ဗမာတို့၏ နတ်ကိုကွယ် အစဉ်အလာ

ဗမာတို့၏ နတ်ကိုးကွယ်မှုအစဉ်အလာနှင့်
အရည်းကြီးသာသနာအကြောင်း
*************************************

ဗမာတို့၏ မိရိုးဖလာ ကိုးကွယ်မှု့ဆိုသည်မှာ
နတ်ကိုးကွယ်မှုအယူဝါဒ၊
နတ်နှင့်ဘုရားကို ရောသမမွှေ၍ ကိုးကွယ်သည့် မဟာယာနအယူဝါဒနှင့် အရည်းကြီး ကိုးကွယ်မှုတို့ဖြစ်ကြသည်။
ဗမာတို့သည် အရည်းကြီးကိုးကွယ်မှု၊
မဟာယာနကိုးကွယ်မှုနှင့်နတ်ကိုးကွယ်မှုတို့အား ပုဂံခေတ်မှသည် ယနေ့ ၂၀၁၅ ထိတိုင်
လက်ဆင့်ကမ်းကိုးကွယ်လျက်ရှိသည်ကို
ဗမာပြည်နယ်သို့ရောက်ဖူးသူတိုင်း
မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြပေလိမ့်မည်။
ပုဂံခေတ်တွင် ဗုဒ္ဓဘာသာနဲ့အတူ
ဟိန္ဒူကိုးကွယ်မှု၊နတ်ကိုးကွယ်မှု၊နတ်+ဗုဒ္ဓ
(မဟာယာန)ကိုးကွယ်မှု၊အရည်းကြီးကိုးကွယ်မှုနှင့်Sisnaခေါ်ပုရိဿလိင်အင်္ဂါကိုးကွယ်မှုများလည်းအပြိုင်ထွန်းကားခဲ့သည်ကို ပုဂံဒေသရှိ
ရှေးဟောင်းဟိန္ဒူယဉ်ကျေးမှုလက်ရာများနှင့်
ရွှေစည်းခုံဘုရားအပြင်ဘက်ရှိ ၃၇ မင်းနတ်ရုပ်များနှင့် အတွင်းတံတိုင်းဘက်ရှိ
အတွင်း ၃၇ မင်းနတ်ရုပ်ရုပ်များက သက်သေ
တည်လျက်ရှိသည်။

ဗမာပြည်နယ်(စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊
မကွေးတိုင်းတစ်ဝက်) တွင် ရှိရင်းစွဲနတ်ကိုးကွယ်နေရင်းတွင် လွန်ခဲ့သော
နှစ်၂၀၀၀ခန့်မှစ၍အိန္ဒိယပြည်မှဟိန္ဒူအယူဝါဒများ၊ဗုဒ္ဓဘာသာအယူဝါဒများရောက်ရှိလာရာထိုဝါဒနှစ်မျိုးတွင်ပါသောနတ်များကိုလည်းခိုးယူကိုးကွယ်ကြလေသဖြင့်ဗမာပြည်နယ်ဒေသတွင်နတ်ကိုးကွယ်မှုအယူဝါဒများမှာအထူးကြီးကျယ်ခမ်းနားလာခဲ့သည်။

ဗမာပြည်နယ်တွင် အကြီးကျယ်အထင်ရှားဆုံးသောနတ်ကိုးကွယ်မှုမှာပုဂံခေတ်သေဉ်လည်ကြောင်မင်းလက်ထ(သာသနာသက္ကြဇ် ၈၈၈မှ ၉၃၁ ထိ၊AD-4th Centuary)တွင် ပေါ်လာသော မောင်တင့်တယ်မောင်နှမသေ၍ နတ်ဖြစ်သည် ဟူသော မဟာဂီရိနတ်မောင်နှမမှစ၍  အထူးကြီးကျယ်ခေတ်စားလာလေသည်။
ထိုမောင်နှမအား ပုပ္ပားတောင်တွင်ထား၍
ဘုရင်းမှစ၍တိုင်းသူပြည်သားဆင်းရဲသားအထိ
ကြီးကျယ်သော ပွဲလမ်းသဘင်ကိုနှစ်စဉ်ပြုကာ
ပူဇော်ကိုးကွယ်လာခဲ့ကြသည်မှာ ယနေ့တိုင်အောင်ထိပင် ဖြစ်သည်။

နောက်တစ်ဖန် အနော်ရထာလက်ထက်
(သက္ကြဇ် ၄၀၆-၄၃၉ AD-11th Centuary)တွင် ရွှေဖျဉ်းညီနောင် နတ်တို့ပေါ်ပေါက်၍ တောင်ပြုံးအရပ်တွင်
ပွဲလမ်းသဘင်ကြီးစွာဖြင့် နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာလည်း
ယနေ့တိုင်အောင်ပင်ဖြစ်သည်။

ပုဂံဒေသတွင်ဟိန္ဒူအယူဝါဒများ၊ နတ်ကိုးကွယ်မှုအယူဝါဒများ၊မဟာယာနဗုဒ္ဓဘာသာအယူဝါဒများ၊အရည်းကြီးကိုးကွယ်မှု
များထွန်းကားခဲ့သည့်သမိုင်းအထောက်အထားများ ပြည့်စုံကောင်းမွန်စွာ တည်ရှိနေသည်။
ထိုအယူဝါဒများထွန်းကားခဲ့သည့် ပုဂံသမိုင်းအားထပ်မံဖွင့်လှစ်ရလျှင်-

ထီးလှိုင်မင်း ခေါ် ကျန်စစ်သား (၁၀၈၄-၁၁၁၃) မင်းလက်ထက်တွင် ကုလားဗိသုကာပညာရှင်၊ ပုဏ္ဏား၊ဟူးရားတို့သည်အလွန်အမင်းအရေးပါခဲ့သည်။မွန်ဘာသာစကားဖြင့်ရေးထိုးထားခဲ့
သည့် ကျန်စစ်သားနန်းတည်ကျောက်စာ၌ ဗြဟ္မဏယုံကြည်ကိုးကွယ်မှုများဖြစ်သည့် ဗိဿနိုးနတ်မင်းအပေါ်ပူဇော်ပသမှုအား
တစ်ဆယ့်နှစ်ကြိမ်တိတိပါပါသည်။ နန်းတော်နံရံကိုအလှဆင်ရာတွင်လည်း အလယ်ထိပ်စည်းဖြစ်သည့်ကြာပွင့်ကြီးပေါ်
တွင် ဗိဿနိုးနတ်မိဘုရား သီရိဒေဝီ နတ်သမီးထိုင်နေသောပုံပါရှိသည်။

