မွန်သမိုင်း (သို့မဟုတ်) မွန်လူမျိုး ဘယ်ကစလာတာလဲ

သုဘိန္နနာဂရမြို့ပျက်ပြီးနောက် သထုံမြို့သို့ပြောင်းရွှေ့၍ ဥမိုမင်းဆက်(၅)ဆက်အုပ်ချုပ် လေသည်။ ထို့ နောက်သထုံမြို့တွင်ပင် သီဟသုဓမ္မရာဇာ- တိဿဓမ္မရာဇာ မည်သောမင်းမှစ ၍ မနူဟာမင်း အထိမင်းပေါင်း(၅၇)ဆက်အုပ်ချုပ်ပြီး သာသနာသက္ကရာဇ်၁၆၀၀ ခရစ်သက္ကရာဇ် (အေဒီ-၁၀၅၇)လောက်တွင် သထုံမြို့ကြီးနှင့်တကွ မွန်ရှင်ဘုရင်များ ကွယ်ပျောက်သွားလေသည်။
ထို့ကြောင့် မွန်တို့သည် သထုံဒေသတွင်ဘုရားမပွင့်မီနှစ်ပေါင်းငါးရာလောက်မှစ၍ မြို့ပြပြည် နယ်ထူထောင်ပြီး မင်းလုပ်အုပ်ချုပ်ခဲ့သောသူများဖြစ်ကြောင်းသိရလေသည်။မနူဟာမင်းဆက်ကို စတင်ထူထောင်သော သီဟသုဓမ္မရာဇာ - တိဿဓမ္မရာဇာလက်ထက်တွင် မြတ်စွာဘုရားရှစ် ဝါရသောအချိန်၌ သထုံဒေသသို့ ရဟန္တာများခြံရံလျှက် ဒေသစာရီကြွချီလာပြီး တရားဟောခြင်း၊ ဓာတ်တော်များကို ချီးမြင့်ခြင်းစသည့်များကိုပြုလုပ်ခဲ့သည်ဟုမွန်မှတ်တမ်းများအရသိရလေသည်။ ထို့ကြောင့် မွန်တို့သည် ဘုရားလက်ထက်တော်မှစ၍ မနူဟာမင်းအထိနှစ် ပေါင်းတစ်ထောင့် ခြောက်ရာကျော် သထုံဒေသတွင် မင်းလုပ်အုပ်ချုပ်သူများ ဖြစ်သည်ဟုဆိုရပေမည်။
၁။သီဟသုဓမ္မရာဇာ-ဗန္ဓဒေဝီ၊
၂။ သီရိဓမ္မသောကရာဇာ-သန္တီမိတြာဒေဝီ၊
၃။ဓမ္မဿီရာဇာ သီရိဒေဝီ၊
၎။ ဓမ္မဒဇ္ဖရာဇာ-သုဝဏ္ဏဒေဝီ
၅။ အင်ကုရရာဇာ -နန္ဒဒေဝီ
၆။ ဗလဒေဝရာဇာ ရမ္မဒေဝီ၊
၇။ သီရိရာဇာ -ဘန္ဒြဒေဝီ၊
၈။ ဇောတရာဇ-အဂ္ဂဝိမလာဒေဝီ၊
၉။ သီရိဓမ္မသောကရာဇာ- သုဓမ္မါဒေဝီ၊
၁၀။ ဥဒယရာဇာ-သုရုစီဒေဝီ၊
၁၁။ ကာလဝဏ္ဏရာဇာ -သုဓမ္မဒေဝီ
၁၂။ အာဇိန္နကရာဇာ -သုကာဒေဝီ
၁၃။ မဟာသာလရာဇာ -သီလဒေဝီ ၊
၁၄။ ဥရုဏ္ဏရာဇာ- ပြဘာဒေဝီ ၊
၁၅။ နရသုရရာဇာ-သိဟဒေဝီ၊
၁၆။ မဟာဘန္ဒြရာဇာ-သုဘဒ္ဒဒေဝီ ၊
၁၇။ အနုဝရရာဇာ- အနုလာဒေဝီ၊
၁၈။ သိရိဂုတ္တရာဇာ-ဂဇ္ဇဒေဝီ၊
၁၉။ ဥရုဏ္ဏကရာဇာ-ဗန္ဓုကတီဒေဝီ၊
၂၀။ ယုဂန္ဓရာဇာ- သိင်္ဂလဒေဝီ၊
၂၁။ သုနန္ဒရာဇာ-သုနန္ဒဒေဝီ ၊
၂၂။ ဗြဟ္မဒတ္တရာဇာ - အစလဒေဝီ၊
၂၃။ ပုညရာဇာ -ဘောဂဒေဝီ၊
၂၄။ အဝိကရာဇာ- စိတ္တဒေဝီ ၊
၂၅။ပုရောဝဓိတရာဇာ-သုသံဒ္ဒယဒေဝီ၊
၂၆။သာဓုရာဇာ -ရတ္တဒေဝီ၊
၂၇။ ဓမ္မပါလ-ဒက္ခဒေဝီ၊
၂၈။ သုဒဿနရာဇာ-သုဒ္ဓဒေဝီ
၂၉။ ယောဂဒိယရာဇာ ပဒုမ္မဒေဝီ၊
၃၀။အသက္ကရာဇာ-သုမနဒေဝီ၊
၃၁။ပဒုမ္မရာဇာ-ဂန္ဓဒေဝီ၊
၃၂။ ဗန္ဓု ရာဇာ - ရမ္မကဒေဝီ၊
၃၃။ သီလရာဇာ - သမ္မဒေဝီ၊
၃၄။ မဟိသရာဇာ- သုဝဏ္ဏမာလာဒေဝီ၊ ၃၅။ဗလိကရာဇာ -သမ္မာဝါစာဒေဝီ၊
၃၆။ ဇဗ္မုဥတ္တရရာဇာ-စိတ္တဒေဝီ၊
၃၇။ ဒေဝရာဇာ - သုဓမ္မဒေဝီ၊
၃၈။ကေသရရာဇာ - ဓမ္မပါလဒေဝီ၊
၃၉။မုဏိရာဇာ-ဒေဝဓိတဒေဝီ၊
၄၀။သက္ကရာဇာ-ပြဘာဝတီဒေဝီ၊
၄၁။ကုသရာဇာ - ဂန္ဓဒေဝီ၊
၄၂။နရဓိတရာဇာ- ကေသာနီဒေဝီ၊
၄၃။ဝေလုရာဇာ- သိဟဒေဝီ၊
၄၄။စိတ္တရာဇာ- ဥမဒ္ဒယန္တီဒေဝီ ၊
၄၅ ။ ဗန္ဓရာဇာ - ဗန္ဓုဝတီဒေဝီ၊
၄၆။ ဒီဃရာဇာသုဝဏ္ဏဒေဝီ၊
၄၇။ သိဝိရာဇာ- သုဒ္ဓဒေဝီ၊
၄၈။ဥရကရာဇာ- ကာမေဇာပညာဒေဝီ၊
၄၉။ညေတ္တိရာဇာ- ညာတိက ဒေဝီ၊
၅၀။သိရိဓမ္မာသောရာဇာ-ရာမ္မသာရဒေဝီ၊
၅၁။မဟာစိတ္တဝရာဇာ-သုစိတ္တဒေဝီ၊
၅၂။ ဗန္ဓရရာဇာ ဗန္ဓုဒေဝီ၊
၅၃။ဇယသုမနရာဇာ-သုမကာဒေဝီ၊
၅၄။ ဗန္ဓရာဇာ-ဓနုဒေဝီ၊
၅၅။အဇီန္နရာဇာ-သုမနဒေဝီ၊
၅၆။ဥဒိန္နရာဇာ-ရတနမာလာဒေဝီ၊
၅၇။မနူဟာရာဇာ-နင်္ဂလာဒေဝီ။
ထိုသို့မင်းဆက်(၅၇)ဆက်နှစ်ပေါင်းတစ်ထောင်ခြောက်ရာကျော်မွန်တို့ သထုံဒေသတွင်မင်း လုပ်အုပ်ချုပ်စဉ်ထင်ရှားသောအဖြစ်အပျက် .
