျော်ကပင် လမ်းပြ ဟောပြောပေးခဲ့ပါကြောင်း ရေးသား တင် ပြအပ်ပါသည်။

...................

အကြောင်းက( သမုဒယသစ္စာ) အကျိုး (ဒုက္ခသစ္စာ)

 =============

မောင်ဖြူ (ကြွီတဲကျွန်း)

20.5.2016

ကိုယ့်ပိုင်ပြဠာန်းခွင့် ရဟိဖို့

အချုပ်အချာအာဏာပြန်လည်ရဟိဖို့လူတိုင်းစစ်တိုက်ဖို့မလိုကေလည်း စစ်တိုက်နီရေလူတိနန့် တိုက်ဖို့အတွက်လူတိုင်းတစ်နီရာရာက အားပီးကူညီဖို့လိုရေ။

ရခိုင်အမျိုးသားရီးလှုပ်ရှားမှုကြီးကို အရှိန်အဟုန်မြင့်မြင့် ဟိဖို့အတွက် ရခိုင်တိုင်းလုပ်နှုန်းနှစ်ဆတိုးမြှင့်ပနာအလုပ်လုပ်ဖို့လိုရေ။
ရန်သူကိုတိုက်ထုတ်ဖို့အတွက် ရန်သူထက်ပိုလို့ကြိုးစားဖို့လိုရေ။ ပိုလို့အလုပ်လုပ်ကတ်ဖို့လိုရေ။

အင်္ဂလိပ်အခက် ဗမာအချက်ဆိုစွာဟိခရေပိုင် ဗမာအခက် တိုင်းရင်းသားလူမျိုးတိအချက်မဖြစ်လာနိုင်လို့ပြောလို့မရ။အချိန်တိုင်းမှာအဆင်သင့်ဖြစ်နီဖို့ရာလိုရေ။အဆင်သင့်ဖြစ်နီရေလူတိအဖို့ အခွင့်အရီးရာပေါ်ခကေ ရအောင်ယူတတ်ဖို့လိုရေ။

ဗမာစစ်ရီးနန့်အုပ်ချုပ်ရီးယန္တရားထဲက ရခိုင်တိ ၂၀၁၇ မှာ အရင်ထက်ပိုလို့ ရခိုင်အမျိုးသားရီးအတွက်အလုပ်လုပ်နိုင်ကတ်ဖို့လိုရေ။ တစ်သက်လုံး ဗမာတိအတွက်အလုပ်လုပ်ခကေလေ့ တစ်သက်လုံးစားထားရေကွမ်းအတွက် သံပရာသီးတစ်ခြမ်းနန့်လဲခကေလေ့ ရခိုင့်တာဝန်ကျီရေ။ ဗမာတိအုပ်ချုပ်ရီးယန္တရားကိုအလုပ်အကျွေးပြုနီကေလေ့ ရခိုင်လူမျိုးအတွက် မသီခင်တာဝန်ထမ်းဆောင်ဖို့ နောက်ကျရေလို့မဟိပါ။ တစ်လမှာ ဆယ်ယောက်လောက် တာဝန်ကျီခကေတောင်မဆိုး။

နှစ်သစ်ကူးနိကရခိုင်တိုင်းမှူးကိုယိုးတရုတ်နားမှာမိုင်းခွဲလုပ်ကြံခြင်းရေ ဗမာစစ်တပ်မှာ တာဝန်ယူနီရေ ရခိုင်လူမျိုးလက်ချက်ကြောင့်ဖြစ်တေဆိုစွာရေ မင်္ဂလာဟိရေသတင်းပိုင် ရခိုင်တိအတွက်ကောင်းရေအတိတ်နိမိတ်လေ့ဖြစ်တေ။ ကျေက်ခဲရီပေါ်ရေအကွက်ဖြစ်တေ။

နောက်ထပ် ဗမာစစ်တပ်ထဲက ရခိုင်ထရိုကျန်တိ ၂၀၁၇ မှာအေထက်ပိုလို့အလုပ်လုပ်နိုင်ခကေ ရခိုင့်အချုပ်အချာအာဏာ ရခိုင်တိလက်ထဲရောက်ဖို့ ပီပီအနီးချေမှာရာ။

