ကရင့်တော်လှန်းရေးသမိုင်း
ဆရာကြီးဖူးစကောလယ်တော၏ ကရင်တော်လှန်ရေးသမိုင်း
ပို့ချချက်  အပိုင်း( ၁ )
*****************************************************
ဝေါမုတ်မုတ်
မင်္ဂလာရှိတဲ့မနက်ခင်းပါ။
ယခုအပါတ်ကစပြီ ဆရာကြီးဖူးစကောလယ်တောရဲ့ ကရင်တော်လှန်ရေးသမိုင်းကို ပို့ချပေးမှာဖြစ်ပါတယ်။
ဒီကရင်တော်လှန်ရေးသမိုင်းစာအုပ်ထဲမှာ အပိုင်း ၁နဲ့ အပိုင်း ၂ ဆိုပြီတော့ နှစ်ပိုင်းခွဲခြားထားတာကို တွေ့ရမှာပါ
အပိုင်း ၁ မှာကတော့မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားများရဲ့တော်လှန်ရေးအကြောင်းကို အကျဉ်းတင်ပြပေးထားတာဖြစ်ပြီ
အပိုင်း ၂ မှာ ကရင်သမိုင်း ကရင်တော်လှန်ရေး အကြောင်းကို တင်ပြထားတာတွေ့ရပါတယ်။
ယခုပို့ချပေးမှာက အပိုင်း ၂ ပဲ ဖြစ်ပါတယ်။
အပိုင်း ၂ မှာ ပထမဦးဆုံး ဖော်ပြထားတာကတော့ ကရင်လူမျိုးများရဲ့ မူလဇာတ်မြစ်ပဲ ဖြစ်ပါတယ်။
ကရင်လူမျိုးများရဲ့ မူလဇာတ်မြစ်ဟာ ဘယ်ကနေ ဆင်းသက်လာသလဲ
ဒီအမေးနဲ့အတူ ပညာရှင်တွေ သုတေသနပြုထားတာကိုလေ့လာကြည့်တဲ့အခါ  ထူးခြားချက် လေးချက်ကိုတွေ့ရပါလိမ့်မယ်။
အဲဒီထူးခြားချက်လေးချက်က
၁။ကရင်လူမျိုးများဟာ ပျောက်ဆုံးနေတဲ့အစ္စရေး လူမျိုးဖြစ်တယ်ဆိုတဲ့အချက်
၂။ကရင်လူမျိုးတွေဟာ ဘေဘီလုံကနေ ဆင်းသက်လာတယ်ဆိုတဲ့အချက်
၃။ကရင်လူမျိုးတွေဟာ ဗမာပြည်ကနေ ပေါက်ဖွားလာတယ်ဆိုတဲ့အချက်
၎။ကရင်လူမျိုးတွေဟာ မွန်ဂိုးလီးယားအနွယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့အချက် တွေပဲဖြစ်ပါတယ်။
ဒီအချက်လေးချက်မှာ ဘယ်အချက်နဲ့ ကိုက်ညီနေသလဲဆိုတာ သိရဖို့ ကမ္ဘာ့လူမျိုးစုကြီး သုံးစုအကြောင်းကို လေ့လာရပါမယ်။ကမ္ဘာပေါ်မှာတော့ လူမျိုးစုကြီးဟာ သုံးမျိုးပဲရှိတယ်လို့ ပညာရှင်တွေက သတ်မှတ်ထားတာပါ
အဲဒီ မျိုးနွယ်စုကြီးသုံးစုကို  လူဖြူလူမျိုးအနွယ် အသားဝါလူမျိုးအနွယ် အသားမဲလူမျိုးအနွယ် ဆိုပြီ လွယ်လွယ်လေး မှတ်သားကြမယ်။
လူဖြူလူမျိုးအနွယ်
****************
လူဖြူလူမျိုးကို ကော့ကေးရှပ်အနွယ်ကြီးလို့လဲ ခေါ်ကြပါတယ်။သူတို့ပုံသဏ္ဍာန်တွေက
၁။ဘဲဥပုံဏ္ဍာန် မျက်နှာသွယ်ပြီ မေးချွန်တယ်။
၂။နှခေါင်းကကြီးတယ် ရှည်တယ် ချွန်တယ်။
၃။ဆံပင်တွေပျော့ပြီ ကောက်တယ် ပါးတယ်။
၎။မျက်လုံးက ပြာတယ်
၅။အသားတွေဖြူတယ် အနည်းအကျဉ်းတော့ အသားမဲတာလည်းရှိပါတယ်။
အသားဝါလူမျိုးအနွယ်
********************
အသားဝါလူမျိုးအနွယ်ကို မွန်ဂိုးရီးယားအနွယ်ကြီးလို့ ခေါ်ပါတယ်။သူတို့ရဲ့ပုံသဏ္ဍာန်က
၁။မျက်နှာကျယ်ပြီဝိုင်းတယ်
၂။မေးရိုးဖောင်းပြီ ကားထွက်တယ်။
၃။မျက်လုံးကမဲတယ်။
၎။နှခေါင်းပွပြီကျယ်တယ်။
၅။ဆံပင်ကမဲတယ် ဖြောင့်စင်းတယ်။