(၁) နဝမမြောက်မင်းဆက်ဖြစ်သော သီရိဓမ္မသောကရာဇာမင်းကြီးလက်ထက်၊သာသနာသက္ကရာဇ် ၂၃၆ခုနှစ်တွင် မဇျ္စိမဒေသမှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သောဏထေရ်နှင့်ဥတ္တရ ထေရ်တို့ သထုံသို့ရောက်လာခြင်းနှင့်
(၂) မင်းဆက်(၂၇)ဆက်မြောက်ဖြစ်သော ဓမ္မပါလာနှင့် ဒက္ခဒေဝီတို့ သထုံတွင်မင်းလုပ်စဉ် သာသနာသက္ကရာဇ် ၉၀၀ကျော်လောက်တွင် ရှင်မဟာ ဗုဒ္ဓ္ခဃာသသည် သီဟိုဋ်ကျွန်း သို့ ထွက်ခွာ၍ ပိဋကတ်တော်များကို သွားရောက်ကူးယူသောအချိန်အခါပင်ဖြစ်လေသည်။
သာသနာ သက္ကရာဇ် ၉၀၀ ကျော်သည် ခရစ်သက္ကရာဇ်လေးရာစု(အေဒီ-၃၅၆) ဖြစ်လေသည်။ သထုံဒေသတွင်မွန်တို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် ရန်ကုန်ဘက်တွင်လည်းဥက္ကလာပ မင်း က တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်နေသည်ကိုလည်းတွေ့ရလေသည်။ ဥက္ကလာမင်းသည် ဘုရားမပွင့်မီ အချိန်လောက်ကတည်းက မင်းလုပ်နေဟန်ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ပါး မြတ်စွားဘုရားထံမှ ဆံတော်များကို ရန်ကုန်သို့ ယူဆောင် လာရာတွင် ဥက္ကလာပမင်းသည် ရန်ကုန်တွင်မင်း လုပ်အုပ်ချုပ်လျက်ရှိကြောင်း မွန်သမိုင်း မှတ်တမ်းအရ သိရလေသည်။ ဥက္ကလာပမင်းသည် ရွှေတိဂုံစေတီကို စတင်တည်ဆောက်သောဘုရင် ဖြစ်ပြီး မင်းဆက် (၃၂)ဆက်တို့က ရွှေတိဂုံဘုရားအား ပြုပြင်ပူဇော်ကြသည် ဟုသိရသည်။ ရန်ကုန်ဘက်တွင် ဥက္ကလာပမင်းက တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်သကဲ့သို့ ယခုကျောက်တန်းမြို့နယ်၊ပါဒကြီးကျေးရွာတည်ရှိရာအရပ် တွင်လည်း ပါဒနိုင်ငံတစ်နိုင်ငံကို တည် ထောင်သည် ဟူ၍ သိရပေသည်။ သထုံဒေသတွင် မနူဟာမင်းဆက် ၅၇-ဆက်ကို ပထမ တည် ထောင်သော သီဟသုဓမ္မရာဇာ(တိဿဓမ္မသီဟရာဇာ) လက်ထက်တွင် သားတော်ကြီး တိဿ သောဂန မင်းသားအားနောက် ပါ အခြွေအရံများနှင့် အတူသထုံပြည်၏အနောက်မြောက်အရပ်တွင် တိုင်းသစ်ပြည်သစ်တည် ထောင်ရန်စေလွှတ်ခဲ့ရာ ယခုပါဒကြီး ကျေးရွာရှိရာ အရပ်သို့ရောက်သည့် အခါ ဤအရပ်ဒေသသည်ကုန်းမြေပြန့်လည်းဖြစ်၊ပင်လယ်ကမ်းခြေနှင့်လည်းနီစပ်သဖြင့်နန်းတည် ရန်သင့်၏ဟု ကြံရွယ်ပြီး မဟာသက္ကရာဇ် (၉၈) ခုနှစ်တွင် မြို့နန်းသစ် တည်ထောင်လျက် ပါဒ နိုင်ငံတော်ဟု သတ်မှတ်ခေါ် တွင်လျက် ပါဒမင်းဆက်ကို စတင်ခဲ့လေသည်။ ပါဒနေပြည်တော်တွင် စိုးစံခဲ့ကြသော မင်းများမှာ(၁) တိဿဘောဂသေနမင်း(မြို့နန်းတည် မင်း)၊(၂) တိဿနရသေနမင်း၊(၃)မြစောနောင်မင်း၊(၄) ဟံသာသေနမင်း၊(၅)ရာဇစောနောင်မင်း၊ (၆)နန်းစောရှင်မင်း၊(၇) ဇဟသေနမင်း၊ (၈) နာဂသီဟမင်း၊(၉)ရာဗေဒကမင်း၊(၁၀)နရကျော်မင်း၊ (၁၁)တွတ္ထနာဂမင်း၊(၁၂)အနုပီယမင်း၊(၁၃) ဒေါဓဟံမင်း၊(၁၄)ကန္နဝဇ္ဖမင်း၊ (၁၅)စောရဟန်မင်း၊ (၁၆)ဇေဏျဒကမင်း၊(၁၇)ဇေယျကျော်ထင်မင်း၊(၁၈)အောင်ဇေယျမင်း၊ ၊(၁၉) မင်းစောနှောင်မင်း၊ (၂၀)ကော့ဒွတ်မင်း၊(၂၁)ရာဇသေဝမင်း၊(၂၂)ရာဇကောဓမင်း၊(၂၃)နေသူရမင်း၊(၂၄)ကန္ဒမင်း၊(၂၅) နရာသဟမင်း၊(၂၆)စေပုလ္လမင်း၊(၂၇)ဝသူဇလမင်း၊(၂၈)စောဖျားကျော်မင်း၊(၂၉)တနုကမင်း၊(၃၀) စောဘုန်းကြွယ်မင်း၊(၃၁)စောစောနောင်မင်း၊(၃၂) စောဂလာမင်း၊(၃၃)မွန်မင်း၊(၃၄)နရန္ဒမင်းတို့ ဖြစ်ကြပါသည်။ ထိုမင်းဆက်(၃၄)ဆက်တွင် ထင်ရှားသောအဖြဟ်အပျက်များမှာမင်းဆက်ခုနှစ်ဆက်မြောက် ဖြစ်သောဇယနမင်းလက်ထက်၊ သာသနာသက္ကရာဇ် (၈၄)ခုနှစ်တွင် အိန္ဒိယ မဟာဗောဓိမှ ရဟန္တာ အရှင်မြတ်များ ပင့်ဆောင်လာသော ဆံတော် ၊ သွားတော်နှင့်ဓမ္မကဂိုဏ်း ရေစစ်တော်တို့ကို မှော်ဝန် မြစ်၏အလည်ပေါ်ထွန်းနေသော ဂဝံကျောက်ကျွန်းပေါ်တွင် စေတီတည်ပြီး