မြန်မာ့တပ်မတော်မှ အရာရှိစစ်သည်တစ်ချို့ ရခိုင်စစ်တပ်AA နှင့်ပူးပေါင်း
၂၀၂၀ ပြည့်နှစ်၊ မတ်လ၏နောက်ဆုံးရက်သတ္တပတ်အတွင်း မြန်မာ့တပ်မတော်၏ တပ်မ (၇၇) လက်အောက်ခံ-ခမရ (၁၀၁) တပ်ရင်းမှ ဗိုလ်ကြီး-မောင်မောင်ဌေး နှင့် စစ်သည်အချို့ ပလက်ဝမြို့နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်၏ စစ်ကြောင်းတစ်ခုထံတွင် လာရောက်ပူးပေါင်းခဲ့ကြသည်။
ဒေသခံပြည်သူလူထုများအား တပ်မ (၇၇) လက်အောက်ခံတပ်ရင်းများမှ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ရွာသူရွာသားများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရပ်ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပတ်ခတ်တိုက်ခိုက်နေခြင်း၊ မိမိတို့လူမျိုးအချင်းချင်းသတ်ဖြတ်နေသည်ကိုမလိုလားခြင်း၊ မြန်မာ့တပ်မတော်အပေါ် အယုံအကြည်ကင်းမဲ့ခြင်း၊ လူမျိုးရေးအရ နှိပ်ကွပ်ခြင်း၊ မြန်မာ့တပ်မတော်အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ခြင်း စသည့်အကြောင်းရင်းများကြောင့် ရက္ခိုင့်တပ်တော် နှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်။
ယခုလာရောက်ပူးပေါင်းသူကဲ့သို့ စိတ်ဓာတ်ကောင်းမွန်သောသူများသည်လည်း နောက်ထပ်အများအပြားရှိကြောင်းသိရှိရသည်။ ထို့ကြောင့် အဆိုပါ မြန်မာ့တပ်မတော်အပေါ် အယုံအကြည်မရှိသူများ၊ တာဝန်ထမ်းဆောင်လိုစိတ်မရှိသောသူများအနေဖြင့် မိမိတို့၏နီးစပ်ရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့်ဆက်သွယ်၍ လာရောက်ပူးပေါင်းရန်ဖိတ်ခေါ်ပါသည်။
အဆိုပါ ထရွန်အိုင်ဗျူဟာမှ မိမိတို့ရက္ခိုင့်တပ်တော်နှင့်လာရောက်ပူးပေါင်းသောဖြစ်စဉ်နှင့်ပတ်သက်၍ ပလက်ဝ၊ ထရွန်အိုင်ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထု (အထူးသဖြင့် ရခိုင်လူမျိုး) များကို စွပ်စွဲချက်အမျိုးမျိုးဖြင့် တစ်ဖက်သတ်စွပ်စွဲကာဖမ်းဆီးနေသည်များကိုတွေ့ရှိရသည်။ မြန်မာ့တပ်မတော်မှ ထုတ်ပြန်ချက်တွင်ပါရှိသော စွပ်စွဲခံကာဖမ်းဆီးခံရသူများမှာ မိမိတို့နှင့် ဆက်စပ်နေသူများမဟုတ်ဘဲ ၎င်းဒေသအတွင်းနေထိုင်ကြသူများသာဖြစ်သည်။
တပြိုင်နက်တည်းတွင် အရပ်သားပြည်သူလူထုများအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးနေခြင်းများကို ရှုတ်ချပြီး ရပ်တန့်ရန် သတိပေးလိုသည်။ ထိုသို့မဟုတ်ဘဲ မြန်မာ့တပ်မတော်အနေဖြင့် ဆက်လက်ပြုလုပ်နေမည်ဆိုပါက နောက်ဆက်တွဲဆိုးကျိုးများမှာ မြန်မာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
