AIC CONFIRMS 113 CHILDREN KILLED AND MAIMED IN THE FIRST QUARTER OF 2020 IN RAKHINE STATE

AIC CONFIRMS 113 CHILDREN KILLED AND MAIMED IN THE FIRST QUARTER OF 2020 IN RAKHINE STATE  April 24, 2020  No Comments New comer child IDP in Minbya in April 2020 Sittway. April 25, 2020. Three brotherhood alliance issued statement yesterday and accused Myanmar army is committed war crime and conducting ethnic cleansing campaign against Rakhine people.  The brotherhood alliance is comprised with Arakan Army, T’aung National Libration Army, and Myanmar National Democratic Alliance Army.  It said ‘the Myanmar armed force have continued their offensive assaults in Arakan and Chin states to have brazenly committed war crime such as waging a systematic campaign of ethnic cleansing.’ The alliance said it has extended a 30 days ceasefire in April to support COVID-19 preventive measurement and infection protection work in the war zones in Rakhine and in the northeast of Shan State. The Special Representative of the Secretary-General for Children and Armed Conflict, Virginia Gamba welcomed ethnic armed organizations initiation of unilateral ceasefire in mist Covid-19 threat and reiterated UN General Secretary calls for global ceasefire.   She said, “I welcome the ceasefire already announced by several armed group in the country and call for their effective implementation.” The Special Representative is very concerned increasing child casualties in the conflict zones. Her statement compared and said ‘the number of child killed and maimed in the first three months of 2020 already amounts to more than half of the total of killing and maiming in 2019.’  She also condemned the attack of WHO’s employee and health worker in Rakhine state while delivering Covid-19 suspected sample to the ministry of health in Yangon.   “The rate of child killed and maimed in Rakhine State has increased double in the first quarter of 2020 than the entire child causality in 2019,” Sue Aye said. Miss Sue Aye is data analysist of Arakan Information Center (AiC) that monitors civilian casualty in Rakhine State. She said, “Our center has registered 113 children killed and maimed in 2020, age ranging from months old to 16 years as 11 in January, 45 in February, 35 in March, and 22 in April.” “We roughly registered 63 child causalities in 2019,” Sue said.   With deep concern of US, UN, and European nations over the raising of violence and civilian causalities and high risk of vulnerable IDPs amid COVID-19 virus threat in Rakhine State, they called on Myanmar government for a ceasefire. But both the government and Tatmadaw made blanket rejection and ignored the international calls for peaceful solution.  AiC predicts more child casualties will be increased ahead of coming months unless international community steps up to halt the hostility and farce military operations. 

     

တပ်မတော်ငြင်းဆိုထားတဲ့ ကျောက်တော် မီးလောင်နေအိမ်တွေအတွက် ပြည်နယ်အစိုးရ ငွေထောက်ပံ့ ~~~~~~~~~~
■ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တပ်မတော်လုံခြုံရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက စွပ်စွဲထားတဲ့ နေအိမ် ၅၀ဝ ကျော်ကို ပြန်ဆောက်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်ကို အစိုးရက ဧပြီလ ၂၂ ရက်နေ့က ပေးအပ်ခဲ့တာပါ။

မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေအတွက် အဓိက ထောက်ပံ့ပေးတာလို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက RFA ကို ဒီနေ့ပြောဆိုပါတယ်။

“ကျောက်တော်မြို့နယ် တင်းမကျေးရွာအုပ်စု၊ တင်းမကျေးရွာမှာ လူနေအိမ် ၅၂၈ လုံး မီးလောင်ခဲ့တယ်။ နေအိမ် ၃၉၇ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၇၉၄ သိန်း၊ ပြီးတော့မှ နေအိမ် ၁၃၁ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေက ၁၃၁ သိန်းနဲ့ စုစုပေါင်း အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၉၂၅ သိန်းကို မြောက်ဦးခရိုင်ဘေးစီမံဌာနကနေပြီးတော့ ဧပြီလ ၂၄ ရက်က ကျွန်တော်တို့ထောက်ပံ့ပေးခဲ့ပါတယ်”