ဌာပနာထားက “ ကျိုက် မျှော်ကလော့ ” စေတီဟုဘွဲ့အမည် သတ်မှတ်ခဲ့သည်။ မွန်အမည်မှန်မှာ “ ကျိုက်တံၜကလောံ” (ကျာ်- ဘုရားစေတီ၊ တံၜ-ကျောက် ၊ ကလောံ-အတုံး ၊ ကျောက်တုံးပေါ်တွင် တည်ထားသောစေတီ)ဟု အဓိပ္ပါယ်ရသည်။ ၎င်းနောက် သာသနာသက္ကရာဇ် ၂၃၈ မင်းဆက်(၁၁)ဆက်မြောက် တွတ္ထနာဂမင်း သီဟိုဋ် ကျွန်းသို့ တိုင်းခန်းလှည့်လည်စဉ် မဇ္ဈိမဒေသမှသာသနာပြုရဟန္တာအရှင်မြတ်များကြွလာတော်မူ သည်နှင့်ကြုံပြီး ရဟန္တာ အရှင်သူမြတ်များထံမှ ရရှိသည့် ဆံတော်ဓာတ်တစ်ဆူနှင့် ဓာတ်တော် ကိုး ဆူ ကို မူလကျိုက်မျှော်ကလော့(ကျိုက်တၜံကလော့ )စေတီတွင်ထပ်မံဌာပနာလျက် ကျိုက်မှော် ဝန်းဟူသော ဘွဲ့အမည်တော် သတ်မှတ်လေသည်။ မွန်အမည်မှာ ( ကျာ်- စေတီဘုရား ၊တၜံ- ကျောက်၊ ဝါန် -ဂဝံ)“ ဂဝံကျောက်ပေါ်တွင်တည်ထားသော ဘုရား” ဟု အဓပ္ပါယ်ရသည်။ ပါဒနိုင်းငံတော်သည် ပထမမြောက်ဘုရင် တိဿဘောဂသေနမင်းမှ (၁၁)ဆက်မြောက် တွ တ္ထနာဂမင်းကြီး တိုင်အောင် သာသနာတိုးတက်ကြီးပွာရန်ဆောင်ရွက်ခဲ့ကြပြီး ကျန်မင်းဆက်အများ စုမှာ အချင်းချင်းတိုက်ခိုက်နန်းလုနေကြသဖြင့် ပါဒနေပြည်တော်သည် နန်းသက်နှစ် နှစ်ရာခန့် အတွင်း မင်းဆက်ပျက်သုန်းခြင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ သထုံ၊ ရန်ကုန် နောက်သာသနာသက္ကရာဇ် ၁၁၁၆၊ တပို့တွဲလပြည့်ကျော် တစ်ရက်နေ့ တွင် သံသာဝတီမြို့ကို တည်ထောင်သော သမလ၊ ဝိမလညီနောင်နှစ်ပါးသည် သထုံမှထွက်ခွာသွား ပြီး ပဲခူး၊ ဟံသာဝတီကိုတည်ထောင်သောသူများ ဖြစ်လေသည်။ ပဲခူး ၊ဟံသာတီတွင်သမလမှစ၍ မင်းဆက်(၁၇)ဆက်အုပ်ချုပ်ပြီးနောက် ပဲခူးမြို့လည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားပြန်သည်။
၁။ သမလမင်း ၂။ ဝိမလမင်း၊ ၃။ အသားမင်း၊ ၄။ အရိန္ဒမမင်း၊ ၅။ မဟိသမင်း၊ ၆။ နာ ဂိန္ဒမင်း၊၇။ မိဂ္ဂဒီပ(အကြီး)မင်း၊ ၈။ ဂဇ္ဇဒီပိယမင်း၊ ၉။ ကရိဝိကမင်း ၊ ၁၀။ ပဉ္စာလမင်း၊ ၁၁။အတ္တသာ ရမင်း၊ ၁၂။ အနုရာမမင်း၊ ၁၄။ မိဂ္ဂါဒီပ(အငယ်)မင်း၊ ၁၄။ အဂ္ဂသောမန္တမင်း၊ ၁၅။ ဥပလရာဇမင်း၊ ၁၆။ ပုန္နရိကမင်း ၁၇။ တိဿမင်း -သုဘဒ္ဒါဒေဝီ။ သမလ၊ဝိမလမင်းဆက်(၁၇)ဆက်တွင် ထင်ရှားသောအဖြစ် အပျက်များမှာ…………
(၁) သမလ၊ဝိမလမင်းတို့က ရွှေမော်ဓောဘုရားကို စတင်တည်ဆောက်ခြင်း၊ (၂) အသားမင်းသာက အိန္ဒိယမှလာသော ကုလား လူစွမ်းကောင်း လမ်းဗာနှင့် ထိုးသတ် ရာတွင် အောင်ပွဲရရှိခြင်း၊ (၃) မင်းဆက် (၁၃) ဆက်မြောက် မဂ္ဂါဒီပ (အငယ်)မင်းက ရွှေသာလျှောင်းဘုရားကို တည်ဆောက်ခြင်း၊ (၄) နောက်ဆုံးမင်းဆက် (၁၇)ဆက် ဖြစ်သော တိဿမင်းသည် မိစ္ဆာအယူတွင်သက်ဝင် ယုံကြည်ရာ၌ သုဒ္ဒါအမျိုးသမီးက တိဿမင်းအား ဗုဒ္ဓဘာသာ အယူဝါဒ ဘက်သို့ပြန်လည် ယုံကြည်လာအောင် စွမ်းဆောင်နိုင်းခြင်း၊ စသည့်အဖြစ်အပျက်များကို တွေ့ရှိရလေသည်။ မြန်မာပြည်အောက်ပိုင်းသထုံ ၊ ရန်ကုန် နှင့် ပဲခူးဒေသတို့တွင် မွန်တို့သည်မြို့ရွာတည် ထောင်ပြီး အုပ်ချုပ်မင်းလုပ်နေစဉ် ထိုင်းနိုင်းငံတောင်ပိုင်းတွင်လည်း လပ်ပူရီ(LOBURI) မြို့ ကို မြို့တော်အဖြစ် တည်ထောင်က ဒွါရဝတီပြည်ကိုတည်ထောင်သော ဘုရင်များလဲရှိသည် ဟု သိ ရလေသည်။ ဒွါရဝတီကို အုပ်ချုပ်နေစဉ် ၁၀ရာစု၁၁ရာစုလောက်တွင်ထိုင်းနိုင်းငံအရှေ့ကမ္ဘောဒီးယား ပြည်မှ မွန်ခမာအနွယ်ဖြစ်သော ခမာလူမျိုးများ ဝင်ရောက်တိုက်ခိုက်သေကြောင့် ဒွါရဝတီ မှ မွန်တို့သည် ထိုင်းနိုင်းငံ မြောက်ပိုင်းသို့ပြောင်းရွေ့ပြီး