တပ်မတော်နှင့် ရခိုင်တပ်တော် AAတို့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉/၃၀/၃၁) ရက်နေ့က ရခိုင်ပြည် အမ်းမြို့နယ်တွင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရခိုင်တပ်တော်AAမှ သတင်းထုတ်ပြန်
တပ်မတော်နှင့် ရခိုင်တပ်တော် AAတို့
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉/၃၀/၃၁) ရက်နေ့က ရခိုင်ပြည် အမ်းမြို့နယ်တွင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရခိုင်တပ်တော်AAမှ
သတင်းထုတ်ပြန်
မတ်လ(၂၉) ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့သော်လည်း စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်မှ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်ရှိခဲ့သည်။
အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၏ အနောက်တောင်ဖက် (၁) ကီလိုမီတာအကွာအဝေးတွင် မြန်မာ့တပ်မတော်၏ အမ်းအခြေစိုက်၊ ဗိုလ်မှူး-ဟန်ထွန်းဦးဆောင်သော ခမရ (၃၇၁) တပ်ရင်း၊ စစ်ကြောင်း (၁) မှ မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် မတ်လ (၃၀) ရက်၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်မှ ည (၆) နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ ရန်သူသည် စစ်ကြောင်းနှစ်ကြောင်းဖြင့် မိမိတို့အားလာရောက်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည် မတ်လ (၃၁) ရက်၊ နံနက် (၆) နာရီခန့်မှစတင်ပြီး ထပ်မံတိုက်ခိုက်လာခဲ့သောကြောင့် အဆိုပါနေရာ၌ ခမရ (၃၇၁) နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ (၂) ရက်တာကာလအတွင်း ရန်သူ့တပ်-ခမရ (၃၇၁) တပ်ရင်းထံမှ ခြင်းတောင်း (၁၅) တောင်းအပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူ့ဖက်မှ (၁၀) ဦးအထက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်အချို့တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
မတ်လ (၃၀) ရက်နေ့တွင် စစ်ရာဇဝတ်နယ်ချဲ့သောင်းကျန်းသူ မြန်မာ့တပ်မတော်သည် မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာ နှင့် ကြိမ်ချောင်းရွာ (မေလွမ်းရွာတစ်ဖက်ကမ်း) အနီးပတ်ဝန်းကျင်များအား ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မေလွမ်းရွာ၊ စာသင်ကျောင်းအနီး စက်သေနတ်၊ ရော့ကတ်များကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အသက် (၁၆) နှစ်အရွယ် မောင်ညိုမင်းနိုင်မှာ သေဆုံးခဲ့ပြီး သူ၏မိဘနှစ်ပါးဖြစ်ကြသော ဦးအောင်ကျော်စိန်ချေ ( အသက်-၅၁) နှစ် နှင့် ဒေါ်ခင်တင် (၅၃-နှစ်) တို့မှာ ကျည်ဆံများထိမှန်၍ ဒဏ်ရာရမှုများရှိခဲ့သည်။