ဝါးအိမ်ကို တစ်သိန်း၊ သွပ်မိုးပျဉ်ကာအိမ်ကို နှစ်သိန်း၊ တိုက်အိမ်တွေကို နှစ်သိန်းခွဲ စသဖြင့် ဌာနရဲ့ သတ်မှတ်ချက်တွေအတိုင်း ထောက်ပံ့တာလို့ ဆိုပါတယ်။ နေအိမ်တွေ မီးလောင်ဆုံးရှုံးတာတွေအတွက် အခြားတင်ပြလာတာတွေရှိရင်လည်း လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆက်လက်ထောက်ပံ့နိုင်အောင် ဆောင်ရွက်မယ်လို့ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တင်းမကျေးရွာမှာ ရှိတဲ့နေအိမ်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တင်းမကျေးရွာရဲ့ မြေပြင်အခြေအနေတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ကြည့်ရှုခဲ့ရာမှာ မီးလောင်ပျက်စီးတာမရှိဘဲ ပုံမှန်အခြေအနေအတိုင်းသာ တွေ့မြင်ရကြောင်းနဲ့ ဒါဟာ တပ်မတော်၊ ပြည်သူနဲ့ အစိုးရတို့အကြား အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သလို အစိုးရအာဘော် ရုပ်သံတွေမှာပါ ထုတ်လွှင့်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကတော့ မီးရှို့ခံရတဲ့ အခြားကျေးရွာတွေလည်း ရှိနေပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ပြောပါတယ်။

“မီးလောင်တဲ့ရွာတွေနဲ့ အိမ်ခြေတွေကို စာရင်းကောက်ရတာက နည်းနည်း အခက်အခဲရှိတယ်။ သွားလာလို့မရတဲ့ အခြေအနေတွေကြောင့်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ခြေစာရင်း တိတိကျကျကို အကုန်လုံး လွှမ်းခြုံပြီးတော့ပြောဖို့ နည်းနည်းခက်တယ်။ တော်တော်များများ မီးလောင်တာကတော့ ကျွန်တော်တို့ သိရသလောက်ဆိုရင် ပြိုင်းတိုင်းနဲ့ အဲဒီဘက်မှာရှိတဲ့ မုန့်သန်းပြင်တို့ အဲဒီရွာတွေကတော့ တော်တော်များများ လောင်တယ်လို့ ကျွန်တော်တို့ သိရတာပေါ့လေ။ ANP ပါတီက မြို့နယ်မှာရှိတဲ့ မိသားစုတစ်ခုချင်းစီနဲ့ ကျွန်တော်တို့တွေ့ပြီးတော့ အချက်အလက်တွေကို ကျွန်တော်တို့ လိုက်ကောက်နေတယ်။ မိသာစု တစ်ခုချင်းစီမှာ ဘယ်လောက်အထိ ဆုံးရှုံးမှုရှိနေမလဲ အဲဒါတွေကို ကျွန်တော်တို့က စာရင်းတွေ တိတိကျကျပြုစုမယ်။ ပြီးတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တင်ပြသွားမယ်”

ပြိုင်းတိုင်း၊ မုန့်သန်းပြင်ရွာတွေမှာလည်း မတ်လ တတိယပတ်က တပ်မတော်လေယာဉ်တွေပေါ်ကနေ ပစ်ချတဲ့ လက်နက်ကြီးတွေ၊ အမြောက်ကြီးတွေကြောင့် နေအိမ် ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာသားတွေက မတ်လ ၃၀ ရက်နေ့က စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့ကြပါတယ်။

နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ ကျောက်တော်မြို့ပေါ်မှာ ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေကြရပါတယ်။ ရွာကိုပြန်ရင် လုံခြုံရေး အာမခံချက်မရှိတာကြောင့် အစိုးရဆီကပေးထားတဲ့ ငွေကြေးတွေနဲ့ ရွာမှာ အိမ်ပြန်ဆောက်ပြီး နေမလားဆိုတာကတော့ မသေချာသေးဘူးလို့ တင်းမကျေးရွာသား တစ်ဦးဖြစ်တဲ့ ကိုညီပုကပြောပါတယ်။