၆။ခြေသလုံးကြီးတယ်။
၇။အများအားဖြင့် အသားကဝါတယ်။
အနည်းအကျဉ်းတော့ ဖြူတာလည်းရှိပါတယ်။
အသားမဲလူမျိုးအနွယ်
*******************
အသားမဲလူမျိုးအနွယ်ကို နီဂရိုးအနွယ်လို့လည်း ခေါ်ပါတယ်။သူတို့ရဲ့ပုံသဏ္ဍာန်က
၁။နှာခေါင်းအနည်းငယ်ပြားတယ်။
၂။မေးရိုးအနည်ငယ်ကွေးတယ်။
၃။နှုတ်ခမ်းထူတယ်။
၎။ဆံပင်ကကောက်ကွေးပြီထူတယ်။
၅။အသားတွေက မဲနက်တယ်။
ဒီမျိုးနွယ်စုကြီး သုံးစုရဲ့ ပုံသဏ္ဍာန်းကို လေ့လာကြည်မယ်ဆိုရင် ကရင်လူမျိုးတွေဟာ အသားဝါ လူမျိုး (မွန်ဂိုးရီးယားအနွယ်)နဲ့ တူညီနေတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က ရှေးကရင်ဘိုးဘွားများ လက်ဆင့်ကမ်းခဲ့တဲ့ ထား ကဗျာတွေမှာလည်း ကရင်တွေရဲ့ မူလနေရာဟာ ထီဆေ့မေ့ယွားလို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီထီဆေ့မေ့ယွားကို ပညာရှင်တွေ သုတေသနပြုတဲ့အခါ ထီဆေ့မေ့ယွားဟာ ဂိုဘီ သဲကန္တရ လွင်ပြင်ဖြစ်ပြီ ဒီ ဂိုဘီ သဲကန္တရရဲ့ မြောက်ဘက်တည့်တည့်မှာ မွန်ဂိုးရီးယားအရပ် ရှိနေတာကိုလည်း တွေ့ရပါတယ်။
ယနေ့သမိုင်း ပညာရှင်များ အားလုံးလိုလိုကလည်း ကရင်လူမျိုးများဟာ မွန်ဂိုးရီးယား အနွယ်မှ ဆင်းသက်သူများဖြစ်တယ်လို့ လက်ခံထားကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကရင်လူမျိုးတွေဟာ မွန်ဂိုးရီးယားအနွယ်ကနေ ဆင်းသက်လာတဲ့ လူမျိုးဖြစ်တယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိတာမို့  ကော့ကေးရှပ် မျိုးနွယ်မှ ဆင်းသက်လာတဲ့ အစ္စရေးလူမျိုး ဘေဘီလုံကအာရပ်လူမျိုးတွေနဲ့ မျိုးနွယ်ခြင်းမတူတာကို ကြည့်ခြင်းအားဖြင့် ၁။ကရင်လူမျိုးများဟာ ပျောက်ဆုံးနေတဲ့အစ္စရေး လူမျိုးဖြစ်တယ်ဆိုတဲ့အချက်
၂။ကရင်လူမျိုးတွေဟာ ဘေဘီလုံကနေ ဆင်းသက်လာတယ်ဆိုတဲ့အချက် အဲဒီအချက်၂ချက်ကိုအလိုအလျောက်
ငြင်းပယ်ပြီသားဖြစ်သွားပါတယ်။
ကဲ ဒီလောက်ဆိုရင် ကရင်လူမျိုးဟာ ဘယ်မျိုးနွယ်ထဲမှာပါသလဲ ကရင်လူမျိုးရဲ့ မူလဇာတ်မြစ်ဟာ ဘာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
ကရင်လူမျိုးတွေရဲ့ မူလနေရာကတော့ ထီဆေ့မေ့ယွားလို့ ခေါ်တဲ့ ဂီုဘီ သဲကန္တရလွင်ပြင် အရပ်ကဖြစ်ပြီ မူလဇာတ်မြစ်ကတော့ မွန်ဂိုးရီးယားအနွယ်က ဖြစ်တယ်ဆိုတာကို လေ့လာမှတ်သားရင်း ဒီတစ်ပါတ်အတွက် ပို့ချချက်ကို ရပ်နားကြပါရအောင်။
ခု ဒါတွေကိုလေ့လာပြီတဲ့နောက်မှာ
၁။ကရင်လူမျိုးများသည် လူမျိုးနွယ်စု သုံးခုထဲတွင် မည်သည့်မျိုးနွယ်တွင် ပါဝင်သနည်း။
၂။ထီဆေ့မေ့ယွားသည် မည်သည့်အရပ်က ဖြစ်ပါသနည်း။
၃။အသားဝါ လူမျိုးအနွယ်ရဲ့ ပုံသဏ္ဍာန်သည် ဘယ်လိုပံသဏ္ဍာန် ရှိသနည်း။
