မဟာမြတ်မုနိဘုရားသမိုင်း - စာမျက်နှာ - ၅

မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့်က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း နာလန္ဒ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။

(ဆက်လက်ရေးသားပါဦးမည်)

ဟာမြတ်မုနိဘုရားသမိုင်း - စာမျက်နှာ - ၎

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ ဘုရားဖူးခရီးတစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။

၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတို့ ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာပါသည်။

ဆက်ဖတ်ရန် >> စာမျက်နှာ - ၅ သို့

မဟာမြတ်မုနိဘုရားသမိုင်း - စာမျက်နှာ - ၃

 ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လေသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အားကိုးကွယ်ဆည်းကမ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုကြလေသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးလေသည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခဲ့ကြလေသည်။

ဆက်ဖတ်ရန် >> စာမျက်နှာ - ၄ သို့

မဟာမြတ်မုနိဘုရားသမိုင်း - စာမျက်နှာ - ၂

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်သို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ မြတ်စွာဘုရားကလည်း ရခိုင်ဘုရင်စန္ဒသူရိယမင်းနှင့် မူးမတ်သေနာပတိ ပြည်သူ/သားတို့အား ဘုရားရုပ်တုတော်သွန်းလောင်း ကိုးကွယ်ခြင်းကြောင့် ရရှိသည့်အကျိုးတရာတော်ဖြစ်သော(သတ္တုဗိမ္ဗသုတ္တန်)ကိုဟောကြားပြီးနောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်ဟု အဆိုရှိလေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဆက်ဖတ်ရန် >> စာမျက်နှာ - ၃ သို့

မဟာမြတ်မုနိဘုရားသမိုင်း >> စာမျက်နှာ - ၁

ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို

အုပ်ချုပ်ခဲ့သည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးလေသည်။ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထ၀ီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လေသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။

ဆက်ဖက်ရန် >> စာမျက်နှာ  - ၂  သို့

မအီချောင်း စက်တော်ရာနှစ်ဆူ၏ သမိုင်းအကျည်း


ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ဘုရားအဖြစ်သို့ရောက်ရှိကာ မဟာသက္ကရာဇ် ၁၂၃၊ ဘီစီ ၅၅၄ တွင် ဓညဝတီရခိုင်ပြည်သို့ ရဟန္တာ(၅၀၀)ဖြင့် ဒသစာရီကြွတော်
မူခဲ့ပါသည်။ ဓညဝတီပြည်ရှင် စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်မှုကြောင့် ကိုယ်စားဆင်းတုတော် 
မဟာမြတ်မုနိကို ဘုရားရှင်ကိုယ်တော်တိုင် ရင်ငွေ့ခုနှစ်အုပ်သွင်းကာ သွန်းလုပ်ပူဇော် ခွင့်ပြုတော်မူပြီးသော် တောင်စဉ်ခုနှစ်ခရိုင်ခရီးကို ဆက်လက်၍ဒေသစာရီကြွတော်မူခဲ့ပါသည်။

