Posts

Showing posts from January, 2025

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

Image
အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းအတွင်းက ARAS - RSO စသည့် မွတ်ဆလင် အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများက လေ့ကျင့်သင်တန်းပေးနေကြောင်း နယူးဒေလီအခြေစိုက် Northeast Newsတွင် ဆောင်းပါးရှင် Chandan Nandy ရေးသားဖော်ပြထား ၃၁ ဇန် နဝါရီ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်  ဒုက္ခသည်စခန်းအတွင်းက ARSA -RSO စသည့် အစွန်းရောက် စစ်သွေးကြွများကို ဘင်္ဂဘားဒေ့ရှ် အာဏာပိုင်အချို့က ပြောက်ကျား တိုက်ခိုက်ရေး လေ့ကျင့်သင်တန်းပေးလျက်ရှိနေသည်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ကော့ဘဇား ဒုက္ခသည်စခန်းအတွင်း ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ (Arakan Rohingya Society for Peace and Human Rights -ARSPHR ) အာရ်ကန်ရိုဟင်ဂျာငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ နှင့်  ( Director General of Military Intelligence -DGFI ) ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အရာရှိအချို့ တွေ့ဆုံစဉ် အဆိုပါတွေ့ဆုံမှုတွင် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် မွတ်ဆလင်တွေကိုလေ့ကျင့်သင်တန်းပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ARSPHR ကိုယ်စားလှယ်အချို့နှင့် DG...