ပုဂံဒေသရှိ ဘုရားများ၌ ဂိဂ္န (ရှိရှန) ၉၈၇/၄၁၃၊ ဆိုသည့်ဟိန္ဒူဘုရားများရှိသည်။ယခုအခါတွင် စေတနာကြီး ဘုရားဟုရှေးဟောင်းသုတေသန ဌာနမှအမည်သစ်ပေးထားသည်။
ဂိဂ္န(Sဲis_na)ဆိုသည်မှာသက္ကတဘာသာအလိုအားဖြင့်ပူရိဿလိင်ဟုအဓိပ္ပာယ်ရှိသော
ကြောင့်သျှီဝနတ်ကွန်းဖြစ်ပေသည်။

ရွှေဂူကြီး (၁၅၈၉/၉၀၁ )ဘုရားကျောက်စာ၌ ရွှေဂူကို (၁၆ ဧပြီ ၁၁၃၁) တွင် စဆောက်ပြီး၁၆ ဒီဇင်ဘာ ၁၁၃၁ တွင် ပြီးစီးသည်ဟုပါရှိသည်။ ဘုရားအုတ်ခုံပတ်လည်တွင်ဟိန္ဒူနတ်ရုပ်
များအပြည့်တွေ့ရ၍ ဤကျောင်းတော်သည်
မူလက ဟိန္ဒူနတ်ကွန်းဖြစ်နိုင်သည်။ စတုရင်္ဂသူရ အမည်ရသောပုဂ္ဂိုလ်တစ်ဦးက (၂၃ ဇန်နဝါရီလ ၁၇၇၁ ) မှာ ရွှေဂူကိုအသစ်ဖြစ်အောင်ပြုပြင်ခဲ့သည်။ သက်သေအဖြစ် အနောက်ဘက်မုခ်တွင် ပါဠိမင်စာမှတ်တမ်းရေးထားခဲ့သည်။အထက်တွင် ဖော်ပြခဲ့သည့် သရီ(သီရိပစ္စရာ) ရှိ စေတနာကြီး ဟု အမည်သစ်ပြောင်းထားသည့် စေတီကြီးသည်လည်း တောင်အိန္ဒိယ ဟိန္ဒူဘုရားကျောင်း ဂိဂ္န (Sဲis_na) ကိုငုံပြီး ပြုပင်ထားသည့် စေတီဖြစ်သည်။

ပျူခေတ်၊ပုဂံခေတ်ကတည်းက
တည်ရှိခဲ့သည့်ဗမာတို့၏နတ်ကိုးကွယ်မှုဓလေ့
စရိုက်များနှင့်မဟာယာနဗုဒ္ဓဝါဒများ၊
အရည်းကြီးအယူဝါဒများသည်
ယခုအခါဗမာပြည်နယ်ဒေသတွင်
အခိုင်အမာထွန်းကားလျက်ရှိနေပြီဖြစ်ကာ
နတ်ကိုးကွယ်မှုတွင်လည်း ၃၇ မင်းနတ်ဟူ၍ အထင်အရှားရှိနေပြီဖြစ်သည်။
၎င်းတို့အား ခွဲခြား၍ပြရလျှင်-

၁ ဗုဒ္ဓဘာသာ ၃၇ မင်း
၂ အတွင်း ၃၇ မင်း
၃ အပြင် ၃၇ မင်းဟူ ၍ဖြစ်ကြသည်။
ဤတွင် ဗုဒ္ဓဘာသာကျမ်းစာအရ
ရေတွက်သော ဗုဒ္ဓဘာသာ ၃၇ မင်း၊
ပုဂံမင်းအနော်ရထာလက်ထက်မှစ၍
ရွှေစည်းခုံဘုရား အတွင်းတံတိုင်းတွင်
ရုပ်ပုံနှင့်တကွထားသော အတွင်း ၃၇မင်း၊
ရွှေစည်းခုံဘုရား တံတိုင်းအပြင်ဘက်တွင်
ရုပ်ပုံနှင့်တကွထားသော အပြင် ၃၇ မင်းတို့
ဖြစ်ကြသည်။

ဗမာပြည်နယ်ဒေသမှ
အရည်းကြီးသာသနာသမိုင်းအကျဉ်း
•••••••••••••••••••••••••••••••••••••••

ဗမာတို့နေထိုင်ရာ အညာပြည်နယ်ဒေသတွင်
အရည်းကြီးသာသနာထွန်းကားခဲ့သည်ကို
နိုင်ငံကျော် ပြည်တွင်းပြည်ပသာသနပြု
သံဃာတော်များအပါအဝင်
တစ်နိုင်ငံလုံးရှိသမိုင်းပညာရှင်များနှင့်
ပြည်သူအားလုံးမှ တစ်ညီတစ်ညွတ်တည်း
လက်ခံထားကြပြီးဖြစ်သကဲ့သို့
ကမ္ဘာကလည်း လက်ခံထားပြီးဖြစ်သည်။
ဤသည်ကို အစွမ်းရောက် လူတစ်စုက
လူမျိုးစွဲကိုရှေ့တန်းတင်၍ အမှန်တရားကို
မျက်ကွယ်ပြုကာ မိမိလူမျိုးအရှက်သိက္ခာ
မကျစေရန် ဆင်သားရေကို ဆိပ်သားရေဖြင့်ဖုံးဖို့အတင်းကြိုးစားလာနေကြသည်။ပုဂံဒေသတွင် အရည်းကြီးသာသနာ
ထွန်းကားခဲ့သည်မှာမည်သည့်ဗမာတစ်ဦးကမျှ ငြင်း၍မရသောသမိုင်းအမှန်တရားတစ်ခုသာ
ဖြစ်သည်။ဤသမိုင်းဆိုးကို လူမျိုးရေးအစွမ်းရောက်များမှ အတင်းဖျောက်ဖို့ကြိုးစားနေခြင်းမှာ
လူမိုက်တို့၏ လုပ်ရပ်သာဖြစ်သည်။
သမိုင်းဟူသည်မှာ ဆိုးသည်လည်းရှိမည်။
ကောင်းသည်လည်းရှိမည်။အဆိုးအကောင်း
ဒွန်တွဲနေသည့် မိမိတို့သမိုင်းကို
ယထာဘူတကျကျ လက်ခံတတ်ရပေမည်။
ဗမာသမိုင်းအများစုသည်ထိုသို့မဟုတ်ဘဲ အရှက်ရစေမည့် သမိုင်းယုတ်မှန်သမျှ ဖျောက်ဖျက်ကာ အကောင်းမှန်သမျှ လိုအပ်သည်ထက်ပို၍ယုတ္တိဗေဒကင်းမဲ့စွာချဲ့ကားရေးသားထားသည်ကများသည်။
ဥပမာပြရလျှင် အဆိုးကိုပယ်၍
အကောင်းကိုသာတည်းဖြတ်သုတ်သင်ထားသောခရစ်ယာန် သမ္မာကျမ်းစာကဲ့သို့ ဖြစ်နေသည်။
 