Dr .ညို

ရခိုင်ပြည်ဖြစ်စဉ်သမိုင်း ( ၁၇၈၅ မှ ၂၀၁၂ ထိ )


ရခိုင်ပြည်ဖြစ်စဉ်သမိုင်း 1785 မှ 2012 ထိ
____________________________________
(အေဒီ - ၁၇၈၅ မှ အေဒီ - ၂၀၁၂ ထိ)
AD - ၁၇၈၅ - ဇွန်န၀ါရီ (၁)ရက် မြောက်ဦးမြို့တော် ကျဆုံး
- ဇွန်န၀ါရီ (၁၁)ရက် ဘုရင်မဟာသမ္မတရာဇာ ဖမ်းဆီးခံရ။
- မဟာမုနိကို အမရပူရသို့ ရွှိ့၊ ရခိုင်ကို မြို့ဝန်လေးစုဖြင့် အုပ်ချုပ်မှုစတင်။
AD - ၁၇၈၇ - ငပေါလုံး၏ ဗဒုံမင်းအား ဆန့်ကျင်တော်လှန်မှုတိ ကြီးမားလာ။
AD - ၁၇၈၈ - မင်းညီမင်းသားတိ၊ ရဟန်းတော်တိ၊ ပညာသည်များ၊ ကိုယ်ရံတော်၊ သူငယ်တော်၊ မိန်းမစိုး စရေ ရဟန်းသျှင်လူရို့ကို မန္တလေးအမရပူရသို့ ဖမ်းဆီးယူဆောင်ခံရ။ ရခိုင့်နန်းတော် တစပြင်ဖြိုက်လား။
AD - ၁၇၈၉ - ဇင်းမယ်သို့ စစ်ချီစော်မှာ ရခိုင်ပြည်သူတိကို စစ်သား (၆၀၀၀) စုဆောင်းပီးခရ။
AD - ၁၇၉၃ - ငပေါလုံးတော်လှန်ရေး လှုပ်ရှားမှုတိ အမြင့်ဆုံး အခြီအနီသို့ ရောက်ခ။
AD - ၁၇၉၄ - စစ်တကောင်းမှာ တိမ်းရှောင်နီရေ ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင် ရို့ကို ရခိုင်မြို့ဝန်သို့ လွှဲပီးခြင်းခံခရ။
AD - ၁၇၉၅ - ဇွန်လတွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ငပေါလုံး၊ ငခွက်ပေါက်တို့ကို အဆုံးစီရင်။ ကျွဲတစ်ကောင်နိုင်က ဆင်ဖြူကျွန်းသို့ ထွက်ပြီးလွတ်မြောက်ခ။
AD - ၁၇၉၇ - မင်းကွန်းခေါင်းလောင်း လုပ်ဖို့အတွက် ရခိုင် အယောက်၂၀၀၀ကျော် လုပ်အားပီးဖို့အတွက် တောင်းဆိုခံခြင်းခံရ။ ယင်းစော်ကို မလိုလားလို့ ဆန့်ကျင်ပုန်ကန် ကတ်တေလူတိနန့် ဗိုလ်ချင်းပျံ စတင် ပူးပေါင်း။ မြို့ဝန်အုပ်ချုပ်ရီး ကျွန်စနစ်ဆိုးကြောင့် ရခိုင်ငါးသောင်းလောက် စစ်တကောင်းနယ်သို့ လားပနာခိုလှုံ။
AD - ၁၇၉၈ - ငတုံးစံ၊ ငကာစွယ်၊ တုံးစံရွေ ရို့ကတိုက်စည်တိုက်မောင်း တီးလို့တော်လှန်ခကတ်။ စိန်တင်စားချင်းပျံ ရခိုင်တော်လှန်ရေး သမားတိနန့်ပူးပေါင်း။
AD - ၁၇၉၉ - ချင်းပျံတပ် စစ်ရီးရှုံးနိမ့်လို့ စစ်တကောင်းသို့ ခိုဝင်ခ။
AD - ၁၈၁၁ - ချင်းပျံပြန်လည် ထိုးစစ်ဆင်ပြီးကေ ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခကေလည်း ဗမာဘုရင် မောင်ဝိုင်းတပ် အင်အားကြီးမားမှုကြောင့် ထိုးစစ်မှ ခံစစ်သို့ ပြောင်းလဲလို့ ရဲဘော်ရဲဘက် တစ်သိန်းနန့် တောထဲသို့ ခိုဝင်ရှောင်တိမ်းခ။
AD - ၁၈၁၂ - ချင်းပျံ တတိယအကြိမ် ကိုးလလောက် ကြာအောင် တော်လှန်ခ။
AD - ၁၈၁၂ - ၁၈၁၇
- ဆန်စပါးရှားပါးပြီး အစာရီစာငတ်လို့ ရဲဘော်တိသီဆုံးလို့ တော်လှန်ရီးကို နှောင့်နှေးစီခ။

