ယခုလို ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာပြန့်ပွါးနေချိန် သည့်တိုင် ဗမာစစ်တပ်အနေဖြင့် မြန်မာမဟုတ်သော လူမျိုးများကို သတ်ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာမူဆလင်များ၊ ကလေးနှင့်အမျိုးသမီးများကို သတ်ဖြတ်၍ မကျေနပ်နိုင်သေးသဖြင့်၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ချင်းခရစ်ယာန်များကိုလည်း ဆက်လက်သတ်ဖြတ်နေဆဲဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအရာရှိ ရိုဘက်ကိုဗီလီ၏ ဧပြီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ချက်အရ စစ်တပ်၏ နေ့စဉ် လေကြောင်းဗုံးကြဲမူကြောင့် ရခိုင်ပြည်နှင့် ပလတ်ဝဒေသတွင် အမျိုးသမီး၊ ကလေးငယ်များပါဝင်သော ရခိုင်နှင့်ချင်းအများစုဖြစ်သော အရပ်သား ပေါင်း ၆၀ ကျော်ခန့် သေဆုံးသွားပြီးဖြစ်သည်။ ယခုလို မြန်မာစစ်တပ်၏ မြန်မာမဟုတ်သော လူမျိုးများအပေါ် ‘လူမျိုးစုလိုက်သုတ်သင်သတ်ဖြတ်မှု’ ကို ၁၉၄၇ ခုနှစ်ကတည်းကပင် ကရင်များအပေါ်စတင်ခဲ့ပြီး၊ နောက် ကရင်နီ၊ ကချင်၊ ရှမ်း၊နှင့် ယခုအချိန်တွင်တော့ ချင်းနှင့်ရခိုင်များ၏ အလှည့်ရောက်လာတော့သည်။’ရက်ဆွင်ဒီထရေ’ က မဟာမြန်မာ အတွေးအခေါ်အရ မြန်မာစစ်တပ်သာလျှင် တိုင်းပြည်ကို အရှေ့နှင့်အနောက် မပြိုင်ကွဲအောင်ထိမ်းထားနိုင်သည်ဟု ခံယူထားကြသည်ဟု ဆိုသည်။ ၁၉၄၇ ခုနှစ်ကတည်းက လူမျိုးပေါင်းစုံ၏ သဘောတူညီချက်ဖြင့် ထူထောင်ခဲ့သော ပြည်ထောင်စုနိုင်ငံမှာ သူ၏ တည်ထောင်သူအား မဟာမြန်မာများမှ သတ်ဖြတ်လိုက်ပြီး၊ ဆယ်စုနှစ် ခုနှစ်ခုကြာပြီးနောက် ခေါင်းဆောင်ဖြစ်လာသော သူ၏ သမီးမှာလည်း ယခုအချိန်တွင်တော့ အဆိုပါမဟာမြန်မာအတွေးအခေါ်၏ လွမ်းမိုးမူကို ခံလိုက်ရပြီး၊ ယခင်အတိုင်း လူမျိုးစုလိုက် ‘သုတ်သင်သတ်ဖြတ်မူ’ လမ်းကြောင်းကိုသာ ကျင့်သုံးလာသည်။ အဆိုပါ လူမျိုးစုလိုက်သုတ်သင်သတ်ဖြတ်မူအား ထင်ထင်ရှားရှားဖေါ်ပြနေသည်မှာ နေပြည်တော်၌ စိုက်ထူထားသောရက်စက်ကြမ်းကြုတ်သော ဘုရင်ရုပ်ထုများပင်ဖြစ်သည်။ ဗြိတိသျှအဂ်လိပ်များမှ သင်ကြားပေးခဲ့သော ခွဲခြားအုပ်ချူပ်ရေးမူဝါဒ မှာလည်း၊ ယခုအချိန်တွင် မဟာမြန်မာဝါဒီများအတွက် လက်စွဲစာအုပ်ဖြစ်လာသည်။ အရှေ့ဘက်ရှိ ရှမ်း၊ ကရင်နှင့်မွန်၊ မြောက်ဘက်ရှိ ကချင်နှင့်ချင်း၊ ယခုတကြိမ်တွင်တော့ အနောက်ဘက်ရှိ ရခိုင်တို့ဘက်သို့အလည့်ရောက်လာတော့သည်။ကျနော်တို့ နားမလည်သည်မှာ အဘယ့်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ သည်သို့ မဟာမြန်မာဝါဒီများကို သူတို့၏ ၅ ကြိမ်မြောက် မြန်မာဘုရင့်နိုင်ငံထူထောင်ရာတွင် ကူညီပေးနေကြရသနည်းဟူသော မေးခွန်းဖြစ်သည်။ သူတို့အနေဖြင့် နောက်ဆုံး မြန်မာဘုရင်မျိုးဆက်ကို ထူထောင်ခဲ့သော အောင်ဇေယျမှ မွန်များကို ၎င်းတို့၏ မူရင်းမွန်နေမြေမှာ မနေနိုင်အောင် ထိုင်းဘက်သို့ အစုလိုက်အပြုံလိုက်မောင်းထုတ်ခဲ့သည်ကို မသိကြလို့လား။ သည်အတိုင်းပင် ကရင်တွေ၊ ကရင်နီတွေ၊ နှင့် ရှမ်းတွေကိုလည်း မောင်းထုတ်ခဲ့ကြပြီး၊ ပို၍သေးငယ်သော လားဟူး၊ ပအိုး၊ လရှီနှင့် တခြားလူမျိုးငယ်များဆိုလျှင် ပြောစရာပင်မလိုတော့ပါ။ လက်ရှိ မဟာမြန်မာဝါဒီခေါင်းဆောင်များအနေဖြင့် မြန်မာမဟုတ်သော လူမျိုးအားလုံးကို ပုန်ကန်လာအောင်ဖိ ဖိနှိပ်အုပ်ချူပ်ဖို့ ဆန်ဒရှိနေကြဆဲလည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ တော်လှန်ရေးများမှာ လူမျိုးစုအချင်းချင်းကြား၌မဟုတ်ဘဲ၊ အားလုံးသည် မဟာမြန်မာလူမျိုးများမှ ချုပ်ကိုင်ထားသည့်အစိုးရကို တွန်းလှန်နေကြခြင်းဖြစ်သည်။ မဟာမြန်မာဝါဒီများ အနေနဲ့ ပြောင်းလိုသည်မှာ နိုင်ငံနာမည်ကို ဘားမားရ်မှ မြန်မာ အဖြစ်သို့သာ ဖြစ်ပြီး၊ ယခင် ကြယ် ၅ လုံး လူမျိုး ၅ မျိုးကို ကိုယ်စားပြုသော အလံမှ ယခု မြန်မာ/ဗမာလူမျိုးတစ်ခုတည်းကို ကိုယ်စားပြုသော ကြယ်တစ်လုံးတည်းပါသော အလံသာဖြစ်သည်။ သူတို့အနေဖြင့် သည်ကဲ့သို့ လူမျိုးစုလိုက်သုတ်သင်ရေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော်နိုင်သည်မှာ အရှေ့တောင်အာရှနှင့် တောင်အာရှတွင် အကြီးမားဆုံးသော၊ တပ်သား ၅ သိန်းခန့်ကို လက်နက်တပ်ဆင်ထားသော၊ နာဇီစစ်တပ်ကဲ့သို့ စစ်တပ်ကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ၎င်းစစ်တပ်သည် ယခုလိုဖြစ်လာသည်မှာ အရှေ့နှင့်အနောက်မှ ကူညီထားကြသောကြောင့်ဖြစ်သည်။ ဥရောပနိုင်ငံဖြစ်သော ဂျာမနီနိုင်ငံမှ ဧရာဝတီ အနောက်ဘက်ခြမ်းတွင် လက်နက်စက်ရုံအကြီး၊ အသေး တည်ဆောက်ရန် ကူညီပေးပြီး၊ ပါကစ်စတန်၊ အစ်စရေးအပါအဝင် ရှရှားနှင့် တရုတ်တို့မှ ယခု ရခိုင်လူမျိုးများကို သတ်ဖြတ်နေသော လေကြောင်းအင်အားနှင့် လက်နက်ကြီးများကို တည်ဆောက်ပေးကြသည်။ ယခုအချိန်တွင်တော့ ပြည်ထောင်စုကို မြန်မာများမပါဘဲ တည်ဆောက်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပေးကြရမည့်အချိန်ဖြစ်ပြီး၊ ဗမာများကို သူတို့ဘာသာ သူတို့ ဗုဒ္ဓဘာသာ ၉၅ ရာခိုင်နုန်းဖြင့် ‘ယူကိုဆလာဗီးယား’ လို နိုင်ငံတည်ဆောက်ကြပါစေ။ ၎င်းနိုင်ငံတွင်းလည်း ကြံခိုင်ရေးပါတီနောက်ခံထားသော မ.ဘ.