မအီ၊ အမ်း၊ မန်း မြစ်သုံးစင်းစီးဆင်းရာ တြိနဒီတောင်(မြင်မတိန်တောင်)သို့ ဘုရားရှင်ရောက်ရှိတော် မူသောအခါ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ၏  လျှောက်ထားတောင်းပန်မှုကြောင့်  ဘုရားရှင်သည် ဤဒေသ၌ နုစဉ်ဘဝက ဖြစ်တော်ပေါင်းများစွာကို ဟောပြောတော်မူပြီး  “ဤတောင်ခြေရင်း မအီမြစ်ကမ်းဘေးဝယ် နောင်အခါ၌ မြို့ငယ်တစ်ခုတည်၍ မဟီ(မအီ)မြို့ဟုတွင်လတ္တံ့”ဟု အစချီ၍ ဤဒေသ၌ဘုရားရှင်၏ဓာတ်တော်မွေတော် များကိန်းဝပ်မည်ဖြစ်ကြောင်း ဗျာဒိတ်ပေးတော်မူခဲ့ပါသည်။ ထိုမှာတဖန် မဟီချောင်းဖျားရှိ နာဠာဂီရိတောင်သို့ ကြွတော်မူပြီး တြိသေလမည်သော ဆင့်တင်တောင်
 ကျောက်ဆောင်တွင် ဆင်မင်းဘဝကညီတော်ဖြစ်ခဲ့ဖူးသော အညာတောင်ရွာသား မုဆိုးကြီး ဦးစံလှအား တရားဟောတော်မူကာ ဘုရားရှင်က “ငါသည် ဤမဟီမြစ်အရပ်၌ မဟာဝိဟိကမည်သော ဆင်မင်းဖြစ်ခဲ့စဉ်က မုဆိုးကြီးစံလှမှာ စူဠဝိဟိက ညီတော်ဆင်ငယ်အဖြစ် ဤအရပ်၌ကျင်လည်ခဲ့
ဖူးကြောင်းနှင့်ငါဘုရားသည် မဟီဖြစ်အတွင်းရှိ မဏိသေလရေအိုင်၌လည်း မဏိသေလနဂါးမင်း အဖြစ်ကျင်လည်ခဲ့ဖူးလေပြီ”ဟု မိန့်ကြားကာ တရားဆုံးမလေရာ  မုဆိုးလည်းအကျွတ်တရားရခဲ့လေသည်။

ထိုအခါ မုဆိုးဦးစံလှ၏ လျှောက်ထားတောင်းပန်မှုကြောင့် ငါးထောင်သာသနာ ရှည်မြင့်ကြာအောင် လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ၊ သတ္တဝါတို့၏ အကျိုးကိုမျှော်ပြီး မုဆိုးကြီးအား တရားပြ၍ ဆုံးမတော်မူရာဒေသဖြစ်သောနာဠာဂီရိတောင်ရှိ တြိသေလမည်သော ဆင့်တင်ကျောက်ဆောင်ပေါ်တွင် လက်ဝဲ(ပါဒ) ခြေတော်ရာကိုလည်းကောင်း၊ မဏိသေလ နဂါးမင်းမြင်ခဲ့ဖူးသော မဏိသေလရေအိုင်အတွင်းရှိ မဏိသေလကျောက်ဆောင်ပေါ်တွင်လက်ျာ(ပါဒ) ခြေတော်ရာကိုလည်းကောင်း ချပေးတော်မူလေသည်။ ထိုအခါ ကမ္ဘာမြေကြီးသည် အိုးထိမ်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်လေသည်။

မုဆိုးလည်း ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြုလျှက် ခုနှစ်ရက်တိုင်တိုင် ပူဇော်ပြီးမှ ရွာသို့ပြန်လေသည်။ မုဆိုး၏ပြောပြချက်အရ မင်းနှင့်တကွသော ပြည်သူတို့သည် ဘုရားဖူးသွားရောက်ကြကာ မုးဆိုးနှင့်မိသားစုဝင်များလည်း ခြေစက်တော်ရာအနီးတွင် ရဟန်းပြု၍ တရားအားထုတ်ကာ တရားထူးရ၍ ကျွတ်တန်းဝင်ကြလေ၏။

ဤသို့ဖြင့် ဓညဝတီခေတ်၊ ဝေသာခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တိုင်အောင်စည်ကားသိုက်မြိုက်စွာ ပူဇော်မပျက်ရှိခဲ့ပြီး နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရာမှ (၁၉)ရာအစောပိုင်းတွင် ရေကြည်ရာမြက်နု ရာလှည့်လည်သွားလာ၍ နေထိုင်ကြသောလူမျိုးတစ်စုတို့သည် ခြေတော်ရာနှစ်ဆူကိုတွေ့ရှိပြီး
 ခြေတော်ရာများ၏ ထူခြားသော တန်းခိုးများကိုမြင်တွေ့ရ၍ နတ်ခိုးကြီးနတ်ခြေရာဟု အယူမှားကာယစ်ပူဇော်ခြင်းစသော မဖွယ်မရာပြုမူကြကုန်သည်သာမက ဘုရားရှင်ခြေတော်ရာများကိုပင် ထွင်းဖောက်၍ သိုက်တူးကြကုန်သည်ဖြစ်၍  ကပ်ရောဂါများကျရောက်ာ မျိုးပြုတ်သည်အထိ ကြမ္မာဆိုးနှင့်ကြုံတွေ့ခဲ့ရသော သာဓကများရှိခဲ့သည်။

