ဗမာတပ်မှ ရက္ခိုင်လူမျိုးများအပေါ်၌ ကျူးလွန်သောပြစ်မှုများ 👆👆👆👆👆👆👆👆👆👆👆👆👆
ဆယ်တန်းကျောင်းသား တစ်ဦးအား စစ်တပ်မှ သေနတ်ဖြင့်ထောက် လက်သီးနှင့်ထိုးကာ ကားပေါ် တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူငယ်အား ကျောက်တော် ဆေးရုံကြီးတွင်ဆေးကုသမှုခံယူမည် ဟုသိရ မောရမြီကျော်လှမြင့်(22/2/2019) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်တော်သာရပ် ကွက် ပိတောက်လမ်းတွင် နေထိုင်သူ ဦးရွှေစိန်ဦး၏ သား မောင်ဇော်နိုင်ဋ္ဌေးသည် ၂၁/၂/၂၀၁၉ နေ့ ညနေ ၄:၀၀ နာရီကျော်ခန့်အချိန် မိုးကောင်ကင်ဆီဆိုင်က ဆိုင်ကယ် ဆီဖြည့်အပြန် ၃၇၅ တပ်ရင်းဂိတ်အရောက်မှာ စစ်တပ် ကားက သူ့ရှေ့မှပိတ်ရပ်၍ ကားပေါ်မှဆင်းကာ သူ့ဦး ခေါင်းကို သေနတ်ဖြင့်ထောက်ပြီး လက်သီးဖြင့်ထိုးကာ လူနှင့်ဆိုင်ကယ်ပါ ကားပေါ်တွင်တင်၍ ကန်စောက် ၅၃၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိ ရပါသည်။ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ လူငယ်မှာ သူ့ အိပ်ထဲတွင်ပါလာသော ဆယ်တန်းဖြေဆိုခွင့်ဖေါင်ကဒ် ကို ကားပေါ်ရောက်ရှိစဉ် ထုတ်ပြသော်လည်း ပြန်လွှတ် ပေးခြင်းမရှိဘဲ ကားပေါ်တွင် သူနှင့်အတူအရပ်သားလူ ငယ် ၃ ဦး ဆိုင်ကယ် ၂ စီး သူပါအဝင် စုစုပေါင်း လူငယ် ၄ ဦး ဆိုင်ကယ် ၃ စီးတို့ ပါလာကာ ၅၃၉ တပ်ရင်းအ ရောက်တွင် အရာရှိဟုထင်ရသူအား ဖေါင်ကဒ်ထုတ် ပြသောအခါ လွှတ်ပေးခဲ့သော်လည်း အတူပါလာသော လူငယ် ၃ ဦးနှင့် ဆိုင်ကယ် ၂ စီးမှာ မလွှတ်ဘဲ တပ်ရင်း တွင် ကျန်ရှိခဲ့သည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးမှ ပြောပြ၍ သိရပါသည်။ ယခုအခါ လွတ်မြောက်လာသော ဆယ်တန်းကျောင်း သား မောင်ဇော်ဋ္ဌေးမှာ ယောင်ယမ်းကြောက်လန့်ကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသဖြင့် ကျောက်တော် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူသွားမည်ဖြစ် ကြောင်း သိရပါသည်။
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...


No comments:
Post a Comment