ရခိုင်တို့ဧ။်တူရိယာစည်တီးခတ်ခြင်း

အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။

အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ရခိုင်သည် မြန်မာထက်စောစွာကပင် အိန္ဒိယမှ တစ်ဆင့် အနုပညာ သုခုမဂီတတို့ သည် ရခိုင်ပြည်နယ်သို့ နွှယ်ယှက်ဆက်ပွားခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ ဂီတများသည်လည်း ထိုမှဆက်နွှယ် ခြင်းကို ပညာရှင်တို့ လေ့လာသိရှိ နိုင်ခဲ့၏။

ရခိုင်ပြည်နယ်၌ စည်တီးခြင်း၌ စည်တီးခြင်း စတင်လာသည်မှာ အိန္ဒိယမှပင် ဆက်နွှယ်ခဲ့သည်ဟု ဆိုစေ ကာမူ အခြခံမှု၊ အတုယူမှု စသည့် နည်းလမ်းအမျိုးမျိုးလည်း ရှိနိုင်မည်ဖြစ်၏။ တိုင်းပြည်နှင့်လူမျိုး တိုးတက် လာနိုင်သလောက် ယဉ်ကျေးမှု အနုပညာ တေးဂီတများမှာလည်း တိုးတက်လာနိုင်သလောက် ယဉ်ကျေးမု အနုပညာ တေးဂီတများမှာလည်း တိုးတက်နိုင်သဖြင့် ရခိုင်ပြည်နယ်၏ လူနေမှု စတင်လာပုံကို ခန့်မှန်းဖော် ထုတ်နိုင်ကြပါလျှင် ပို၍ သေချာရေရာပေမည်။

မြန်မာပြည်တွင်လည်း လူမျိုးစုအလိုက် စည်စသည့် တူရိယာများ အသီးသီး မိမိတို့လူမျိုး၏ အခြေခံမှုနှင့် ဆက်နွှယ်ဆင့်ပွားမှုကြောင့် တိုးတက်ခဲ့ကြပေ၏။ အသွင်အပြင်မူဟန် အသုံးအစွဲမှာလည်း မိမိတို့ လူမျိုး အ လိုက် ဖန်တီးတီထွင်ခဲ့ကြပေ၏။

ရခိုင်ပြည်နယ်တွင် အောက်ပါစည်အမျိုးအစားများကို အဆက်ဆက် သုံးစွဲခဲ့ကြောင်း တွေ့ရ၏။

၁။ မြှောက်စည် (ပဟိုရ်စည်)

၂။ သံလွင်စည်

၃။ မုရိုးစည် (စည်ဗျော)

၎။ စည်ပုတ်

၅။ စည်ကြီး (ရွန်းစည်)

၆။ ဒုံမင်း

၇။ စည်ပန်းတောင်း (စည်ပဒေါင်း)

၈။ စည်ဝန်း

၉။ ပတ်သာ (ပတ်မ)

၁၀။ တစ်ဘက်စည်

၁၁။ ပန်တျာ (ပန်းတျား)

၁၂။ ခတ်စည်

၁၃။ စည်လေး (စည်သေး)

၁၄။ စည်အိုင့် (အိုးစည်)

စသည်ကို သုံးစွဲခြင်းနှင့် ပတ်သက်၍ ရာဇ၀င် သာဓကများကို ဖော်ပြလိုပါ၏။

"နတ်မြစ်စန်းအောင်"က "ရခိုင်လူမျိုးတို့၌ ကိုယ်ပိုင် ဂီတသူခုမ အနုပညာရပ်များစွာ ရှိသည့်အနက် ရှေးမင်း များလက်ထက်နှင့် ယနေ့တိုင် ခေတ်စားနေသည့် "စည်" အမျိုးအမျိုးအကြောင်း" ကိုတင်ပြထား၏။ ပျောက် ကွယ်နေသော တူရိယာများကို သုတေသနလုပ်၍ ရှာဖွေထိန်းသိမ်းရန်မှာ ရခိုင်အမျိုးသားတိုင်း၏ တာဝန် ဖြစ်ပေသည်။

ရခိုင်ရာဇ၀င်၌ ဒဿဘာတီက တို့ ရေကစားရာသို့ မျောပါလာသော ကက္ကဋ ပုစွန်လက်မကို ပဟိုရ်စည် ကြက်လုပ်၍ မြှောက်စည်ပြုထားခဲ့သည်ဟု အဆိုရှိသည်။ စန္ဒသူရိယမင်း မဟာမုနိရှင်ပင်ကို သွန်းလုပ်စဉ်က ပဉ္စတူရိယာ တီးမှုတ်ခြင်း ရှိခဲ့သည်။ စန္ဒရားမင်းများ လက်ထက် စည်တော်ရွန်းခဲ့သော တောင်မှာ ယခုတိုင် ကျောက်လှေကားမြို့၌ ရှိ၍ စည်ကြီးတောင်ဟု ခေါ်တွင်ကြ၏။ မြောက်ဦးမြို့ နန်းတော်ဦးတောင်မှာလည်း စည်တော်ရွန်းခဲ့သဖြင့် ရွန်းတောင်ဟု ခေါ်တွင်လျက် ရှိသေး၏။ ဥဂ္ဂါပျံစာဆိုတို့၏ ရာသီဖွဲ့များ၌လည်း " ပိန် ပေါင်ခရာ၊ စည်ဒုပ္ပါနှင့်" ဟုလည်းကောင်း၊ "စည်ပုတ်သံဝါ၊ တောမှုတ်ကာသည်" ဟုလည်းကောင်း စပ်ဆိုခဲ့ ၏။ သတိုးသုဓမ္မမင်းသည် ပိတောက်ပင်ကို ထွင်း၍ ဗဟိုရ်စည် ကြက်ခဲ့၏။ ဤသို့စည်တီးခြင်းများ ထင်ရှား နိုင်သည့်အပြင် ပုန်းပုလက်ရာရုပ်တုလည်း အထင်အရှားတွေ့နိုင်၏။ သျှစ်သောင်း သိမ်တော်ကြီး နံရံတွင် စည် တီးခတ်နေသော တူရိယာသမားပုံကို တွေ့ရ၏။ ထို့ကြောင့် စည်ကြက်လုပ် တီးခတ်ခဲ့ကြပုံ၊ တူရိယာ အဖြစ် လည်းကောင်း၊ ပွဲလမ်းသဘင်ကန္နားတွင် လည်းကောင်း အသုံးပြုခဲ့ကြပုံများမှာ ထင်လင်းစွာ သက် သေခံ လျက်ရှိနေသည်။

