မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ နှင့် ၎င်း တို့ စစ်သင်တန်းပေးထားသော မွတ်ဆလင်များ မြို့ပေါ်၌ အရပ်ကားဖြင့် ကင်းလှည့် မြို့အတွင်းပြည်သူများပိတ်မိနေ
မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ နှင့် ၎င်း တို့ စစ်သင်တန်းပေးထားသော မွတ်ဆလင်များ မြို့ပေါ်၌ အရပ်ကားဖြင့် ကင်းလှည့် မြို့အတွင်းပြည်သူများပိတ်မိနေ
၁၁ မေလ ၂၀၂၄
ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်များသည် အရပ်ကားဖြင့် မြို့အဝင်အထွက် လမ်းဆုံ လမ်းခွ များတွင် ဂိတ်ချပြီး မြို့ကို ပိတ်ထားသည်ဟုသိရသည်။
မောင်တောမြို့အတွင်းရှိ စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေးလက်နက်တပ်ဆင်ထားသော မွတ်ဆလင်များသည် မောင်တောမြို့၌ ပိတ်မိနေသော မွတ်ဆလင် နှင့် ဒေသခံပြည်သူ သောင်ချီးများကို သွားခွင့် ပိတ်ထားကာ မြို့အနီးရှိ ရခိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်ဟု မောင်တောဒေသခံကပြောဆိုသည်။
မောင်တောမြို့အနီးက ဝေသာလီကျေးရွာနှင့် ရွှေရင်အေးကျေးရွာကို စစ် ကာင်စီတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်မွတ်ဆလင်အချို့က မေလ ၉ ရက် န့တွင် ဝင်ရောက်မီးရှိုဖျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ သေနတ်ပစ်သတ်ခံ ရ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
မျက်မြင်ဒေသခံတစ်ဦးက " ဝေသာလီဆိုရင် ပထမတစ်ကြိမ် မီးရှို့ခံရပြီးပြီ။ အဲဒီတုန်းက နေအိမ် ၁၅ ဆောင်ပါသွားတယ်။ ရွှေရင်အေး ရွာကိုလည်း တပြိုင်တည်းဝင်ပြီး မီးရှို့ကြတာ နေအိမ် ၅ဝ ကျော် မီးလောင်သွားသည်ဟု ဒေသခံတွေက ပြောဆိုသည်။
ရုပ်သံ/ မောင်တောမြို့ပေါ်၌ အရပ်ကားဖြင့် သွားလာနေသာ စစ်ကောင်စီ မွတ်ဆလင် လက်နက်ကိုင်များ
#law_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Maungdaw #Rakhine #lay_wadi_media #စစ်ကောင်စီ #Arakan
Comments
Post a Comment