ဗမာ အက အဖြစ် ၁၉၂၀ မှ စတင်ပေါ်ပေါက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် တစ်ဦးဖြစ်တဲ့ ကာတွန်းဆရာကြီး ဦးဘကလေး (ခ)ရွှေတလေး(ခ) ဦးရွှေရိုး (၁၈၉၃-၁၉၄၅)
ဦးရွှေရိုးအကကို တီထွင်ခဲ့သူ
■■■■■■■■■■■■■
(ဗဟုသုတအဖြစ်ပါ)
ရွှေရိုးအကကို တီထွင်ခဲ့သူလည်းဖြစ် ပထမဆုံးကာတွန်းပညာရှင် ဦးဘကလေး (ခ)ရွှေတလေး
************************************
မြန်မာအလှုပွဲများ ၊ ကထိန်လှည်တဲ့အခါများတွင်
ရွေရိုးအကမပါရင် ပွဲမစည်ဘူး။ ဒီနေ့ ဘုံကထိန်လှည့်
နေသူတွေ ရွှေရိုးအကလေးနဲ့ မြူးတူးကခုန်နေတာ
မြင်တော့ အဲဒီရွှေရိုးအကကို တီထွင်သူ အကပညာရှင်
ကိုသတိရမိလို့ သူအကြောင်းကို မသိသူများ
သိရအောင် မျှဝေလိုက်ပါတယ်။
# ဦးဘကလေး (ခ) ရွှေတလေး
■ ပထမဆုံး ကာတွန်း ပညာရှင်
■ ဦးရွှေရိုး ဒေါ်မိုး အက ကို ပထမ ဦးဆုံး စတင် တီထွင်
■ အဖ ဦးဘိုးသင်း (ကျောင်းဆရာ) အမိ ဒေါ်သဲမှုန် တို့က ပုသိမ်မြို့ ၌ (၂.၂.၁၈၈၉) တွင် မွေးဖွား
■ ပုသိမ်မြို့ အစိုးရကျောင်း တွင် ပညာသင်ကြား
■ ၁၆ နှစ် အရွယ် ၁ဝ တန်း စာမေးပွဲ ကို အင်္ဂလိပ်စာ နှင့် သင်္ချာ ဂုဏ်ထူးဖြင့် အောင်မြင်
■ ရန်ကုန်ကောလိပ် တွင် ဘီအေ အထက်တန်း အထိ သင်ကြား
■ ၁၉၁၆ ကောလိပ်ကျောင်း ၌ လက်ထောက် ကျောင်းဆရာ အဖြစ် ဝင်ရောက် အမှုထမ်းခဲ့
■ မြန်မာ အဆွေ ကုမ္ပဏီ တွင် ကြော်ငြာ ဆိုင်ရာ မန်နေဂျာ လုပ်ကိုင်
■ ရန်ကုန်ကောလိပ် ကျောင်းသားဘဝ ၁၉၁၅ မတ်လ ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင် "မြို့ပိုင်မင်းအိပ်မက်" ကာတွန်း ကို စတင်ရေးဆွဲ
■ ၁၉၂ဝ မှ ၁၉၂၅ ထိ ရုပ်ရှင် လောကတွင် ကျင်လည်
မူလပထမဦးရွှေရိုးကြီး (သို့ ) မြန်မာနိုင်ငံ၏ ပထမဆုံးကာတွန်းပညာရှင်
ဦးဘကလေး (ခ) ရွှေတလေး
ဦးရွှေရိုးစတင်ဖြစ်ပေါ်လာပုံ
ဦးရွှေရိုးအကရယ်လို့ သမိုင်းတခေတ် တွင်ပြီးကျန်ရစ်ခဲ့အောင်၊
ဦးရွှေရိုး အဝတ်အစား၊ ဦးရွှေရိုးရဲ့ဟန်ပန် နဲ့ ဦးရွှေရိုးအက ကိုပါ
တီထွင်သွားသူကတော့ စွယ်စုံရ ပညာရှင်ကြီး၊ ကာတွန်းရွှေတလေး
(ခေါ်) ဦးဘကလေး ဖြစ်ပါတယ်။ ရုပ်ပြောင်းရုပ်လွဲ မိတ်ကပ်ပညာမှာ
အင်မတန် ထူးချွန်တဲ့ သဘာရင့် ရုပ်ရှင်မင်းသားကြီးလည်း ဖြစ်ပါတယ်။
၁၉၂၃ ခုနှစ်က ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ရုပ်ရှင်ဇာတ်ကားမှာ