လန်ဖွန်ဒေသတွင် မြို့ပြတည်ထောင်အုပ် ချုပ်ပြန်လေသည်။ ထိုဒေသတွင် အုပ်ချုပ်မင်းလုပ်သူမှာ “ကျမ်ဒေဝီ” ဟူသော ဘုရင်မဖြစ်ပြီး မြို့၏ အမည်မှာ “ ဟရိပုဉ္စ” ဟုခေါ်တွင်လေသည်။ ဟရိပုဉ္စတိုင်းသည် ထိုင်းနိုင်းငံတွင် မွန်တို့နောက်ဆုံး အခြေစိုက် တည်ထောင်သော နေရာဖြစ်သည်ဟု သိရလေသည်။ အဘယ်ကြောင့်ဆိုသော် ၁၂ ရာစု ပြီးနောက် ထိုင်းနိုင်းငံတွင်းသို့ ယိုးဒယား လူမျိုးများ ဝင်ရောက်ပြီး နောက်မွန်များ ကွယ်ပျောက် သွားသည်ကို တွေ့ရသောကြောင့် ဖြစ်လေသည်။ ထိုင်းနိုင်းငံတွင် ၁၂ ရာစုပြီးနောက် မွန်တို့သည်မြို့ပြတည်ထောင်ပြီး အုပ်ချုပ်မင်းလုပ်နိုင်း ခြင်း မရှိသော်လည်ုးမြန်မာပြည်တွင်း၌မူကား ဝါရီရူးမင်းသည် မုတ္တမမြို့တွင် ကောဇာသက္ကရာဇ် ၆၄၃ခု(အေဒီ၁၂၈၁)တွင် မွန်မင်းဆက်အသစ်ကို စတင်တည်ထောင်နိုင်းသောသူဖြစ်သည်။ ဝါရီရူး မင်းဆက်တွင် မင်းပေါင်း(၁၈)ဆက်သည် မုတ္တမနှင့် ဟံသာဝတီမြို့များကိုတည်ထောင်အုပ်ချုပ်ကြ လေသည်။ ဝါရီရူးမင်းဆက်၏ နောက်ဆုံးမင်းဆက်မှာ “သူရှင်တကာရုပ္ပိ” ပင်ဖြစ်ပြီး ကောဇာသက္က ရာဇ် ၉၀၀(အေဒီ - ၁၅၃၈)လောက်တွင် မွန်မင်း ဆက်သည် တောင်ငူမှ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့၏ စွမ်းရည်သတ္တိကြောင့် ကွယ်ပျောက်ရပြန်လေသည်။ မင်းအမည် မင်းပြုသည့်နှစ် ၁။ဝါရီရှူမင်း ၆၄၃ - ၆၆၈ မုတ္တမ(အေဒီ၁၂၈၁ - ၁၃၀၆) ၂။မကဒါမင်း ၆၆၈ - ၆၇၂ မုတ္တမ ၃။စောအောမင်း ၆၇၂ - ၆၈၅ မုတ္တမ ၄။စောဇိတ်မင်း ၆၈၅ - ၆၉၂ မုတ္တမ ၅။ဇိတ်ဗန်မင်း (ရ) ရက် မုတ္တမ ၆။အိုင်ကန်ကောင် (၄၉) ရက် မုတ္တမ ၇။ဗညားအိုင်လယ် ၆၉၂ - ၇၁၀ မုတ္တမ ၈။ဗညားအူး ၇၁၀ - ၇၃၁ မုတ္တမ(အေဒီ၁၃၄၈ - ၁၃၈၅) ၇၃၁ - ၇၄၅ မုတ္တမ ဟံသာဝတီ ၉။ရာဇာဓိရာဇ် ၇၄၅ - ၇၈၃ ဟံသာဝတီ(အေဒီ၁၃၈၅ - ၁၄၂၃) ၁၀။ဗညားဓမ္မရာဇာ ၇၈၃ - ၇၉၀ ဟံသာဝတီ ၁၁။ဗညားရန် ၇၉၀ - ၈၀၈ ဟံသာဝတီ ၁၂။ဗညားဗရော ၈၀၈ - ၈၁၁ ဟံသာဝတီ ၁၃။ဗညားကျန်း ၈၁၁ - ၈၁၄ ဟံသာဝတီ ၁၄။လိပ်မွန်ထော်(ဗညားဒိဗ္ဗ) (ရ)လ ဟံသာဝတီ ၁၅။ရှင်စောပု ၈၁၄ - ၈၃၂ ဟံသာဝတီ ၁၆။ဓမ္မစေတီမင်း ၈၃၂ - ၈၅၃ ဟံသာဝတီ ၁၇။ဗညားရန်(ဗညားရာ) ၈၅၃ - ၈၈၈ ဟံသာဝတီ ၁၈။သူ့ရှင်တကာရုပ္ပိ ၈၈၈ - ၉၀၀ ဟံသာဝတီ (အေဒီ၁၅၂၆ - ၁၅၃၈) ဝါရီရှူးမင်းဆက်တွင် ထင်ရှားသောဘုရင်များမှာ ဝါရီရှူးအပြင်မင်းဆက်ရှစ်ဆက်မြောက် ဖြစ်သော ဗညားအူးမင်းသည် မုတ္တမမှ ဟံသာဝတီတွင် ထီးနန်းတည်ဆောက်ကာ ပြောင်းရွှေ့အုပ် ချုပ်လေသည်။ ဟံသာဝတီမြို့တော်ကို ကောဇသက္ကရာဇ် ၇၂၆ တွင်တည်ဆောက်လေသည်။ဗညားအူး၏သားတော် ရာဇာဓိရာဇ်မှာလည်း ဤမင်းဆက်တွင် ထင်ရှားသော ဘုရင်တစ်ပါးဖြစ်ခဲ့လေသည်။
ရာဇာဓိရာဇ်ပြီးနောက် ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့သည်လည်းအလွန်ထင်ရှားကျော်ကြား ကြသော မွန်ဘုရင်များ ဖြစ်ကြလေသည်။ ဝါရီရှူးမင်းဆက်သည် ကောဇာသက္ကရာဇ်(၉၀၀)လောက်တွင် ကုန်ဆုံး
သွားပြီးနောက် နောက်ဆုံး မွန်ဘုရင်တစ်ပါးအနေဖြင့် ပေါ်ထွန်းလာသူမှာ ဗညားဒလပင်ဖြစ်လေသည်။
ဗညားဒလ သည် ကောဇာသက္ကရာဇ်(၁၁၀၈) ခုနှစ် (အေဒီ ၁၇၄၇ - ၁၇၅၉)တွင် ဟံသာဝတီကို စုစည်းတည် ထောင်ပြီး မင်းလုပ်အုပ်ချုပ်ရာ(၁၁၁၉) ခုနှစ် တိုင်ပင် ဖြင့်တော့သည်။ ဗညားဒလသည်
ဦးအောင် ဇေယျ၏ စွမ်းရည်သတ္တိကို မယှဉ်နိုင်သဖြင့် ကျဆုံးသွားရလေသည်။
ထိုအချိန်မှစ၍မြန်မာပြည်တွင် နောက်ထပ်မွန်တို့ ထပ်မံပြီး မြို့ပြတည်ထောင်ကာ မင်းလုပ်အုပ်ချုပ်သော
ဘုရင်ဟူ၍ ယနေ့တိုင် မပေါ်ထွန်းလာခဲ့ပေ။