ပလက်ဝ ဆမီးကားလမ်းပေါ်မှ ဆန်အိတ် ၂၀ ယူဆောင်ခြင်းနှင့် ပတ်သတ်ပြီး AAမှ သတင်းထုပ်ပြန်
ပလက်ဝ-ဆမီးကားလမ်းပေါ်မှ ဆန်အိတ် (၂၀) ကိစ္စနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၀) ရက်
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉) ရက်နေ့တွင် ဆမီးမြို့မှ ပလက်ဝမြို့အကြား လာမွေတောင်အနီး၌ ကုန်တင်ကားတစ်စီးအား စစ်ရေးအခြေအနေလိုအပ်ချက်အရ ရက္ခိုင့်တပ်တော်မှ စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် အဆိုပါကားပေါ်၌ ဆန်အိတ် (၁၂၀) သယ်ဆောင်လာသည်ကိုတွေ့ရှိရပြီး မြန်မာ့တပ်မတော်၏ ရိက္ခာဆန်များမဟုတ်ဘဲ အရပ်သားများ၏ဆန်ဖြစ်ကြောင်းသိရှိရသည်။
မိမိတို့တပ်ဖွဲ့ဝင်များမှ ၎င်းဆန်အိတ် (၁၂၀) ထဲမှ (၂၀) အိတ်အား ကာလတန်ဖိုးပေါက်ဈေး ငွေ(၄၀၀၀၀- လေးသောင်းကျပ်) ဖြင့် တန်ကြေးပေးဝယ်ယူခဲ့ပါသည်။ သို့သော်အဆိုပါဆန်အိတ်များကိုယူဆောင်လာသောသူများမှ (၃၂၀၀၀- သုံးသောင်းနှစ်ထောင်ကျပ်) သာပေးချေဟုပြောဆိုသောကြောင့် ဆန်အိတ် (၂၀) အား တစ်အိတ်လျှင် (၃၂၀၀၀) ကျပ်၊ စုစုပေါင်း (၆၄၀၀၀၀- ခြောက်သိန်းလေးသောင်းကျပ်) ပေးချေကာ နှစ်ဦးနှစ်ဖက်အဆင်ပြေသင့်တော်သောအဖိုးအခငွေပေးချေပြီး ဝယ်ယူခဲ့ပါသည်။
သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသနာမည်ခံ "ခူမီးမီဒီယာ"နှင့် Khumiland News ဖေ့ဘုတ် Page များအပါအဝင် သတင်းမီဒီယာအချို့မှ မိမိတို့အဖွဲ့အစည်းအပေါ် မှားယွင်းသောသတင်းအဖြစ် တစ်ဖက်သတ်ပုံဖော်ကာ စွပ်စွဲရေးသားခြင်း၊ ပြောဆိုနေခြင်းများကို တွေ့ရှိရသည်။ အဆိုပါသတင်းမီဒီယာများသည် မိမိတို့အဖွဲ့အစည်းအပေါ် မဟုတ်မမှန်သောသတင်း၊ သတင်းမှန်တစ်ဝက်-သတင်းမှားတစ်ဝက်ဖြင့် ပုတ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ ရန်သူ၏လက်ကိုင်တုတ်သဖွယ် ရန်သူ့ကိုယ်စား (သို့မဟုတ်) ရန်သူကိုယ်တိုင် ပြုလုပ်နေသော စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချီရေးကဏ္ဍ၏ လုပ်ဆောင်ချက်များသာဖြစ်ပြီး ရန်သူ့မီဒီယာထိုးစစ်၏ လက်တံတစ်ခုသာဖြစ်သည်ဟု သံသယဖြစ်မိပါသည်။
အခြားတစ်ဖက်တွင် ဤကဲ့သို့ သတင်းအမှားများကိုဖော်ပြပြီး လူမျိုးစုအချင်းချင်းအကြား ရန်တိုက်ပေးခြင်း၊ မြှောက်ပင့်ပြီး သွေးခွဲကာသွေးထွက်သံယိုဖြစ်အောင်ပြုလုပ်ခြင်း စသည့်လုပ်ရပ်နှင့် လက်ရာများမှာ မြန်မာ့တပ်မတော်မှ ခေတ်အဆက်ဆက်နှင့် ယနေ့အထိ ကျင့်သုံးနေသော သွေးခွဲမြှောက်ပင့် ရန်တိုက်ပေးသည့်နည်းလမ်းပင်ဖြစ်သည်။