ဤသို့ဖြင့် ဘုရားရှင်၏ခြေတော်ရာများ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရာမှ မအီချောင်း(ပါဒ) စက်တော်ရာနှစ်ဆူ၏ ဘုရားသမိုင်းကိုလေ့လာ ဖတ်ရှုခွင့်ရသူ ရန်ကုန်မြို့၊ အောင်မင်္ဂလာလမ်း၊ အမှတ် (၄၂)၊ ရွှေမြိုကတော်ပုံနှိပ်တိုက်နှင့်ဝိဇယစာအုပ်တိုက်ပိုင်ရှင် ကျောင်းဆရာကြီးဟောင်း ဦးစိုင်းလှိုင်၏ အကြိမ်ကြိမ်လျှောက်ထားတောင်းပန်မှုကြောင့် ရန်ကုန်မြို့၊ အောင်မင်္ဂလာလမ်း၊ ကျောက်မြောင်းရပ်ရှိ၊ မင်္ဂလသုခပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်ဘန္ဒန္တအရိယဝံသ ဆရာတော်ကိုယ်တိုင် မအီချောင်းရှိ (ပါဒ) စက်တော်ရာနှစ်ဆူကို ရှာဖွေခဲ့ပါသည်။ ၁၃၂၉ ခု၊ တပေါင်းလဆုပ် (၁၀)ရက် (၂၃-၃-၆၈) ရက်နေ့တွင် ဆရာတော်သည် ရှင်ဝဏ္ဏ၊ အညှင်းတောင်ရွာသားများ ဖြစ်ကြသော ဦးဘသန်း၊ မောင်စောသာ၊ မောင်ညီချစ်၊ မောင်ဘအေးတို့နှင့်အတူ ဗုဒ္ဓဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူကို တွေ့ရှိခဲ့လေသည်။

၁၃၃၀ ခုနှစ်၊ တပေါင်းလဆုပ် (၁၁) ရက်၊ (၁၃-၃-၆၉) ရက်နေ့တွင် ဦးစိုးလှိုင် အပါအဝင် ဆရာတော် ဘန္ဒန္တအရိယဝ့သနှင့် ရဟန်း (၁၂) ပါး၊ လူ (၄၀၀) ကျော်တို့သည် မအီ၊ လက်ပန်၊ အညှင်းတောင်မှတစ်ဆင့် ဘုရားဖူးသွားရောက် နိုင်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများတွင် တိုင်းရေးပြည်ရွာမငြိမ်သက်မှု များကြောင့်လည်းကောင်း၊သာရဲတိရိစ္ဆာန်တို့၏  ဘေးရန်ကြောင့်လည်းကောင်း လမ်းခရီးကြမ်းတမ်း၍ သွားရောက်ဖူးမျှော်ရန် ခက်ခဲ့၍လည်းကောင်း၊ ဘုရားဖူးသွားရောက်နိုင်ခြင်းမရှိတော့ဘဲ မအီချောင်း စက်ရောနှစ်ဆူမှာ တိမ်မြုပ်နေခဲ့ရပြီး ရံဖန်ရံခါ၌သာ တရားထူးရှာသောရဟန်းများနှင့် ပုဂ္ဂိုလ်ထူးများ တရားအားထုတ်ရန် ရောက်ရှိနိုင်ခဲ့ကြလေသည်။ ယခုအခါ ဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း မအီမြို့ဟူ၍ မြို့ငယ်တစ်မြို့လည်း စက်တော်ရာအနီးတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ကားလမ်းမကြီးများလည်း ကွန်ယက်သဖွယ် ပြည်နယ် ပြည်မဖောက်လုပ်ပြီးစီးပြီဖြစ်ရုံသာမက ယခင်ကခရီးလမ်းဝေးကွာ
ကြမ်းတမ်း၍ လူသူအရောက်ပေါက်နည်းခဲ့ကာ တိမ်မြုပ်နေခဲ့သော ဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူရှိရာ “အရာတော်ဒေသ”သို့ ပဋ္ဌာန်းဆက်ရှိသူ ပုဂ္ဂိုလ်ထူးတို့က ကားလမ်းဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သိုပါ၍ ဗုဒ္ဓဘုရားရှင်၏ပါဒစက်တော်ရာနှစ်ဆူအား ဦးဦးဖျားဖျား ဖူးမျှော်ကြညိုခွင့်ရကြပြီဖြစ်၍ ဘုရားဖူးသွားရောက်နိုင်ကြပြီဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

