တပ်မတော်နှင့် ရခိုင်တပ်တော် AAတို့
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉/၃၀/၃၁) ရက်နေ့က ရခိုင်ပြည် အမ်းမြို့နယ်တွင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရခိုင်တပ်တော်AAမှ
သတင်းထုတ်ပြန်
မတ်လ(၂၉) ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့သော်လည်း စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်မှ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်ရှိခဲ့သည်။
အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၏ အနောက်တောင်ဖက် (၁) ကီလိုမီတာအကွာအဝေးတွင် မြန်မာ့တပ်မတော်၏ အမ်းအခြေစိုက်၊ ဗိုလ်မှူး-ဟန်ထွန်းဦးဆောင်သော ခမရ (၃၇၁) တပ်ရင်း၊ စစ်ကြောင်း (၁) မှ မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် မတ်လ (၃၀) ရက်၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်မှ ည (၆) နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ ရန်သူသည် စစ်ကြောင်းနှစ်ကြောင်းဖြင့် မိမိတို့အားလာရောက်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည် မတ်လ (၃၁) ရက်၊ နံနက် (၆) နာရီခန့်မှစတင်ပြီး ထပ်မံတိုက်ခိုက်လာခဲ့သောကြောင့် အဆိုပါနေရာ၌ ခမရ (၃၇၁) နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ (၂) ရက်တာကာလအတွင်း ရန်သူ့တပ်-ခမရ (၃၇၁) တပ်ရင်းထံမှ ခြင်းတောင်း (၁၅) တောင်းအပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူ့ဖက်မှ (၁၀) ဦးအထက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်အချို့တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
မတ်လ (၃၀) ရက်နေ့တွင် စစ်ရာဇဝတ်နယ်ချဲ့သောင်းကျန်းသူ မြန်မာ့တပ်မတော်သည် မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာ နှင့် ကြိမ်ချောင်းရွာ (မေလွမ်းရွာတစ်ဖက်ကမ်း) အနီးပတ်ဝန်းကျင်များအား ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မေလွမ်းရွာ၊ စာသင်ကျောင်းအနီး စက်သေနတ်၊ ရော့ကတ်များကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အသက် (၁၆) နှစ်အရွယ် မောင်ညိုမင်းနိုင်မှာ သေဆုံးခဲ့ပြီး သူ၏မိဘနှစ်ပါးဖြစ်ကြသော ဦးအောင်ကျော်စိန်ချေ ( အသက်-၅၁) နှစ် နှင့် ဒေါ်ခင်တင် (၅၃-နှစ်) တို့မှာ ကျည်ဆံများထိမှန်၍ ဒဏ်ရာရမှုများရှိခဲ့သည်။
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...




No comments:
Post a Comment