ကရင့်တော်လှန်းရေးသမိုင်း
ဆရာကြီးဖူးစကောလယ်တော၏ ကရင်တော်လှန်ရေးသမိုင်း
ပို့ချချက် အပိုင်း( ၁ )
*****************************************************
ဝေါမုတ်မုတ်
မင်္ဂလာရှိတဲ့မနက်ခင်းပါ။
ယခုအပါတ်ကစပြီ ဆရာကြီးဖူးစကောလယ်တောရဲ့ ကရင်တော်လှန်ရေးသမိုင်းကို ပို့ချပေးမှာဖြစ်ပါတယ်။
ဒီကရင်တော်လှန်ရေးသမိုင်းစာအုပ်ထဲမှာ အပိုင်း ၁နဲ့ အပိုင်း ၂ ဆိုပြီတော့ နှစ်ပိုင်းခွဲခြားထားတာကို တွေ့ရမှာပါ
အပိုင်း ၁ မှာကတော့မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားများရဲ့တော်လှန်ရေးအကြောင်းကို အကျဉ်းတင်ပြပေးထားတာဖြစ်ပြီ
အပိုင်း ၂ မှာ ကရင်သမိုင်း ကရင်တော်လှန်ရေး အကြောင်းကို တင်ပြထားတာတွေ့ရပါတယ်။
ယခုပို့ချပေးမှာက အပိုင်း ၂ ပဲ ဖြစ်ပါတယ်။
အပိုင်း ၂ မှာ ပထမဦးဆုံး ဖော်ပြထားတာကတော့ ကရင်လူမျိုးများရဲ့ မူလဇာတ်မြစ်ပဲ ဖြစ်ပါတယ်။
ကရင်လူမျိုးများရဲ့ မူလဇာတ်မြစ်ဟာ ဘယ်ကနေ ဆင်းသက်လာသလဲ
ဒီအမေးနဲ့အတူ ပညာရှင်တွေ သုတေသနပြုထားတာကိုလေ့လာကြည့်တဲ့အခါ ထူးခြားချက် လေးချက်ကိုတွေ့ရပါလိမ့်မယ်။
အဲဒီထူးခြားချက်လေးချက်က
၁။ကရင်လူမျိုးများဟာ ပျောက်ဆုံးနေတဲ့အစ္စရေး လူမျိုးဖြစ်တယ်ဆိုတဲ့အချက်
၂။ကရင်လူမျိုးတွေဟာ ဘေဘီလုံကနေ ဆင်းသက်လာတယ်ဆိုတဲ့အချက်
၃။ကရင်လူမျိုးတွေဟာ ဗမာပြည်ကနေ ပေါက်ဖွားလာတယ်ဆိုတဲ့အချက်
၎။ကရင်လူမျိုးတွေဟာ မွန်ဂိုးလီးယားအနွယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့အချက် တွေပဲဖြစ်ပါတယ်။
ဒီအချက်လေးချက်မှာ ဘယ်အချက်နဲ့ ကိုက်ညီနေသလဲဆိုတာ သိရဖို့ ကမ္ဘာ့လူမျိုးစုကြီး သုံးစုအကြောင်းကို လေ့လာရပါမယ်။ကမ္ဘာပေါ်မှာတော့ လူမျိုးစုကြီးဟာ သုံးမျိုးပဲရှိတယ်လို့ ပညာရှင်တွေက သတ်မှတ်ထားတာပါ
အဲဒီ မျိုးနွယ်စုကြီးသုံးစုကို လူဖြူလူမျိုးအနွယ် အသားဝါလူမျိုးအနွယ် အသားမဲလူမျိုးအနွယ် ဆိုပြီ လွယ်လွယ်လေး မှတ်သားကြမယ်။
လူဖြူလူမျိုးအနွယ်
****************
လူဖြူလူမျိုးကို ကော့ကေးရှပ်အနွယ်ကြီးလို့လဲ ခေါ်ကြပါတယ်။သူတို့ပုံသဏ္ဍာန်တွေက
၁။ဘဲဥပုံဏ္ဍာန် မျက်နှာသွယ်ပြီ မေးချွန်တယ်။
၂။နှခေါင်းကကြီးတယ် ရှည်တယ် ချွန်တယ်။
၃။ဆံပင်တွေပျော့ပြီ ကောက်တယ် ပါးတယ်။
၎။မျက်လုံးက ပြာတယ်
၅။အသားတွေဖြူတယ် အနည်းအကျဉ်းတော့ အသားမဲတာလည်းရှိပါတယ်။
အသားဝါလူမျိုးအနွယ်
********************
အသားဝါလူမျိုးအနွယ်ကို မွန်ဂိုးရီးယားအနွယ်ကြီးလို့ ခေါ်ပါတယ်။သူတို့ရဲ့ပုံသဏ္ဍာန်က
၁။မျက်နှာကျယ်ပြီဝိုင်းတယ်
၂။မေးရိုးဖောင်းပြီ ကားထွက်တယ်။
၃။မျက်လုံးကမဲတယ်။
၎။နှခေါင်းပွပြီကျယ်တယ်။
၅။ဆံပင်ကမဲတယ် ဖြောင့်စင်းတယ်။
၆။ခြေသလုံးကြီးတယ်။
၇။အများအားဖြင့် အသားကဝါတယ်။
အနည်းအကျဉ်းတော့ ဖြူတာလည်းရှိပါတယ်။
အသားမဲလူမျိုးအနွယ်