၎င်းသတင်းအား ဒေသခံနာမည်မီဒီယာများ မှားယွင်းဖော်ပြသည်ကို အခြားသောမီဒီယာ တစ်ချို့မှ ထပ်မံကိုးကားဖော်ပြနေသောကြောင့် မိမိတို့အဖွဲ့အစည်း၏ဂုဏ်သိက္ခာ ကျဆင်းစေပါသည်။ နစ်နာစေပါသည်။ သတင်းသမားများ၊ သတင်းမီဒီယာများအနေဖြင့် မှားယွင်းစွာဖော်ပြခဲ့သည်ရှိသော် မှားယွင်းသတင်း၊ အမှားပြင်ဆင်ချက်အဖြစ် ဖော်ပြပေးစေလိုပါသည်။
ကျင့်ဝတ်လိုက်နာသောသတင်း၊ ဘက်မလိုက်ဘဲမျှမျှတတရေးသောသတင်းမီဒီယာများဖြစ်အောင် အားထုတ်ရန်တိုက်တွန်းလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
website link: https://bit.ly/2JnNpDN
AA …? Video file
30.ဧပြီ 2019
၂၀၁၉ ဖေဖေါ်ဝါရီ ( ၂ )ရက်နေ့က ပလက်ဝမြို့နယ် ကင်းတလင်း ကျေးရွာမှ ခူမီးချင်းတိုင်းသား ၅၄ ဦးကို သူတို့ သဘော
ဆန္ဒ မပါပဲ ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးခေါ်သွားတယ်ဆိုပြီး ( ၂၀၁၉ ဧပြီလ ၂၈ ရက်စွဲ့နှင့် ခူမီးချင်းမျိုးနွယ်စုများရေးရာ
ပေါင်းစပ် ညှိနှိုင်းကောင်စီ )ရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
၁။ ခူမီးလူမျိုးသည် ရခိုင်မျိုးနွယ်စုဝင်ထဲတွင်
ပါဝင်သည်။
၂။ AAမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၅၄
ဦး အနက် ၂ ဦးမှာ ထွက်ပြေးလွတ်မြှောက်
လာပြီး AA အဖွဲ့ မှ စေခိုင်းသမျှ
အလုပ်ကိုလုပ်ပေးနေရပြီ အစာရေစာ
မလုံမလောက်စားသောက် ရကြောင့် ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။
( ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းကောင်စီ ) ထုပ်ပြန်ချက်ဟာ
လွဲမှားနေပါသည်။
၁။ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးခ်ါသွားခြင်း လုံးဝမဟုတ်ပါ။
နှစ်ဘက်တိုက်ပွဲကြောင့် တောတွင်း ပိတ်မိ
နေတဲ့ ၎င်း ကျေးရွာသား ၅၄ဦးကို ဖမ်းဆီး
ခေါ်သွားခြင်းမဟုတ်ပဲ သူတို့အသက်လုံခြုံ
ရေးအတွက် လမ်းတစ်လျှောက်တွင် သူတို့၏လိုအပ်ချက်
များကို AA တပ်တော်သားတွေ ဝိုင်းဝန်း
ကူညီပြီးဘေးလွတ်ရာကိုလိုက်ပို့ပေးခဲ့တာပါ။
၂။ အဲဒါကို ရက္ခိုင့်တပ်တော် ဦးခိုင်သုခ မှ မီဒီယာကို ပြောကြားထားတာရှိပါတယ်။
ဒါကို ပြည်သူ တစ်ရပ်လုံးကလည်း သိထား
ပြီးသားဖြစ်မှာပါ။
အခုဟာက စစ်တပ် ရဲ့လုပ်ဆောင်ချက်အ
တိုင်း လိုက်လုပ်နေရတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတယ်။
ရခိုင်မျိုးနွယ်စုဝင်ထဲက ခူမီး လူမျိုးကိုဆွဲထုတ်
ချင်းလူမျိုးနှင့် သွားပေါင်း သူတို့လိုအပ်သလို လုပ်နေတယ်လို့ပဲမြင်မိဗျာ။
ကဲ ဖမ်းခေါ်သွားသလား…?