ဗမာတို့သည် ဖန်ခုန်၊ မီးနင်း အရည်းကြီး များ ကိုးကွယ်နေချိန်မှာ တိုင်းရင်းသား ညီနှောင်များဖြစ်သည့် သျှမ်း၊ရခိုင်၊ မွန်၊မွန် နှင့်အတူနေသော ပိုးကရင်များရှိသည့်  ဒေသတွေမှာ ဗုဒ္ဓသာသနာ ထွန်းကားနေခဲ့ပြီးဖြစ်သည်။
ဗမာများ၏ အကိုးကွယ်ခံရသည့် အရည်းကြီးတို့၏  ကျင့်စဉ်တွေမှာ အတော့်ကို အံ့သြဖို့ကောင်းသည်။ သူတို့သည် စိတ်ဓါတ်မြှင့်တင်ဖို့ မကြိုးစားဘဲ ရုပ်လက္ခဏာ ကျင့်စဉ်ဆိုပြီး ထင်ရာမြင်ရာ လျှောက်လုပ်ခြင်းပင်ဖြစ်သည်။
သာမှန်လူများမလုပ်နိုင်သည့်ကိစ္စများကို သူတို့ကလုပ်ပြနိုင်သည်မို့ လူတွေက သူတို့ကို အထင်ကြီးကြသည်။
ထိုအထဲမှာ ရှင်ဘုရင်ကိုယ်တိုင်ကလည်း ပါနေသည်မို့ သူတို့ပိုပြီး အောင်မြင်လာသည်။ မွေးလာသည့်ခလေးတွင်အကြောင်းတစ်ခုခုကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့လျှင် ဤသည်မှာ အရည်းကြီးတို့၏ တန်ခိုးဖြင့် မပြုပြင်ပေးလိုက်ရ၍သာ ဖြစ်သည်ဟု ဆိုကြပြန်သည်။

သည်အခါမှာတော့ ပန်းဦးလွှတ်ပွဲ
ကို စတင်တော့သည်။အင်မတန် ရိုးအ ပြီး အတွေးအခေါ်မရှိသည့်ရှေးခေတ်ဗမာများသည် မင်္ဂလာ ဆောင်သတို့သမီးကို အရည်းကြီးတွေထံပါး
ဦးဦးဖျားဖျား ဆက်သရတော့သည်။
ယခုခေတ် အစ္စမ်ဘာသာဝင်များတွင်
ဗလီဆရာထံ မိမိတို့၏ ဇနီးလောင်းများအား
ဦးဦးဖျားဖျား ဆက်သရသည်နဲ့ ဆင်တူသည်။
ရည်ရွယ်ချက်မှာ  ပန်းဦးလွှတ်ပွဲ လုပ်လိုက်လျှင်  မွေးလာမည့်ကလေးများသည် ကိုယ်လက်အင်္ဂါ အပြည့်အစုံဖြင့် မွေးလာပြီး စီးပွားရေး လာဒ် ရွှင်ဖို့အတွက်ဟူ၍ဖြစ်သည်။ ဗမာအပျိုလေးတစ်ယောက်သည် သင်္ချိုင်းကုန်းမှ လူသေကောင်များဖြင့် ဖက်အိပ်၍ ကျင့်စဉ်များ ကျင့်ထားသည့် ရေမချိုးသော အရည်းကြီးများ၏ ပန်းဦးညမှာ ဆွမ်းကြီးအလောင်းခံ၊ပန်းဦးလွှတ်ခံရသည်
ဆိုသည်မှာ မည်သို့ခံစားရမည်နည်း။ စဉ်းစားလျှင်ပင် အော့အံချင်စရာ
ကောင်းနေသည်။

အရည်းကြီးများသည် သူတို့ကျင့်စဉ်အရ မသာအလောင်းများဖြင့်သင်္ချိုင်းမှာ ဖက်
အိပ်ပြီး ရက် ၇ဝ လောက် ရေချိုးခြင်းကင်းမဲ့သည်။ အဘယ်မျှလောက်အထိ ပုတ်စော်နံမည်နည်း ။ ထိုအရည်းကြီးများနဲ့အိပ်ခဲ့သည် ဗမာမိန်းခလေးများမှ မွေးလာသည့် ကလေးများသည် အရည်းကြီးနဲ့ ရသည့် ကလေးမဟုတ်ဟုမည်သူမျှအာမခံနိုင်မည်
မဟုတ်။

ရှင်ဘုရင်တို့သည်လည်း သူတို့ အာဏာတည်မြဲဖို့ မွေးလာမည့်ကလေး အင်္ဂါစုံဖို့ရန်အတွက် သူတို့၏ မိဖုရားများကို ပန်းဦးဆက်သကြသည်။ ထိုမိဖုရားများ မွေးခဲ့သည့်သားဦးများမှာ အရည်းကြီး နဲ့ ရသည့် ကလေးလည်း ဖြစ်နိုင်သည်။  သည်ထက်ပိုပြီး စဉ်းစားသုံးသပ် ပြောရမယ်ဆိုလျှင် ထိုခေတ်က  ဗမာဘုရင်များတွင် အရည်းကြီးသားများ ရှိနေမည်ဆိုသည်မှာ လုံးဝ ငြင်း၍မရသောအကြောင်းတရားပါ။