ဤစည်များ အားလုံးကို ယခုအခါ မတွေ့သိရှိရသော်လည်း သုံးစွဲနေသမှုကို အောက်၌ ဖော်ပြပါအံ့။

၁။ ပန်တျာ (ပန်းတျား)

၂။ မုရိုးစည် (စည်ဗျော)

၃။ ခတ်စည်

၎။ ကျင်စည်

၅။ စိုင်တမျိုး

၆။ ဗုံရှည်စည်

ဤစည်တို့ကို ရှာဖွေတွေ့ရှိနိုင်သည်။ တခြားသော တူရိယာ အစိတ်အပိုင်းနှင့် နှဲ၊ ပလွေ စသည့် မှုတ်အပ် သော တူရိယာများကား စစ်တေကောင်းနယ်ရှိ ရခိုင်တို့ ယခုတိုင် သုံးစွဲလျက် ရှိသေး၏။

၁။ ပန်းတျားစည်

ဤစည်၏ စတင်လာပုံကို ရခိုင်ဇာတိဝံသ မော်ကွန်းစာတမ်း၌ တွေ့ရ၏။ ရခိုင်မင်းများသည် တိုင်းသူပြည် သားတို့ကို အနှောင့်အယှက်ပေးသော ရက္ခဘီလူး၊ နတ်မိစ္ဆာကြမ်းတို့အား မိုးဦး၊မိုးနှောင်း လစဉ်မပြတ် ပန်း တျားစည်ဖြင့် တီးခတ်ကာ နတ်ပွဲပသပူဇော်ရာ၌ သုံးစွဲခဲ့သည့် "ပန်းတျားသည်"ပညာရှင် တစ်ဦးကိုလည်း လက်ဝဲးသင်း ရှစ်ဦးတွင် တစ်ဦးအပါအ၀င် ရာထူးခန့်ထားခဲ့ရသည်။ (စည်သဘင် အမတ်ကြီးတို့လည်း ထို ကဲ့သို့ ပွဲသဘင်နှင့်ဆိုင်ရာ၊ ယဉ်ကျေးမှု သုခုမတေးဂီတနှင့် ဆိုင်ရာခန့်အပ်ထားသော သဘင်ဝန်ကြီး ပင်လောဟု အောက်မေ့အပ်သည်။) ထိုအခါမှစ၍ နတ်နှင့်ပတ်သက်သမျှ ပန်းတျားတီးခတ်မှု ရှိလာခဲ့ရ၏။

ပန်းတျား၏ အရင်းမှာ ကြီးပြီးလျှင် အဖျားမှာ သေးသွယ်သည်။ သားရေကြက်ပြီး ကြိုးနှင့်လွယ်ကာ တီးခတ် ရသည်။မြောက်ဦးမြို့နယ်တို့တွင် ယခုတိုင် တွေ့နိုင်၏။ ၄င်းနှင့်သီဆိုရသော သီချင်းလည်း သိးခြားပင် ရှိ၏။ ဤစည်ကို ရခိုင်ပြည်(နယ်)၌ ဦးစွာသုံးစွဲခဲ့ပြီး ဘယ်ခေတ်တွင်မှ မတိမ်ကောခဲ့သည့် စည်ဖြစ်ခဲ့သည်။ "ပတ် တီးသည်"ဟုလည်း အချို့ဒေသ၌ သုံးနှုန်း၏။

၂။ မုရိုးစည်

(ရခိုင်က စည်ဗျော ခေါ်၏) ၀ါကျွတ်ပွဲ၊ တန်ဆောင်မုန်းပွဲ၊ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ၊ ကျောင်းတက်အလှူပွဲ၊ ရှင်ပြုပွဲစသည့် မင်္ဂလာပွဲတို့၌ တီးခတ်လေသည်။ မင်းပြားမြို့နယ်၌ ယခုတိုင် ထိုစည်ကို တွေ့ရှိနိုင်သည်။ မင်းပြားမြို့ ကျန်းတောင်ဘုရားပွဲကျင်းပတိုင်း ဤစည်ဖြင့်ပင် တီးခတ်ပူဇော်လျက် ရှိသေးသည်။

၃။ ခတ်စည်

"သမက်တက်ပွဲ" ခေါ် မင်္ဂလာဆောင်ပွဲတို့၌ တီးခတ်ကြသည်။ ရခိုင်ပြည်တွင် စစ်ပြီးခေတ် သမက်တက်ပွဲ၌ စည်တီးခတ်မှု ပျောက်ကွယ်ခဲ့ပြီးသော်လည်း စစ်တကောင်းနယ် မရှက်ချောင်းတို့၌ ယခုထိရှိသည်။ ရခိုင် နန်းကျကြီး မင်းလက်ထက် စည်သဘင်သမီး ပန်းနီလာကို ပေးစားထိမ်းမြားစဉ် စည်တီးခတ်မှုကြောင့် ဘုရင် သည် အမျက်ရှ၍ ပိတ်ပင်ခဲ့ဖူး၏။ ဘုရင်မှာ ပန်းနီလာကို ချစ်ရေးဆိုခဲ့သော်လည်း စည်သဘင်၏ "သေပြီ" ဟူသည့် လိမ်လှည့်စကားကို ယုံကြည့်ခဲ့ကာ နေခဲ့၏။ ကာလကြာသော် တစ်ဖန် တခြားသူနှင့် ထိမ်းမြားပွဲ လုပ်၍ စည်တီးခတ်သံကို ဘုရင်ကြားရသဖြင့် သေပြီဟုဆိုခဲ့သော လိမ်လည်မှုကို ပြုသည့်အတွက် ငါ့အားမ ပန်ကြားဘဲ တိုင်းပြည်၌ တူရိယာ တီးမှုတ်ခွင့် မပြုရဟာ အမိန့်ထားခဲ့ဖူးသည့် တစ်ရပ်ရှိသည်။