Credit : စာပေချစ်သူ blog ကူးယူဖေါ်ပါသည်။

{ သျှင်မြဝါ အတ္ထုပ္ပတ္တိ }

သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့နံနက် ၄ ဗဟိုရ်တွင် ဖွားမြင်ခဲ့သည်၊ ငယ် အမည်မှာ မောင်မြဝါဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန်၏ မြောက်ရွှေရေးတော်ဆောင်မိဖုရား၏ အကြီးတော် စိန်တင်စား (စိုင်းတင်မြို့စား) မဟာနန္ဒသင်္ကြန်ဖြစ်သည်။ မယ်တော်မှာ မင်းလှရာဇာစောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇောစောမွန်တို့၏ သားတော်ဖြစ်သည်။

စောနန္ဒီနှင့် ဇောယျခေမာတို့မှာ မင်းလှရာဇာစောမွန်၏ ဦးရီးတော်ဆင်ကဲ မင်းအောင်တင်နှင့် စောသန္တာတို့ ၏သမီးတော်များ ဖြစ်ကြသည်။ မင်းဗာဘုရင်နှင့် သျှင်မြဝါတို့မှာ အမိညီအစ်ကိုများဖြစ်ကြ၍ ညီအစ်ကိုတော်စပ်ကြသည်။ မင်းဗာဘုရင်ကို သက္ကရာဇ် ၈၅၄ ခု ဝါဆိုလပြည့်ကျော် (၂) ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မင်းဗာဘုရင်၏ ငယ်နာမည်မှာ ဘစောသီရီဖြစ်သည်။ မင်းဗာဘုရင်သည် သျှင်မြဝါထက် နှစ်ရက်သာငယ်သည်။ မဟာပညာကျော်ကို သက္ကရာဇ် ၈၅၁ တွင်ဖွားမြင်ခဲ့သည်။ မဟာပညာကျော်၏ ငယ်နာမည်မှာ မြတ် သာထွန်းဖြစ်သည်။ ထို့ကြောင့် သျှင်မြဝါ ၊ မင်းဗာကြီး မဟာပညာကျော်တို့မှာ ဖွားဘက်ရွယ်ဖော် သူငယ်ချင်း များဖြစ်ကြသည်။ သူငယ်ချင်း (၃)ဦးတို့သည် အဂ္ဂစိန္ဒေယျ ဆရာတော်ကျောင်း ( တောင်ညိုကျောင်းတိုက်တွင်) အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ ထိုမှတဆင့် နောက်ထပ်ပညာဆည်ပူးရန်အတွက် အိန္ဒိယပြည် ဗာရာဏသီ တက္ကသိုလ်သို့ ပညာဆက်လက်သင်ကြားရန် ထွက်ခွာခဲ့ကြသည်။ ဗာရာဏသီတွင် ဘစောသီရိက တိုင်းပြည်အုပ်ချုပ်သော စီမံခန့်ခွဲရေးပညာ ၊စစ်ရေးစစ်ရာတို့ကို သင်ယူခဲ့သည်။ မြတ်သာထွန်းမှာ တရားစီရင်ရေးပညာ ၊ ဓမ္မသတ်ကျမ်း ၊ စစ်ရေးစစ်ရာတို့ကို သင်ယူခဲ့သည်။ မောင်မြဝါမှာ ဆေးဝါးမန္တာန်၊ ဓါတ်ပြောင်း - ဓာတ်ခွာ စသည့် ဂမ္ဘီရ အတတ်ပညာများကို သင်ကြားခဲ့ကြသည်။ မင်းဗာဘုရင်နှင့် မဟာပညာကျော်တို့သည် ပညာပြည့်စုံ၍ ရခိုင်ပြည်သို့ ပြန်ခဲ့ကြသည်။ သျှင်မြဝါမှာဗာရာဏသီပြည် မိဂဒါ ဝုန်တော၌ သီရိဗိဿနိုးရသေ့ကြီးထံဝင်ပြီး ၂၃ နှစ်တိုင်တိုင်ပညာဆည်းပူးခဲ့လေသည်။ သျှင်မြဝါသည် ရသေ့ကြီး ဗိဿနိုးထံတွင် ဓာတ်ပြောင်း၊ ဓာတ်ပြန်အတတ် ၊ ရုပ်ဓာတ်များကို မြူလေးပါးဖြစ်သော ရတရေမြူ ၊ ကဇ္ဇာရေမြူ ၊ အဏုမြူ ၊ ပရမာအဏုမြူစသည်ဖြင့် ဉာဏ်ဖြင့်ခွဲစိပ်ကြည့်ပုံ အတတ်ပညာများကိုသင်ကြားခဲ့လေသည်။

သျှင်မြဝါသည် ၂၃ နှစ်ကြာပညာသင်ကြား တတ်မြောက်လေသော် မိမိမွေးရပ်သိုပြန်လိုကြောင်း ဆရာထံ လျှောက်ထားလေသည်။ ဆရာရသေ့က “မောင်မြဝါမပြန်လေနှင့် သင်၏ပညာသည် သင့်တိုင်းပြည် အတွက် အသုံးကျလိမ့်မည်မဟုတ်၊ ငါနှင့်အတူနေ၍တရားအားထုတ်လော” ဟုတားမြစ်ခဲ့သည်။ သို့သော်လည်း သျှင်မြဝါက “ဆရာသင်ပေးသောပညာကို တပည့်တော်ရခိုင်ပြည်သူ ပြည်သားများအတွက် အကျိုး ရှိအောင် စွမ်းဆောင်ပါမည် ၊ဘာသာသာသနာတော်များအတွက် အကျိုးရှိအောင် စွမ်းဆောင်ပါမည်” ဟု လျှောက်ပန်သောအခါ ဆရာရသေ့က ပြန်ခွင့်ပြုလေသည်။ ပညာစုံ၍ရခိုင်နိုင်ငံသို့ ပြန်လာပြီး တောင်ညိုတောင်၌ရသေ့အသွင်ဖြင့်နေပြီး နမန္တာခေါ် ဓါတ်ကျမ်းကြီးကို ပြုစုလေသည်။ တောင်ညိုတိုက်အနီးရှိ သာရပဗ္ဗတတောင် အနီးတွင် လှိုဏ်ခေါင်းပြုလုပ်ပြီး တရားအားထုတ်ခဲ့သည်။ ထိုလှိုဏ်ခေါင်းကို ယနေ့တိုင် သျှင်မြဝါ လှိုဏ်ခေါင်းဟု ခေါ်ကြသေးသည်။

