အမ်း - နပခ သို့ စစ်ကူလာတဲ့ အင်အား ထောက်ချီရှိတဲ့ စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၍ ရာနှင့်ချီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး နပခ သို့မရောက်နိုင်ပဲ လမ်းခုလတ်တွင် ကစဉ်ကလျား ထွက်ပြေးနေရ

အမ်း - နပခ သို့ စစ်ကူလာတဲ့ အင်အား ထောက်ချီရှိတဲ့ စစ်ကြောင်းကို  AA ကြားဖြတ်တိုက်ခိုက်၍ ရာနှင့်ချီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး နပခ သို့မရောက်နိုင်ပဲ လမ်းခုလတ်တွင် ကစဉ်ကလျား ထွက်ပြေးနေရ

၂၄ နိုဝင်ဘာ ၂၀၂၄

အမ်း- နပခ သို့  စစ်ကူလာတဲ့  အင်အားထောင်ချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းကို အာရက္ခတပ်တော်AA မှ ကြားဖြတ် တိုက်ခိုက်၍ ရာနှင့်ချီ သေဆုံးခဲ့ရပြီး လမ်းခုလတ်တွင် ကစဉ်ကလျား ထွက်ပြေးနေရကြောင်း သိရသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းတွင်  မကွေးဘက်နေ အင်အား ထောင်ချီရှိနိုင်တဲ့ စစ်ကား ၂၂ စီးပါ ယာဉ်တန်းသည် အမ်းမှာရှိတဲ့ နပခ သို့ စစ်ကူလာကြတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ  အမ်း - ပဒါန်းလမ်းပိုင်းတစ်နေရာ၌ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု ( PRA- Magway ) တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကြောင်း ( PRA- Magway ) က ထုတ်ပြန်ထားသည်။

သို့သော်လည်း ၎င်းစစ်ယာဉ်မှာ ရှေ့ကို ဆက်လက်ချီတက်လာပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ အမ်း- ပဒါးလမ်းမပေါ်မှာ အာရက္ခတပ်တော်AA ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှတစ်ဆင့် သိရသည်။

အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းသည် စစ်ကြောင်းနှစ်ခုခွဲကာ ရှေ့ဆင့် နောက်ဆင့် ပုံစံတူပဲ  ဆက်လက်ကြိုးစားပြီး နပခ အမ်းသို့ အင်အားဖြည့်ရန် ရှေ့တိုးခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ တစ်ကြိမ် အမ်းဘက် ရခိုင်ရိုးမ အဆင်းတွင် အာရက္ခတပ်တော် AA က  ဆက်လက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားအချို့မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအပျောက်များပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ကစဉ်ကလျားထွက်ပြေးကာ ရိုးတစ်လျောက်မှာ စစ်ကောင်စီတပ် နှင့် အာရက္ခတပ်တော် AA တို့ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်မနက်ပိုင်းအထိ  နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိနေကြောင့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက Lay Wadi Media ကို ပြောဆိုသည်။

အင်အားချိနည်းနေတဲ့ နပခ - အမ်းကို စစ်ကောင်စီသည် စစ်ကူ အလုံးအရင်း ပို့ဆောင်နိုင်ရန်နေ့စဉ်ကြိုးပမ်းနေလျက်ရှိနေကြောင်း စစ်ကောင်စီကို ထောက်ခံတဲ့ အသိုင်းအဝိုင်းတွေကလည်း ပြောဆိုနေကြသည်။

လက်ရှိ နပခ- အမ်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး တပ်ရင်းအားလုံးမှာ AA လက်ထဲ ကျရောက်သွားပြီး အရံတပ်ရင်းတပ်ဖွဲ့နှင့် အ-ထ-က အမှတ် ( ၂ ) အထက်တန်းကျောင်းနှင့် နပခ -တိုင်းရုံး ခြံဝင်းကနေ လေကြောင်း ဒရုန်းအသုံးပြု၍ ခုခံနေကြောင်းသိရသည်။

(  သတင်းနှင့် ဓါတ်ပုံသက်ဆိုင်ခြင်းမရှိ ( ပုံဟောင်း )

#lay_wadi_media #စစ်ကောင်စီ #အာရက္ခပြည် #Rakhine #Ann #မိုင်းဆွဲခံရ

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...