၎။ ကျင်စည်

ရခိုင်လူမျိုးတို့၏ ထင်ရှားသော ကစားခုန်စား တစ်ခုဖြစ်သည့် ကျင်ကိုင်ပွဲတို့၌ တီးခတ်ရ၏။ ဤစည်ကို တီးခတ်လိုက်လျှင် ကျင်သန်များသည် စိတ်ရဲရင့်လာပြီး ကြောက်စိတ်ပျောက်သွားလေ့ရှိသည်။ ဤစည်ကို ပခုံးတွင်စလွယ်သိုင်းလွယ်လျက် အထက်သို့ မျက်နှာဝကို စောင်းငဲ့ကာထားပြီး၊ လွှားရင်းခုန်ရင်း စိတ်အား တက်ကြွလာစေရန် တီးခတ်ရ၏။ ယခုတိုင် ကျင်ပွဲတို့၌ တီးခတ်လျက် ရှိသေးကြောင်း တွေ့ရ၏။

၅။ စိုင်တစ်မျိုး

"စိုင်" ခေါ် စည်တစ်မျိုးသည် ကျောက်ဖြူ၊ ရမ်းဗြဲ ကျေးလက်နယ်များတွင် သုံးစွဲလျက်ရှိသေးကြောင်း သိရှိရ ၏။ ထိုစည်ကို တပျော်တပါး စည်ကားသိုက်မြိုက်စွာဖြင့် ပြိုင်ပွဲများဖြင့်ပင် ကျင်းပလေ့ရှိသည်ဟူ၏။ ထိုကို ကြည့်ခြင်းဖြင့် "စိုင်းစည်" ဟု ခေါ်ဟန်တူ၏။ ထို့ပြင် လူပျိုကာလသားများ အဖို့ နွေဦးရာသီတို့တွင် တီးခတ် ကခုန်ရခြင်းဖြင့် ပျော်စရာ အကောင်းဆုံးပင်ဖြစ်သည့်အတွက် ထိန်းသိမ်းထားအပ်၏။

၆။ ဗုံရှည်စည်

မာန်အောင်ကျွန်း၌ တီးခတ်လျက်ရှိကြသေး၏။ ထိုစည်မှာ ပါးလွှာစွာ အခေါင်းထွင်းပြီး သားရေကြက်ထား သဖြင့် ပေါ့ပါးလှသည်။ အသံမှာလည်း ထိန့်ထိန့်ကြိုးမျှ မြည်ဟည်းလှဘိသည်။ ၄င်းဒေသတွင် ထိုစည်ကို "ဗုံ" ဟု ခေါ်ဆိုကြသည်။ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ စသည်တို့၌ တီးခတ်လေ့ရှိသည်။

မြန်မာတို့သည် ရခိုင်တို့ထံမှ တူရိယာအချို့ကို အတုယူတီထွင်သုံးစွဲ ခဲ့ကြမည်ကို ခန့်မှန်းရ၏။ အဘယ် ကြောင့်ဆိုသော ရခိုင်သည် မြန်မာထက် အိန္ဒိယပြည်နှင့် ဆက်သွယမှု နီးစပ်လာနိုင်သဖြင့် ရခိုင်သို့ တူရိ ယာများ စောစွာ ဆက်သွယ်နိုင်ခဲ့မည်ကို သိသာလှသည်။ ထို့ကြောင့်ပင် အလောင်းစည်သူမင်း တိုင်းခန်း လှည့်လည်စဉ် ရခိုင်တို့ဒေသသို့ ရောက်ခဲ့၍ တူရိယာပုံစံများကို တွေ့မြင်ခဲ့သဖြင့် ပုံစံယူကာ ဇမ္ဗူ့သပြေသီး ကြွေဟန်စသည့် တူရိယာများကို တီထွင်တော့ကြောင်း ခန့်မှန်းသိသာနိုင်၏။ ထို့အတူ ရခိုင်တို့ထံမှ ဆက် သွယ်ခဲ့ကြသော လူမျိုးစုများ၏ တူရိယာများလည်း ရှိကြသေးမည်ဟု သိရသည်။

မောတို့ဌာနီဟုတွင်သော ရှမ်းပြည်တောင်ပိုင်း အင်းလေးတွင်နေကြသော ထားဝယ်မျိုးနွယ်စုဝင် အင်းသား တို့ သုံးစွဲလျက်ရှိသည့် လံစည်မှာ ရခိုင်မာန်အောင် ဗုံရှည်စည်နှင့် သဘောတူဖြစ်၏။ အလုံးအလျား အသွင် အပြင် လုံးဝတူညီလှ၏။ ထိုလံစည်အက တေးသီးချင်းမှာ လည်ချောင်းနှာသံဖြင့် သီဆိုကြရသဖြင့် ရခိုင်သိုင်း ဟန် သာချင်းတစ်မျိုးကဲ့သို့ဟု ခန့်မှန်းလေ့လာရသည်။