သျှင်မြဝါမြောက်ဦးသို့ရောက်ချိန်တွင် အသက်(၃၉)နှစ်ရှိခဲ့ပြီး၊ ထိုစဉ် သစောသီရိမှာ မြောက်ဦးရွှေနန်းကို အုပ်စိုးနေချိန်ဖြစ်သည်။ ဘိေဿညကမင်္ဂလာ ဆင်ယင်ကျင်းပသောအခါ သီရိသူရိယစန္ဒာမဟာ ဓမ္မရာဇာ ဟူသောဘွဲ့ ကိုခံယူတော်မူသည်။ မြတ်သာထွန်းအား မဟာပညာကျော်ဘွဲ့ ကိုပေးပြီးပညာရှိအမတ်အရာဖြင့် ခစားစေသည်။ တစ်ခါသော် မင်းဗာဘုရင်သည် ညီလာခံခေါ်ယူကျင်းပခဲ့သည်။ ရခိုင်ဘုရင်များသည် ညီလာ ခံသဘင်ကို နံနက်အာရုံတက်ချိန်၌ ကျင်းပလေ့ရှိသည်။ ထိုသို့ ညီလာခံကျင်းပရန် စည်တော်နရီမှူးက အချက်ပေးပြီး များမကြာမှီတွင် သျှင်မြဝါသည် မောက်ကလိန်တောင်ဝှေးကို ထောက်ကာ လှံစွပ်သူရဲတစ်ဦး ၊ဓားကိုင်သူရဲတစ်ဦး စောင့်နေသော ညီလာခံပထမတံခါးကို တားမြစ်ခြင်းမရှိဘဲ ဝင်လာသည်ကို မင်းဗာဘုရင်သည် ပလ္လင်ထက်မှ မြင်တော်မူသည်။ ဒုတိယတံခါး ကိုရောက်သောအခါလည်း အစောင့်သူရဲကောင်းများက တားဆီးမှုမရှိဘဲ တကြောင်းချင်းဝင်လာသည်ကို မြင်နေရသည်၊ နောက်ဆုံးတံခါး သို့ ရောက်သောအခါ မင်းဗာဘုရင်သည် ပလ္လင်ထက်မှ ဆင်းပြီးရှိခိုးလျှက် ဆီးကြိုနေလေသည်။ အစောင့် များအတားအဆီးမရှိဘဲ ဝင်လာသည်ကို   တွေ့သဖြင့် ရန်သူမဟုတ်သည်ကိုလည်း ဘုရင်ကြီးသိရှိနေခဲ့သည်။ သျှင်မြဝါသည် ပလ္လင်ပေါ်သို့ တက်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ပလ္လင်ရှေ့တွင်ထိုင်၍ ရှိခိုးနေသော မင်းဗာဘုရင်အား နဖူးတည့်တည့်ကို   တောင်ဝှေးဖြင့်ချိန်ရွယ်ပြီး “ဟေ့ မဟာရာဇာ–သင်သည် မိန်းမလော ၊ယောက်ျား လော၊ငါက သင်အား မိန်းမဟူ၍မြင်သည်၊ မိန်းမ မိန်းမ မိန်းမ ” ဟု သုံးကြိမ်ပြော ဆိုပြီးပလ္လင်မှ ဆင်းကာ လာလမ်း အတိုင်း   ပြန်သွားခဲ့လေသည်။

ညီလာခံတစ်ခုလုံး တိတ်ဆိတ်ညိုးငယ်သောမျက်နှာဖြင့် ဘုရင်မင်းကိုသာ ငေးကြည့်နေကြလေသည်။ မင်းဗာဘုရင်၏ မျက်နှာတော်မှာလည်း ရှက်စိတ်ကြောင့် နိန်မြန်းနေပေသည်။ ထိုအထဲတွင် မဟာပညာကျော် တစ်ယောက်သာရွှင်ပျသော မျက်နှာဖြင့် ဘုရင်အားကြည့်နေလေသည်။ မင်းဗာဘုရင်သည် ညီလာခံကို ရုပ်သိမ်းစေပြီး စိတ်မအီမသာဖြင့် လျောင်းတော်ဦးဆောင်သို့သွားကာ သလွန်ညောင်စောင်း၌ လဲလျောင်း အနားယူခဲ့သည်။ မဟာပညာကျော်လည်း အိမ်သို့ပြန်ကာ သူဆင်းရဲအဝတ်အစားများကိုဝတ်၍ ဘုရင်ထံ ခစားဝင်လေသည်။ မဟာပညာကျော်လျောင်း တော်ဦးဆောင်သို့ ရောက်သောအခါ မင်းဗာဘုရင်မှာ မျက် စိကိုမှိတ်ပြီးတွေးနေခိုက်ဖြစ်သည်။

မင်းဗာဘုရင်မှာ မျက်စေ့ကိုဖွင့်ကြည့်လိုက်သောအခါ မဟာပညာကျော်ကို ထူးဆန်းသော အဝတ်အစားဖြင့် မြင်တွေ့ရ၍ စိုက်ကြည့်နေခဲ့သည်။ မင်းဗာဘုရင်သည် လျောင်းနေရာမှထပြီး သလွန်ပေါ်ထိုင်သော အခါ မဟာပညာကျော်သည် မင်းဗာဘုရင်အား ဤသို့ လျှောက်တင်လေသည်။ “ ဘုန်းတော်ကြီးလှစွာသော အရှင် မင်းမြတ် ယနေ့နံနက် ညီလာခံသဘင်တွင် ရောက်လာခဲ့သောပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ပါ။ အရှင်မင်းမြတ်၏ နောင်တော် သျှင်မြဝါဖြစ်ပါသည်။ ရသေ့အသွင်ပြောင်းနေ၍ မမှတ်မိခြင်းသားဖြစ်ပါသည်။ ၄င်းဆိုသော စကားမှာ အလွန်မင်္ဂလာရှိသော စကားဖြစ်ပါသည်။ ရခိုင်အမျိုးကို ချစ်လွန်းသဖြင့် ပြောဆိုသောစကား ဖြစ်ပါသည်။ အလွန်လည်း ကျေးဇူးတင်စရာကောင်းလှပါသည် ဟု လျှောက်ထားလေသည်။