သည်ကြားထဲဗမာလူမျိုးတို့၏ ဗီဇစရိုက်အတိုင်း တစ်ယောက်ထက်တစ်ယောက် ပို၍ ဂုဏ်ပြိုင်ချင်ကြသည်။ပို၍ကျော်ဇောချင်ကြသည်။မြို့စားမင်းတစ်ယောက်ဆိုလျှင် သူများတွေထက် စီးပွားရေး လာဒ်လာဘ ပိုမိုသာလွန်ကောင်းမွန်စေရန် သူ့သမီးအား အရည်းကြီးတို့နဲ့ တစ်ညမဟုတ်ဘဲ နှစ်ညပေးအိပ်လိုက်သည်။ ဤသည်ကိုမကျေနပ်၍ နောက်တစ်ယောက်က သုံးည၊ တစ်ပါတ်၊ ဆယ်ရက်အထိကို သွားပေးအိပ်ကာ တလွဲတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြိုင်ဆိုင်ကြသည်ကရှိသေးသည်။

ဤအရေးကြီးသာသနာသည်
အနော်ရထာခေတ်တွင်ခေတ္တငုတ်လျှိုးသွားခဲ့သည်။လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်။  အနော်ရထာမင်းသည် မွန်ပြည်ကို စစ်ခင်းပြီး
ပညာရှိ ရဟန်း သံဃာများနှင့်
ပိဋကတ်တော်များကိုလုယူခဲ့သည်ဟူ၏။ ဤလူမဆန်သောလုပ်ရပ်ကို ဗမာတို့က ဂုဏ်ယူဝံ့ကြွားစွာဖော်ပြလေ့ရှိသည်။ ကိုယ့် ကိုယ်ကို သူခိုး ဓါးမြ ဖြစ်လို့ ဖြစ်မှန်စ
သိကြဟန်မပေါ်။ ထိုနည်းတူစွာပင်
မောင်ဝိုင်းသည် ရခိုင်မှ ဘုရားများကို စစ်ခင်းပြီး လုယူဖူးသည်။အမှန်တကယ်တွင်
မူ အနော်ရထာသည် သူ့သြဇာထက် အရည်းကြီးသြဇာက ပြည်သူများအပေါ် ပို၍လွှမ်းမိုးနေသည်ကို မကျေနပ်၍ လုပ်ခဲ့ခြင်းဖြစ်သည်။ နောင်အချိန်မှာ ထေရဝါဒ ဗုဒ္ဓတရားကို ယုံကြည်ပါသည်ဆိုသော အနော်ရထာသည် ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့အတွက်နတ်ကွန်းများ ဆောက်ပေးခဲ့သည်။ထို့ကြောင့်လည်း
တောင်ပြုံးပွဲဟူသည်မှာ ယနေ့ထိတိုင်အောင်
ခေတ်စားနေခြင်းဖြစ်သည်။အနော်ရထာသည်
ပုဂံရွှေစည်းခုံဘုရားတွင်လည်း ၃၇ မင်းနတ်ရုပ်များကို ဘုရားဖူးလာသော ဗမာပြည်နယ်သူ၊သားများဖူးမျှော်ကြည်ညိုဖို့
အမြော်အမြင်ကြီးစွာ တည်ထားပေးခဲ့သည်။

பிடித்ဆောင်းပါးအားအဆုံးသတ်ရလျှင်
ပုဂံခေတ်ကတည်းက ခေတ်စားလာခဲ့သော
မဟာယာနကိုးကွယ်မှု၊ဟိန္ဒူကိုးကွယ်မှု၊
အရည်းကြီးကိုးကွယ်မှု၊နတ်ကိုးကွယ်မှုတို့သည်
ဗမာလူမျိုးရှိနေသရွေ့တည်ရှိနေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဗမာတို့သည်
အရည်းကြီးသာသနာမှ ဆင်းသက်လာသည့်
ဘိုးတော်၊မယ်တော်၊ဘိုးဘိုးအောင် ဟူသည့်
အရည်းကြီးအငွေ့အသက်များယနေ့တိုင်အောင်တည်ရှိနေမှု၊မကြာသေးမီကာလက
လက်ပံတောင်းဒေသတွင်ပြန်လည်ဖော်ထုတ်ခဲ့သည့်ဗမာ့ရိုးရာ အရည်းကြီးကိုးကွယ်မှုအား
ယနေ့တိုင်အောင် ဖက်တွယ်ထားမှု၊
မဟာယာနအငွေ့အသက်ဖြစ်
သည့် နတ်နှင့်ဘုရားကို ရောသမ၍ကိုးကွယ်မှု၊
ဦးရှင်ကြီးမှအစပြု၍ဘိန်းစားအရက်သမားကို
ကြီးကျော်အဆုံးရှိသော ၃၇ နတ်မင်းများအား
ယနေ့တိုင်အောင် ကိုးကွယ်နေမှုများကြောင့်
ဖြစ်သည်။

နန်းမူရာစိုး လဲ့လဲ့နှင်း

အမျိုးသားပညာဝန်ဦးဖိုးကျား၏
၃၇ နတ်မင်း

မြန်မာမီးဖုတ်မြေထည်ပစ္စသည်းသုတေသနစာတမ်း,ဒေါက်တာ သန်းထွန်း။

Defacing Old Bagan, 26 Feb 1996 by Dr.Than Tun,
THE ART AND CULTURE OF BURMA , Dr. Richard M. Cooler , Professor Emeritus
Art History of Southeast Asia, Northern Illinois University.