“အိမ်ဆောက်မယ်ဆိုရင်လည်း ရွာမှာပဲ ဆောက်ချင်တာပေါ့။ ဒါပေမဲ့ ရွာမှာ အိမ်ဆောက်ပြီးနေဖို့အတွက် ကျွန်တော်တို့အတွက် လုံခြုံမှုမရှိဘူးလေ။ အဲဒီမှာသူတို့ တပ်မတော်ကနေပြီး ဝင်ချင်တဲ့အချိန် ဝင်လာမယ်။ ဖမ်းချင်တဲ့အချိန် ဖမ်းမယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ်သွားပြီးတော့ နေရဲမလဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ပြည်သူတွေကို တာဝန်ယူတဲ့ အစိုးရတစ်ရပ်အနေနဲ့ ကျွန်တော်တို့ အသက်အန္တရာယ် လုံခြုံမှုရှိအောင် တာဝန်ယူပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရွာမှာပဲပြန်ပြီးတော့ အခြေချဖို့ စိတ်ဆုံးဖြတ်ထားပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးကတော့ နေအိမ်ကို ဘယ်မှာဆောက်မလဲဆိုတာ သီးခြားကိစ္စတစ်ရပ်ဖြစ်သာဖြစ်ပြီး အခုက မီးလောင်သွားတဲ့အိမ်တွေအတွက် ကူညီထောက်ပံ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တပ်မတော်က ငြင်းချက်ထုတ်ထားတဲ့ မီးလောင်နေအိမ်တွေကို ပြည်နယ်အစိုးရက ငွေကြေးထောက်ပံ့တဲ့ ကိစ္စ၊ ဒေသခံတွေက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့တာ၊ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် မီးလောင်တာဖြစ်ကြောင်း ပြောဆိုစွပ်စွဲကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက် တုံ့ပြန်ပြောဆိုချက်ရဖို့ RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ်နားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ရဲ့ ရက်ပေါင်း ၄၀ ကျော်ကြာတိုက်ပွဲမှာ အရပ်သား အများအပြားသေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း မီးရှို့ခံခဲ့ရတာပါ။

အဲဒီဒေသက ဒေသခံ ၈၀ဝ၀ ကျော်ဟာလည်း ကျောက်တော်မြို့ပေါ်မှာ ဒီနေ့အထိ ထွက်ပြေးခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: Citizen Journalist
(ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာကို ၂၀၂၀၊ မတ် ၂၂ ရက်နေ့က မီးရှို့ခံနေရတာကို ကျေးရွာသားတွေ ရိုက်ကူးထားစဉ်)

 TNLA   

  PSLF/TNLA   
  ()  PSLF/TNLA

မင်းပြားတိုက်ပွဲ

ရခိုင်ပြည် မင်းပြားမြို့နယ်တွင် ဒီရက်ပိုင်းအတွင်း တပ်မတော်နှင့် AA တပ်တော်တို့ စစ်ရေးအရ တင်းမာနေပြီး ယနေ့အချိန်ထိ တပ်မတော်နှင့် AA တပ်တော်တို့ ငစရိုင်းချောင်း ဒေသတွင် တိုက်ပွဲရှိနေဆဲ ဖြစ်တဲ့တွက်။ ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာ ရှိ မရှိ ကိုတော့ မသိရှိရသေးပါ။ 24.4.20

   