မင်းဗာဘုရင်က မဟာပညာကျော်လျှောက်ထားချက်ကို ပြည့်စုံအောင် နောက်ထပ် လျှောက်တင်ခိုင်းလေသည်။ မဟာပညာကျော်က သျှင်မြဝါသည် အရှင်မင်းကြီးကို မိန်းမ ဟုခေါ်ရခြင်းမှာ “အရှင်မင်းကြီးသည် လင်ယောက်ျား၏ ဧည့်သည်တာဝန်ကို တာဝန်ကျေအောင် ဧည့်ခံနေသောမိန်းမနှင့် တူနေပါသည်။ အကြောင်းမှာ အရှင့်ဖခမည်းတော် စလတ္တာစောမွန်လက်ထက်က ရောက်နေသော မော်လဝီများ ဖြစ်ကြသည့် – ကာဒီ ၊ ဆာဒူခန် ၊ မူရှား တို့သည် သူတို့သဘောအလျောက် ဗလီများဆောက်၍ မူဆလင်သာသ နာ ပြုနေကြပါသည်ကို အိမ်ရှင်တစ်ယောက်အနေဖြင့် မည်သို့မျှ မကန့်ကွက်လျှင် သဘောတူရာရောက်ပြီး အိမ်ရှင်၏ မယား ဝတ်ကျေသလိုဖြစ်နေ၍ သျှင်မြဝါက အရှင်မင်းကြီးအား မိန်းမဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုအခါ မင်းဗာဘုရင်က မဟာပညာကျော်အား သို့ဖြစ်လျှင်မည်သို့ ဆောင်ရွက်ရမည် ကို လျှောက် တင်စေသည်။

မဟာပညာကျော်က ဘေးလောင်းတော် မင်းစောမွန်လက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသော ရခိုင်ဒေသဖြစ်သည့် ဘင်္ဂလားနယ်ကိုပြန်လည် သိမ်းယူရရှိအောင် ကြံဆောင်ရပါမည်။ “ကုလားပုစွန် တ ဆယ့်နှစ်တန်ကိုမကျော်ရ ” ဟူ၍ စကားရှိပါသည်။ အရှင်မင်းကြီးသည် မင်းစောမွန်မှစ၍ ရေတွက်သော် တစ်ဆယ့်နှစ်ကို ရောက်နေပါသည်။ ယင်းကြောင့် ဘင်္ဂလား ၁၂ မြို့ကို ရရန်သင့်တော်ပြီဖြစ်ကြောင်း တင်လျှောက်ခဲ့သည်။ ထိုအခါ မင်းဗာဘုရင်သည် သျှင်မြဝါပြောသောစကားကို သဘောပေါက်နားလည် လက်ခံကာ မဟာပညာကျော်အား စစ်ချီတက်ရန် စီမံခန့်ခွဲစေပြီး မဟာနန္ဒသူရဘွဲ့ရာထူးဖြင့် သက္ကရာဇ် ၈၉၄ ခု ၊တန်ဆောင်မုန်းလပြည့် (၉)ရက်နေ့တွင် စစ်ချီတက်တော်မူပြီး မောက်သူဇာ ၊ ဒက္ကာ ၊ ဂန်ဘီလာ ၊ သီလတ်၊ ပဋိတ္တရား ၊ ဂင်္ဂါသာရ ၊ စစ်တကောင်း ၊ ဂေဏတော်ပလ္လင် ၊ ကံသာ ၊ တိလိင်္ဂါ ၊ ဘာရီဆာရ် ၊ ရောင်ပုရ် ၊ စသော ဘင်္ဂါး (၁၂)မြို့ကို ချီတက်သိမ်းပိုက်ခဲ့လေသည်။ စစ်အောင်နိုင်၍ဘင်္ဂါး (၁၂) မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အပြန်တွင် ဗုဒ္ဓဂါယာမှာ ကုသိုလ်ကောင်းမှု ပြုခဲ့လေသည်။ မဟာဗောဓိစေတီတော်ကြီးကို ပြန်လည်ပြုပြင်ခဲ့သည်။ ပြိုပျက်နေသော စေတီပုထိုးတို့မှ မရေတွက်နိုင်အောင် များပြားလှသော ဓါတ်တော်မွေတော်တို့ကို ယူဆောင်ပြီး မြောက်ဦးသို့ ပြန်လာခဲ့သည် မင်းဗာဘုရင်သည် မဇ္စိုမဒေသမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာထည့်၍ စေတီဆောက်ရန် သျှင်မြဝါအား တိုင်ပင်ခဲ့လေသည်။ ဖိုးခေါင်တောင်ကိုညှိလျှက် မဏ္ဍိုင်ငါးရပ်ကို ဓာတ်တော်   မွေတော်ပေါင်းသျှစ်သောင်း ၊ အရွယ်အစား အမျိုးမျိုးရှိသော ဘုရားဆင်းထုတော်ပေါင်း သျှစ်သောင်းကိုဌာပနာ၍ သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ နေထွက်ချိန်တွင် တကမ္ဘာလုံး အေးချမ်းမှုရှိရန် ရည်ရွယ်ပြီး ပန္နက်ရိုက်ခဲ့သည်။ ကုလားရန်နှင့်ပေါ်တူဂီတို့၏ ရန်ကိုအောင်မြင်ခဲ့သည့်အတွက် ရန်အောင်ဇေယျပုထိုးတော်ကြီး ဟုလည်းခေါ်သည်။

သျှင်မြဝါသည် မြို့အတွက် အကာကြီးအကာငယ်တို့ကို စီမံခဲ့လေသည်။ နောက်ဆုံးတွက် မြို့သက်တစ်ထောင် ရှည်စေရန် အတွက် မိမိအသက်ကို စတေးသွားခဲ့သည်။ သျှင်မြဝါသည် မိမိတွက်ချ၍ အချိန်စေ့ရောက်သောအခါ ကြာသပတေးသားကို စတေးရမည် ဖြစ်နေ၍ အခြားလူအသက်ကို မသတ်လိုသည်က တစ်ကြောင်း ၊ စတေးရမည့်သူကို အချိန်မရဖြစ်နေသည်က တစ်ကြောင်း စသော အကြောင်းများကြောင့် မိမိဝမ်းဗိုက်ကို ဓားဖြင့်ထိုးပြီးအူကို မြို့ ချာတိုင်၌ရစ်ပတ်ကာ ၊ သူသေ ဆုံးသောနေရာတွင် မြေမြုပ်သဂြိုလ်ရန် မှာထားခဲ့လေသည်။ အူရစ်ပတ်ခြင်း ကုန်ဆုံးသည်နှင့် မြေပြင်ပေါ်သို့ လဲကျသေဆုံးခဲ့သည်။ သျှင်မြဝါသည် သက်တော်၄၅ နှစ်သက္ကရာဇ် (၈၉၉)ခုနှစ်တွင် တိုင်းပြည်အတွက် အသက်ကို စတေးခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ် ဖြစ်ပေသည်။ မင်းဗာ ဘုရင်မှာ ပညာရှိတစ်ဦးဆုံးရှုံးသဖြင့် ယူကြုံးမရ ဝမ်းနည်းခဲ့ရသည်။ ရခိုင်နိုင်ငံ၏ ကျေးဇူးသျှင်ပညာရှိကြီး အား မြေတွင်မြုပ်၍ သာမန်လူတစ်ဦးကဲ့သို့ သဂြိုလ်မှုကို မပြုလိုပေ။ ယင်းကြောင့် မင်းဗာဘုရင်နှင့် တိုင်းသူပြည်သားများ စိတ်သဘောထား ကွဲလွဲမှုကြောင့် သျှင်မြဝါအား ပန်းရထားပေါ်တင်ကာ ဘုရင်နှင့်ပြည်သူတို့ အပြန်အလှန်လွန်ဆွဲခဲ့ကြသည် ဘုရင်မှအနိုင်ရ၍ ပညာရှိ တစ်ဦးအား သင့်တင့်လျောက် ပတ်သောနေရာ၌ အခမ်းအနားကြီးကျယ်ဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း အမိန့် ထုတ်၍ မီးသဂြိုလ်ပြီး သျှစ်သောင်းဘုရား၏ တောင်ဘက် ၊ ဘုရားပေါင်းတောင်စွယ်တွင် အရိုးပြာကို ဂူသွင်း ထားခဲ့လေသည်။ ထိုနေရာကို သျှင်မြဝါသင်္ချိုင်းဟု ခေါ်သည်။ သျှင်မြဝါသေဆုံးသောအခါ သျှင်မြဝါအား လှူဒါန်း၍ ရရှိသော ရွှေငွေပစ္စည်းတို့နှင့်သျှင်မြဝါ၌ ကျန်ခဲ့သောပစ္စည်းများကို ဌာပနာပြီး မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် သျှင်မြဝါစေတီကို တည်ထားခဲ့သည်။ စေတီ ရှိသောတောင်ကိုလည်း သျှင်မြဝါတောင်ဟု ခေါ်တွင် ခဲ့လေသည်။