ဆိုတဲ့မေးခွန်းသုံးခုကို ပေးလိုက်မယ် ဒီအမေးကိုဖြေပေးရမယ်နော် ဖြေတဲ့သူကို ကိုယ့်အမျိုးအနွယ်ကို စိတ်ဝင်စားတဲ့သူလို့ သတ်မှတ်မယ်။
ဖြေရမှာပျင်းတဲ့သူကိုတော့ အဝါကပ်အပေးခံရမယ်နော်။
အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။
အော်ဆောင်အော်ခလိုင် ကိုယ့်ဂါးသိပ်။
တစ်ကောင်းတည်း ဒါပေမယ့် ခြသေ့င်္
သူ့ကို ကျနော်သတိထားမိတာ ၂၀၁၁ ခုနှစ်လဂျား
ယန်မှာ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး
သန်းအောင်(ငြိမ်း) ကို လိုအပ်တဲ့မေးခွန်းတွေမေးပြီး
နယ်လုံဝန်ကြီးကို ကျဉ်းထဲကြပ်ထဲရောက်စေခဲ့က
တည်းကပါ
အပြင်ပန်းကြည့်လိုက်ရင် အမြဲပြုံးနေပေမယ့်သူ့ဆီ
မှာ သူ့လူမျိုးအတွက်ဆိုရင် အဘယ်သို့သောပုဂ္ဂိုလ်
ဖြစ်နေစေကာမူ တစ်ချက်မှမတွန့်ပဲ ရဲရဲရင့်ရင့်မေး
ခွန်းထုတ်တတ်သူ
အိမ်ကွင်းအဝေးကွင်း ကွင်းမရွေးပဲခြေစွာလွန်းတဲ့သူ
လို့မြင်တယ်
ပုံမှာမြင်တာတော့ NCA နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲ
တစ်ခုမှာ ဗိုလ်ချုပ်ဂွမ်မော် နဲ့ MPC ကဦးအောင်မင်း
တို့ အခြေအတင်ဆွေးနွေးခဲ့ရတဲ့မြင်ကွင်းပါ
ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ရဲရင့်ပြတ်သားတဲ့ မေးခွန်းဒါမှမ
ဟုတ် ပြန်လည်ချေပချက်ကို ဦးအောင်မင်းအနေနဲ့
အတော့်ကို ထိ သွားတဲ့ပုံစံပဲ
ရယ်သူကရယ် ဆွဲသူကဆွဲပေး နဲ့ မောင်မင်းကြီးသား
တွေအတော့်ကိုဖွဲ့စည်းပုံပျက်သွားကြတယ်
စစ်စိမ်းနှစ်ယောက် တိုက်ပုံဝတ်တစ်ယောက်  စုစု
ပေါင်း သုံးယောက်ကို ဗိုလ်ချုပ်ဂွမ်မော် တစ်ယောက်
တည်းနဲ့ ရင်ဆိုင်နေတာ သာမန်ကာလျှံကာကြည့်ရင်
မမျှတဘူးလို့ ထင်ရပေမယ့် အသေးစိပ်လေ့လာ
ကြည့်လိုက်မှ ဦးအောင်မင်း က လက်ဟန်ခြေဟန်
လောက်သာပြနိုင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက တောင်း
ပန်တဲ့ပုံစံနဲ့ လက်ကိုဆွဲ ဒီဖက်က ခေါင်းဖြူ ခင်ဇော်
ဦး က အရာမရောက်တဲ့စကားတွေနဲ့တွတ်ထိုးနေတဲ့
ပုံစံတွေကိုကြည့်လိုက်ခြင်းအားဖြင့် MPC ကဘက်
တော်သားတွေ ဖရိုဖရဲဖြစ်သွားကြတာတွေ့ရတယ်
အရေအတွက်မလိုဘူး အရည်အချင်းသာအဓိက
အရည်အချင်းမရှိတဲ့ စစ်ဗိုလ်ချုပ်တွေ မည်မျှပင်ပေါ
များနေစေကာမူ အရည်အချင်းနဲ့ပြည့်စုံတဲ့သူတစ်
ယောက်ကတော့ တွန့်ဆုတ်နေမှာမဟုတ်ဘူးဆိုတာ
ယုံမှားသံသယ ဖြစ်နေစရာမလို
တစ်ကောင်တည်း ဒါပေမယ့်ခြင်္သေ့
သူကတော့ ဗိုလ်ချုပ် ဂွမ်မော်
credit //လွင်ကိုကိုထက်
ဝေသာလီခေတ် ကျောက်စာ
ရခိုင့်သမိုင်းအတွက် အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်သော ယေဓမ္မဂါထာ
ရေးထိုးထားသည့် ဝေသာလီခေတ် ကျောက်စာတစ်ချက်
........................................................................