ဦးရွှေရိုးကြီးအဖြစ် ကိုယ်တိုင် သရုပ်ဆောင်ပြီး၊ ဦးရွှေရိုးကြီး ကို ပထမဆုံး
ပွဲထုတ်ခဲ့တယ်။ နောက်ပိုင်း ဆက်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း
ဦးရွှေရိုးကြီးအဖြစ် ပါဝင် သရုပ်ဆောင်ပါသေးတယ်။
ဦးရွှေရိုးဟန်ပန်ကမျက်ခုံးမွှေးထူထူ၊ နှုတ်ခမ်းမွှေး ကားကား၊
မျက်နှာပေးက ပြုံးစိစိနဲ့ မချိုမချဉ်၊ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီက
ဖိုးရိုးဖားရား၊ ပုဆိုးတောင်ရှည် ကွက်ကျားကြီးဝတ်ပြီး ပုသိမ်ထီး
ငယ်ငယ်ကလေးကို ကိုင်ထားတဲ့ ဦးရွှေရိုးကြီးရဲ့ဟန်ပန်ကိုက
မြင်ရုံနဲ့တောင်မှ ရယ်ချင်စရာ ဖြစ်နေတယ်။ အိုးစည် ဒိုးပတ်
အယိုင်တီး ခပ်သွက်သွက်နဲ့ နောက်တောက်တောက် ပြောင်ချော်ချော်
ကလိုက်ပြန်တော့ ပွဲကြည့်ပရိသတ်က မရိုးမရွဖြစ်လာပြီး၊
တဝါးဝါးတဟားဟားနဲ့ ကိုယ်တိုင်ပဲဝင်လို့ ကချင်ခုန်ချင်
ဖြစ်လာကြတော့တယ်။
ဒီကနေ့ ဦးရွှေရိုးအကမှာ ဒေါ်မိုးဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်တခု ပါလာတာကို တွေ့ကြရပါလိမ့်မယ်။ ဒေါ်မိုးက ဘီးဆံပတ်
ဆံထုံးကြီး ထုံးပြီး မြန်မာ့ရိုးရာ အမျိုးသမီးဝတ်စုံကို သပ်သပ်ရပ်ရပ်
ဝတ်ပါတယ်။ ကတာကတော့ အိုးစည် ဒိုးပတ် အယိုင်အကပါပဲ။
ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ အကပြိုင်ကြ၊ အပြန်အလှန် နောက်ကြပြောင်ကြတဲ့
ကကွက်တွေကိုပါ ထည့်ပြီး ကကြပြန်တော့ ပိုပြီး မြိုင်ဆိုင်လာတာပေါ့။
တောမြိုင်စွန်းကလွမ်းအောင်ဖန် ရုပ်ရှင်ကားထဲမှာ ဒေါ်မိုးက
ဦးရွှေရိုးရဲ့ အိမ်နီးချင်းပါ။ ဇာတ်လမ်းအရ ဒေါ်မိုးကို ဦးရွှေရိုးက
ကျိတ်ပိုးနေတယ်။ ဒေါ်မိုးကလည်း ဦးရွှေရိုးကို ခပ်ကျကျပါပဲ။
ဒါပေမယ့် ညိုမြ လုပ်နေပြန်တယ်။ ရုပ်ရှင်ထဲမှာ ဦးရွှေရိုးက
ဒေါ်မိုးကို တိတ်တိတ်ချောင်းပြီး သင်္ကြန်ရေပက်တဲ့အခန်း ပါပါတယ်။ ဒေါ်မိုးကို ရေပက်အပြီး နောက်နောက်ပြောင်ပြောင်နဲ့
ပျော်ပျော်ကြီးကတဲ့ အကဟာ ပထမဦးဆုံး ဦးရွှေရိုးအကပါပဲ။
ဦးရွှေရိုးနဲ့ ဒေါ်မိုးအတွဲဆိုတာ အဲဒီကတည်းက စခဲ့ပါတယ်။
ဦးဘကလေးကို ၂ ရက်၊ ဖေဖော်ဝါရီလ၊ ၁၈၈၉ခုနှစ်တွင်ပုသိမ်မြို့၌
အဖ ဦးဘိုးသင်း (ကျောင်းဆရာ) အမိဒေါ်သဲမှုန် တို့က မွေးဖွားခဲ့ သည်။
ငယ်စဉ် ကပုသိမ်မြို့ အစိုးရကျောင်းတွင်ပညာ သင်ကြားခဲ့သည်။
