ရခိုင်လူမျိုးတစ်ဦးစီရသင့်သော ရခိုင့်သယံဇာဝင်ငွေကို ရခိုင်လူမျိုးတိုင်းသိစေရန်
===================== #ရခိုင့်ရွှေသဘာဝဓာတ်ငွေမှတစ်နှစ်၏ ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ရှစ်ရာ ၁၈၀၀ ရရှိတယ်လို့သိရပါသည်။ ဤငွေပမာဏသည် ဆယ်စုနှစ်အတွင်း စင်ကာပူကိုကျော်တက်ပြီး ချမ်းသာနိုင်စွမ်းရှိသည့်ရခိုင်သယံဇာတအကြောင်းကို ရခိုင်လူမျိုးတိုင်းသိသင့်ပါသည်။ ဒေါ်လာသန်းတစ်ထောင့်ရှစ်ရာ1800 သည် ကိန်းဂဏန်သင်္ချာဖြင့်ဖော်ပြလျှင် ဂဏန်းအရေအတွက်ပေါင်းဆယ်လုံးရှိပါသည် 180,000,000,0 ယနေ့ဒေါ်လာဈေးနုန်းဖြင့်ဖော်ပြရလျှင် မြန်မာကျပ်ငွေကုဋေတစ်သိန်းရှစ်သောင်းဖြစ်ပေသည်။ ကိန်းဂဏန်းအရေအတွက်မှာ ၁၃လုံးဖြစ်သည် 180,000,000,000,0 တစ်နှစ်ဝင်ငွေပမာဏပင်ဖြစ်ပေသည်။ တစ်လဝင်ငွေမှာ ဒေါ်လာသန်းပေါင်း 150 ရှိပါသည်။ ကိန်းဂဏန်းအရေအတွက်မာ ကိုးလုံးရှိသည် 150,000,000 တစ်ရက်ဝင်ငွေမှာ ဒေါ်လာငါးသန်းရှိပါသည်။ ကိန်းဂဏန်းအားဖြင့် ခုနှစ်လုံးရှိပါသည် 500,000,0 သန်း ရခိုင်လူမျိုးတစ်ဦးသည် အလုပ်မလုပ်ပဲ တစ်နိုက်လျှင်မြန်မာကျပ်ငွေ ခြောက်သိန်းရရှိမည်ဖြစ်သည်။မိသားစုတစ်စုတွင်လူငါးဦးရှိလျှင် တစ်နှစ်တွင် သိန်း ၃၀ ရရှိမည်ဖြစ်သည်။ ကျနော်တို့မိသားစုမှာခြောက်ယောက်ဖြစ်သည့်အတွက် တစ်နှစ်လျှင်မြန်မာကျပ်ငွေ ၃၆သိန်းရရှိမည်ဖြစ်သည်။ ရခိုင်လူမျိုးများသည် အလုပ်မလုပ်ပဲထိုင်းစားနေနိုင်သည်ကို ရခိုင်လူမျိုးများ သတိပြုသင့်ပါသည်။ တစ်နှစ်လျှင်ခြောက်သိန်း..၊ တစ်လတွင် ငါးသောင်း...၊ တစ်ရက်မှာ ၁၆၆၆.၆ ရရှိမည်ဖြစ်သည်။ ဤမျှများပြားသောငွေကို ရခိုင်လူမျိုးများတစ်ပြားတစ်ကျပ်မျှမခံစားရပဲ ရခိုင်လူမျိုးများအဘယ်ကြောင့်ဆင်းရဲရပါသလဲ အိပ်ရာမဝင်မည် သုံးမိနစ်ခန့်စဉ်းစားကြည့်ပါ။ စင်ကာပူထက်ချမ်းသာနိုင်သည့်ကို ကျနော်ချပြပါမည်။ 2017မတိုင်မီကာလ အင်္ဂလိပ်သက္ကရာဇ် 2000 ခုနစ်မှယနေ့အထိ ရခိုင်သယံဇာတဝင်ငွေ မည်မျှရရှိပြီးပြီထင်ပါသလဲ အရင်မေးခွန်းထုက်ပါရစေ...။ ဒေါ်လာသန်းခြောက်သောင်းခြောက်ရာ 606,000,000,00 ရရှိပြီးဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်ဖော်ပြလျှင် အမည်မှည့်ခေါ်ဆိုရန်မရှိအောင်များပြားလှ၍ ကိန်းဂဏန်းသာဖော်ပြပေးလိုက်ပါသည် 606,000,000,000,000 ကိန်းဂဏန်းအရေအတွက်မှာ ၁၅လုံးတိတိရှိပါသည်။ ဂဏန်းပေါင်းစက်၌ မဆန့်အောင်းများပြားသည့်ငွေကြေးပမာဏ ဖြစ်သည်ကိုသိထားရန်လိုအပ်ပါသည်။ ဤငွေပမာဏသည် ရခိုင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာဘီလီယမ် 2.02 ဘီလီယမ် ရရှိမည်ဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်ဖော်ပြလျှင် ကျပ်ဘီလီယမ်နှစ်ရာနှစ်ဘီလီယမ်စီရရှိမည်ဖြစ်သည် 202,000,000,00 ဤငွေပမာဖြင့် သင်သူဌေကြီး၊ သူကြွယ်ကြီးတစ်ဦးလုပ်နိုင်သည့်ကိုသိထားရန်လည်းလိုအပ်သည်။ ဇိမ်ခံကား ရခိုင်လူမျိုးသုံးသန်းလုံးစီနိုင်သည်။တိုက်အိမ်ဖြင့် လူတိုင်းနေနိုင်သည်ငွေပမာဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော်အကြားဝင်ငွေကို တွက်ချက်ခြင်းဖြင့်ရခိုင်လူမျိုးများမဆင်းသင့်တန်ပဲ ဆင်းရဲနေရသည်ကို သတိပြုမိလိမ်မည်ဟုယုံကြည်ပါသည်။ ဒေါ်လာနှစ်ဒသမဝသူညနှစ်ဘီလီယမ်မာ လူတစ်ဦးရရှိမည့်ငွေပမာဏဖြစ်ပါသည်။ သင်တို့အိမ်တွင် မိသားစုငါးဦးရှိလျှင် ဒေါ်လာဘီလီယမ်တစ်ထောင့်တစ်ဆယ် 1010 တိတိရရှိမည်ဖြစ်သည်။ ဆယ်စုနှစ်အတွင်းစင်ကာပူထက်ချမ်းသာနိုင်သည့် သက်သီအထောက်ထားပင်ဖြစ်သည်။ ရခိုင်ပြည်သည် ရခိုင်လူမျိုးများလက်ဖြင့်ပြုပျိုးထောင်ရမည်ဆိုပါက 2050 အတွင်း အာဆီယမ်ဆယ်နိုင်ငံတွင်အချမ်းသာဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ရခိုင်ပြည်၏ဝင်ငွေပမာမှာ ဤထက်များပြားပါသေးသည်။ လောင်ရိပ်မိသောအပင်သည် မည်သည့်အခါမျှ ဖွံ့ဖြိုးထွားကျိုင်းမည်မဟုတ်.. ရခိုင်လူမျိုးများ ဘာလုပ်သင့်ပါသလဲ... လောင်ရိပ်မကျအောင်လုပ်ရမည်.. မည်သို့လုပ်မည်နည်း... လောင်ရိပ်ပြုနေသောအပင်သည် မိမိတို့အတွက်အကျိုးမပြုသည့်အတွက် တန်ဖိုးမဲ့သောအပင်ကို ဦးစွာပထမ ခုတ်ထွင်ရှင်းလင်းပစ်ရမည်ပင်ဖြစ်သည်... ရခိုင်ပင်လယ်ကမ်းရိုးတန်းတွင် ရေနံလုပ်ကွက်တစ်ဆယ်ကျော်ရှိပါသည်။ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့တခြားနိုင်ငံများလည်းပါဝင်ကြသည်။ 2012က မြန်မာအစိုးရ၏ညံ့ဖျင်းမှု့ကြောင့် ရခိုင်ကမ်းရိုးတန်းမှပိုင်သော ရေနံတွင်းအား ကုလသမဂ္ဂက ခုံရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလာဒေရှ်ကိုပေးလိုက်ရသည်။ သို့သော်ရခိုင်ပြည်ကား ယနေ့အထိတစ်စုံတစ်ခုမျှပြောင်းလဲတိုးတက်လာခြင်းမျိုးမတွေ့ရသေးချေ။ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်လားသူများသာ တစ်နေ့ထက်တစ်နေပိုမိုများပြားလာသည်ကိုသာတွေ့မြင်နေရပါသည်။ ရခိုင်လူမျိုးများ ဘာတွေလုပ်သင့်သလဲ။ အခုဘာတွေလုပ်နေကြပါလဲ။ ဘာတွေကို ပြန်ပြုပြင်ရမလဲ။ တန်းတူညီမျှမှုမရှိလျှင် ဒီမိုကရေစီဆိုသည်အနစ်သာရရှိမည်မဟုတ်။ ရခိုင်အာဏာ ရခိုင်လက်ထဲမရှိသောကြောင့်ဆိုလျှင်ပိုမှန်မည်၊ အမှန်ကန်ဆုံးသောအဖြေဖြစ်မည်။ ခင်များတို့၊ ကျနော်တို့၏မျက်စိထဲတွင် ဒေါ်လာသန်း 1800ဟာ ကိန်းဂဏန်းအရေအတွက်အနည်းသာမြင်ကြပါလိမ့်မယ်ဖြစ်သည်။ နစ်နာဆုံးရှုံးနေသောရခိုင်လူမျိုးတို့၏အခွင့်အရေးကို ရခိုင်များသိရှိစေရန်ရည်ရွယ်ပြီး တွက်ချက်ကြည့်မိ၍ ရခိုင်တစ်မျိုးသာလုံးသိစေရန်ရေးသားမျှဝေတင်ပြလိုက်ပါသည်။ ဤနေရာ၌ ဖြည့်စွပ်ပြီးပြောလိုသည်မှာ မုန်တိုင်းဘေး၊ သဘာဝဘေးဆိုးဒဏ်သင့်ရင် ရခိုင်လူမျိုးသည် မဖြစ်စလောက်သော သိန်း၁၀၀၊ ၂၀၀၀တို့ဖြင့် သန်းပေါင်းများစွာသော၊ ကုဋေပေါင်းမြောက်များစွာသော ငွေပမာဏများကို ဆုံး ရှုံးခံနေရသည်ကိုသတိပြုကြရန် ပြောကြားလို့ပါသည်။ ရခိုင်လူမျိုးတိုင်းတစ်ယေါက်ချင်း သိအောင် Shareပီးကတ်ပါ။
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...

-
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများ...
-
၂ ဒီဇင်ဘာ ၂၀၂၄ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ...
-
ကရင်နီပြည် ဖားဆောင်းသို့ စစ်ကူလာသောဖက်ဆစ်ခွေးစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား မီးလောင်သေဆုံး
No comments:
Post a Comment