 ယခုလို ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာပြန့်ပွါးနေချိန် သည့်တိုင် ဗမာစစ်တပ်အနေဖြင့် မြန်မာမဟုတ်သော လူမျိုးများကို သတ်ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာမူဆလင်များ၊ ကလေးနှင့်အမျိုးသမီးများကို သတ်ဖြတ်၍ မကျေနပ်နိုင်သေးသဖြင့်၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ချင်းခရစ်ယာန်များကိုလည်း ဆက်လက်သတ်ဖြတ်နေဆဲဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအရာရှိ ရိုဘက်ကိုဗီလီ၏ ဧပြီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ချက်အရ စစ်တပ်၏ နေ့စဉ် လေကြောင်းဗုံးကြဲမူကြောင့် ရခိုင်ပြည်နှင့် ပလတ်ဝဒေသတွင် အမျိုးသမီး၊ ကလေးငယ်များပါဝင်သော ရခိုင်နှင့်ချင်းအများစုဖြစ်‌သော အရပ်သား ပေါင်း ၆၀ ကျော်ခန့် သေဆုံးသွားပြီးဖြစ်သည်။ ယခုလို မြန်မာစစ်တပ်၏ မြန်မာမဟုတ်သော လူမျိုးများအပေါ် ‘လူမျိုးစုလိုက်သုတ်သင်သတ်ဖြတ်မှု’ ကို ၁၉၄၇ ခုနှစ်ကတည်းကပင် ကရင်များအပေါ်စတင်ခဲ့ပြီး၊ နောက် ကရင်နီ၊ ကချင်၊ ရှမ်း၊နှင့် ယခုအချိန်တွင်တော့ ချင်းနှင့်ရခိုင်များ၏ အလှည့်ရောက်လာ‌တော့သည်။’ရက်ဆွင်ဒီထရေ’ က မဟာမြန်မာ အတွေးအခေါ်အရ မြန်မာစစ်တပ်သာလျှင် တိုင်းပြည်ကို အရှေ့‌နှင့်အ‌နောက် မပြိုင်ကွဲအောင်ထိမ်းထားနိုင်သည်ဟု ခံယူထားကြသည်ဟု ဆိုသည်။ ၁၉၄၇ ခုနှစ်ကတည်းက လူမျိုးပေါင်းစုံ၏ သဘောတူညီချက်ဖြင့် ထူထောင်ခဲ့သော ပြည်ထောင်စုနိုင်ငံမှာ သူ၏ တည်ထောင်သူအား မဟာမြန်မာများမှ သတ်ဖြတ်လိုက်ပြီး၊ ဆယ်စုနှစ်‌ ခုနှစ်ခုကြာပြီးနောက် ခေါင်းဆောင်ဖြစ်လာသော သူ၏ သမီးမှာလည်း ယခုအချိန်တွင်တော့ အဆိုပါမဟာမြန်မာအတွေးအခေါ်၏ လွမ်းမိုးမူကို ခံလိုက်ရပြီး၊ ယခင်အတိုင်း လူမျိုးစုလိုက် ‘သုတ်သင်သတ်ဖြတ်မူ’ လမ်းကြောင်းကိုသာ ကျင့်သုံးလာသည်။ အဆိုပါ လူမျိုးစုလိုက်သုတ်သင်သတ်ဖြတ်မူအား ထင်ထင်ရှားရှား‌‌ဖေါ်ပြ‌နေသည်မှာ နေပြည်တော်၌ စိုက်ထူထားသောရက်စက်ကြမ်းကြုတ်သော ဘုရင်ရုပ်ထုများပင်ဖြစ်သည်။ ‌‌ဗြိတိသျှအဂ်လိပ်များမှ သင်ကြားပေးခဲ့သော ခွဲခြားအုပ်ချူပ်ရေးမူဝါဒ မှာလည်း၊ ယခုအချိန်တွင် မဟာမြန်မာဝါဒီများအတွက် လက်စွဲစာအုပ်ဖြစ်လာ‌သည်။ အရှေ့ဘက်ရှိ ရှမ်း၊ ကရင်နှင့်မွန်၊ မြောက်ဘက်ရှိ ကချင်နှင့်ချင်း၊ ယခုတကြိမ်‌တွင်တော့ အနောက်ဘက်ရှိ ရခိုင်တို့ဘက်သို့အလည့်ရောက်လာတော့သည်။ကျနော်တို့ နားမလည်သည်မှာ အဘယ့်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ သည်သို့ မဟာမြန်မာဝါဒီများကို သူတို့၏ ၅ ကြိမ်မြောက် မြန်မာဘုရင့်နိုင်ငံထူထောင်ရာတွင် ကူညီပေးနေကြရသနည်းဟူသော မေးခွန်းဖြစ်သည်။ သူတို့အနေဖြင့် နောက်ဆုံး မြန်မာဘုရင်မျိုးဆက်ကို ထူထောင်ခဲ့သော အောင်ဇေယျမှ မွန်များကို ၎င်းတို့၏ မူရင်းမွန်နေ‌မြေမှာ မနေနိုင်အောင် ထိုင်းဘက်သို့ အစုလိုက်အပြုံလိုက်မောင်းထုတ်ခဲ့သည်ကို မသိကြလို့လား။ သည်အတိုင်းပင် ကရင်တွေ၊ ကရင်နီတွေ၊ နှင့် ရှမ်းတွေကိုလည်း မောင်းထုတ်ခဲ့ကြပြီး၊ ပို၍သေးငယ်သော လားဟူး၊ ပအိုး၊ လရှီနှင့် တခြားလူမျိုးငယ်များဆိုလျှင် ပြောစရာပင်မလိုတော့ပါ။ လက်ရှိ မဟာမြန်မာဝါဒီခေါင်းဆောင်များအနေဖြင့် မြန်မာမဟုတ်သော လူမျိုးအားလုံးကို ပုန်ကန်လာအောင်ဖိ ဖိနှိပ်အုပ်ချူပ်ဖို့ ဆန်ဒရှိနေကြဆဲလည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ တော်လှန်ရေးများမှာ လူမျိုးစုအချင်းချင်းကြား၌မဟုတ်ဘဲ၊ အားလုံးသည် မဟာမြန်မာလူမျိုးများမှ ချုပ်ကိုင်ထားသည့်အစိုးရကို တွန်းလှန်နေကြခြင်းဖြစ်သည်။ မဟာမြန်မာဝါဒီများ အနေနဲ့ ပြောင်းလိုသည်မှာ နိုင်ငံနာမည်ကို ဘားမားရ်မှ မြန်မာ အဖြစ်သို့သာ ဖြစ်ပြီး၊ ယခင် ကြယ် ၅ လုံး လူမျိုး ၅ မျိုးကို ကိုယ်စားပြုသော အလံမှ ယခု မြန်မာ/ဗမာလူမျိုးတစ်ခုတည်းကို ကိုယ်စားပြုသော ကြယ်တစ်လုံးတည်းပါသော အလံသာဖြစ်သည်။ သူတို့အနေဖြင့် သည်ကဲ့သို့ လူမျိုးစုလိုက်သုတ်သင်ရေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော်နိုင်သည်မှာ အရှေ့တောင်အာရှနှင့် တောင်အာရှတွင် အကြီးမားဆုံးသော၊ တပ်သား ၅ သိန်းခန့်ကို လက်နက်တပ်ဆင်ထားသော၊ နာဇီစစ်တပ်ကဲ့သို့ စစ်တပ်ကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ၎င်းစစ်တပ်သည် ယခုလိုဖြစ်လာသည်မှာ ‌အရှေ့နှင့်အနောက်မှ ကူညီထားကြသောကြောင့်ဖြစ်သည်။ ဥရောပနိုင်ငံဖြစ်သော ဂျာမနီနိုင်ငံမှ ဧရာဝတီ အနောက်ဘက်ခြမ်းတွင် လက်နက်စက်ရုံအကြီး၊ အသေး တည်ဆောက်ရန် ကူညီပေးပြီး၊ ပါကစ်စတန်၊ အစ်စရေးအပါအဝင် ရှရှားနှင့် တရုတ်တို့မှ ယခု ရခိုင်လူမျိုးများကို သတ်ဖြတ်နေသော လေကြောင်းအင်အားနှင့် လက်နက်ကြီးများကို တည်ဆောက်ပေးကြသည်။ ယခုအချိန်တွင်တော့ ပြည်ထောင်စုကို မြန်မာများမပါဘဲ တည်ဆောက်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပေးကြရမည့်အချိန်ဖြစ်ပြီး၊ ဗမာများကို သူတို့ဘာသာ သူတို့ ဗုဒ္ဓဘာသာ ၉၅ ရာခိုင်နုန်းဖြင့် ‘ယူကိုဆလာဗီးယား’ လို နိုင်ငံတည်ဆောက်ကြပါစေ။ ၎င်းနိုင်ငံတွင်းလည်း ကြံခိုင်ရေးပါတီနောက်ခံထားသော မ.