AD - ၁၈၁၅ - ဇန်န၀ါရီ (၂၅) ရက်နိန့်မှာ ရခိုင့်တော်လှန်ရေး သူရဲကောင်း ဗိုလ်ချင်းပြန် ဖလောင်းချိတ်မှာ ကွယ်လွန်အနိစ္စရောက်။
AD - ၁၈၁၆ - ရခိုင်တော်လှန်ရီး လှုပ်ရှားမှုတိ တဖြည်းဖြည်း အရောင်မှေးမှိန်လားခ။
AD - ၁၈၂၄ - အမရပူရ စစ်ဗိုလ်ချုပ် ရခိုင်အရီးကိစ္စကို နှိမ်နှင်းရေလူ ဗန္ဓုလ ပန်းဝါကိုတိုက်။ စစ်ပွဲမှာ စစ်ရှုံးလို့ပြန်ဆုတ်ခွာခ။
ရှင်မဖြူကျွန်း အရေးအခင်းဖြစ် (အင်္ဂလိပ်ခေတ်)
AD - ၁၈၂၅ - ဗြိတိသျှတပ်တိ ရခိုင်ပြည်သို့ဝင်၊ မြောက်ဦး (ဧပြီ-၂)၊ ရမ်းဗြဲ(ဧပြီ-၂၂)၊
မာန်အောင်(မေ-၆) တို့တွင်သိမ်းယူ။
AD - ၁၈၂၇ - မင်းသားကြီး ရွှီဗန်း အင်္ဂလိပ်တိကို စတင်တော်လှန်။
AD - ၁၈၂၉ - ဦးမောင်သာဦးရို့ကလည်း စတင်တော်လှန်။
AD - ၁၈၃၂ - ကျိန္တလီဘုန်းကြီး ဦးဆောင်တော်လှန်။
AD - ၁၈၃၄ - ရခိုင်အုပ်ချုပ်ရေးကို ဘင်္ဂလားနယ်မှ ခွဲထွက်၊ တိုင်းတစ်ခုအဖြစ် သတ်မှတ်။
AD - ၁၈၃၆ - ဇန်န၀ါရီလမှာ လေးမြို့သူကြီး ချစ်စံဝေရို့ တော်လှန်၊ ချစ်စံဝေ အဖမ်းခံရ။
AD - ၁၈၅၃ - တောင်ကုတ်နယ်မှာ တော်လှန်မှုစတင်။
AD - ၁၈၆၃ - တောင်ကုတ်နယ်မှာ ဗိုလ်ကျော်ဝ ဦးဆောင်တော်လှန်မှု ထင်ရှားလာ။
AD - ၁၈၆၄ - သံတွဲခရိုင် တောင်ပိုင်း ဂွနယ်ကို ရခိုင်တိုင်းသို့ ပြန်သွင်း။
AD - ၁၈၆၅ - ရခိုင် မြောက်ဖျားဒေသကို စစ်တွေခရိုင်က ခွဲထုတ်အုပ်ချုပ်။
AD - ၁၈၆၇ - စစ်တွေနှင့် ကျောက်ဖြူမှာ ဦးမောင်ဖြူတို့ တော်လှန်။
AD - ၁၈၇၁ - ဦးမောင်ဖြူ အဖမ်းခံရ။
AD - ၁၈၈၇ - ရခိုင်တောင်ပိုင်းမှာ ကျောက်စိမ်းဗိုလ်နှင့် ဇော်ဂျီဗိုလ်ရို့က တော်လှန်။
AD - ၁၈၉၀ - သံတွဲမှာ ရဟန်းတစ်ပါး၊ ကျောက်ဖြူမှာ ဗိုလ်မောက်၊ ဂွမှာ ဗိုလ်ကြာထွန်း၊ ဦးလှရွေ၊ ဗိုလ်ကျော်ဝရို့က တော်လှန်။
AD - ၁၈၉၁ - မစဲကမ်းမှ ဦးမောင်ဖော်အောင် ဦးဆောင်ရေ တော်လှန်ရေးစတင်။
AD - ၁၈၉၂ - ဦးမောင်ဖော်အောင်နှင့် အတူ ဖခင်ဦးချင်းပို ဖော်ဝါရီလမှာ အဖမ်းခံရပြီးကေ စစ်တွေထောင်မှာအကျိုင်းချခံရ။
AD - ၁၉၀၆ - ဦးစိန်လှအောင် (YMBA) အသင်းကို တည်ထောင်ပီးခ။
AD - ၁၉၁၀ - ဦးမဲအောင်အား နောင်ပေါ်လာခရေ ဂျီစီဘီအေ (GCBA) အသင်းမှာ ဥက္ကဌအဖြစ် ရွီးချယ်။
AD - ၁၉၁၈ - ရခိုင်ပြည်အသင်းကို ထူထောင်။
