KIA တိုက်ခိုက်မှုကြောင့် တရုတ်ဘက်ကို အသက်လု ထွက်ပြေးသွားတဲ့ ကန်ပိုက်တီမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ပြန်လည် လွှဲပြောင်းပေး

KIA တိုက်ခိုက်မှုကြောင့် တရုတ်ဘက်ကို အသက်လု ထွက်ပြေးသွားတဲ့ ကန်ပိုက်တီမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ပြန်လည် လွှဲပြော
င်းပေး

၂၃ နိုဝင်ဘာ ၂၀၂၄

ကချင် တရုတ် နယ်စပ်က ကန်ပိုက်တီမြို့ကို KIA နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဆင်နွဲ့ချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် တရုတ်ဘက်ကို အသက်လု ထွက်ပြေးခဲ့ရကြောင်းသိရသည်။

ကချင်အထူးဒေသ ( ၁ ) ရှိ ကန်ပိုက်တီမြို့ကို  ပြီးခဲ့တဲ့ နိုဝင်လာ ၂၀ ရက် နံနက်တွင် KIA နှင့် ပူးပေါင်းမဟာမိတ် အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး အဲ့ဒီနေ့ ညပိုင်းမှာပဲ ကန်ပိုက်တီမြို့ကို KIA မှ အလုံးစုံ သိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့တယ်လို့ ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း  အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ၃၀၀ ကျော်လောက်မှာ အသက်လုပြီး တရုတ်ဘက်ကို ပြေးဝင်ခဲ့ကြရပြီးနောက် ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီ လောက်မှာ ရွှေလီမြို့ကတဆင့်  ရှမ်းမြောက် မူဆယ်ဘက်ကို တရုတ်ဘက်က ပြန်ပို့ခဲ့တယ်လို့ တရုတ် မြန်မာနယ်စပ်က လာတဲ့ သတင်းတွေအရ သိရသည်။

ကချင်အထူးဒေသ ( ၁ ) ရှိ ချီဖွေ - ဆော့လော်- ပန်းဝါ နှင့် ကန်ပိုက်တီ စတဲ့ မြို့အားလုံးကို လက်ရှိတွင် KIA မှ သိမ်းပိုက်ထိမ်းချုပ်ထားသည်။

ဓါတ်ပုံ - Crd 
#lay_wadi_media #စစ်ကောင်စီ #တရုတ် #စစ်ပြေး #မူဆယ်  #ရွှေလီ

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...