အင်းသားမှာ ထားဝယ်မှ သံလွင်မြစ်ကြောင်းဖြင့် ညောင်ရွှေ အင်းလေးတွင်လာ၍ အခြေစိုက်သူများ ဖြစ်သ ဖြင့် ထားဝယ်လူမျိုးစု အပါအ၀င်ပင်ဖြစ်၏။ ထားဝယ်မှာ ရခိုင်လူမျိုးဆက်နွယ်များသာ ဖြစ်ကြ၏။ ဒသရာဇာ မင်းလက်ထက် မာန်အောင်ကျွန်းမှ တနင်္သာရီကမ်းတစ်လျှောက် သွားရောက်နေထိုင်သည်မှ အခြေစိုက်ခဲ့ သူများဖြစ်သည်။ ထို့ကြောင့် ရခိုင်စည် တူရိယာသည် ၄င်းတို့ထံ လက်ငုတ်လက်စ ရှိနေခြင်းဖြစ်၏။ ထား ၀ယ်ဒိန်း သာချင်းမှာလည်း ရခိုင်ဒုံးချင်းနှင့် ဆင်တူလှ၏။ ဘိုးတော်မင်းလက်ထက် ရှမ်းပြည်နယ်သို့ ရခိုင်များ မှာလည်း ရောက်ရှိသွားခဲ့ကြ၏။

ထို့ကြောင့် ရခိုင်စည်တူရိယာသည် ရခိုင်တွင်သာမက အရပ်ရပ် ဆက်သွယ်နှဲ့စပ်မှု ရှိခဲ့သော်လည်း ယနေ့ ရခိုင်တွင် ရှားပါးတိမ်ကော နေသည်ကို တွေ့ရသဖြင့် ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်ကြသင့်၏။ ယနေ့ ကမ္ဘာတွင် မိမိတို့ အနုပညာဖြင့် ဂုဏ်ဝင့်ဝါနေကြ၏။ ရခိုင်ပြည်နယ်သည်လည်း မိမိတို့ အနုပညာဂုဏ်ဖြင့် ၀င့်ဝါနိုင်ကြပါစေသတည်း။

ရခိုင် လူလေး ပြန်လည်မျှဝေသည်။

မြောက်ဦးမြို့တော်အကြောင်း


ရခိုင်ပြည်နယ်
ရှေးရခိုင်မင်းဆက်၏ မြောက်ဦးခေတ်ကာလသည် ၁၄၃၀ မှ ၁၇၈၄ အထိ နှစ်ပေါင်း ၃၅၄နှစ်ရှည်ကြာခဲ့သည်။ ထိုကာလမှာ ရခိုင် မင်းဆက်၏ ကြီးကျယ်ခမ်းနားပြီးဂုဏ်ရောင်ပြောင်သော ရွှေထီးဆောင်း နောက်ဆုံးကာလဖြစ်ခဲ့၍ ယနေ့ထိ ရခိုင်လူမျိုးတိုင်းအတွက် ဂုဏ်ယူစရာကောင်းနေဆဲဖြစ်သည်။
မြောက်ဦးတွင် နေထိုင်ခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ခွင့်ရခဲ့ သော ပေါ်တူဂီဘုန်းတော်ကြီးဖာသာမန်ရီကွိက မြောက်ဦးအကြောင်းကို သူ၏(၁၇)ရာစုမှတ်တမ်းများတွင်အထူးရေးသားဖော်ပြခဲ့သည်။ အံ့ဘွယ် ကောင်းအောင် ကြီးကျယ်ခမ်းနားသည့် ရွှေနန်းတော်များနှင့် ရခိုင်လူမျိုးတို့၏လှပသောအိမ်များ အကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။

သူက အခန်းတွေကို စန္ဒကူးသားတို့လို မွှေးကြိုင်ရနံ့သင်းတဲ့ သစ်သားတွေနဲ့ ဆောက်လုပ်ခဲ့ကြတယ်။ ခန်းမဆောင်တွေမှာ ရွှေသားစစ်စစ်နဲ့လုပ်ထားတဲ့ အမွမ်းအမံတွေနဲ့ အလှဆင်ထားတဲ့ ခေါင်မိုးတွေရှိပြီးရွှေနဲ့ လုပ်ထားတဲ့ ရွှေဖရုံသီးတွေက စပိန်အလေးချိန်ပေါင်လေးဆယ်လောက်ရှိတယ်” ဟု ရေး သားခဲ့သည်။
“သိပ်ချမ်းသာတဲ့ လူတွေရဲ့အိမ်မှာရွှေသားစစ်စစ်နဲ့ ထုလုပ်ထားတဲ့ ရုပ်ထုခုနစ်ရုပ်ရှိပြီး အရွယ်အစားနဲ့ အမျိုးအစားက သာမန် လူတစ်ယောက်ခန့်ရှိတယ်၊ အတွင်းမှာ အခေါင်းဖြစ်ပေမယ့် အထူ နှစ်လက်မ လောက်ရှိတယ်၊ ရုပ်ထုတွေရဲ့ နဖူးရင်ဘတ်၊ လက်မောင်းနဲ့ လက်ကောက်ဝတ်တွေမှာ အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ၊ ပတ္တမြား တွေ၊ ကျောက်စိမ်းတွေနဲ့ နီလာကျောက်တွေအပြင် သာမန်ထက် ကြီးမားတဲ့ ရှေးစိန်တွေနဲ့ တောက်ပစွာအလှဆင်ထားတယ်”။
ရှေးဟောင်းရတနာများအကြောင်းကိုလည်း ရေးသားခဲ့ရာမှာ “ကျောက်မျက်ရတနာတွေက သာမန်နဲ့ မတူဘဲ ထူးကဲတဲ့အရွယ်အစားများ ရှိကြောင်း ၊ ရွှေနဲ့ပြုလုပ်ထားတဲ့ ကြုတ်ထဲမှာ ပြိုးပြိုးလက်တောက်ပလျက်ရှိကြောင်း၊ ရွှေခွက် ထဲမှာ ပတ္တမြားနားဒေါင်းတစ်စုံရှိပြီး နောက်တစ်ခါမှာ သီရိသုဓမ္မဘုရင်က သူ့ရဲ့ရာဇာဘိသိတ်ခံယူပွဲမှာ ၀တ်ဆင် ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း”ဖော်ပြထားပါသည်။ ပုံသဏ္ဍန်ကိုဖော်ပြရာတွင် လေးမြှောင့်ပုံနှင့် ပိရမစ်သုံးထောင်ချွန်ပုံ ဖြစ်သည်။ အရှည်အားဖြင့် လက် သန်းခန့်ရှိပြီး ဘေးပတ်လည်မှာ ကြက်ဥအောက်ခံအရွယ်ခန့် ရှိကြောင်း ဖော် ပြထားသည်။ နန်းတက်ပွဲတွင် သီရိသုဓမ္မဘုရင်က အဆိုပါနားဒေါင်းကို သူ၏နားပေါက်ကျယ်တွင် ဆင်မြန်းထားပြီး ဘုရင်၏ ရာဇပလ’င်မှာလည်း အဖိုးတန် ကျောက်မျက်ရတနာများနှင့် ပုလဲများဖြင့် လှပစွာ မွမ်းမံထားသည်။

