ဓညဝတီ မြို့တော်သည် က စ္ဆပနဒီမြစ်၏ လက်တက်
တစ်ခုဖြစ်သော သရီချောင်းတွင် ရှိခဲ့သည်။မြို့တော်ကို
တန်းဆောင်းမုန်းလပြည့် ဗုဒ္ဓဟူးနေ့ တစ်ရက်တွင်
တည်ခဲ့သည်။မြို့တည်ရာတွင် မြို့ကွက်နှင့် မြို့အမည်တို့
ကို ရသေ့ကြီး နာဂိန္ဒက ပေးခဲ့သည်။ မြို့တည်ဘုရင်
မာရာယုသည် ဝေသာလီဘုရင် ဗြဟ္မသုန္ဒြ၏ သမီးတော်
ရုစိတမာလာနှင့် နန်းတက်ခဲ့သည်။(မြို့တည်နှစ်ကို
ဘီစီ ၃၃၂၅ ခုဟု ရခိုင်ရာဇဝင် စာစောင် တစ်ခုက ဆိုသည်။ သူတို့မှ ပေါက်ဖွားလာသော အဆက်အနွယ်
တို့သည် နှစ်ပေါင်း ၁၈၃၈ နှစ်အတွင်း မင်းပေါင်း ၅၃ မင်း
နန်းတက်အုပ်စိုးခဲ့ကြသည်။ မာရာယု မင်းဆက်တွင်
လောဘရမက်တက်သော အမတ်တို့၏ နန်းလုမူ
သုံးကြိမ် ပေါ်ပေါက်ခဲ့သည်။ ထို အမတ်တို့မှာ မင်းဆက်
များ မထူထောင် နိုင်ခဲ့ကြချေ။ နောက်ဆုံးအကြိမ်
နန်းလုမူတွင် ဓညဝတီဘုရင် ကံကုန်ခဲ့ပြီး မိဖုရားစော
စစ်နှင့် အခြွေအရံတို့ သည် နီလာပန်းတောင်းတောင်တွင် တိမ်းရှောင် နေခဲ့ကြရသည်။နန်းလုအမတ် သုံးဦးတို့မှာလည်း
အချင်းချင်း သတ်ဖြတ်ကြကာ ထီနန်းလုကြ၍
ဓညဝတီမြို့မှာမူး တစ်နှစ်အတွင်းတွင်ပင် ပျက်လေသည်။
ထိုစဉ်ကာလ၌ အိန္ဒိယဒေသ ဟိမဝန္တတောင်ခြေအရပ်
ကမ္မရူပ တိုင်းမှ ဘုရင်တစ်ပါးသည် နောက်ပါများနဲ့အတူ
နယ်သစ်ရှာဖွယ်ရင်း တောင်းဘက်သို့ ဆင်းလာခဲ့ကြ
သည်။ ဤမင်းသည် ကမ္မရူပ အရပ်မှ လာ၍ ကမ္မရူပ
မင်းဟု အမည်တွင်သည်။ ထိုနောက် ကုလားတန်မြစ်
ညာပိုင်းသို့ မရောက်မီ မောရင်္ဂလူမျိုးနှင့် ပေါင်းစည်းမိ
ကြသည်။
ဓညဝတီ အပိုင်း(၂) ကို ဆက်ရန် နောက်တင်ပေးမည်။
အားလုံးကို လေးစားလျက်
အောင်နိုင်ထွန်း(ခိုင်မော်ကွန်း)
ကိုးကား ရခိုင်သမိုင်းကျမ်း
ဓညဝတီခေတ်
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...
No comments:
Post a Comment