KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ


KNU က ခလရ ၂၇၅ ကိုသိမ်းပြီး မြ၀တီမြို့ကိုထိန်းချုပ်လိုက်ပြီ


ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် KNU နှင့် ညှိနှိုင်းပြီး လက်နက်ချ အညံ့ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။ 


မနေ့က ဧပြီ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၇ တပ်ရင်းအားလုံးကို KNU က သိမ်းပိုက်အပြီး 

၂၄ နာရီအတွင်း မြ၀တီမြို့ အခြေစိုက်  ခလရ ၂၇၅ တပ်ရင်းတရင်းလုံးက လက်နက်ချအညံ့ခံလိုက်သည်ဟု KNU သတင်းအရင်းအမြစ်ကပြောသည်။




 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက် ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ


 စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိ အာဏာတည်မြဲရေးအတွက်  ထိတန်းအရာရှိ အဆင့်ထိထိုးကျွေးနေ


၃ ဧပြီ ၂၀၂၄


ကျားဖြန့်လုပ်ငန်းသံသယဖြင့်  တရုတ်က အလိုရှိနေတဲ့  ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီဖမ်းဆီး လိုက်သည်။စစ်ကောင်စီသည် ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် အဆင့်ရာထူးပေးအပ်ထားတဲ့  ပြည်သူ့စစ်ခေါင်းဆောင် များကိုလည်း ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်ခဲ့သည်။


ယခုအခါ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်လင်းထွန်းကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်ဟုသိရသည်။ ဗိုလ်ချုပ်အောင်လင်းထွန်းသည် ကျားဖြန့် ငွေလိမ် အလောင်းကစားလုပ်ငန်းဖြင့်အဖမ်းခံရသည့် အဆင့်အမြင့်ဆုံး စစ်ကောင်စီအဖွဲ့ဝင်အရာရှိ ဖြစ်သည်။


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိတန်းအရာရှိအဆင့်ထိ ဖမ်းဆီးကာ တရုတ်အကြိုက် ဆောက်ရွက်နေခြင်းသည်။ ၎င်း၏ နိုင်ငံရေးထွက်ပေါက်ရှာခြင်းလည်းဖြစ်နိုင်သည်။


#တရုတ်နိုင်ငံ #ကျားဖြန့် #အကြမ်းဖက်စစ်တပ် #lay_wadi_media

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ ဒေသခံပြည်သူ ၃ ဦးသေဆုံး ၁ ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး

ကမ်းထောင်းကြီးမြို့ကို  စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ ဒေသခံပြည်သူ ၃ ဦးသေဆုံး ၁ ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး


၂ ဧပြီ ၂၀၂၄


ရခိုင်ပြည် တိုက်နယ်ကမ်းထောင်းကြီးမြို့ ကို အကြမ်းဖက်စစ်ကောင်င်္စသည် လေကြောင်းမှ ဂျက်ဖိုက် တာ၂စီးဖြင့် ယနေ့ ဧပြီ ၂ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်အချိန်က လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ လူနေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သည်။


အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည် ပေါက်တောမြို့နယ် ကိုယနေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်က စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ ပစ်ခတ် လိုက်တဲ့  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရှိသည်ဟုသိရသည်။


အကြမ်းဖက် စစ်ကောင်စီ အမှတ် ၁၂ ရဲတပ်ရင်း ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မော်ထုပ်ကြီးကျေးရွာမှ  ကိုဇော်မင်းနိုင် ၂၃နှစ် ကျော်နုဖြူ ၄၇ နှစ်  ခင်ရွှေဝင်း ၃၂နှစ်  ဒေါ်စန္ဒာဝင်း ၃၁နှစ် ဦးမဲခေါက် ၆၂နှစ် ဒေါ်ကင်ယုံမယ် ၆၃နှစ် တို့သည် ထိခိုက်ဒဏ်ရာခဲ့သည်။


၎င်းအပြင်အကြမ်းဖက်စစ်ကောင်စီသည်  ကျောက်ဖြူမြို့တွင်းသို့  နေဗီကတစ်ဆင့် လက်နက်ကြီးဖြင့် ယမန်နေ့ ဧပြီလ ၁ ရက် ည ၇ နာရီအချိန် ပစ်ခတ်ခဲ့သည်ဟု ဒေခံကပြောသည်။