AD - ၁၉၂၀ - ကျောက်တော်နှင့် စစ်တွေရို့မှာ အမျိုးသားကျောင်းများ တည်ထောင်။
AD - ၁၉၂၂ - ရခိုင်သံဃာသမဂ္ဂီကိုဖွဲ့။
AD - ၁၉၂၃ - ဒိုင်အာခီ အုပ်ချုပ်ရီးမှာ မဲပီးကတ်ရ။
AD - ၁၉၃၀ - ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်ကို တည်ထောင်လှုပ်ရှား။
AD - ၁၉၃၄ - ရခိုင်ပြည်လုံးဆိုင်ရာ ဆင်းရဲသားအဖွဲ့ကို ဖွဲ့စည်း။
AD - ၁၉၃၆ - ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ နိုးကြားရီး အစည်းအရုံးကို တည်ထောင်။
AD - ၁၉၃၇ - အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ပဏ္ဍစ်နေရူး စစ်တွေသို့ ရောက်။
AD - ၁၉၃၉ - ရခိုင်ဆင်းရဲသား အဖွဲ့နှင့် လူငယ်များနိုးကြားရေး အစည်းအရုံးရို့က ညီလာခံကျင်းပ။ ရခိုင်နိုင်ငံရေး ကိစ္စကို ရခိုင်ကျောင်းသား ခေါင်းဆောင်ကိုဘစံနှင့် သခင်အောင်ဆန်း စတင်ဆွေးနွေး။
AD - ၁၉၄၀ - ဆင်းရဲသားအဖွဲ့နန့် လူငယ်တိပူးပေါင်းပြီးကေ (ANC) အနေနန့် ညီလာခံကျင်းပ။
AD - ၁၉၄၂ - ရခိုင်နိုင်ငံရီးသမား (၁၈)ယောက်ကို အင်္ဂလိပ်က ဖမ်းပြီးကေ အိန္ဒိယထောင်သို့ ပို့၊ ကျန်နိုင်ငံရီးခေါင်းဆောင်တိ တိမ်းရှောင်ခရ။
-ဘီအိုင်အေတပ်တိ ဘူးသီးတောင်က ဆုတ်ခွာ။ ရခိုင်စစ်ပြီးအများကြီး သင်္ဘောမြုပ်လို့ သီလားခ။
AD - ၁၉၄၃ - ရခိုင်ကာကွယ်ရီး တပ်ဖွဲ့ကို မြောက်ဦးမှာ ရခိုင်ခေါင်းဆောင်ရို့က စတင်ဖွဲ့စီး။
AD - ၁၉၄၄ - ရခိုင်က ဂျပန်ကို စတင်တော်လှန်မည် ဖြစ်ကြောင်းကို ရန်ကုန်သို့ အသိပီး။
AD - ၁၉၄၅ - မြန်မာပြည်မှာ အစောဆုံး တော်လှန်မှု အဖြစ် ပြဒေးစခန်းက စတင်၍ ဂျပန်ရို့ကို တော်လှန်။
AD - ၁၉၄၆ - ရခိုင်ဖဆပလရို့က တောကန်ညီလာခံ ကျင်းပ။
- ဗိုလ်ချုပ်အောင်ဆန်း စစ်တွေမှာ စည်းရုံးရီး တရားဟော။
AD - ၁၉၄၇ - ရခိုင်တပ်ပေါင်းစု ညီလာခံကို မြေပုံမှာ ကျင်းပ။
- ရခိုင်ကွန်မြူနစ်ရို့ ရခိုင်ဖဆပလက ခွဲထွက်၊ မယူနယ်တွင် မူဂျာဟစ်ကုလားတိ ပုန်ကန်ထကြွ။
AD - ၁၉၄၈ - ဇန်န၀ါရီ (၄) မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်ရီး အဆုံးသတ်။
လက်ရှိ မြန်မာအုပ်ချုပ်ရေးခေတ်
AD - ၁၉၄၈ - ရခိုင်တိုင်း ဆိုရှယ်လစ်ပါတီ ဖွဲ့စီး။
AD - ၁၉၄၉ - ရခိုင်မှာရှိရေ ပြည်ထောင်စုတပ်နန့် ပြည်သူ့ရဲဘော်ရို့တောခို၊