အသက် ၁၆ နှစ် အရွယ်တွင် ၁ဝတန်း စာ မေးပွဲကို အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာ ရန်ကုန်ကောလိပ်
တွင် ဘီအေ အထက်တန်းအထိ သင်ကြားခဲ့ဖူးသည်။ ၁၉၁၆ ခုနှစ်
တွင် ကောလိပ်ကျောင်း၌ လက်ထောက်ကျောင်းဆရာ အဖြစ် ဝင်
ရောက် အမှုထမ်းခဲ့ သော် လည်း နိုင်ငံခြားသား ပညာ ဝန် ထံတွင်
ဆက်လက် မလုပ်လို တော့သဖြင့်အလုပ်မှနုတ်ထွက် ခဲ့သည်။ ထို့
နောက် ရန်ကုန်မြို့ရှိ မြန်မာ အဆွေ ကုမ္ပဏီ တွင်ကြော် ငြာဘက်
ဆိုင်ရာ မန်နေဂျာ အဖြစ်ဝင်ရောက်လုပ်ကိုင် ခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ကာတွန်းဆရာမှာ ဦးဘကလေး (ရွှေတလေး)
ပင်ဖြစ်သည်ဟု သိရသည်။ ကာတွန်းဆရာ ဦးဘကလေး (ရွှေတလေး)
သည် ရန်ကုန်ကောလိပ် ကျောင်းသားဘဝ ၁၉၁၅ ခုနှစ်၊ မတ်လ
ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင်” မြို့ပိုင်မင်းအိပ်မက်” ကာတွန်းကို
စတင်ရေးဆွဲ ခဲ့သည်။
ပထမ ဦးဆုံးရေး ဆွဲခဲ့သည့် ကာတွန်းကို ရန်ကုန် တိုင်းအင်္ဂလိပ်
သတင်းစာ အယ်ဒီတာ မစ္စတာနော်လင် က နှစ်သက်သဘော
ကျသွားလေ ရာ ၁၉၁၅ ရန်ကုန်တိုင်းသတင်း စာ ခရစ္စမတ်
အထူးထုတ်စာ စောင်တွင် ကာတွန်းရေးဆွဲ စေခဲ့သည်။
ကာတွန်းရေးဆွဲ သူ၏ လက်မှတ်ကို “ဘကလေး”ဟု အင်္ဂလိပ်
စာဖြင့်လက်မှတ် ရေးထိုးခဲ့သည်။
ကာတွန်းဦးဘကလေးသည် သူ၏ ကလောင်အမည်ကို ဘကလေး၊
ရွှေတလေး၊ မြားတင်ထားသော လေးတံဆိပ်ဖြင့် ရေးထိုးလေ့ရှိသည်။
၁၉၂ဝပြည့်မှ ၁၉၂၅ခုနှစ်အထိ ရုပ်ရှင်လောကတွင် ကျင်လည်ခဲ့သည်။
ရုပ်ရှင်လောကတွင်လည်း လူပျို၊၊လူရွယ်လေးက အဘိုးကြီးအသွင်ဆောင်၍
ပုသိမ်ထီးလေးနှင့် ကသောအကကို ဦးရွှေရိုးအကဟု ပေါ်ပေါက်လာခဲ့သည်။
“ရွှေရိုး” အမည်ဖြင့် ဦးဘကလေး၏ အနုပညာအစွမ်းကို ပြသရင်း
နိုင်ငံတစ်ဝန်း လူကြိုက်များခဲ့ပြီး ရွှေရိုးဘကလေးဟု ထင်ရှားကာ
နှစ်ကိုယ်ခွဲ၊ သုံးကိုယ်ခွဲ၊ လေးကိုယ်ခွဲစသည်ဖြင့် တစ်ကိုယ်တည်း
ဇာတ်ကောင် ကိုယ်ခွဲအမျိုးမျိုးခွဲ၍ သရုပ်ဆောင်ပြရာ မြန်မာပြည်သူများ
စွဲမက်စေခဲ့သည်။
Credit
Source: ထွဋ်မြတ် - Popular Journal
စာကိုး- စာနယ်ဇင်းကာတွန်းသမိုင်းစာတမ်း
............................
Bruno mile
credit
ပြန်လည်မျှဝေပါသည်
လေးစားစွာဖြင့်
A Z
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...



No comments:
Post a Comment