အတွင်းအပြင် ၃၇ နတ်မင်းတို့အကြောင်းအား
အခါအခွင့်သင့်က ဆက်လက်ဖော်ပြပါမည်။

ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပမည်


နိရဉ္စရာ၊ မတ်လ ၂

ရခိုင်ပြည်နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲကို လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၃) ရက်တိုင်တိုင် မြေပုံမြို့နယ် ကြာအင်းတောင်ရွာတွင် အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

“ အခု  ပွဲတော် ပြုလုပ် ကျင်းဖို့ သတ်မှတ်ထားတဲ့ နေ့က ၁၉၄၆ ခုနှစ်က ကြာအင်းတောင် ညီလာခံ ကျင်းပခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲကို ရခိုင်ပြည်နယ် ၁၇ ဦးမြို့နယ်မှ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ပွဲအား စီစဉ်ရာတွင် ဦးဆောင်နေရာမှ ပါဝင်သူ ဦးခင်သန်းမောင်က ပြောသည်။

အဆိုပါ ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲသို့ မျိုးချစ် ရဟန်းတော်များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် ၂ ဦးကျစီ ဖိတ်ကြားထားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

“ ဟောပြောပွဲ၊ ကျင်ပွဲ၊ စတိတ်ရှိုးပွဲ၊ ဇာတ်ပွဲတွေနဲ့ အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဆရာတော်ကြီးပွဲတော်အတွက် ရခိုင်သူ ရခိုင်သားတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေနဲ့ ကျင်းပသွားမှာ ဖြစ်တဲ့ အတွက် စိတ်ပါဝင်စားသူတွေကို ပွဲတော် ဖြစ်မြောက်ရေး အတွက် အတတ်နိုင်ဆုံး ကူညီကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု သူက ပြောကြားသည်။

ယခုပွဲတော်ကို ကြာအင်းတောင်တိုက်နယ် ကျေးရွာသူ ကျေးရွာသားများနှင့် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ  တာဝန်ယူ ပူးပေါင်းဆောင်ရွက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲအတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေရာ ပါဝင်ကူညီ လှူဒါန်းလိုသူများသည် ချောင်းကြီးဆရာတော် (ဖုန်း- ၀၉၄၄၈၃၇၅၆၂၈)၊ ဦးခင်သန်းမောင် (ဖုန်း- ၀၉၂၅၀ ၂၄၃၁၂၄)၊ ဦးအောင်သန်းမြ (ဖုန်း- ၀၉၂၆၁၈၃၀၂၅၀)၊ ဦးအောင်သိန်း (ဖုန်း- ၀၉၂၅၂၄၆၀၁၃၁) တို့ကို ဆက်သွယ်ပြီး ကမ္ဘာရတနာဘဏ်၊ ဘဏ်အကောင့်နံပတ်- ၀၈၁၁၁၂၀၀၀၀၀၆၁ သို့ ပေးပို့ ကူညီလှူဒါန်းနိုင်ပါသည်။

ဆရာတော် ဦစိန္တာသည် ဗြိတိသျှ နယ်ချဲ့တို့အား ဆန့်ကျင်တော်လှန်ရာတွင် ထိပ်တန်း ပါဝင်ခဲ့သည့် ရခိုင်ပြည်မှ ခေါင်းဆောင်ဆရာတော် တစ်ပါး ဖြစ်သည်။

စိုင်းတင်မြို့စား ဥက္ကာပျံ

ရခိုင်သမိုင်းမှာ ဥက္ကာပျံဆိုစွာ သင့်အောင်စိတ်ဝင်စားဖို့ ကောင်းရေ ပုဂ္ဂိုလ်တစ်ဦးပါ။ စွမ်းရည်သတ္တိ ပြည့်ဝရေ စစ်သားကြီးဖြစ်တေ။ အနုပညာကို စုံမက်မြတ်နိုးရေ စာပေပညာသျှင်ကြီးဖြစ်တေ။ မင်းခမောင်း၏ ရောင်း ရင်းကြီးလည်း ဖြစ်ပါရေ။ ဥက္ကာပျံ ထင်ရှားကျော်ကြားခရေ ကာလကတော့ခါ ၁၆ရာစုအဆုံး၊ ၁၇-ရာစု အစပိုင်း၊ ဘုရင်မင်းရာဇာကြီး (၁၅၉၃-၁၆၁၂)လက်ထက်မှာ ဖြစ်ပါရေ။

ဥက္ကာပျံငယ်စဉ်ဘ၀နန့် မိဘမည်ရည်ရို့ကို အတိအကျ မသိရပါ။ ဥက္ကာပျံရေ စိုင်းတင်မြို့စားအဖြစ် ခန့်အပ် ခံရပါရေ။ တချိန်တည်းမှာ အိမ်ရှေ့မင်းသားမင်းခမောင်း၏ အကြီးတော်အဖြစ်လည်းသွင့် မင်းတရားကြီးက ခန့်အပ်တာဝန်ပီးခပါရေ။

မင်းခမောင်းဆိုစွာက အရွယ်နန့်မမျှအောင် ကြမ်းကြုတ်ရိုင်းစိုင်းရေ မင်းသားဖြစ်ပါရေ။ ဥက္ကာပျံက သွန်သင် ဆုံးမ ပဲ့ပြင်စွာတိလည်း မင်းသားချေဘားမှာ နားဝင်ထိရောက်ခလီဖို့ မဟုတ်ပါ။ မင်းသားချေရေ အလဇ္ဇီထိုး၊ ဆပွတ်သတ်၊ ပြောခဲနက် ဆိုခဲနက်ဖြစ်နီပါရေ။ သူ့ကိုအလိုလိုက်လို့ အချစ်ကြီးချစ်တေ ခမည်းတော် မင်းကြီးကိုတောင်မှ အကျိုးနည်းအောင် ပြုမူခပါသိယင့်။