` - မူဂျာဟစ်ကုလားတိ သောင်းကြမ်း။
AD - ၁၉၅၀ - အစိုးရတပ်ကး မြို့ဟောင်း၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် မြို့ တိကို ပြန်လည် သိမ်းယူခ။
AD - ၁၉၅၂ - အထွေထွေ ရွီးကောက်ပွဲ၊ ရခိုင်တစ်သီးပုဂ္ဂလ အမတ်တိ အဖွဲ့ကို ဖွဲ့စီး။
AD - ၁၉၅၃ - ရတည ကိုဖွဲ့စည်း၊ မူဂျာဟစ်စခန်းများ တပ်မတော်မှ သိမ်းပိုက်။
AD - ၁၉၅၄ - ရခိုင်သံဃာ သမဂ္ဂီအဖွဲ့ကို ဖွဲ့။
AD - ၁၉၅၅ - ရခိုင်တိုင်းရင်းသား လူငယ်များ အစည်းအရုံးကို တည်ထောင်၊ ------ ဘုံပေါက်သာကျော်နန့် အဖွဲ့မင်းပြားမှာ အလင်းဝင်။
AD - ၁၉၅၆ - ပါလီမန် ရွီးကောက်ပွဲမှာ ရတညက (၄၆) ရာခိုင်နှုန်း၊ ဖဆပလမှ (၅၄) ရာခိုင်နှုန်း ရရှိ။
AD - ၁၉၅၇ - ရခိုင်တောခို ပြောက်ကျားရို့ အလင်းဝင်။
AD - ၁၉၅၈ - ဦးစိန္တာနန့် အဖွဲ့ မင်းပြားမှာ လက်နက်စွန့်၊
ကွန်မြူနစ် ပါတီက ဗိုလ်အောင်ကျော်နန့် အဖွဲ့၊ ပြည်သူ့ရဲဘော် ဗိုလ်စံသာကျော် တပ်ဖွဲ့၊ ဦးကျော်ထွန်း၏ တပ်ဖွဲ့၊ ကျောက်ဖြူခရိုင် ဂွမြို့နယ် ရို့က ပြည်သူ့ ရဲဘော် အဖွဲ့တိက လက်နက်ချ။ ရခိုင်အမျိုးသား ညီညွတ်ရီး တပ်ပေါင်းစု ဖွဲ့။
AD - ၁၉၆၀ - ပါလီမန်ရွီးကောက်ပွဲ၊ ရခိုင်အမတ် နိန်ရာတိမှာ ရတညက (၆၀) ရာခိုင်နှုန်း၊ ဖဆပလမှ (၄၀) ရာခိုင်နှုန်းရရှိ။
AD - ၁၉၆၁ - မူဂျာဟစ်သောင်းကျန်းသူ ကုလား (၂၉၀) ကောင် အလင်းဝင်။
AD - ၁၉၆၃ - ရခိုင်ပြည် ကွန်မြူနစ်ပါတီနန့် တော်လှန်ရီးပါတီ ရို့ ပြည်တွင်းငြိမ်းချမ်းရီး အတွက် ဆွေးနွေး။
AD - ၁၉၆၇ - ကျောက်တော်ကို ဗကပရို့က ၀င်စီး၊ ဆန်ရှားပါးမှုလို့ စစ်တွေမှာ ရုန်းရင်းဆန်ခတ် ဖြိုက်။ ဆန်တောင်းခံ ဆန္ဒပြရေလူတိကို စစ်တပ်က သနတ်နန့်ပစ်လို့ ရခိုင်သူ/သား ရာဂဏန်းတိအများကြီး သီဆုံးလားခ။ (သြဂုတ် - ၁၃)။
AD - ၁၉၆၈ - အမ်းမြို့ကို ဗကပ ဗိုလ်သက်ဆွေနန့် အဖွဲ့ ၀င်စီး။
AD - ၁၉၇၀ - မင်းပြားကို ဗကပ က၀င်စီး။
AD - ၁၉၇၁ - အမှတ် (၇) ဒေသပါတီ နာမယ်နန့် ရခိုင်တိုင်းအတွက် ဒေသပါတီကို ဖွဲ့စီး။
AD - ၁၉၇၂ - ANUP ပါတီမှ ဥက္ကဌ ဗိုလ်ကြီးကြာလှအောင် အလင်းဝင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စစ်တွေမှာ ဖွင့်လှစ်။