ဘ.သ နှင့် စစ်တပ်တို့ကသာ နေရာယူကြပါစေ။ ပြည်ထောင်စုနှင့် ဘာသာရေးသီးခြားနိုင်ငံရေးစနစ်ကတော့ သူတို့အတွက် အ‌ဆင်မပြေလှပါ။ တခြားလူမျိုးများမှ သီးခြားပြည်ထောင်စု တည်ထောင်ကြပါစေ၊ ဖိနှိပ်တက်‌သော မြန်မာများမရှိမှ သူတို့လည်း အဆင်ပြေသွားပါလိမ့်မည်။သို့မဟုတ်ပါက သည်နိုင်ငံသည် ယခုလိုအင်တာနက်ခေတ်တွင်ပင် ပြည်တွင်းစစ် နှစ် ၁၀၀ ပြည့်သော နိုင်ငံအဖြစ် ပြဠာန်းစာအုပ်ထဲတွင် ထည့်‌ရေးရပါ‌တော့မည်။ ရှေးယခင်ကပင် မြန်မာစစ်ဘုရင်များမည်ကဲ့သို့ ပြုမူခဲ့ကြသည်ကို မမေ့ကြပါနှင့်။ မွန်တွေအပေါ် အောင်ဇေယျ ဘယ်လိုပြုလုပ်ခဲ့သနည်း၊ ရခိုင်တွေအပေါ် မောင်ဝိုင်း ဘယ်လိုသတ်ဖြတ်ခဲ့သနည်း မေးကြည့်ကြပါ။နောက်ပိုင်း ကရင်နီခေါင်းဆောင် ကို လွိုင်ကော်မြို့ပေါ်၌ မသေမချင်း ဆွဲကြိုးချသတ်ဖြတ်ခဲ့တာတွေ၊ ကရင်ခေါင်းဆောင် စောဘဦးကြီးကို သတ်ဖြတ်ခဲ့တာတွေ၊ မကြာသေးမီက ရိုဟင်ဂျာ မိန်းမနှင် ကလေးငယ်တွေကို မတရားလုပ်ခဲ့တာတွေ အားလုံးသိကြပါတယ်။ ‘ဟားဘက်မာဖီးယား’ လို့ သိ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စစ်တပ်က သေနတ်နဲ့ ပစ်ခဲ့တာတွေကို မမေ့ကြသေးပါ။ လက်ရှိ စစ်တပ်နှင့် အစိုးရသည်လည်း ဖက်ဒရယ်အရေခြုံပြီး၊ လက်နက်အင်အားကောင်းသော ‘ဝ’ က လွဲပြီး၊ ကျန်သော လူမျိုးစုတိုင်းကို ဆက်လက်သတ်ဖြတ်နေဆဲလည်းဖြစ်သည်။ တကယ်လို့ ဖက်ဒရယ်ကို အမှန်ဖြစ်လာစေချင်ရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာမဟုတ်သော လူမျိုးတိုင်းကို လက်နက်တပ်ဆင်ပေးသင့်ပါသည်။ ဒီနေ့ကာလမှာလည်း ကမ္ဘာကြီးအနေဖြင့် မြန်မာလူမျိုးကြီးဝါဒီများ၏ လိမ်ညာနေသော မူဝါဒများကို သတိပြုသင့်ပြီး၊ ဦးသန့်ကို အထွေထွေအတွင်းရေးမှုးခန့်သလိုမျိုး၊ ဒေါ်စုကို ငြိမ်းချမ်းရေ နိုဘယ်ဆုပေးအပ်သလိုမျိုး၊ နောက် ၁၉၆၀ ခန့်က ဦးနေဝင်းကိုတောင် ‘ရာမာန်မဆဲဆဲ’ ဆု ချီးမြင့်သလိုမျိုး မလုပ်သင့်တော့ပါ။ သူတို့အနေဖြင့် မြန်မာမဟုတ်သော လူမျိုး သန်းချီသေဆုံးသွားအောင်ထိ ယခုလိုမျိုး ဗမာအစိုးရနဲ့ စစ်တပ်ကို ငဲ့ညာပေါင်းသင်းနေကြအုံးမှာလား…။ ဒါမှမဟုတ် အခုလိုမျိုး ကမ္ဘာ့ကုလသမဂ္ဂမှာ အကြိမ်ကြိမ်တောင်းဆိုချက်တွေကို ငြင်းပယ်ပြီး၊ ကိုရိုနာဗိုင်းရပ်ကာလမှာတောင် ထိုးစစ်ဆင်သတ်ဖြတ်နေသော စစ်တပ်ကို ဆုပေးကြမှာလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာပါသည်။