*******************
အသားမဲလူမျိုးအနွယ်ကို နီဂရိုးအနွယ်လို့လည်း ခေါ်ပါတယ်။သူတို့ရဲ့ပုံသဏ္ဍာန်က
၁။နှာခေါင်းအနည်းငယ်ပြားတယ်။
၂။မေးရိုးအနည်ငယ်ကွေးတယ်။
၃။နှုတ်ခမ်းထူတယ်။
၎။ဆံပင်ကကောက်ကွေးပြီထူတယ်။
၅။အသားတွေက မဲနက်တယ်။
ဒီမျိုးနွယ်စုကြီး သုံးစုရဲ့ ပုံသဏ္ဍာန်းကို လေ့လာကြည်မယ်ဆိုရင် ကရင်လူမျိုးတွေဟာ အသားဝါ လူမျိုး (မွန်ဂိုးရီးယားအနွယ်)နဲ့ တူညီနေတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က ရှေးကရင်ဘိုးဘွားများ လက်ဆင့်ကမ်းခဲ့တဲ့ ထား ကဗျာတွေမှာလည်း ကရင်တွေရဲ့ မူလနေရာဟာ ထီဆေ့မေ့ယွားလို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီထီဆေ့မေ့ယွားကို ပညာရှင်တွေ သုတေသနပြုတဲ့အခါ ထီဆေ့မေ့ယွားဟာ ဂိုဘီ သဲကန္တရ လွင်ပြင်ဖြစ်ပြီ ဒီ ဂိုဘီ သဲကန္တရရဲ့ မြောက်ဘက်တည့်တည့်မှာ မွန်ဂိုးရီးယားအရပ် ရှိနေတာကိုလည်း တွေ့ရပါတယ်။
ယနေ့သမိုင်း ပညာရှင်များ အားလုံးလိုလိုကလည်း ကရင်လူမျိုးများဟာ မွန်ဂိုးရီးယား အနွယ်မှ ဆင်းသက်သူများဖြစ်တယ်လို့ လက်ခံထားကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကရင်လူမျိုးတွေဟာ မွန်ဂိုးရီးယားအနွယ်ကနေ ဆင်းသက်လာတဲ့ လူမျိုးဖြစ်တယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိတာမို့ ကော့ကေးရှပ် မျိုးနွယ်မှ ဆင်းသက်လာတဲ့ အစ္စရေးလူမျိုး ဘေဘီလုံကအာရပ်လူမျိုးတွေနဲ့ မျိုးနွယ်ခြင်းမတူတာကို ကြည့်ခြင်းအားဖြင့် ၁။ကရင်လူမျိုးများဟာ ပျောက်ဆုံးနေတဲ့အစ္စရေး လူမျိုးဖြစ်တယ်ဆိုတဲ့အချက်
၂။ကရင်လူမျိုးတွေဟာ ဘေဘီလုံကနေ ဆင်းသက်လာတယ်ဆိုတဲ့အချက် အဲဒီအချက်၂ချက်ကိုအလိုအလျောက်
ငြင်းပယ်ပြီသားဖြစ်သွားပါတယ်။
ကဲ ဒီလောက်ဆိုရင် ကရင်လူမျိုးဟာ ဘယ်မျိုးနွယ်ထဲမှာပါသလဲ ကရင်လူမျိုးရဲ့ မူလဇာတ်မြစ်ဟာ ဘာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
ကရင်လူမျိုးတွေရဲ့ မူလနေရာကတော့ ထီဆေ့မေ့ယွားလို့ ခေါ်တဲ့ ဂီုဘီ သဲကန္တရလွင်ပြင် အရပ်ကဖြစ်ပြီ မူလဇာတ်မြစ်ကတော့ မွန်ဂိုးရီးယားအနွယ်က ဖြစ်တယ်ဆိုတာကို လေ့လာမှတ်သားရင်း ဒီတစ်ပါတ်အတွက် ပို့ချချက်ကို ရပ်နားကြပါရအောင်။
ခု ဒါတွေကိုလေ့လာပြီတဲ့နောက်မှာ
၁။ကရင်လူမျိုးများသည် လူမျိုးနွယ်စု သုံးခုထဲတွင် မည်သည့်မျိုးနွယ်တွင် ပါဝင်သနည်း။
၂။ထီဆေ့မေ့ယွားသည် မည်သည့်အရပ်က ဖြစ်ပါသနည်း။
၃။အသားဝါ လူမျိုးအနွယ်ရဲ့ ပုံသဏ္ဍာန်သည် ဘယ်လိုပံသဏ္ဍာန် ရှိသနည်း။
ဆိုတဲ့မေးခွန်းသုံးခုကို ပေးလိုက်မယ် ဒီအမေးကိုဖြေပေးရမယ်နော် ဖြေတဲ့သူကို ကိုယ့်အမျိုးအနွယ်ကို စိတ်ဝင်စားတဲ့သူလို့ သတ်မှတ်မယ်။
ဖြေရမှာပျင်းတဲ့သူကိုတော့ အဝါကပ်အပေးခံရမယ်နော်။
အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။
အော်ဆောင်အော်ခလိုင် ကိုယ့်ဂါးသိပ်။
Comments
Post a Comment