AD - ၁၉၇၃ - ALP ပါတီခေါင်းဆောင် ပီတာဘချိုရို့ အလင်းဝင်။ ကုလားဇော်ဖား ဌာနချုပ်ကို
စစ်တပ်က သိမ်းပိုက်။
AD - ၁၉၇၄ - ရခိုင်တိုင်းကနိန် ရခိုင်ပြည်နယ် လို့ ပြောင်းလဲ သတ်မှတ်။
AD - ၁၉၇၃ - ဗိုလ်ခိုင်မိုးလင်း ထောင်မှ လွတ်မြောက်။
AD - ၁၉၇၄ - ဗိုလ်ခိုင်မိုးလင်း ဦးဆောင်ရေ ရခိုင်ပြည် လွတ်မြောက်ရီး တပ်မတော် ဖွဲ့စီး။
AD - ၁၉၇၆ - ဗိုလ်ခိုင်မိုးလင်း နန့်တပ်ဖွဲ့ ရခိုင်ပြည်သို့ မိုင်နှစ်ထောင်ရှည်ရေ ကုန်းကြောင်း စစ်ကြောင်းခရီး စတင်၍ ချီတက်။
AD - ၁၉၇၇ - ရခိုင်ပြည် လွတ်မြောက်ရီး တပ်မတော်မှ ဗိုလ်ခိုင်မိုးလင်း ချင်းပြည်နယ် တွန်းဇံတံတားနားမှာ ကိုယ့်ကိုယ်ကို အဆုံး စီရင်ခ။ (ဇန်န၀ါရီ ၄)
အေအိုင်အေ ခေါင်းဆောင် ဦးစံကျော်ထွန်း ဟုမ္မလင်း တောထဲမှာ ကျဆုံး။ (ဇူလိုင် ၂၄)
AD - ၁၉၈၀ - AIA ဥက္ကဌ ထွန်းရွှေမောင်၊ ရခိုင်ပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဌ ကျော်ဇံရွှီ၊ ဗိုလ်သက်ထွန်းရို့အလင်းဝင်။
AD - ၁၉၈၈ - ရန်ကုန်မြို့ ရခိုင်အမျိုးသား ရို့က ရခိုင်အမျိုးသား သမဂ္ဂကို ဖွဲ့စည်း၍ အမျိုးသားရီး ဆန္ဒကို ထုတ်ဖော်ပြသ။
AD - ၁၉၉၀ - မေလရီးကောက်ပွဲ၊ ရခိုင်ပါတီ ALD က ရခိုင်ပြည်မှာ မဲအပြတ်အသတ်အနိုင်ရ။
AD - ၁၉၉၂ - ALD ဖျက်သိမ်းခြင်း ခံရ။
AD - ၁၉၉၆ - ကျောင်းသားများ ဆန္ဒပြစော်တိ ရခိုင်ကို ကူးစက်။ ကျောင်းသားတချို့ ထွက်ပြီးတိမ်းရှောင်ခရ။
AD - ၂၀၀၇ - ကုန်ဈေးနှုန်း မြင့်တက်လို့ စစ်တွေက ရဟန်း၊ ပြည်သူရို့ စလို့ဆန္ဒပြ။ မြန်မာနိုင်ငံ နိန်ရာအနှံကို ကူးစက်။
AD - ၂၀၀၉ - စစ်တွေက အမျိုးသားရီးရာ တက်ကြွလှုပ်ရှားရေ လူငယ်တစ်စု ထိန်းသိမ်းခံရ။ ထောင် နှစ်အသီးသီးကျ။
AD - ၂၀၁၀ - RNDP စတင်ဖွဲ့စည်း။
AD - ၂၀၁၂ - RNDP ရာနှုန်းပြည့် မဲရရှိမှုဖြင့် အင်အားအကောင်းဆုံး ပါတီဖြစ်လာ။
AD - ၂၀၁၂ - ဦးသိန်းစိန်အစိုးရက ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ငြိမ်းချမ်းရီးဆွေးနွေးဖို့ကမ်းလှမ်း။
ကိုးကား-
၁။ ရခိုင်ပြည် နိုင်ငံရီး ဖြစ်စိုင်သမိုင်း
၂။ သီရိဝစ္ဆ အမှတ် (၁)
၃။ မဇ္ဈိမဒေသ အရီးတော်ပုံကျမ်း
၎။ စစ်တကောင်းမှသည် ရန္တပိုဆီသို့
အာရကန် သိန်းဝင်းFb မှ ကူးယူဖေါ်ပြသည်။