   ()   

တစ်ကမ္ဘာလုံး ကိုရိုနာကူးစက်ရောဂါအား ရင်ဆိုင်နေကြရသည့်အချိန်၊ မြန်မာတစ်နိုင်ငံလုံး၌ ကိုရိုနာကူးစက်ရောဂါ (၁၁၇) ဦးတွေ့ရှိပြီးသည့်အချိန်၌ပင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အရှိန်လျှော့ချခြင်းမရှိသေးသည့်အပြင် ကိုရိုနာအကျပ်အတည်းအား အခွင့်ကောင်းယူပြီး စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက်မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝဒေသအနှံ့ အရှိန်အဟုန်ပြင်းစွာဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဧပြီလဆန်းမှစ၍ ယနေ့အထိ မြန်မာ့တပ်မတော်၏ ထိုးစစ်၊ လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းနီးပါးရှိခဲ့သည်။ သင်္ကြန်ကာလအတွင်း၊ ကိုရိုနာအကျပ်အတည်းများကိုဂရုမစိုက်ဘဲ မြန်မာ့တပ်မတော်သည် ထိုးစစ်ကိုဆက်လက်မြှင့်တင်လာသောကြောင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသော မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့် မလွဲမရှောင်သာခုခံကာကွယ်စစ်များမှ ဟန်ချက်ညီတုံ့ပြန်စစ်များကိုဆင်နွှဲခဲ့ရသည်။ ထို့ကြောင့် ဧပြီလ၊ တတိယအပတ်မှစပြီး တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၀) ရက် နေ့၌ မြန်မာ့တပ်မတော်သည် ပလက်ဝ နှင့် မင်းပြားရှိ မိမိတို့ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာနေရာနှစ်ခုအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့အတူ မြန်မာ့တပ်မတော်သည် ကြက်ဥဝရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်လျက်ရှိသည်။ ရခိုင်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်တမင်တကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (၁) မင်းပြားမြို့နယ်၊ ဖားပြိုရွာတောင်ဖက် (၁) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်၏ အင်အား (၂၈၀) ခန့်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၀) ရက်၊ နံနက် (၈) နာရီ (၅၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ယနေ့တစ်နေ့လုံးနီးပါးတိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်၌ အင်အားမလုံလောက်သောကြောင့် အမျိုးသမီးတပ်ဖွဲ့ဝင်များပါ တိုက်ခိုက်လျက်ရှိကြောင်းသိရှိရသည်။ ဤထိုးစစ်အတွင်းတွင်လည်း ရန်သူ့ဖက်မှ ထိခိုက်၊ ကျဆုံးမှုများရှိခဲ့သည်။ (၂) မင်းပြားမြို့နယ်၊ ရာမောင်တံတား၌သွားလာနေကြသော အရပ်သားခရီးသွားကားများထဲမှ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဝန်ထမ်း (၂) ဦးပါ ကားတစ်စီးသည် ညနေ (၅) နာရီ (၄၀) မိနစ် အချိန်၌ ရာမောင်တံတားအားဖြတ်သန်းရန်အတွက် ၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏ တပ်စခန်းတွင်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆိုပါ WHO ဝန်ထမ်း (၂) ဦးမှာ Coronavirus သံသယရှိသောသူများ၏ သွေးနမူနာများကိုစစ်ဆေးရန်အတွက် ခရီးသွားလာခြင်းဖြစ်သည်။ ထိုသူတို့သည် ရာမောင်တံတားကိုကားဖြင့်ဖြတ်သန်းရန် ၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏တပ်စခန်းတွင်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆိုပါ မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ ခွင့်ပြုချက်ရ၍ ရာမောင်တံတားအားဖြတ်သန်းနေစဉ်အတွင်း ခွင့်ပြုလိုက်သော မြန်မာ့တပ်မတော်၏တပ်စခန်းမှ လက်နက်ငယ်ဖြင့်ပစ်ခတ်၍ ဝန်ထမ်းနှစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် WHO ဝန်ထမ်းနှစ်ဦးစီးလာသော ကားမှာ လမ်းဘေးထိုးကျသွားခဲ့သည်။ ဤကဲ့သို့ဖြစ်ပျက်ပြီး တစ်နာရီခန့်ကြာမှ ရက္ခိုင့်တပ်တော်မှ တွေ့မြင်၍ အဆိုပါ WHO ဝန်ထမ်း(၂) ဦးအား မိမိတို့ကယ်တင်ခဲ့ပြီး လိုအပ်သောဆေးဝါးများဖြင့် အကောင်းဆုံးကုသပေးပြီး လုံခြုံစိတ်ချရသောနေရာသို့ပို့ဆောင်ရန်ကြိုးစားလျက်ရှိသည်။ အသေးစိပ်သတင်းများကို သိရှိရပါကထပ်မံတင်ပေးသွားပါမည်။ (၃) မင်းပြားမြို့နယ်၊ ထောင့်သျှေရွာအတွင်းသို့မြန်မာ့တပ်မတော်၏ ဖားပြိုရွာအနီးတောင်ကုန်းမှ လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မင်းရွာအတွင်း နံနက်(၁၁) နာရီ(၄၅) မိနစ်၌လည်းကောင်း၊ ထောင့်ချေရွာအတွင်း နေ့လယ်(၁) နာရီ(၁၅) မိနစ်၌လည်းကောင်း၊ မြစ်နားရွာအတွင်း နေ့လယ် (၁) နာရီ (၃၀) မိနစ်၌လည်းကောင်း အသီးသီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ မြန်မာ့တပ်မတော်မှ ကျိန်းတောင် နှင့် ရာမောင်တံတားထိပ်မှ လက်နက်ကြီးများဖြင့် ရွာများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြစ်နားရွာသူ တစ်ဦးဖြစ်သော အဖ ဦးစိန်အောင်၏ သမီးမသန်းသန်းဝေ (၂၉ နှစ်) မှာသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ရွာသူ၊ ရွာသားအချို့ရှိခဲ့သည်။ ဒဏ်ရာရရှိသူများမှာ - (က) ဦးမောင်အေးသန်း (၄၁နှစ်) ရင်ဘတ်၊ လက်နက်ကြီးကျည်စထိမှန်၍ဒဏ်ရာရ။ (ခ) ဦးမောင်အေးသန်း၏သမီး၊ မသန်းဦးကြည် (၂၀နှစ်) "ခန္ဓာကိုယ်တစ်ခုလုံး၌ လက်နက်ကြီးကျည်စထိမှန်။ (ဂ) ဦးမောင်အေးသန်း၏ဇနီးဦးဆန်းရီ (၄၀နှစ်) လက် တွင် လက်နက်ကြီးစထိမှန်။ (ဃ) ဦးထွန်းမောင်(၄၃နှစ်)၊ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရ။ (င) ဒေါ်သိန်းတင်အေး(၄၈နှစ်)(ဘ)ဦးစိန်ထွန်း။ထောင့်သျှေရွာ၊ မျက်လုံး၌လက်နက်ကြီးကျည်စထိမှန်။ (၄) ပလက်ဝမြို့ အရှေ့ဖက်မီတာ (၅၀၀) ခန့်အကွာအဝေး(ကုလားတန်မြစ်အရှေ့ဖက်ဘက်ကမ်း တောင်ကုန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် ညနေ(၄) နာရီ(၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့် အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူသည် အထိအခိုက်၊ အကျအဆုံးများဖြင့် နောက်ဆုတ်သွားခဲ့သည်။ ရန်သူ(၇) ဦးသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း ထပ်မံရှိခဲ့သည်။ (၅) ပလက်ဝမြို့နယ်၊ ကြက်ဥဝရွာ အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊ နေ့လယ် (၂) နာရီ (၃၅) မိနစ်အချိန်၌ မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည်။ ကနဦးရရှိသောသတင်းများအရ ကြက်ဥဝရွာရှိ အိမ်အများစုမှာ မီးလောင်ကျွမ်း၍ ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် ကြက်ဥဝရွာ၊ ရွာသား (၃) ယောက်(သို့မဟုတ်) ၄ ယောက်ကိုလည်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားကြောင်းထပ်မံသိရှိရသည်။