မြောက်ဦးမြို့တော်တွင် ကြီးကျယ်ခမ်းနားသော နန်းတော် ဆောင်များရှိခဲ့ပြီး ၄င်းတို့ကိုကျုံးများဖြင့် ၀န်းရံထား၍ ခိုင်ခံ့သော ခံတပ်ကြီးများ သဖွယ်တည်ဆောက်ထားသည်။ ကျုံးအတွင်းရေများကို အချိန်တိုအတွင်း ပြည့်သွားစေနိုင် သကဲ့သို့ ရွံ့များဖြင့်လည်းချဉ်းကပ်ဝင်ရန် ကြိုးစားသောရန်သူများနှင့်ဆင်များကို တားဆီးကာကွယ်နိုင်သည်။ လယ်ယာ များသို့ ရေပေးသောစနစ်များကောင်းမွန်သဖြင့် ကောက်ပဲ သီးနှံများအတွက် ကောင်းပြီးသာယာဝပြောခဲ့သည်။ ဒေသဆိုင်ရာ သမိုင်း ၀င်မှတ်တမ်းများအရ ကြီးမားသောစပါးကျီကြီး ၄၁ ကျီ ရှိခဲ့ဖူးကြောင်း သိရှိ ရသည်။

ယခုအခါ မြို့ရိုးများ၊ ကျုံးများနှင့် နန်းတော်နေရာများ၏အစိတ်အပိုင်းအကြင်းအကျန်များကိုသာ မြင်တွေ့ နိုင်တော့သည်။ ကြီးကျယ်ခမ်းနားလှသော ဘုရားများ နှင့်တန်ဆောင်များသာလျှင် မပျက်မစီးဘဲကျန်ရစ်သည်။တချို့သော ဘုရားများနှင့်တန်ဆောင်းများသည် ဘာသာရေး၏အမှတ် သင်္ကေတများအဖြစ်သာမက ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်များ အဖြစ် တွေ့ မြင်နိုင်ဆဲပင်ဖြစ်သည်။
မြောက်ဦးမြို့တော်တွင်ရှိသော ကြီးမားသည့်ဘုရားများနှင့် တန် ဆောင်းများသည် တခြားနေရာဒေသများမှ ဗိသုကာလက်ရာများနှင့် လုံးဝ ကွဲပြားခြားနားသည်။ အဆိုပါသာသနိကအဆောက်အအုံများသည် ရှေးရခိုင်လူမျိုးတို့၏ ဘာသာတရားပေါ်ကိုင်းရှိုင်းမှုနှင့် ၄င်းတို့၏ ယဉ်ကျေးမှု ကိုပြသနေခြင်းပင်ဖြစ်သည်။ ရှေးဟောင်းဘုရားတန်ဆောင်များကို မပျောက်မပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ် ရိုးရာ မပျက်ဘုရားပွဲများကို ကျင်းပကြတယ်။ ကြီးမားသော ကျောက်တုံးကြီး များကို ထွင်းပြီးထုဆစ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကြီးများ မြောက်များစွာရှိ သည်။ ၄င်းတို့အနက် ဆွဲဆောင်မှု အကောင်းဆုံးမှာ အလယ်မှနက်ရှိုင်းသော နေရာသို့သွားနိုင်သည့် စင်္ကြန်များပါရှိသော ကြီးမားသည့်သိမ်တော်ကြီးများ ဖြစ်ကြသည်။
ထုကံ္ကန့်သိမ်(၁၅၁၇ ခုနစ်တွင် ဘုရင်မင်းပလောင် စတင် တည်ဆောက်ခဲ့သည်) မြောက်ဦးမြို့၏ ရှေးဟောင်း သိမ်တော်ကြီးဖြစ်သည်။ ၄င်းသည် ကြီးမားသောနံရံများ နှင့် ဂူကဲ့သို့သော အဆောက်အဦးဖြစ်သည်။ ရှည်လျားပြီး ခွေရစ်နေသော စင်္ကြန်လမ်းများအတွင်းသွားလျှင် အတွင်းသို့ ရောက်ရှိသွားပြီး ထိုနေရာများသည် မဲမှောင်နေရမည် ဖြစ်သော်လည်း၊ အတွင်းသို့ အလင်းရောင်ဖျဖျဝင်လာစေရန် ပြတင်းပေါက်များကို ဗိသုကာ ပညာ လက်ရာမြောက်စွာ ဖောက်လုပ်ထားသည်။ အပေါ်အမြင့်ဆုံးနေရာတွင် ခေါင်းလောင်းပုံ သဏ္ဍန်အမိုးခုံးရှိပြီး ၄င်းတွင်ကြီးမားသောအပေါက်ကြီး တစ်ခုရှိနေသဖြင့် သိမ်၏အလယ်သို့ အလင်းရောင်ကောင်းစွာရရှိစေသည်။
စင်္ကြန်တလျှောက်ဘေးဘက်များတွင် ရခိုင်အမျိုးသမီးများ၏ဆံပင်ပုံစံ ၆၄မျိုးကို နံရံပေါ်တွင်ထုဆစ်ထားရာ အဆင့်အတန်း အလိုက် ဘုရင်မမှ သာမန်အရပ်သူအထိပါဝင်သည်။အောက်ဘက်တွင် ထုဆစ်ထားသော အရုပ်များမှာ တည်ငြိမ်သောမျက်နှာ၊ ပြုံးနေသော မျက်နှာဖြင့် အရပ်သူ အရပ်သားများ၏ပုံများဖြစ်ကြပြီး တစ်ပုံတွင်မူအရပ်သူ တစ်ယောက်ကလေးငယ်တစ်ယောက်ကိုချီထားသည်။
၁၅၃၁ခုမှ ၁၅၅၃ ခုအထိ စိုးစံခဲ့သော ဘုရင်မင်းဘဂီရိသို့မဟုတ် မင်းဘင်တည်ထားခဲ့သော ရှစ်သောင်း ဘုရားများ ကိုလည်း တွေ့မြင် နိုင်သည်။ ဘုရား၏ဘွဲ့တော်ကို ရှစ်သောင်းဟုပေးထားရခြင်းမှာ ဆင်း တုတော်ပေါင်း(၈၄၀၀၀)ရှိခြင်း ကြောင့်ဖြစ်သည်။ မြင့်သောထောင့် တစ်နေရာတွင် ဘုရင်နှင့် သူ၏မိဘုရားများ၏ ပုံများကိုလည်းထွင်းထားပြီး နန်းဝတ်နန်းစားများဖြင့်ဖြစ်သည်။ အမျိုးသမီးများဝတ်ဆင်သော ထမီ လုံချည်များ ကိုလည်း ပုံစံအမျိုး မျိုးနှင့်မြင်တွေ့ နိုင်ပြီး ၄င်းတို့ကိုအနက် ရခိုင်ရိုးရာဆင်ဖြစ်သော “အချိတ်ဆင်” ကိုလည်းမြင်တွေ့နိုင်သည်။ ဘုရင်နှင့် မိဘုရားများကို နန်းတွင်းသူနန်းတွင်းသားများက ဒူးထောက်ခစား နေကြသည့်ပုံများ ဖြစ်သည်။