ရခိုင်သူဌေးကြီး ဦးရဲကျော်သူ ( ၁၈၃၃- ၁၉၁၀ )

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။
အရွယ်ရောက်လျှင် ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် လာ ကြသည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ၀ီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ် ပေးခဲ့သည်။
လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာ လက်ဖွဲ့ ရတနာရွှေငွေများကို စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထို အခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။
ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘ၀နာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများ အပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ် ဘရားသား စသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် "ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်" လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဤလုပ် ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။

ဦးရဲကျော်သူသည် ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ၀ီရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘ၀မမေ့ဘဲ လှေထိုးသားဘ၀က အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် တပည့်ကလေးနှင့် အတူ စစ်တွေမြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊မြစ်ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု ဆော်သြလေ့ရှိသည်။
ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။
စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိ ဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ ဖြစ်သည်။ ထိုစဉ်က ထင်ရှားသော လယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင် ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။
ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကား၍ သား(၄)ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်း မှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦး ဖြစ်လာသည်။ ရန်ကုန်မြို့ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့စဉ် ဆူးလေစေတီတော်ကို ဖြိုဖျက်ရန်ကြိုးစားရာ ဦးချန်ထွန်းက အင်္ဂလန်နိုင်ငံဝိတိုရိယဘုရင်မကြီးထံ စာေ၇းပြီးကန့်ကွက်သောကြောင့် ဆူးလေစေတီတော်ကြီး ပျက်စီးမည့်ဘေးမှကင်းဝေးခဲ့သည်။
ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်

https://www.facebook.com/photo.php?fbid=391170897690920&set=a.160870027387676.38583.100003940403187&type=1&theater

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...