" ARAKAN ARMY ရဲ့ ၈ နှစ်မြောက် တော်လှန်ရေး
နေ့ အခမ်းအနား ကျင်းပ ပုံ"
AA ရဲ့ ၈ နှစ်မြောက် တော်လှန်ရေး နေ့ကို မနေ့က
KIO ဒေသ လိုင်ဇာနှင့် သိပ်မဝေးသော မလိုင်ခက် မှာ ညီနောင်ရခိုင်Araran Army တို့ရဲ့ ၈ နှစ်မြောက် တော်လှန်ရေး ပွဲကို ပြုလုပ်ခဲ့ပါတယ်။
AA တော်လှန်ရေး နေ့ မိန့်ခွန်းကို AAစစ်ဦးစီးချုပ် ပြောကြားပြီး
တော်လှန်ရေး ညီနောင် အဖွဲ့အစည်း များက ပေးပို့ လိုက်သော
AA တော်လှန်ရေး နေ့ ဂုဏ်ပြု လွှာကို VCS Dr. ညိုထွန်းမောင်ကနေ
ဖတ်ကြားခဲ့ပါတယ်။
" ရခိုင့် အမျိုးသား တွေ ကိုယ့်နိင်ငံ ရေး အောင်မြင် အောင်
တော်လှန်ရေး လုပ်ခဲ့ရပါတယ်" ဟု AA စစ်ဦးစီးချုပ်ကနေ
မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
တော်လှန်ရေး သက်တမ်း ၈ နှစ်အတွင်း လုပ်ဆောင်ခဲ့သမျှကို
ရခိုင် ပြည်သူတို့ကို ဖတ်ပြချင်း ပြုလုပ်ခဲ့ပြီး
" မိမိတပ်မှာ လိုအပ်တာကို ထောက်ပြ, အားရတာကို အားပေးရန်နှင့်
တော်လှန်ရေး လုပ်ဆောင်မှုကို ရခိုင်ပြည်သူအပေါင်းနှင့် ဆက်လက်၍ လက်တွဲ ကာ လုပ်ဆောင်သွားမည်" ဟုလဲ ပြောကြားခဲ့ပါသည်။
ယနေ့ April 11 နေ့တွင် တော်လှန်ရေး နေ့ကို ဂုဏ်ပြု
သော ပွဲများနှင့် ယှဉ် ပြိုင် ကစားပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရပါတယ် ။
မနေ့က ၈ နှစ်မြောက် AA တော်လှန်ရေး နေ့မှာ အဝေးက
ရခိုင့် ရပ်မိရပ်ဖ လူကြီး များ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ရခိုင့် အမျိုးသား တော်လှန်ရေး တပ်မတော် Arankan Army ကို
၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ တွင်ဖွင့်လှစ်ခဲ့သောကြောင့်
နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် တော်လှန်ရေး အခမ်းအနား ပြုလုပ်
ကျင်းပ ခဲ့ကြောင်းလဲသိရပါတယ်။
၈ နှစ်မြောက် AA တော်လှန်ရေး မှသည် နောင်နှစ်ပေါင်း ရာချီအောင်
ရခိုင့် အကျိုးကို သယ်ပိုး နိင်ပါစေ။
San Aung Myo
( kachin Media war)
No comments:
Post a Comment