ကြီးမားလှသောတန်ဆောင်များ၏ အတွင်းနံရံများတွင် မြတ်စွာဘုရား၏ ဇာတ်တော်များမှာ ပုံများကိုသာမက သာမန်လူများ၏ နေ့စဉ်ဘ၀များကို ရုပ်လုံးကြပုံဖော်ထားသည်ကို မြင်တွေ့နိုင်သည်။ အဆိုပါပုံများသည် ကခုန်လျက်ဖြစ်စေ တူရိယာများကိုတီးမှုတ်လျက်ဖြစ်စေပုံဖော်ထားသည်။ အတွင်းခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်နေပုံများ ကိုရုပ်လုံးကြွ ထုဆစ်ထားရာ စစ်သည်တော်များသာမကဆင်များကိုပါ မြင်တွေ့နိုင်သည်။ တချို.တွင် စစ်သည်တော်များကိုယ်ခံပညာလေ့ ကျင့်နေသကဲ့သို့ တစ်ချို့ပုံများတွင်ဓားရေး၊ လှံရေးလေ့ကျင့်နေသည်ကိုမြင်နိုင်သည်။ တစ်နေရာတွင် “ကျင်” နပန်းသတ် နေသည့်ပုံကိုတွေ့ နိုင်ပြီး ၄င်းမှာ ရခိုင်လူမျိုးတို့ ယနေ့တိုင်လူကြိုက်များနေဆဲအား ကစားတစ်ခုဖြစ်သည်။ တန်ဆောင်းကြီး အတွင်းမှ ခန်းမဆောင်များထဲတွင် နံရံရုပ်လုံးကြပုံပေါင်း(၁၀၀၀)ကျော်ရှိနေသည်။ အ၀င်ဝအနီးတွင်ဒေါက်ချာ ဆောင်း ထားသော မျက်နှာသုန်မှုန်နေသည့် ရသေ့ကြီးတစ်ပါး၏နံရံရုပ်လုံးကြရောင်စုံပုံရှိသည်။ ရသေ့ကြီး၏လက်တစ်ဘက်တွင် တောင်ဝှေး ကိုင်ထားပြီး ကျန်လက်တစ်ဘက်တွင် အောင်မြင်မှုအတွက် မင်္ဂလာရှိသော အရွက်များကိုင်ထားသည်။ ရသေ့ကြီး၏အမည်မှာ ဦးမရ၀ဖြစ်ပြီး ဤတန် ဆောင်းကြီးကိုဆောက်လုပ်ရန် ဘုရင်ကိုအကြံပေးခဲ့သူဖြစ်သည်။
ဘုရင်မင်းဘဂီရိက အာနန္ဒစန္ဒာရ ကဗ္ဗည်းကျောက်စာကို မြို့တော် ဟောင်း ဝေသာလီမှယူဆောင်လာခဲ့ပြီး တန်ဆောင်း၏လှေကားတွင် စိုက်ထူ ထားခဲ့သည်။