မြောက်ဦးမြို့တောင်ဖြူဆည်မြေဖြိုထားရာမှတွေရသည့် ယေဓမ္မာဂါထာ
ရေးထိုးပါရှိသော ဝေသာလီခေတ်ကျောက်စာတစ်ချပ် ဖြစ်သည်။
ဤကျောက်စာသည် ရခိုင်သမိုင်းအတွက် အလွန်တစ်ရာမှ တန်ဖိုးမဖြတ်နိုင်သော
ကျောက်စာတစ်ချပ်ဖြစ်သည်။
မြန်မာ(ခေါ်) ဗမာ တို့မှ ဗမာပြည်နယ်သို့ ခိုးယူမလားနိုင်စေရန် စောင့်ယှောက်
ကာကွယ်ပေးကြရမည့်တာဝန်မှာ ရခိုင်လူမျိုးတို့၏ တာဝန်ရာ ဖြစ်သည်။
စစ်ခွေးပစ် မုဆိုးပြန်လည်မျှဝေသသည်။
ဓါတ်ပုံ/ FB
ပလက်ဝချင်းပြည်နယ်ပိုင်တယ်ဆိုပေမဲ့ သမိုင်းမှာ မပိုင်ဆိုင်ပါ
Dr-Suikhar မှ သမိုင်းအထောက်အထား
ခိုင်လုံစွာဖြင့် ရှင်းလင်းပေးစေလို့ 
*************************************
သြဂုတ်လ-၃၀
သို့ သော် "သမိုင်းသည် ချင်းပြည်မဟုတ်"
ချင်းပြည်နယ် ဖြစ်ကြောင့်ကို Dr-Suikharအနေ
ဖြင့် သမိုင်းအထောက်အထားအပြည့်အစုံဖြင့်
ချပြသင့်သည်။
အားလုံးသည် အင်္ဂလိပ်လက်အောက်
်(သို့  မဟုတ်) မကျရောက်မည် အချိန်ကာလ
ချင်းလူမိုးများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
၁၈၉၆-ခုနှစ် ချင်းတောင်တန်းဥပဒေသည်
သမိုင်းအထောက်အထား မဟုတ်ကြောင့်
သိရှိစေရန်လိုသည်။
ရခိုင်လူထုမှ လက်ခံပေးနိုင်မည်ဖြစ်ကြောင့်
Dr-Suikhar အား အသိပေးအပ်ပါသည်။
၁၉၄၇-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏
ဖွဲ့ စည်းအုပ်ခူပ်ပုံ အခြေခံဥပဒေပုဒ်မ(၁၉၆)အရ
ချင်းဝိဒေသ တိုင်း သတ်မှတ်ထားခြင်းသည်
အယင်းအစိုးရ၏ မူဘောင်းသာဖြစ်ပြီး
မဟုတ်ကြောင့် Dr-Suikhar သိရှိစေရန်လိုသည်။
Dr-Suikharအနေဖြင့် သမိုင်းအထောက်အထား
အပြည့်အစုံဖြင့် သမိုင်းသုတေသီပညာရှင်များနှင့်
လက်ခံသဘောပေါက်နိုင်အောင် ရှင်းပြပေးစေ
လို ပါသည်။
စကြဝတေးမင်း ပေါ်မည့်အချိန်နီးကပ်နေပါပြီ
၁။သက္ကရာဇ်သင်္ချာ ထောင့်သုံးရာနှင့်စွန်း ရာသုံးဆယ်ကျော်သည့်ခါဝယ် ပြည်ရွာဆူပူ ဖြစ်လိမ့်မည်။
၂။ တိုင်းသူပြည်သား ယောင်္ကျား၊မိန်းမ ဟူသမျှမှာ ရန်စမအေး စစ်ကြားစစ်ဒဏ် တမ်ဒါးပြ သူပုန်ထ၍ ရာဖလုပ်သူ ဇမ္ဗူမရှိ ဖြစ်လိမ့်မည်။
၃။ မင်းကောင်းစိုးကောင်း လုပ်သူ အယောင်ဆောင်များလည်း ပေါ်လိမ့်မည်။
၎။ ထိုသောအခါ သာသနာထမ်း ရဟန်းအယောင် များလိမ့်မည်။
၅။ သူမင်း၊ ငါမင်း အချင်းချင်းလည်း စစ်ခင်းထိုခါ များလိမ့်မည်။
၆။ မင်းကားအလွတ် ပြည်ဥပါဒ်လည်း ဖြစ်လိမ့်မည်။
၇။ ရဟန်းယောင်ယောင် ကျောင်းတစ်ဆောင်နှင့် များလိမ့်မည်။
၈။ ရဟန်းစိတ်တို မနာလို၍ ရွာကိုနှစ်ခြမ်း ခွဲလိမ့်မည်။
၉။ ရွာတစ်ရွာမှ ကြင်နာမသနား ဒေါသပွား၍ အဘတခြား သားတခြားလည်း ဖြစ်လိမ့်မည်။