>>ကမ္ဘာပေါ်ရှိ သမိုင်းဝင်(၁၂) ဆူသော စက်တော်ရာများထဲတွင် (၁)ဆူတည်းသာရှိသောဘုရားရှင်၏     လက်ျာခြေတော်ရာကိုပါဖူးတွေ့နိုင်ခြင်း၊
>>လူသူအရောက်ပေါက်နည်းကာ ဆိတ်ငြိမ်အေးချမ်းသော အရပ်ဒေသတွင်ရှိ၍ မူလအတိုင်းဖူးတွေ့နိုင်ပြီး တစ်ကြိမ်ရောက်လျှင် နောက်တစ်ကြိမ်ဖူးမျှော်လိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာစေခြင်း၊
>>လူခြေတိတ်ဆိတ်သော အခါကြီးနေ့ကြီး လပြည့်နေ့ညများတွင် ဂဠုန်၊ နဂါး၊ သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါဟု ယူဆရသော ရောင်ဝါထွန်းလင်းသည့်ပုဂ္ဂိုလ်ထူးတို့ကို မြင်တွေ့ရတတ်ခြင်း၊
>>တပေါင်း၊ တန်ခူး၊ ကဆုန် လများ၏ လပြည့်နေ့ညရောက်ခါနီးညများတွင် ခြေတော်ရာတည်ရှိရာဒေသမှ ရောင်ခြည်တော်တို့သည် အရပ်(၁၀) မိုင်အကွာ အဝေးရှိတောင်ပေါ် ယာတဲများမှပင် ဖူးတွေ့နိုင်ခြင်း၊
>>စက်တော်ရာအနီးတွင် တွေ့ရတတ်သော ကျေးငှက်၊ တိရိစ္ဆာန်နှင့်ငါးများကို အန္တရာယ်ပြုမိပါက ဘေးဒုက္ခနှင့်လက်ငင်းကြုံတွေ့ရတတ်ခြင်း၊
>>စက်တော်ရာ နှစ်ဆူကို မှားယွင်းသော အယူအဆတို့မှ ယစ်ပူဇော်သောဓလေ့ရှိခဲ့ရာတွင် စိတ်မချမ်းမြေ့ဖွယ် ဆိုးရွားသောကပ်ရောဂါများကျရောက်၍ လူမျိုးနွယ်တစ်စုမျိုးတုံးပျောက်ကွယ်ခဲ့ဖူးသည်၊
>>မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်နေရာဖြစ်၍ မြင့်မြတ်သောနေရာဖြစ်ခြင်း၊
>>ဘီစီ(၆)ရာစုတွင် ဘုရားရှင်ကိုယ်တိုင်ကြွရောက်၍ ချထားပေးခဲ့သော(ပါဒ) စက်တော်ရာများဖြစ်ကာ တတိယဓညဝတီခေတ်နှင့် ဝေသာလီခေတ်များတွင် များစွာစည်ကား၍ လူအများဖူးမျှော်ခဲ့ကြခြင်း၊
>>ပျောက်ကွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး ယခုနှစ်မှပင်လမ်းခရီးပေါက်၍ ဖူးမျှောကြည်ညိုခွင့်ကြုံကြိုက်ခြင်း၊
>>ဗုဒ္ဓစက်တော်ရာကို ဖူးမျှော်ရခြင်းဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကျေးဇူးများကို ယခုဘဝမှာပင် ရရှိခံစားနိုင်ခြင်း
တို့ဖြစ်ကြပါသည်။