ကိုးကားသောစာအုပ်များ

၁။ ဆရာကြီးဦးသာထွန်းရေးသားသော သျှင်မြဝါအကြောင်း

ကူးယူဖေါ်ပြပါသည်။
မူရင်းရေးသူ Credit

ဓညဝတီခေတ်


ဓညဝတီ မြို့တော်သည် က စ္ဆပနဒီမြစ်၏ လက်တက်
တစ်ခုဖြစ်သော သရီချောင်းတွင် ရှိခဲ့သည်။မြို့တော်ကို
တန်းဆောင်းမုန်းလပြည့် ဗုဒ္ဓဟူးနေ့ တစ်ရက်တွင်
တည်ခဲ့သည်။မြို့တည်ရာတွင် မြို့ကွက်နှင့် မြို့အမည်တို့
ကို ရသေ့ကြီး နာဂိန္ဒက ပေးခဲ့သည်။ မြို့တည်ဘုရင်
မာရာယုသည် ဝေသာလီဘုရင် ဗြဟ္မသုန္ဒြ၏ သမီးတော်
ရုစိတမာလာနှင့် နန်းတက်ခဲ့သည်။(မြို့တည်နှစ်ကို
ဘီစီ ၃၃၂၅ ခုဟု ရခိုင်ရာဇဝင် စာစောင် တစ်ခုက ဆိုသည်။ သူတို့မှ ပေါက်ဖွားလာသော အဆက်အနွယ်
တို့သည် နှစ်ပေါင်း ၁၈၃၈ နှစ်အတွင်း မင်းပေါင်း ၅၃ မင်း
နန်းတက်အုပ်စိုးခဲ့ကြသည်။ မာရာယု မင်းဆက်တွင်
လောဘရမက်တက်သော အမတ်တို့၏ နန်းလုမူ
သုံးကြိမ် ပေါ်ပေါက်ခဲ့သည်။ ထို အမတ်တို့မှာ မင်းဆက်
များ မထူထောင် နိုင်ခဲ့ကြချေ။ နောက်ဆုံးအကြိမ်
နန်းလုမူတွင် ဓညဝတီဘုရင် ကံကုန်ခဲ့ပြီး  မိဖုရားစော
စစ်နှင့် အခြွေအရံတို့ သည် နီလာပန်းတောင်းတောင်တွင် တိမ်းရှောင် နေခဲ့ကြရသည်။နန်းလုအမတ် သုံးဦးတို့မှာလည်း
အချင်းချင်း သတ်ဖြတ်ကြကာ ထီနန်းလုကြ၍
ဓညဝတီမြို့မှာမူး တစ်နှစ်အတွင်းတွင်ပင် ပျက်လေသည်။
ထိုစဉ်ကာလ၌ အိန္ဒိယဒေသ ဟိမဝန္တတောင်ခြေအရပ်
ကမ္မရူပ တိုင်းမှ ဘုရင်တစ်ပါးသည် နောက်ပါများနဲ့အတူ
နယ်သစ်ရှာဖွယ်ရင်း တောင်းဘက်သို့ ဆင်းလာခဲ့ကြ
သည်။ ဤမင်းသည် ကမ္မရူပ အရပ်မှ လာ၍ ကမ္မရူပ
မင်းဟု အမည်တွင်သည်။ ထိုနောက် ကုလားတန်မြစ်
ညာပိုင်းသို့ မရောက်မီ မောရင်္ဂလူမျိုးနှင့် ပေါင်းစည်းမိ
ကြသည်။
ဓညဝတီ အပိုင်း(၂) ကို ဆက်ရန် နောက်တင်ပေးမည်။
အားလုံးကို လေးစားလျက်
          အောင်နိုင်ထွန်း(ခိုင်မော်ကွန်း)
ကိုးကား ရခိုင်သမိုင်းကျမ်း

နဝရူပ ဗျာလ အကြောင်း

နဝရူပဗျာလသည် ရခိုင်လူမျိုးတို့၏အထင်ကရ logo တစ်ခုဖြစ်သည်။ ၄င်း၏   ခန္ဓာကိုယ်အစိတ်အပိုင်းကိုသတ္တဝါ ကိုးမျိုးတို့၏ ဝိသေသလက္ခာဖြင့်  ဖွဲ့စည်းထားခြင်းဖြစ်သည်။

၎င်းတို့မှာ-       ၄င်းတို့၏ အဓိပ္ပာယ်မှာ

(၁) ဆင်နှာမောင်း။                        စွမ်းအားကြီးခြင်း။

(၂) သမင်းမျက်လုံး။                       အမြင်အာရုံစူးရှခြင်း။

(၃) ကြံ့ဂြို။                                   စွမ်းအားကြီးခြင်း။

(၄) ကြက်တူရွေးလျှာ(ကျီး)။              ကားပရိယာယ်ကြွယ်ဝခြင်း။

(၅) ခြူး (ငါးကြင်းကွက်)။                  စွမ်းအားကြီးခြင်း။

(၆) ဒေါင်းအမြီး။                             လှပတင့်တယ်ခြင်း။

(၇) မြင်းနားရွက်။                        အကြားအာရုံထက်မြက်ခြင်း။

 (၈)ကျားအစွယ်။                            စွမ်းအားကြီးခြင်း။

 (၉) ခြင်္သေ့လက်ဝါး။                        စွမ်းအားကြီးခြင်း။

 စသည့်တို့ဖြင့် ၄င်း၏ ခန¨ာကိုယ်ကိုဖွဲ့စည်းထားပါသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...