သားတော်ဖြစ်သူဘုရင်ဒီဂရာ(မင်းသိက္ခ)ကထီးမွေနန်းမွေကို ဆက်ခံ သည့်အခါ သူ့အနေနဲ့ အသက်ခြောက်လသာရှင်မည်ဖြစ်ကြောင်း၊ အသက်ရှည်လိုပါက အတိတ်နမိတ်ကောင်းသော ကိုးဂဏန်းပါသည့် ဘုရား တစ်ဆူတည်ရမည်ဖြစ်ကြောင်းဗေဒင်ဆရာများက ဟောပြောခဲ့ကြသည်။ ဘုရားတည်သည့်အခါ ကိုးသောင်းဟူသောဘွဲ့ပေးခဲ့သည်။ ဖခမည်းတော် ကရှစ်သောင်းဟူသောဘွဲ့ဖြင့်ဘုရား တည်ခဲ့သည်ကို သာလွန်စေရန် ကိုးသောင်းဟုဘွဲ့ပေးခဲ့သည်ဟု လူအများကထင်မှတ်ခဲ့ကြသည်။ အဖေ ထက်သားတစ်နှစ်ကြီးပြီးမိဘ အပေါ်အရိုအသေ မပေးခဲ့ခြင်းကြောင့် ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရသည်ဟု လူအများကယုံကြည်နေကြဆဲဖြစ်သည်။ သက်တမ်းခြောက်လထက် ပိုပြီး သုံးနှစ်အထိဆက်အသက်ရှင်ခဲ့သော် လည်း ဘုရားမပြီးခင်လုပ်ကြံသတ်ဖြတ်ခံရပြီး နတ်ရွာစံခဲ့ရသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗုံးတစ်လုံးတိုက်ရိုက်ထိမှန်ခြင်းခံခဲ့ရသည်။ ကိုးသောင်းဘုရားမှာ မကြာသေးခင်ကမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ရာ၊ ခြုံနွယ်ပိတ်ပေါင်းများဖုံးအုပ်နေသော မြေပုံကြီးအောက်မှ ပြန်လည်တူးဖော် ရရှိခဲ့ခြင်း ဖြစ်သည်။ အမိုးမှအုတ်ကြပ်များသည် တည်ဆောက်စဉ်က ပန်းရံ ဆရာများပုံထားသည့်အတိုင်း ရှိနေဆဲပင်၊ ဘာသာတရား ကို ရိုသေကိုင်းရှိုင်းပြီး မိဘအပေါ်သားသမီးတို့က အစဉ်အလာအရအလေးအမြတ်ထားကြသည့် လူအများအဖို့ ကိုးသောင်းဘုရားမှာ ထင်ရှားခြင်းမရှိလှပေ။ မြောက်ဦးရှိခန်းမဆောင်ကဲ့သို့သော ဘုရားတန်ဆောင်း များတွင် ထူထဲသော နံရံများရှိကြပြီး ခံတပ်များနှင့်တူသည်။ နှစ်ပေါင်း များစွာ ရင်ဆိုင်လာခဲ့သော စစ်ပွဲများအတွင်၎င်းတို့ကိုခံတပ်များ သဖွယ် အသုံးချခဲ့ဖွယ်ရှိသည်ဟု တချို့ သမိုင်းပညာရှင်များက ယုံကြည်ကြသည်။မည်သို့ပင်ဖြစ်စေ ရန်သူတပ်များ သို့မဟုတ် မုန်တိုင်းများ၏ ဘေးရန်မှ လွတ်ကင်းရန်အတွက် လူအများကို ခိုလှုံမှုပေးမည်ဖြစ်သည်။ မြောက်ဦး အပြင်မြို့ဟောင်း ဟူသော တခြားအမည်လည်း ရှိသေးသည်။ အတိတ်ကာလတွင် ကျော်ဇောဂုဏ်ရောင်ထွန်းပြောင် ခဲ့သော်ငြားလည်း သမိုင်း၏ဂုဏ်ယူဖွယ်ကောင်းသော အခန်းကဏ္ဍမှာ မည်သည့် အခါမှ မှေးမှိန်သွားမည်မဟုတ်ပေ။

(Mrauk Oo By Ma Thanegi ဘာသြာ

ရခိုင်လူလေး ပြန်လည်မျှဝေသည်။

ဘုရားတစ်ဆူကို ဘုရင်သဖွယ်ပြုမူခဲ့သော ဗမာဝါဒီကိုဆန့်ကျင်ကြ


__________________________________

      ရခိုင်လူမျိုးတို့သည် ခေတ်အဆက်ဆက် ကိုယ်ပိုင်
ဘာသာရပ် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေနဲ့ နေ
လာခဲ့တာ ဗမာလူမျိုးလက်အောက်ကို ကျရောက်ခဲ့သည့်။ အချိန်ကစပြီး ဘုရား - စေတီ - ပုထိုးများကို နှစ်အတော်ကြာဖျက်စီခံခဲရသည်။
     တစ်ဖန် ကိုလိုနီလက်အောက်သို့ကျရောက်ပြန်
 ကိုလိုနီ လက်အောက်မှာ ရခိုင့်စာပေ ရခိုင်သမိုင်းများကိုရေးသားဖော်ပြခွင့်ရရှိခဲသည်။

    တစ်ဖန်  ကိုလိုနီလက်အောက်မှ 
လွတ်မြောက်ကာ လွတ်လပ်ရေးရသည့်အချိန်ကစပြီး ရခိုင်စာပေ ရခိုင်သမိုင်းများကို ရေးသားဖော်ပြခွင့် မရရှိခဲသည်မှာ နှစ်ပေါင်း ၆၀ ကျော် ၇၀ပြည့်တော့မည်။

       သို့သော်လည်း သမိုင်း ဆိုဒါတာ ဘယ်သောခါမှ
ဖုံးကွယ်ရလိမ့်မည်မဟုတ်။
ဘယ်ကြောင့်ဆိုသော် ထင်းရှားသော သမိုင်းလက်ရာ
်ကျောက်ထက်အက္ခရာ အခိုင်အမာရှိနေ၍

      မိမိတို့ရခိုင်လူမျိုးသည် ဘယ်ဘာသာ ဘယ်သူ့
ယဉ်ကျေးမှုကိုမှ ဖျက်စီးချေမှုန့်ခြင်းမရှိသည့်အပြင် တစ်
ခြင်းလူမျိုး ယုံကြည်ကိုးကွယ်သော ဘာသာရပ်ကိုလည်း အလေးထားပါသည်။

      ယခုအခါ ဗမာ လူမျိုးများသည် မိမိတို့ရခိုင်လူမျိုး
အထွဋ် တမြတ်ကိုးကွယ်ထားသော ရခိုင်မဟာမြတ်မုနိ
ရှင်တော်မြတ်ကို ဘုရင်သဖွယ်ပြုမှုထားသည်မှာ 
အောက်မှာ ပုံအတိုင်းတွေမြင်ကြရပါမည်။