၁၀။ ပို့ဆွမ်းမနိုင် ကိုယ်တိုင်ချက်စား ရဟန်းများလည်း သပိတ်ကိုမသုံး အိုးကိုသုံး၍ ခေါင်းတုံးထိုခါ များလိမ့်မည်။
၁၁။ သာသနာထမ်း ရဟန်းဖြူစင် သီလရှင်လည်း စိတ်လျှင်ထိုခါ ညစ်လိမ့်မည်။
၁၂။ ထိုသည်အခါ ယောင်္ကျားများမှာ ရှေးကအသုံး ယောင်ထုံးလည်းပျောက် ဆံတောက်နှင့်သာ များလိမ့်မည်။
၁၃။ အင်္ကျီလက်တို လူပျို၊လူကြီး များလိမ့်မည်။
၁၄။ လုံချည်တောင်ရှည် မသွယ်ထိုခါ ပျောက်လိမ့်မည်။
၁၅။ အင်္ကျီမဟုတ် ကုလားခြုပ်ကို အဟုတ်ထိုခါ ၀တ်လိမ့်မည်။
၁၆။ ပန်းတူမဟုတ် ၀ါးခေါင်းဘုတ်ကို အဟုတ်ထိုခါ ၀တ်လိမ့်မည်။
၁၇။ ရွှေလည်းမဟုတ် ကြေးကိုလုပ်၍ အဟုတ်ထိုခါ ၀တ်လိမ့်မည်။
၁၈။ ၀ိပတ်သနာ အရွာရွာမှာ သူမှန်၊ငါမှန် ငြင်းဆန်ရန်စ များလိမ့်မည်။
၁၉။ ထမီပါးပါး အင်္ကျီပါးကို အများမိန်းမ ၀တ်လိမ့်မည်။
၂၀။ ရှက်ကြောက်ကင်းကွာ ထိုအခါလည်း အမှန်မုချ များလိမ့်မည်။
၂၁။ အိနြေ္ဒမထား မိန်းမများကို မြှောက်စားရုံးတော် တင်လိမ့်မည်။
၂၂။ သူ့လင်၊ငါ့လင် လိုချင်လောဘ လင်လုမလည်း မုချထိုခါ များလိမ့်မည်။
၂၃။ ကျောင်းကန်ဇရပ် ခွဲဖျက်သောသူ များလိမ့်မည်။
၂၄။ သတိမထား ကျင့်ဖောက်ပြား၍ တရားမရှိ လူဒိဌိလည်း အသေအပျောက် များလိမ့်မည်။
၂၅။ တောင်ကြီး၊ကမ်းကြီး အပြီးထိုခါ ပျက်လိမ့်မည်။
၂၆။ သီလဖြူစင် ရဟန်းရှင်တို့ ထိုခါစိတ်ကြီး ညစ်လိမ့်မည်။
၂၇။ ဗုဒ္ဓဘာသာ အရောင်ဝါလည်း ညိုးလိမ့်မည်။
၂၈။ ကျောင်းကန်ဇရပ် အမြတ်မြတ်ကို မုဆိုးဖျက်၍ မုချထိုခါ ပြိုလိမ့်မည်။
၂၉။ ထိုသည်အခါ ပြည်ရွာဆူလျှက် ငတ်မွတ်ဘေးကြီး ဆိုက်လိမ့်မည်။
၃၀။ မိုးလည်းမမှန် ကပ်သုံးတန်နှင့် တွေ့လိမ့်မည်။
၃၁။ အရက်သေစာ ရပ်ရွာကြီးငယ် သောက်လိမ့်မည်။
၃၂။ ကြီးသူစကား ငယ်သူနားမှာ အမှားထိုခါ ကြားလိမ့်မည်။
၃၃။ ဘောကပိတ်ဖုံး ပြည်လုံးဒိဌိ ဖြစ်လိမ့်မည်။
၃၄။ အမိမမြင် သားမမြင် ထိုခါတရား တွေ့လိမ့်မည်။
၃၅။ သားမိ၊သားဖ သမီးစသည် အစ်မ၊အစ်ကို ထိုခါမရွေး တရားစွဲ၍ ဖြစ်လိမ့်မည်။
၃၆။ ထိုသည်အခါ မိစ္ဆာအယူ ကြီးသူငယ်သား အယူမှား၍ တရားပျောက်ကွယ် သွားလိမ့်မည်။
၃၇။ ကျင့်ဝတ်မမှန် ကျင့်ဖောက်ပြန်၍ ခိုက်ရန်များကြီး ပျက်စီးထိုခါ များလိမ့်မည်။
၃၈။ ကြီးသူငယ်သား အယူမှား၍ တရားယွင်းချက် မိန်းမပျက်တို့ အ၀တ်မလုံ ဖြစ်လိမ့်မည်။
၃၉။ ပျိုပျိုအိုအို မောင့်ကိုအိမ်ထောင် ပြုလိမ့်မည်။
၄၀။ ပျိုအိုမရွေး လင်ရပွဲလည်း များလိမ့်မည်။
၄၁။ တစ်ရာ့တစ်ပါး လူမျိုးများလည်း ခြားနားမရှိ ဖြစ်လိမ့်မည်။
၄၂။ အသရေကင်း လူ့အကျင့်လည်း မချွတ်ထိုခါ ပျက်လိမ့်မည်။
၄၃။ ကျောင်းထိုင်ရဟန်း အကျင့်ဆန်း၍ ရဟန်းမယား ရလိမ့်မည်။