ဆိုတာ Video file ကို ကြည့်ရင် သိနိုင်မှာပါ
ကျောက်တန်းကျေးရွာသား ၂၀၀ ကျော်အား တပ်မတော်မှ စစ်ဆေးနေ
ခိုင်ရိုးလ / DMG
မေ ၁ ၊ ရသေ့တောင်
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ရွာသူ၊ရွာသား ၂၀၀ ကျော်အား ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ မေလ ၁ ရက်နေ့ ယခုအချိန်အထိ တပ်မတော်စစ်ကြောင်း တပ်မ ၂၂ မှ ၎င်းကျေးရွာရှိ စာသင်ကျောင်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
တပ်မတော်မှ ကျေးရွာအတွင်းဝင်ရောက်လာကာ ယောက်ျားများအား စာသင်ကျောင်းသို့ လာရမည်ဟု ရွာဆော်ဖြင့်ခေါ်ခိုင်းပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေအား စစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောသည်။
“ရွာသားတွေက မနေရဲတော့ဘဲ စာသင်ကျောင်းကိုသွားကြတယ်။ ကျောင်းမှာစုထားပြီးတော့ မိန်းမတွေကျန်နေခဲ့တာကို အိမ်ထောင်စုစာရင်းတွေ လိုက်စစ်တယ်။ ဘယ်အိမ်မှာ လူဘယ် နှစ်ယောက်ရှိလဲ။ ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နံပါတ်တွေ မှတ်ပြီးယူသွားတယ် ” ဟု ၎င်းအမည် မဖော်လိုသူက ပြောသည်။
ဧပြီလ ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် အသက် ၁၅ နှစ်အောက်နှင့် အသက် ၅၀ အထက် ရှိသူများကို စစ်ဆေးနေရာမှ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်ထိ စစ်ဆေးခံနေရသူများမှာ အသက် ၁၆ နှစ်မှ အသက် ၅၀ အောက်ရှိသူ ၂၁၀ ဦးခန့် ရှိပြီး ၎င်းတို့ထဲတွင် ပညာရေးဝန်ထမ်း ၄ ဦးလည်းပါဝင်ကြောင်း ကျောက်တန်းကျေးရွာမှ အမည် မဖော်လိုသည့် ကျေးရွာသားနောက်တစ်ဦးကပြောသည်။
“ကိုယ့်ဆွေမျိုးသားသမီးတွေကို ဖမ်းထားတော့ စိုးရိမ်နေကြပါတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကိုလည်းမသိဘူး။ အချုပ်ချမှာလား။ သတ်ပစ်မှာလားဆိုတာကိုပါ။ ဟိုအဖွဲ့နဲ့ဆက်စပ် ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ပုဒ်မတွေတပ်တာ လုပ်မလားဆိုတာကို စိုးရိမ်နေပါတယ် ” ဟု ၎င်းကျေးရွာ သားကပြောသည်။
တပ်မတော်မှစစ်ဆေးနေသည့် ကျောက်တန်းကျေးရွာအား ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ရွာသားများနှင့်တွေ့ဆုံရန်သွားရောက်ခဲ့သော်လည်း ရွာအတွင်းသို့ဝင်၍ မရကြောင်းသိရသည်။
“ကျနော်တို့ ရွာထဲကိုဝင်လို့မရသေးပါ။ ဝင်ခွင့်မပေးသေးပါ။ ဝင်လို့ရအောင်ပြောဖို့လုပ်နေပါတယ်။ ရွာနားတံတားမှာတားလို့ ပြန်လှည့်လာရပါတယ်။ ရွာထဲမှာ စစ်ဆေးနေပါတယ်တဲ့။ (စစ်တပ်က) ပြောတာပါ။ ရွာထဲကသတင်းကိုတော့ မသိရသေးပါဘူး။ တွေ့ခွင့်ရအောင်တော့ ကြိုးစားနေပါတယ် ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက နေ့လည် ၁၂ နာရီခန့်တွင် DMG ကို ပြောသည်။
ကျောက်တန်းကျေးရွာသားများအား စစ်ဆေးနေမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းညီအား DMG မှ ဆက်သွယ်မေးမြန်းရာ လောလောဆယ် အခြေအနေမသိရသေးကြောင်း တုန့်ပြန်သည်။
Subscribe to:
Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
သားလေးကိုမိခင်မှလက်တစ်ဖက်ဖြင့်ပွေ့ဖက်ရင်းသေဆုံးနေကြတဲ့သားအမိရုပ်အလောင်းနန်းချောင်းဝကျေးရွာတွင်တွေ့ရှိ Apr 10, 2020 ဧပြီလ (ရ)ရက်နေ့က တပ်...