မင်းသားမှာ ဥက္ကာပျံအပြင် ဆလယာသတ်ဖက်အရာ ကိုးယောက်ဟိပါသိရေ။ စွမ်းရည်သတ္တိအရာမှာတော့ အားလုံးသူအပြည့်ပါဗျာယ်။ မင်းခမောင်းနန့် အေလူသန် တစ်ကျိတ်ရို့ရေ ချာလီမန်း (Charlemagne) နန်းတော်ထဲက သူရဲကောင်းဆယ့်နှစ်ယောက်ရို့ပိုင် အုပ်စုဖွဲ့ပနာ တသီးတခြားနီကတ်တေ။ ဇာအရေး ဇာကိစ္စပင်မဆို တွိမရှောင်၊ ဗိုလ်မထားကတ်တေလူတိပါ။ မင်းသားချေမှာတော့ခါ ဒေအပေါင်းအသင်းတိနန့် မခွဲမခွာပါဗျာယ်လေ။ ဒေအုပ်စု၏ ဦးဏှောက်နန့် ၀ိညာဉ်က အသူလေဆိုကေ ဥက္ကာပျံ။ ဥက္ကာပျံက စိတ်ဆွ ပီးလို့ ခမည်းတော်ကို လုပ်ကြံဖို့အတွက် လက်မရွံ့တစ်သိုက်ကို မင်းသားက စေလွှတ်ခပါရေ။ အရေးတော်ပေါက်ကြားလားခရေအတွက် မင်းသားနန့် သူ့လူဆယ်ယောက်စလုံး တိမ်းယှောင်ထွက်ပြီးပနာ ဟံသာဝတီမှာ ခိုလှုံခီကတ်ရပါရေ။ ဟံသာဝတီမှာ နီခကတ်တေ တစ်ချက်တစ်ပြက်အတွင်းမှာတောင် ဥက္ကာပျံရေ ပညာဥာဏ်ကြီးကျယ်နက်ရှိုင်းမှု၊ ကဗျာစွမ်း ရည်ထက်မြက်မှုရို့ကြောင့် ထင်ရှား၊ ကျော် ကြား၊ လေးစားခြင်း ခံခရပါရေ။ ““အသက်ကို ချမ်းသာပီးမေ””လို့ မင်းကြီးက ကတိပြုရေအတွက် မင်းခမောင်းနန့် သူ့အဖွဲ့ ရခိုင်ပြည်ကို ပြန်လာလတ်ကတ်တေ။ မင်းသားလည်း အယင်ရမြဲ အဆောင် အယောင်ကို ပြန်ရလို့ ခမည်းတော်မင်းကြီးကလည်းသွင့် ခမ်းခြောက်ခြင်းမဟိရေ မေတ္တာ တရားနန့် သားတော်ကို ချစ်ကြင်မြတ်နိုးလို့ ဟိနီခလီပါရေ။

အချိန်ကာလတိ ယင်းပိုင်နန့်ပင် ကုန်ဆုံးလာလတ်ပြီးကေ တစ်ခါမှာ ဟံသာဝတီကို ရခိုင်ရို့က ၀ိုင်းဝန်း ပိတ်ဆို့ကတ်ပါရေ။ အေပိုင်လုပ်ကြံနီရေအချိန်မှာ ဥက္ကာပျံက အရာတစ်ခါ သွီးထိုးပီးပြန်ရေအတွက် မင်းသားက ခမည်းတော်ကို လုပ်ကြံဖို့ ကြိုးစားပြန်ပါရေ။ အေတစ်ခါမှာလည်းသွင့် မင်းသားရို့ ရှုံးနိမ့်ပြန်ရေ အတွက် ရန်သူဘက်ကို ထွက်ပြီး ကတ်ရပြန်ပါရေ။ ဟံသာဝတီကတော့ခါ မင်းသားနန့် အပေါင်းပါရို့ကို ၀မ်းသာအားရ ကြိုဆိုလက်ခံပါရေ။ ယေဒါလည်းသွင့် ရန်သူဘားမှာ မြှောက်စားခံရစွာထက် ခမည်းတော် မင်းကြီးလက်ထဲမှာ သီဒဏ် အပီးခံရစွာက မြတ်ပါရေဘုရား””လို့ မိဖုရားတစ်ပါးက လျှောက်ထားချက်ကို မင်းသားနားဝင်ပါရေ။ နည်းအမျိုးမျိုးနန့် နှောင့်ယှက်ဟန့်တား ခံရကေလည်း မင်းသားနန့် နောက် လိုက်နောက်ပါရို့က အတားအဆီးအလုံးစုံကို ထိုးဖောက်ကျော်လွှားပနာ ပြည်တော်ပြန်လာလတ်ပါရေ။ မင်းသား၏သတ္တိ၊ ဗျတ္တိရို့ ထင်ရှားပေါ်လွင်ရေ အတွက်တာကြောင့် မင်းကြီးက အားလုံးကို ခြွင်းချက်မဟိ လွတ်ငြိမ်းခွင့်ပေးသနားလိုက်ပါရေ။

အရာတစ်ခေါက် ပြဿနာပေါ်စွာက သံတွဲမှာပါ။ သံတွဲမြို့ကို ဘုရားဖူးဖို့ မင်းသားထွက်တော်မူပါရေ။ သံတွဲကို ရောက်စွာနန့် ဥက္ကာပျံက အရာလှုံ့ဆော်ပြန်ပါဗျာယ်။ နှစ်ခါ ရှုံးနိမ့်ပြီးဗျာယ်၊ လုပ်ကြံဖို့ မကြိုး စားကေ့ဖိ။ ဒေတစ်ခါမှာ မင်းကြီးကို မကျေမနပ်ဖြစ်နီကတ်တေ သံတွဲသားတိကို စုစည်း၊ အတိအကျထောင် ထား ပုန်ကန်ဖိ၊ ဥက္ကာပျံက အေပိုင်အကြံပြုပါရေ။ ဘုရားကျွန် ထောင်ပေါင်းများစွာကို မင်းသားက စည်းရုံး သိမ်းသွင်းပါရေ။ စစ်အကျဉ်းသားတိလည်း ပါယင့်။ အေလူတိကို မင်းသားကိုယ်တိုင် ဦးစီးခေါင်းဆောင် ပနာ မြောက်ဦးမြို့တော်ကိုချီတက်ပါလတ်ကတ်တေ။ ဒေခေါက်ခါလည်း နေပြည်တော်
စစ်သည်ရို့က သူပုန်အင်အားစုတိကို အနိုင်ယူနှိမ်နင်း လိုက်ပြန်ပါရေ။ သူပုန်အများစုက မြန်မာဘက်ကို ထွက်ပြီး လားခကတ်တေ။ မင်းသားနန့် အပေါင်းအပါရို့ကို လက်ရဖမ်းမိရေ။ ဒေတစ်ခါမှာတော့ခါ ဘုရင်မင်းရာဇာကြီးက အမျက်ဒေါသပြင်းစွာဖြစ်ပါရေ။ သက်တော်ရှည် အမတ်ကြီးက ကြားဝင်တောင်းပန် လိုက်လို့ရာ၊ မဟုတ်ဆိုကေ သူပုန်ရို့အပြစ်ဒဏ် ပြင်းပြင်းထန်ထန် ခံကတ်ရပါဖို့။ မင်းကြီးရေ ယောနိသော မနသီကာရနန့် သက်သက်ညှာညှာအပြစ် ပီးပါရေ။ ယေဒါလည်း ဥက္ကာပျံခံစားရရေ အပြစ်ဒဏ်ကတော့ခါ သက်သာယင့်လို့ ပြောလို့မဖြစ်ပါ။