၄၄။ အသရေအရှက် လူ့အကျင့်လည်း မချွတ်ထိုခါ ပျောက်လိမ့်မည်။
၄၅။ ကျောင်းအိမ်မရွေး ထိုခေတ်ထဲမှာ ဖြစ်လိမ့်မည်။
၄၆။ မြို့ရွာ၊ပြည်ရွာ အပူဒုက္ခ များလိမ့်မည်။
၄၇။ ငတ်ကိန်း၊မွတ်ကိန်း အပြီးထိုခါ ဆိုက်လိမ့်မည်။
၄၈။ တရားမသိ လူ့ဒိဌိလည်း မောဟမုချ များလိမ့်မည်။
၄၉။ (၉၆)ဖြာ ဝေဒနာလည်း အဆန်းထိုခါ များလိမ့်မည်။
၅၀။ ဘုရားကျောင်းကန် ထိုခါအမှန် မုချပျက်ကိန်း ဆိုက်လိမ့်မည်။
၅၁။ ရတနာသုံးပါး မှန်တရားကို အမှားလူတို့ ထင်လိမ့်မည်။
၅၂။ ကြီးသူအ၀တ် ငယ်သူဝတ် အ၀တ်ထိုခါ မှားလိမ့်မည်။
၅၃။ ရွှေ၊ငွေတိမ်ပျောက် ရှေ့၊နောက်သိမြင် ရဟန်း, ရှင်, လူ ခပ်သိမ်းသူမှာ စိတ်ပူသောက များလိမ့်မည်။
၅၄။ မင်းစိုးရာဇာ ထိုခါမရှိ ဖြစ်လိမ့်မည်။
၅၅။ တောတွင်းသူပုန် မြို့သူပုန် အကုန်ထိုခါ တိုက်လိမ့်မည်။
၅၆။ သာသနာထမ်း ရဟန်းမြတ်တို့ အနွမ်းထိုခါ ဖြစ်လိမ့်မည်။
၅၇။ ဦးစီးရဟန်း အပြီးထိုခါ မြို့ပြည်ရွာမှာ မဟာတပ်ကြီး ဖွဲ့လိမ့်မည်။
၅၈။ သာသနာတ၀က် ရောက်သောအခါ စစ်ကြီးအမှန် ဖြစ်လိမ့်မည်။
၅၉။ ပါပလူမျိုး အကျင့်ဆိုးတို့ အရိုးတောင်လို ပုံလိမ့်မည်။
၆၀။ မုနိနှစ်ပါး ချွေးကားပြိုင်ပြိုင် ထွက်လိမ့်မည်။
၆၁။ မြေကြီးငလျှင် လှုပ်လိမ့်မည်။
၆၂။ မိုးပြင်း၊လေပြင်း တိုက်လိမ့်မည်။
၆၃။ ပြည်တွင်း၊ပြည်ပ ပျက်လိမ့်မည်။
၆၄။ ရမ်းဗြဲ၊မာန်အောင် နှစ်အိမ်ထောင်နှင့် နှစ်ကောင်းကျွဲထီး ကျန်လိမ့်မည်။
၆၅။ ကျောက်တော်တောင်ကြီး အပြီးထိုခါ မြှပ်လိမ့်မည်။
၆၆။ ရမ်းဗြဲ၊မာန်အောင် သတိဆောင် ဥာဏ်ရောင်လင်းမှ လွတ်လိမ့်မည်။
၆၇။ မယူမြစ်ဝ လှိုင်းကြီးထ၍ ရှိသမျှလူတို့ ပြုန်းလိမ့်မည်။
၆၈။ ဂစ္ဆပနဒီ သရီ၊ရမ်းချောင်း အပေါင်းလူတို့ ပျက်လိမ့်မည်။
၆၉။ လေးမြို့၊ရာမောင် မြတ်ရွှေတောင်၌ လူကောင်းကြမ်းဆိုး တင်လိမ့်မည်။
၇၀။ သက္ကရာဇ်သင်္ချာ ထောင့်သုံးရာနှင့် စွန်းရာသုံးဆယ် ရှစ်ခုဝယ်၌ ထိုသည်အခါ ရှေ့ပုပ္ပါးက မသမာတရုတ် ဖျက်လိမ့်မည်။
၇၁။ ကုလား၊တရုတ် ဘေးရန်ကြောင့် မြန်မာ၊ရခိုင် စစ်ပြိုင်ထိုခါ ဖြစ်လိမ့်မည်။
၇၂။ မြန်မာပြည်ကြီး အပြီးထိုခါ ပျက်လိမ့်မည်။
၇၃။ အောက်သမတစ်စုံ ဆန်တစ်ဒုံနှင့် လိုသမျှကို မုချထိုခါ ရလိမ့်မည်။
၇၄။ ရွှေတိဂုံဘုရား မြတ်ရှင်အားကို ကုလား၊တရုတ် ဖျက်လိမ့်မည်။
၇၅။ မြန်မာအများ လက်နက်စွဲကိုင် မခံနိုင်၍ စစ်ပြိုင်ထိုးခုတ် အဟုတ်ထိုခါ ရွှေဗမာတို့ သွေးချောင်းထိုခါ စီးလိမ့်မည်။
၇၆။ တရုတ်ကပြုံး ဗမာရှုံး စုန်းစုန်းထိုခါ မြုပ်လိမ့်မည်။
၇၇။ သုံးနှစ်တိုင်တိုင် အနိုင်ယူခါ ပြည်မြန်မာကို မသမာတရုတ် စိုးလိမ့်မည်။