သ နှင့် စစ်တပ်တို့ကသာ နေရာယူကြပါစေ။ ပြည်ထောင်စုနှင့် ဘာသာရေးသီးခြားနိုင်ငံရေးစနစ်ကတော့ သူတို့အတွက် အဆင်မပြေလှပါ။ တခြားလူမျိုးများမှ သီးခြားပြည်ထောင်စု တည်ထောင်ကြပါစေ၊ ဖိနှိပ်တက်သော မြန်မာများမရှိမှ သူတို့လည်း အဆင်ပြေသွားပါလိမ့်မည်။သို့မဟုတ်ပါက သည်နိုင်ငံသည် ယခုလိုအင်တာနက်ခေတ်တွင်ပင် ပြည်တွင်းစစ် နှစ် ၁၀၀ ပြည့်သော နိုင်ငံအဖြစ် ပြဠာန်းစာအုပ်ထဲတွင် ထည့်ရေးရပါတော့မည်။ ရှေးယခင်ကပင် မြန်မာစစ်ဘုရင်များမည်ကဲ့သို့ ပြုမူခဲ့ကြသည်ကို မမေ့ကြပါနှင့်။ မွန်တွေအပေါ် အောင်ဇေယျ ဘယ်လိုပြုလုပ်ခဲ့သနည်း၊ ရခိုင်တွေအပေါ် မောင်ဝိုင်း ဘယ်လိုသတ်ဖြတ်ခဲ့သနည်း မေးကြည့်ကြပါ။နောက်ပိုင်း ကရင်နီခေါင်းဆောင် ကို လွိုင်ကော်မြို့ပေါ်၌ မသေမချင်း ဆွဲကြိုးချသတ်ဖြတ်ခဲ့တာတွေ၊ ကရင်ခေါင်းဆောင် စောဘဦးကြီးကို သတ်ဖြတ်ခဲ့တာတွေ၊ မကြာသေးမီက ရိုဟင်ဂျာ မိန်းမနှင် ကလေးငယ်တွေကို မတရားလုပ်ခဲ့တာတွေ အားလုံးသိကြပါတယ်။ ‘ဟားဘက်မာဖီးယား’ လို့ သိ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စစ်တပ်က သေနတ်နဲ့ ပစ်ခဲ့တာတွေကို မမေ့ကြသေးပါ။ လက်ရှိ စစ်တပ်နှင့် အစိုးရသည်လည်း ဖက်ဒရယ်အရေခြုံပြီး၊ လက်နက်အင်အားကောင်းသော ‘ဝ’ က လွဲပြီး၊ ကျန်သော လူမျိုးစုတိုင်းကို ဆက်လက်သတ်ဖြတ်နေဆဲလည်းဖြစ်သည်။ တကယ်လို့ ဖက်ဒရယ်ကို အမှန်ဖြစ်လာစေချင်ရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာမဟုတ်သော လူမျိုးတိုင်းကို လက်နက်တပ်ဆင်ပေးသင့်ပါသည်။ ဒီနေ့ကာလမှာလည်း ကမ္ဘာကြီးအနေဖြင့် မြန်မာလူမျိုးကြီးဝါဒီများ၏ လိမ်ညာနေသော မူဝါဒများကို သတိပြုသင့်ပြီး၊ ဦးသန့်ကို အထွေထွေအတွင်းရေးမှုးခန့်သလိုမျိုး၊ ဒေါ်စုကို ငြိမ်းချမ်းရေ နိုဘယ်ဆုပေးအပ်သလိုမျိုး၊ နောက် ၁၉၆၀ ခန့်က ဦးနေဝင်းကိုတောင် ‘ရာမာန်မဆဲဆဲ’ ဆု ချီးမြင့်သလိုမျိုး မလုပ်သင့်တော့ပါ။ သူတို့အနေဖြင့် မြန်မာမဟုတ်သော လူမျိုး သန်းချီသေဆုံးသွားအောင်ထိ ယခုလိုမျိုး ဗမာအစိုးရနဲ့ စစ်တပ်ကို ငဲ့ညာပေါင်းသင်းနေကြအုံးမှာလား…။ ဒါမှမဟုတ် အခုလိုမျိုး ကမ္ဘာ့ကုလသမဂ္ဂမှာ အကြိမ်ကြိမ်တောင်းဆိုချက်တွေကို ငြင်းပယ်ပြီး၊ ကိုရိုနာဗိုင်းရပ်ကာလမှာတောင် ထိုးစစ်ဆင်သတ်ဖြတ်နေသော စစ်တပ်ကို ဆုပေးကြမှာလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာပါသည်။
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
သားလေးကိုမိခင်မှလက်တစ်ဖက်ဖြင့်ပွေ့ဖက်ရင်းသေဆုံးနေကြတဲ့သားအမိရုပ်အလောင်းနန်းချောင်းဝကျေးရွာတွင်တွေ့ရှိ Apr 10, 2020 ဧပြီလ (ရ)ရက်နေ့က တပ်...


No comments:
Post a Comment