ဥက္ကာပျံဆိုစွာ နောင်တစ်ချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လာဖို့ အိမ်ရှေ့မင်းသားကို ဆုံးမပဲ့ပြင်ရဖို့ အကြီးတော်ဖြစ်တေ။ ဘုရင်မင်းမြတ်၏ ယုံမှတ်ခန့်အပ်ခံရရေ ပုဂ္ဂိုလ်ဖြစ်တေ။ အဂုက မင်းသားရေ နိုင်ငံတော်နန့် ပြည်သူလူထုကို အခါပေါင်းများစွာ သစ္စာဖောက်ဖျက်တေ။ အကြမ်း ဖက်နှောင့်ယှက်တေ။ အေချင့်ကို ဆင်ခြင်ကြည့်ုကေ ဥက္ကာပျံရေ မင်းကြီး၏ယုံမှတ်ကိုးစားမှုကို ပစ္စလက္ခတ် အလွဲသုံးစားလုပ်သူ ဖြစ်တေ။ ယင်းအတွက်ကြောင့် ဥက္ကာပျံရေ ကြီးမားလီလံသော တာဝန် ၀တ္တရားကြီးတိနန့် ထိုက်တန်သူမဟုတ်။ မဟာမုနိဘုရားမှာ ဘုရားကျွန်အဖြစ် ဥက္ကာပျံ ထမ်းရွက် လီ။ ပြစ်ဒဏ်ချမှတ်လိုက်ပါရေ။

နှစ်ကာလတိ အများကြီး ကျော်လွန်လာရေ ကာလတစ်ခုမှာ မင်းခမောင်း ရခိုင်ထီးနန်းမှာ မင်းဖြစ်လာပါရေ။ မင်းခမောင်း၏ ပထမဦးဆုံး လုပ်ဆောင်ချက်က သူ့ရောင်းရင်းကြီး ဥက္ကာပျံကို လူ့အသိုင်းအ၀ိုင်း ထဲပြန်ရောက်အောင် ခေါ်သွင်းစွာပါ။ ရခိုင်ရို့မှာ ကောင်းကောင်းကြီး ရှေးကျရေ အစဉ်အလာတစ်ခု ဟိပါရေ။ လူ့အသိုင်းအ၀ိုင်း အပြင်ဘက်တို့ နှင်ထုတ်ပစ်ခံထားရရေ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လူ့အသိုင်းအ၀ိုင်း ထဲ ပြန်ရောက်အောင်  ခေါ်ယူသွတ်သွင်းဖို့ဆိုကေ ခေါ်သွင်းဖို့ ပုဂ္ဂိုလ်စွာ မူလ အပြစ်ဒဏ်ချမှတ်ထားခရေ ပုဂ္ဂိုလ်ထက် ပိုလို့မြင့်မြတ်ရဖို့၊ ဘုန်းတန်ခိုးအာနုဘော် ပိုလို့ကြီးမြင့်ဖို့ လိုအပ်ပါရေ။ အဂု ဥက္ကာပျံအရေးမှာ မင်းခမောင်းစွာ ခမည်းတော်မင်းကြီးထက် ဘုန်းတန်ခိုးအာနုဘော် အရာမှာပိုလို့ ကြီးကျယ်မြင့်မြတ်တေလို့ မဆိုနိုင်ပါသိ။ အဓမ္မပြု ဆောင်ရွက်တေ ဆိုပြန်ကေလည်း အခိုင်အမာဟိပြီးသား ဓလေ့ထုံးစံတစ်ခုကို ကျူးလွန်ဖောက်ဖျက်ရာကျပါဖို့။ ဘိသိက်ခံရေ အခါက ပြု ထားရေသစ္စာကို ဖောက်ဖျက်ရာကျပါဖို့ဘုရား--စသည်ဖြင့် ဥက္ကာပျံက ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ လျှောက်ထားငြင်းပယ်ပါရေ။

အကြိမ်ကြိမ်အလီလီ ဖျောင်းဖျပြောဆိုကေလည်း ဥက္ကာပျံက လက်မခံပါ။ ဥက္ကာပျံရေ ကြီးကျယ်မြင့်မြတ်မှု ကိုလည်း တွိ့ကြုံဖူးဗျာယ်။ ပျက်စီးဆုံးရှုံးမှုကိုလည်း တွိ့ကြုံဖူးဗျာယ်။ လောကဓံတရားနှစ်ပါး လုံးနန့် ကျွမ်းဝင်ဖူးဗျာယ်။ အေအကျိုးတစ်ရားနှစ်ရပ် ဖြစ်ပေါ်လာရခြင်းအကြောင်းက မိမိ၏လုပ်ရပ်ပင်ဖြစ်တေ။ အဂုပိုင် သိမ်ငယ်နိမ့်ကျနီရေ အဖြစ်ကနီပနာ ကိုယ့်လုပ်ရပ်အသီးသီးကို သုံးသပ်ဆင်ခြင်ကြည့်ချင်သိရေ။ အနိမ့် အမြင့် အတက်အကျပြွမ်းရေ မိမိဘ၀တာ၏ ကြွင်းကျန်ရေ အချိန်ကာလတိုကို တရားသဘောနန့် ရှုမှတ်ဆင်ခြင်ပနာ ဥက္ကာပျံ ကုန်ဆုံးကျော်လွန်လားလီပါရေ။