     ရခိုင်ပြည်သူတစ်ရပ်အနေနဲ့ နှစ်သက်ဖွယ်မရှိမှာ
န.ဝ.တ အုပ်ချုပ်သည့်အချိန်ပင်ဖြစ်သည်။ စစ်အာဏာရှင် ကိုကြေက်၍ မပြောရဲသည်က တစ်ပိုင်း သမိုင်းအမှန်ကို ဖော်ပြ ရေးသားခဲ့သော ရခိုင့် စာဆိုတော်ရှင် သမိုင်းအကြောင်းအရာ ရေးသားသူတိုင်းကို သတ်ပြတ်။

    ရခိုင်မဟာမြတ်မုနိရှင်တော်မြတ်ကို ယတြာအမျိုးမျိုး
ပြုလုပ်ကာ နာမ်နှိပ်ခဲ့သည်မှာ ရခိုင်ပြည်သူတစ်ရပ်လုံးသိထင်ရှား တွေမြင်ပြီးသားမို့ စစ်အာဏာရှင်၏ 
ယုတ်မာမှုကို ကြောက်နေရသော ရခိုင်ပြည်သူတစ်လုံး
မှာ ရေငုတ်နှုတ်ပိတ်ခဲ့ရသည်။

       ရခိုင်ပြည်သူတစ်ရပ်လုံး မနှစ်သက်သော ဘုရင်
သဖွယ် ဇလွယ်ခတ်ခြင်းကို လုံးဝပါယ်ဖျက် စွန့်လွှတ်ကော မူလ နဂိုအတိုင်း ထားရှိရန် ရခိုင်ပြည်သူတစ်ရပ်လုံး တောင်းဆိုချက်ကို  လိုက်လျောပေးရပါမည်။ 

ဘယ်သူ့ကိုမှ ရည်ရွယ်ထားခြင်းမရှိပါ ရခိုင်လူမျိုးတစ်ယောက်အနည်နဲ့ ရင်ဖွင့်ခြင်းသာဖြစ်ပါသည်။
#စစ်ခွေပစ်မုဆိုး ( ရခိုင်သားချေ)


သေလာဂီရီမောရပဗ္ဗတ ကျောက်တော်တောင်၏ သမိုင်းအကျဉ်း

သေလာဂီရီမောရပဗ္ဗတကျောက်တော်တောင်၏သမိုင်းအကျဉ်း
===================================
မောရပဗ္ဗတ ၊ သေလာဂီရိ ၊ ကျောက်တော်တောင်၏သမိုင်
ဘီစီ၃ရာစုခန့်ကဓညဝတီပြည့်ရှင်ဘုရင်စန္ဒသူရိယပင့်လျှောက်တော်
မူ၍ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ရခိုင်ပြည်(ဓညဝတီပြည်)သို့ကြွ
ရောက်လာစဉ်ပထမဆုံးရပ်နားတော်မူခဲ့သောသမိုင်းဝင်သေလာဂီရိ
မောရပဗ္ဗတတောင်ဖြစ်ပေသည်။နောင်အခါဗုဒ္ဓဘုရားရှင်ပရိတ်နိဗ္ဗာန်
စံတော်မူပြီးသော်ဤတောင်ပေါ်၌ဘုရားရှင်၏ကျောက်ဆစ်တော်ဓာတ်
ကိုဌာပနာစေလျှက်စေတီတစ်ဆူတည်ထားပြီးသာသနာတည်တန့်စေ
ရန်ဗျာဒိတ်တော်ပေးခဲ့မူပေသည်။
ဤတောင်အားဗုဒ္ဓဘုရားရှင်မကြွရောက်သေးသည့်အချိန်၌ကား
''သေလာဂီရိ''ဟုသာအမည်တွင်ခဲ့သော်လည်းဘုရားရှင်ကြွရောက်
ရပ်တန့်တော်မူသည့်အချိန်မှစ၍''သေလာဂီရိမောရပဗ္ဗတ''ဟုအမည်
တွင်ထင်ရှားလာခဲ့သည်။
ယင်းမှတစ်ဖန်ဗုဒ္ဓမြတ်စွာဘုရားရှင်ပရိတ်နိဗ္ဗာန်စံတော်မူပြီး၍ဗုဒ္ဓမွေ
သရီဖြစ်သော''ကျောက်ဆစ်တော်''ဓာတ်ကိုဌာပနာ၍စေတီတည်ထား
ကိုးကွယ်ခဲ့ကြသည်ကိုအစွဲပြုပြီး''သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်''
ဟုခေါ်ဆိုသမုတ်ခဲ့ကြပြန်ပေသည်။
ယနေ့အချိန်မှာတွင်အမည်အပြည့်စုံကိုစာပေရေးသောအခါ၌သုံးပြီးစကား
အားဖြင့်ပြောဆိုလျှင်''ကျောက်တော်တောင်''ဟုသာပြောဆိုကြပေတော့သည်။
ကျောက်တော်မြို့၏တဖက်ကမ်း၌တည်ရှိပြီးမဟာမုနိနှင့်မိုင်အနည်း
ငယ်သာကွာဝေးသည်။

ကျောက်တော်တောင်သမိုင်းမှကိုးကားတင်ပြခြင်းဖြစ်သည်အမှားပါခဲ့
သော်ထောက်ပြပေးကြပါလို့။

KoKhineMyo

NLD လူ့အခွင့် ပြောနေလိုက်တာ

ဒေါ်စု သားသမီးတွေ ပြောထား တာက ကြောက်စရာကြီး အော်ဒေါ်စု

ရခိုင်စာပေသည် ဓညဝတီခေတ် ( AD- ၁ ရာစု) ခန့်ကပင် စတင်ထွန်းကားလာခဲ့သည်


ရခိုင် စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။

မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-

အောက်အာကာဗွီ၊ ၀ါယောထွီ၍

ရီထက်ကားမြီ၊ မြီထက်လီနှင့်

ပထ၀ီဟု၊ ထူထု နှစ်သိန်း၊

လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ

ညီစွာဝန်းလည်၊ ကျောက်တိတည်ကား

ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...