#lay_wadi_media #ရခိုင် #ကမ်းထောင်းကြီးမြို့ #Rakhine #အကြမ်းဖက်စစ်တပ်






 

နပခ အခြေစိုက်ရာ အမ်းမြို့တွင် စစ်ကောင်စီသည် တပ်အင်အား လက်နက်အင်အားဖြည့်တင်းပြီး ခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး အခိုင်အမာ ပြုလုပ်နေ


 နပခ အခြေစိုက်ရာ အမ်းမြို့တွင် စစ်ကောင်စီသည် တပ်အင်အား လက်နက်အင်အားဖြည့်တင်းပြီး ခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး အခိုင်အမာ ပြုလုပ်နေ


၂ ဧပြီ ၂၀၂၄ / လေးဝတီ


ရခိုင်ပြည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့တွင် စစ်ကောင်စီသည် ( နပခ ) စစ်တိုင်းမှုအပြောင်းလဲ ပြုထားပြီး ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ကို ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် တပ်အင်အား လက်နက်အင်အား ဖြည့်တင်းနေသည်ဟုသိရသည်။


"ဟုတ်တယ် နယ်မြေခံတပ်ရင်းတွေကို အခိုင်အမာ ခံစစ်လုပ်ထားပါတယ် ထောက်ပို့လမ်ကြောင်းတွေရော စစ်ကူရောက်လာနိုင်တဲ့လမ်းကြောင်းတွေရော  AA ဘက်ကရော တပ်ဘက်ကရော ပိတ်ဆို့နေတာရှိပါတယ် ရှမ်းမြောက်ဘက်မှ တပ်ရင်းတပ်ဖွဲ့တချို့ကိုလည်း လေယာဉ်ဖြင့် တပ်ဘက်က အင်အားဖြည့်ထားပါတယ် မြေပုံမြို့နယ်ဘက်နေပြီး ထိုးစစ်ဆင်ရန်  ဆောင်ရွက်နေတာရှိတယ်"လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုတစ်ဦးက အတည်ပြုပြောပါတယ်။


မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီ၏ နည်းဗျူဟာ ၃ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်AA တို့မြေပုံမြို့နယ် လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၄၀၀ အကွာ တောင်ကြောတွင် ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။


၇၉ နှစ်မြောက် တပ်မတော်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်လွှတ်ဆုံးရှုံးခဲ့ရသည့်နယ်မြေများကို  ပြည်သူ့စစ်မှုထမ်း ဥပဒေကို စနစ်တကျ ဖွဲ့စည်းပြီး ဥပဒေစိုးမိုးမှုရရှိအောင်ဆောင်ရွက်မည်ဟု မတ်လ ၂၇ နေ့ တပ်မတော်နေ့တွင် ပြောကြားခဲ့သည်။


စစ်ကောင်စီ၏ နောက်ပိုင်းတိုင်းစစ်ဌာချုပ် အမ်းမြို့နယ်တွင် ခမရ ၃၇၁ ခြေမြန်တပ်ရင်း /ခမရ ၃၇၃ ခြေမြန်တပ်ရင်း / ခမရ ၃၇၄ ခြေမြန်တပ်ရင်းနှင့် /ကုတင် ၃၀၀ စစ်ဆေးရုံး အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ / စစ်လက်နက်ပစ္စည်း အမှတ် ၃၄၅တပ်ခွဲ/ အမှတ် ၉၁၉ အင်ဂျင်နီယာတပ်ရင်း /အမှတ် ၇၅၇ လျှပ်စစ်နှင့် အလုပ်ရုံတပ်ခွဲ /အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ အပြင် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တို့ရှိသည်။


၁၀၂၇ စစ်ဆင်ရေးနှင့်အတူ  ၂၀၂၃ နိုင်ဝင်ဘာ ၁၃ ရက်နေ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရက္ခိုင့်တပ်တော်AA သည် လက်နက်ချအညံ့မခံသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို အနေ့မှ ရပ်တန့်ခြင်းမရှိပဲ ထိုးစစ်ဆင်တိုက်လျက်ရှိနေသည်ဟု AA ကထုတ်ပြန်ထားသည်။


အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူ၏ ကားကို အသုံးပြုကာ လက်နက်အင်အား  တပ်အင်အား ဖြည့်တင်းနေ့သည့်အတွက် အမ်းမြို့နယ်နှင့်  မကွေး ဆက်သွယ်ထားတဲ့ ပဒါန်းကားလမ်းကို အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း ယနေ့ AAမှ ထုတ်ပြန်ထားပါတယ်။


ဓါတ်ပုံ - AA Info Desk


#lay_wadi_media #အကြမ်းဖက်စစ်တပ် #ရခိုင် #Rakhine #အမ်း #နပခ 

တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့ အမ်း-ပဒါန်း ကားလမ်း အား ရက္ခိုင့်တပ်တော်မှ အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ထုတ်ပြန်


 တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့  အမ်း-ပဒါန်း ကားလမ်း အား ရက္ခိုင့်တပ်တော်မှ  အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ထုတ်ပြန်


၂ ဧပြီ ၂၀၂၄


ရက္ခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ယနေ့အထိ ဆက်လက်ရှိနေခဲ့ပြီး စစ်အဟုန်သည်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်။ 


တစ်ပြိုင်နက်တည်းတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့မှစ၍ ရက္ခိုင်ပြည်၊ အမ်း နှင့် မကွေးတိုင်းအကြားတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။


နိုင်ငံတစ်ဝန်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ရှုံးစစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးရာမျက်နှာစာများတွင်ပါ ဆက်တိုက်ရှုံးနိမ့်နေသည့်တိုင် ပြည်သူလူထုများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်သည့်လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲပင်ဖြစ်သည်။


 ပြည်သူလူထုအား စစ်မှုမထမ်း မနေရဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးသွင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။


ယခုအခါ အများပြည်သူများသွားလာသည့် လမ်းများထဲမှ ရက္ခိုင်ပြည်၊ အမ်းမြို့ နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာ နှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ် မိုင်းများထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိသည့်အပြင် ဤကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာပြီဖြစ်သောကြောင့် အမ်း-ပဒါန်း ကားလမ်း အား မိမိတို့မှ အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ပါကြောင်း အရေးပေါ်ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ရက္ခိုင့်တပ်တော်  နိုဗာ ( ၁ ) စစ်ဒေသမှ ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်။


#lay_wadi_media #Rakhine #ရခိုင် #အကြမ်းဖက်စစ်တပ် #နပခ  #အမ်း

တပ်မ (၈၈) တပ်မမှူးဗိုလ်မှူးချုပ် ဝင်းထွဋ်ဦး KIA နှင့်တိုက်ပွဲအတွင်းသေဆုံး

 တပ်မ (၈၈) တပ်မမှူးဗိုလ်မှူးချုပ် ဝင်းထွဋ်ဦး KIA နှင့်တိုက်ပွဲအတွင်းသေဆုံး



၃၀ မတ်လ ၂၀၂၄


ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းထွဋ်ဦး သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


KIA ဌာနချုပ် လိုင်ဇာအနီး ဘွမ်ရယ်ဘွမ်တပ်စခန်းမှ ထွက်ပြေးသွားသည့် တပ်မ(၈၈) တပ်မမှူးပါဝင်သည့် စစ်ကြောင်းနှင့် KIA တို့ ယမန်နေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနီး မန်နောင်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မမှူး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


“မနေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနောက်ဘက် မန်နောင် တိုက်ပွဲမှာ တပ်မ(၈၈) တပ်မမှူး ဝင်းထွဋ်ဦး သေသွားပြီ။ သူက ဘွမ်ရယ်ဘွမ်က ထွက်ပြေးလာတဲ့ တပ်ဟုတ်တယ်။ မနေ့က သူတို့အဖွဲ့နဲ့ မန်နောင်ရွာမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


#lay_wadi_media  #စစ်ကောင်စီ #ကချင် #KIA

…ရခိုင်စစ်မျက်နှာနှင့် တရုတ် …စစ်ကောင်စီ


 

( …ရခိုင်စစ်မျက်နှာနှင့် တရုတ် …စစ်ကောင်စီ)

AAကို အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်က အလေးထားဆက်ဆံမှုတွေ ရှိလာနေတဲ့ အတွက် တရုတ်အနေနဲ့ AA ကို ဘယ်လို့ဆက်ဆံမလဲ …?