၇၈။ ထိုသည်အခါ ပြည်ဓညမှာ မဟာမုနိ စေတီကြိးကို ခွေးဝက်အမျိုး ကုလားမျိုးတို့ လုယူထိုခါ တိုက်လိမ့်မည်။
၇၉။ မျိုးမြတ်ရခိုင် ဓညပြည်သား ယောင်္ကျား၊မိန်းမ ဒုတ်၊ဒါးလက်နက် ရသည်လက်နက် ဆွဲလျက်ကိုင်ပြီး စစ်ကြီးထိုခါ ဖြစ်လိမ့်မည်။
၈၀။ ထိုသည်အခါ ရေမှာနေငြား ကျောက်ငနွားလည်း ကျော၍ပေါ်လာ စစ်ပွဲမှာလည်း မှန်စွာမုချ ကူလိမ့်မည်။
၈၁။ ဇီးဇာတလျှောက် သွေးရေပေါက် ဒူးလောက်ထိုခါ မြုပ်လိမ့်မည်။
၈၂။ ထိုသောအခါ မင်းစကြာနှင့် ၀ိဇ္ဖာအပေါင်း ကူညီလောင်း၍ ရှိသမျှရန်စ ပြည်ဓညမှာ မုချထိုခါ ရှင်းလိမ့်မည်။
၈၃။ အနောက်ကုလား ပစ္စည်းများကို သင်္ဘောယဉ်မြန် အမှန်ခုနှစ်စင်း အပြီးတင်ခါ ပြေးလိမ့်မည်။
၈၄။ ရခိုင်ပြည်သား လူအများလည်း တရားထိုခါ ဆောင်လိမ့်မည်။
၈၅။ ထိုသည်အခါ မုနိရှင်တော် ဘုရားလည်းပေါ် ညီတော်ရှင်ကျော် ပုံတော်တူမှာ ပြည်မြန်မာက ရောက်လာကြီး မြင့်မောက်နေငြား ကျိန်းတောင်ဖျား၌ ရုပ်ပွါးကိုယ်တော် သုံးဝါထိုခါ ဆိုလိမ့်မည်။
၈၆။ ထိုသည်အခါ ရွှေကျန်ဘုရား ကြွငြားအမှန် ရောက်လိမ့်မည်။
၈၇။ ထိုသည်အခါ သမိုင်းအရ ပြည်ဓည၌ ရှေ့ကထင်ရှား သွန်းလုပ်ထားသည့် ဘုရားမဟာဂျီ တစ်လီမကျန် အမှန်ထိုခါ ရောက်လိမ့်မည်။
၈၈။ ရာဇာမင်းတရား သွန်းလုပ်ထားသည့် ဘုရားမြတ်စွာ ကြွရောက်လာအံ့။
၈၉။ ထိုသောအခါ မင်းစောလှ၏ တည်ထားဘုရား ဒုက္ကန်သိမ်သို့ ကြွရောက်လာအံ့။
၉၀။ မျိုးသန့်ရခိုင် ဓညပြည်သည် အမြဲဓာတ်တော် ပေါ်လိမ့်မည်။
၉၁။ ခုခါမတရား ကျင့်နေငြား တရားချွတ်ယွင်း ပျက်သူများလည်း အပူဒုက္ခ ရောက်လိမ့်မည်။
၉၂။ တပါးထို့တူ အလောင်းဟူသည် မင်းမူတည်ထား ဘုရားကိုးသောင်း လှိုင်းခေါင်းကိုယ်တော် ကြွရောက်လာအံ့။
၉၃။ ဓညပြည်ကြီး လွတ်ခါနီး သံကြီးသုံးခါ မြည်လိမ့်မည်။
၉၄။ ထိုသံကြားရ ကြောက်ကိန်းလှ မုချထိုခါ တွေ့လိမ့်မည်။
၉၅။ တရားမသိ မရှိသံဃာ ထိုပြည်ရွာမှာ အမှန်မုချ ပျောက်လိမ့်မည်။
၉၆။ မူဆလင်ကုလား လူမျိုးများလည်း အများထိုခါ ပြုန်းလိမ့်မည်။
၉၇။ ဖလောင်းလူမျိုး အကျင့်ဆိုးတို့ တန်ခိုးမရှိ ဖြစ်လိမ့်မည်။
၉၈။ ထိုသည်အခါ ပြည်ဓည ဝေသာလီမှာ မဟာမြို့ကြီး တည်လိမ့်မည်။
၉၉။ မြောက်ဦးနန်းရာ မဟာသိမ်ကြီး ဆောက်လိမ့်မည်။
အထက်က ၉၉ ချက်ဟာ ပညာရှိတို့၏ ဟောကြားချက်ပါ။
#သာသနာ၂၅၀၀ကျော်လျင် #စစ်ဘေးကြီးဆိုက်နေစဉ် စကြာဝတေးမင်းပေါ်မည်လို့ အရိမေတ္တယျဗုဒ္ဓဝင်ကို ဗုဒ္ဓဟောကြားရာ၌လည်း ပါရှိပါတယ်။
အံ့သြစရာကောင်းသော ရခိုင်လူမျိုးများ
(၁) ရခိုင်​တို့သည်​ ကြေးသွန်းအတတ်ပညာကို ကမ္ဘာ့ ပထမဆုံး တတ်မြောက်သည်ဟု ဆိုကြသည်။
.