သူပုန်


သူပုန်း ======== ရခိုင်ပြည်နံရိုးတချောင်းနန့် ကျွန်အမှောင်ညတိကိုတူးဆွဖို့ AK—47တလက်ထမ်းမထားကေတောင် ငါရို့စွာသူပုန်းတိဖြစ်တေ သူပုန်းတိလို့ကင်းပွန်းတပ်ပါရဇီ လေးဖက်လေးတန်ရန်သူတိဝိုင်း ရောဂါအပြည့်နန့် အမောဖောက်နိန်ရေ "အဖပြည်​"အတွက် ငါရို့လက်ချေတစ်ချောင် ကမ်းပီးလားကတ်မေ... သူပုန်းဆိုစွာ ငါရို့အဘိဓာန်မှာ သူရဲကောင်းလို့ရာခံယူထားရေ လွတ်မြောက်ဖို့အတွက်သူပုန်းလုပ်စွာ ရခိုင်ပြည်အနာဂတ်အတွက်ဂုအချိန်မှာ မင်းလေးသူပုန်း ငါလေးသူပုန်း တမျိုးသားလုံးလည်းသူပုန်းလုပ်ကတ်ရဖို့ဗျာလ်​... တခုတောဟိရေ မြို့ပြပြည်ရွာကို မက်မောခင်တွယ်နိန်သရွိ လွတ်လပ်တေလူမျိုးတခုကို ဇာခါလေ့သင့်ရလီဖို့မဟုတ် တော်လှန်ရေးဆိုစွာ တောအထွက် မြို့အဝင်ရာမဟုတ်လား... မိုး​ကောင်းတုန်း​တော ရွာထားကတ်​ မင်းရို့တီ.....?

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...