၃၀ မတ် ၂၀၂၄


ရခိုင်တွင် တရုတ်အကျိုးစီးပွားရှိနေသည့်အတွက်  ရှမ်းမြောက်ကလိုမျိုး တရုတ်သည် ရခိုင်ဒေသတွင်လည်း အပစ်ရပ်လိုရန်ဆန္ဒရှိနေသည်။ AA ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ ဖေဖော်ဝါရီ ၂ရက်က BBC နှင့် အင်တာဗျူတွင် တရုတ်က အပစ်ရပ်လိုကြောင်း BBC ကိုဖြေကြားထားတာတွေ့ရသည်။ ရှမ်းမြောက်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ဟိုင်ဂင်သဘောတူညီချက်ဖြင့်  အပစ်အခတ်ရပ်စဲသော်လည်း  ရခိုင်တွင် အပစ်မရပ်စဲနိုင်သည့်အတွက်  စစ်ကောင်စီ တပ်စခန်း တပ်မ ဌာနာချုပ်အပြင် မြို့နယ် ( ၉ ) ခုအထိ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရယူထားသည်။


ရက္ခိုင့်တပ်တော် AA ကို ရှမ်းမြောက်ကလိုမျိုး တရုတ်သည်  တင်းတင်းမာမာ ဖိအားပေးနိုင်သည့် အခြေအနေ မတွေ့ရသေးပေ (တရုတ်ဖိအားကို ရှောက်လွဲရန် AA ၏ နိုင်ငံရေး ပါးနပ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။)


 ယခုအခါ AA ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အလေးထား ဆက်ဆံနေချိန်တွင် တရုတ်တို့သည် ရှမ်းမြောက်တွင်ရှိသော ကျန်အဖွဲ့များကို ဖိအားပေးဆက်ဆံမှုရှိသော်လည်း AA ခေါင်းဆောင်များကိုဖိအားပေး ဆက်ဆံ၍မရနိုင် ထို့ကြောင့် တရုတ်တို့သည် AA ခေါင်းဆောင်များအား ချော့မော့၍ ပျော့ပြောင်းစွာ ဆက်ဆံလေ့ရှိသည်ဟု သိရ၏။


AA ခေါင်းဆောင်များကို ချော့မော့ဆက်ဆံသည် ဆိုသော်ငြင်းလည်း ကျောက်ဖြူရှိ တရုတ်၏ အကျိုးစီးပွားကို ထိပါးနိုင်သည့် တိုက်ပွဲမျိုး မဖော်ဆောင်ရန် အပျော့နည်းဖြင့် ကြိုးစားနေပုံရသည်။ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့နှင့် ပတ်သက်သည့် အကျိုးအမြတ် တစုံတရာအား AA သို့ ခွဲပေးပြီး ဆွဲဆောင်နိုင်သည်။


 စစ်ကောင်စီသည် ရခိုင်နှင့် တိုင်းရင်းသားဒေသ အားလုံးတွင် အပစ်ရပ်လို့သည့်သဘောထားရှိပြီး  ပြည်မတွင် ဖိတိုက်ရန် စစ်ကောင်စီ၏ သဘောထားအမှန်ကိုတွေ့သည်။ ရခိုင်တွင်သာ အပစ်ရပ်နိုင်ပါက စစ်တပ်သည် တစ်ခြား ကချင်နှင့် ကရင်တို့သို့ပါ တပ်အင်အားဖြည့်နိုင်မည် ဖြစ်၏။


ထို့ကြောင်း စစ်ကောင်စီသည် ရခိုင်တွင်အပစ်ရပ်နိုင်ရန်အတွက် တရုတ်ကကြားဝင်ပြီး  (တစ်နည်း ) တရုတ် နှင့် စစ်ကောင်စီ အပေးအယူ 

တစ်ရပ်ဖြင့် AA ကို ဖိအားပေးရန် တရုတ်ထံ တောင်းဆိုမှုတွေရှိလာနိုင်သည်ဟု ယူဆရသည်။


#lay_wadi_media  #စစ်ကောင်စီ #Rakhine #AAInfoDesk #aaတပ်တော် Lay Wadi Media

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...