ဥက္ကာပျံရေ စာဆိုတော်ကြီးတစ်ဦးအဖြစ်နန့် သူ့ခေတ် သူ့ကာလ စာပေအနုပညာလောကကို ကဗျာလင်္ကာ တိနန့် ထုံမွှမ်းစီနိုင်ခပါရေ။ အပိုဒ် (၁၂)ပိုဒ်ပါဝင်ရေ ရတုတစ်ပိုဒ်ကို ဥက္ကာပျံစပ်ဆိုခပါရေ။ အေရတု (၁၂)ပိုဒ် စွာ တစ်နှစ်ကာလအတွင်းမှာဟိရေ တစ်ဆယ့်နှစ်ရာသီကို ကိုယ်စားပြုဖွဲ့ဆိုထားစွာပါ။ အေရတုမှာ ဥက္ကာပျံက ယင်းခေတ်ပြည်သူရို့ ကျင့်သုံးကတ်တေ ဓလေ့၊ ထုံးစံ၊ အပြုအမူရို့ကို သိမ်သိမ်မွေ့မွေ့နန့် အလှပလှချေတိကျ ပြတ်သားစွာ ဖော်ထုတ်စပ်ဆိုထားပါလီယင့်။ အိမ်ရှေ့မင်းခမောင်း ဟံသာဝတီမှာ သုံးနှစ်တာပျော်စံရေ အချိန်က ရခိုင်ပြည်ကို အတွက်တောင် မပေါ်နိုင်လောက်အောင် မိမိလျော့လျော့ ဟိနီခပါရေ။ ယင်းပိုင်ဖြစ်နီလို့ ဥက္ကာပျံက အေတစ်ဆယ့်နှစ်ရာသီရတုကို ဆက်သွင်းခစွာပါ။ အေရတု၏ အနုပညာစွမ်းအားကြောင့် မင်းခမောင်းစွာ ရခိုင်ပြည်ကို ပြန်လို့လွမ်းဆွတ်တမ်းတ အောက်မေ့မိလာရေ အတွက် ဟံသာဝတီက ချက်ချင်းပြန်လာလတ်ပါရေ။

တစ်ရပ်တစ်ရွာကို ရောက်လားပနာ အနီဝီးလားခရေ လူတစ်ဦးတစ်ယောက်ကို ကိုယ့်ရပ်ကိုယ့်ရွာပြန်ဖို့ အတွက်ပေါ် တမ်းတမိလာစီအောင်ဆိုရေ ရည်ရွယ်ချက်နန့် ရတုပို့ဓလေ့တစ်ခု ရခိုင်ပြည်သူရို့ကြားမှာ ဟိခဖူးပါရေ။

မြန်မာရို့လက်အောက်သို့ ကျလားခရေ အလားလားအပါးပါး ကာလတိမှာ ကိုယ့်ရိုးရာအစဉ်အလာ ထုံးတမ်းတိကို ရခိုင်သားရို့က တဆတ်ဆတ် စွန့်ခွာလာကတ်ပါရေ။ ယင်းအတွက်တာနန့် အေရတုပို့ ဓလေ့လည်းသွင့် အဂုဆိုကေ တစိလည်းမကျန် ကွယ်ပျောက်လားခပါဗျာယ်။ စစ်တကောင်းခရိုင်မှာကျခါ ကုမ္ပဏီ(အစိုးရ)က ကူညီထောက်ပံ့လို့ တည်ငြိမ်အေးချမ်းရေ လူ့အဖွဲ့အစည်းတစ်ခုကို ရခိုင်သားရို့ တည်ဆောက်ခကတ်တေ။ ယဉ်ကျေးမှုအစဉ်အလာတိကိုလည်းသွင့် ဆက်ပြီးကေ ထိန်းသိမ်းထားနိုင်ခ ကတ်ပါရေ။ စစ်တကောင်းသား ရခိုင်လူမျိုးတိ လည်ဖို့ပတ်ဖို့အတွက် ဖြစ်ဖြစ်၊ စီးပွားရေးကိစ္စအတွက်ဖြစ်ဖြစ် ရခိုင်ပြည်ကိုရောက်လာကတ်တေသူရို့မှာ အဂုသကပြောခရေ ရတုမျိုးတိ ပါလာကတ်ပါရေ။ စိတ်ဝင်စား ဖို့ကောင်းစွာတစ်ခုဟိပါရေ။ သူရို့အဂုနီထိုင်ကတ တေ စစ်တကောင်းဒေသမှာ ရတုစပ်ဆိုရေးသားခြင်း တစ်ခုတည်းနန့် လုပ်ကိုင်စားသောက်တေ လူတန်းစားတစ်ရပ် ဟိနီခြင်းပါ။

ယင်းဒေသက အိမ်ရှင်မရို့စွာ ဒင်္ဂါးတစ်ပြားအခပီးပနာ ကိုယ့်ကိစ္စနန့်ကိုက်ညီရေ ရတုတစ်ပုဒ်ကို ရီးစပ် ခိုင်းကတ်ပါရေလတ်။ ခရီးထွက်ဖို့ကန်နီရေ ကိုယ့်အိမ်သျှင်ကို ယင်းရတုကို ပီးလိုက်ပါရေလတ်။ လုပ်ငန်းကိုင်ငန်း အောင်မြင်ပြီးစီးရေခါ အေရတုကို ဖတ်ပါလီလို့ မှာလိုက်ကတ်တေလို့ ဆိုပါရေ။ ရပ်ဝီးကို ရောက်လားခရေ အိမ်သျှင်ယောက်ျားကလည်းသွင့် အချိန်ကျခါ ရတုကိုဖတ်ရှုခံစားပါဗျာယ်။ ဖတ်လိုက်စွာနန့် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်မိသားစုရို့၏ အငွေ့အသက်တိကို ရတုက တဆင့် ခံစားရဟိလာကတ်ပါရေ။ ယေခါ ရင်ထဲနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာဓာတ်တိ ယိုစိမ့်လာပနာ အိမ်သျှင်ယောက်ျားလည်း ကိုယ့်မိသားစုဘားကို ဇာပိုင်အလျင်ရောက်နိုင်ဖို့လဲ၊ ပြန်လာကတ်ရစွာဗျာယ်လို့ ဆိုပါရေ။ တစ်ခါတစ်လီမှာတော့ခါ အဆင်မပြေလို့ အိမ်သျှင်ယောက်ျားလက်ထဲကို ရတုကဗျာလက်ရောက် ထည့်မပီးလိုက်နိုင်စွာမျိုးလည်း ဟိပါရေ။ အိမ်သျှင်ခရီးထွက်လို့ အင်တန်လောက် ကြာပြီးမှရာ ပီးပို့လိုက် ကတ်ရပါရေ။ ဇာပိုင်ပင်ဖြစ်ဖြစ်ပါ။ ရတုမြှားတံရို့ကတော့ခါ ရည်မှန်းချက်ပစ်မှတ်မှာ တစ်ဆံခြည်မလွဲ ဒက်ကနဲ လားစိုက်ကတ်စွာပါဗျာယ်။

ဝေသာ

ကိုးကား - San Shwe Bu: U Ga Pyan, The Governor of Sindin Arakan (J.B.R.S Vol.4, Part3 , 1919)ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

coppy from ရက္ခလုင်

photo Online Fb

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...