(၂) ငှက်ဖျားရောဂါ ကုသနည်းကို မြောက်ဦးခေတ်တွင် ရခိုင်များ တတ်မြောက်ကြသည်ဟု မှတ်သားဖူးသည်။
.
(၃) မြန်မာနိုင်ငံတွင် မြို့ပြနိုင်ငံတည်ထောင်ကာ ရွှေဒင်္ဂါး ၊ငွေဒင်္ဂါး များကို ပထမဆုံး ရိုက်နှိက်သုံးစွဲသည့် လူမျိုးဟု မှတ်သားဖူးသည်။
.
(၄) မြန်မာနိုင်ငံတွင် ပထမဆုံး ဘဏ်တည်ထောင်သူမှာ ရခိုင်လူမျိုးဖြစ်သည်။
.
(၅) မြန်မာနိုင်ငံ၏ ပထမဆုံးသော ကိုယ်ပိုင်ရေပြင် လျှပ်တိုက်လေယဉ်စီးသော လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။
.
(၆) အော့စဖို့ သက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး အသင်းတည်ထောင်သူများမှာ ရခိုင်များပင်ဖြစ်သည်။
.
(၇) မြောက်ဦးထီးနန်း ကျဆုံးအောင် ၇န်သူနှင့် ၀ိုင်းတိုက်သည့် လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။
.
(၈) ရခိုင်နိုင်ငံကျဆုံးပြီး ဗုဒ္ဓဘာသာ အမြစ်ပြတ်ချေမှုန်းခံရသော်လည်း ထိုဘာသာသည် ယနေ့ထိပင် စည်ကားနေသည်ြ့ပည်သည် ရခိုင်ပြည်ပင်ဖြစ်သည်။
.
(၉ ) စာပေ၊ဘာသာစကား၊ဂီတ စသည်များ လုံးဝ ချေမှုန်းခံရသော်လည်း ယနေ့ထိ ကိုယ့်ဘာသာစကား ကိုယ်ပြောကာ ကိုယ်ပိုင်ဂီတ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် နေထိုင်နေသည့် လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။ ရခိုင်ပြည်ရှိ အစိုးရကျောင်းများတွင် ရခိုင်စကားနှင့်သာ သင်ကြားပို့ချပါသည်။
.
(၁၀) နိုင်ငံမှ ပြည်နယ်အဖြစ်သို့ အသားနားခံလက်ဖြန့်တောင်းသော လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။
.
(၁၁) အခါတစ်ရာ အလိမ်ခံရသော်လည်း နောက်တစ်ခါ လိမ်ပါက ယုံတတ်သော လူမျိုးသည် ရခိုင်ပင်ဖြစ်ပါသည်။
.
(၁၂) မြန်မာနို်င်ငံ၏ အဆင်းရဲဆုံးပြည်နယ်သည် ရခိုင်ပြည်ဖြစ်သည်။
.
(၁၃) ဘာသာရေး၊ ယဉ်ကျေးမှု နှင့်ဆိုင်သော ပွဲတော်များကို ရခိုင်ပြည်ပြင်ပတွင် တခန်းတနားကျင့်ပသည့် လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။ ( ရခိုင်သင်္ကြန်သည် ရခိုင်ပြည်ထက် ပြည်ပတွင် ထူးဆန်းစွာပင် ပိုစည်ကားသည်။ ရခိုင်စတိတ်ရှိုးများသည် ရခိုင်ပြည် ပြင်ပတွင် ပိုစည်ကားသည်)
.
(၁၄) အစည်းအဝေးများတွင် တစ်ယောက်တစ်ပေါက်ပြောဆိုကြသော်လည်း မိမိလူမျိုး၊ နိုင်ငံ၊သမိုင်းကြောင်းများ ပြောဆိုပါက ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်တတ်သော လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။
.
(၁၅) ဖြစ်လတံ့သော ဘေးဒုက္ခအမျိုးမျိုး ၊ ဥပမာ ရေဘေး၊မီးဘေး၊စစ်ဘေး စသည်တို့မှ ဘေးဒုက္ခသည်အပေါင်းတို့အား မည်သည့်လူမျိုး ၊ မည်သည့်နိုင်ငံမှ အကူအညီမပါဘဲ နလန်ထူနိုင်လာအောင် လုပ်နို်င်သော လူမျိုးမှာ ရခို်င်ပင်ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့ ရှိရပါသည်။
.
(၁၆).. စည်းရုံးကြပါဟု နှစ်ပေါင်း ၃၀၀ နီးပါးပြောဆိုကြသော်လည်း ယနေ့ထိ မစည်းရုံးနိုင်သော လူမျိုးသည် ရခိုင်ပင်ဖြစ်ကြောင်း ထုးဆန်းစွာ သိရှိရသည်။
တော်လှန်ရဲ မျိုးချစ်စစ်သည်  (ပြန်လည်မျှဝေသည်​)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...