မအီချောင်းစက်တော်ရာသို့ ဘယ်လိုသွားရောက်နိုင်သလဲ

မအီမြို့မှ မအီ-အမ်း ကားလမ်းအတိုင်း---
မအီ- စနဲကျေးရွာသို့                                         (၇)မိုင်
စနဲကျေးရွာမှ စက်တော်ရာသို့                              (၉)မိုင် (၄)ဖာလုံ
မအီ-စနဲ စက်တော်ရာသို့                                    (၁၆) မိုင် (၄)ဖာလုံ
ကျောက်ဖြူ-မအီ- စနဲ- စက်တော်ရာသို့                  (၉၂) မိုင် (၄) ဖာလုံ
တောင်ကုန်- မအီ- စနဲ- စက်တော်ရာသို့                 (၅၉) မိုင် (၆) ဖာလုံ
အမ်း- စနဲ- စက်တော်ရာသို့                                 (၅၁) မိုင် (၄) ဖာလုံ

မှတ်ချက်။  ။ မအီ-စနဲကျေးရွာမှ (၃)မိုင် (၂)ဖာလုံ ခရိးထိသာ ကားကြီးများ သွားရောက်နိုင်ပြီး (၃)မိုင် (၂) ဖာလုံမှ (၄) မိုင် (၂) ဖာလုံထိ (၁) မိုင်ခရီးမှာ ပေ (၁၁၀၀)မြင့်သော တောင်တက်ခရီးဖြစ်၍ ကားငယ်များသာသွားလာနိုင်ပါသည်။ (၄) မိုင် (၂) ဖာလုံမှ (၉)မိုင် (၄) ဖာလုံထိခရီး မိုင်(၅) မိုင် (၂) ဖာလုံကွားဝေးပြီး အများအားဖြင့် တောင်ဆင်းလမ်းဖြစ်ပါသည်။ စနဲကျေးရွာမှ (၃)မိုင် (၂) ဖာလုံ ခရီးကို ကားဖြင့်သွားပြီး တောင်တက်ခရီးကို ခြေလျင်ကားလမ်းမအတိုင်း  သွားလျှင် (၆) မိုင် (၂) ဖာလုံ ခရီးအကွာဖြစ်ပါသည်။ လူသွားလမ်းအတိုင်း (၅) မိုင် ခရီးကွာဝေးပါသည်။ (ဖြတ်လမ်း) လက်ပန်ရွာမှ ခြေလျင်ခရီးသွားမည်ဆိုလျှင် (၁၄) မိုင်ခန့်ရှိပါသည်။

(၂၀၁၁ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ ဦးဇော်ဝင်းမြင့်နှင့် ဇနီး ဒေါ်စုစုလွင် တို့မှဖြန့်ဝေ ဓမ္မဒါနပြုသော လက်ကမ်းစာစောင်မှ ကူးယူဖော်ပြအပ်ပါသည်။
ဒီလက်ကမ်းစာစောင်အား လက်ဆောင်ပေးလိုက်သော အစ်မကြီး မအေးအေးမြင့် (တောင်ရင်း) အား အထူးကျေးဇူးတင်ပါသည်။)

မူရင်းရေးသူ Credit

ခိုင်မိုးလင်း တော်လှန်ရီးသန္ဓိဌာန် ( ၅) ချက်

ALP ဥက္ကဌကြီး ခိုင်မိုးလင်း ချမှတ်ခရေတော်လှန်ရီး သန္နိဌာန်(၅)ချက်

..........................................................................


၁။ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ရခိုင့်တပ်မတော်ကို တည်ဆောက်ကတ်


၂။ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ဘဝတူအဖိနှိပ်ခံ ပြည်သူများနန့် လက်တွဲကတ်


၃။ ရခိုင်ပြည်လွတ်လပ်ရေးသည် လက်နက်ကိုင်တော်လှန်မှုမှ တစ်ပါးအခြားမရှိ


၎။ ရခိုင်ပြည်လွတ်လပ်ရေးသည် ရခိုင်အမျိုးသားစည်းလုံးညီညွှတ်မှုတွင် တည်ဟိရေ


၅။ ရန်သူ့ထံတွင် ဒူးထောက်လက်မြောက်ခြင်းသည် အဖိနှိပ်ခံပြည်သူများအတွက် ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုကျူးလွန်ရာရောက်သည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...