တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ အခမ်းအနားကျင်းပ

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ အခမ်းအနားကျင်းပ

နိရဉ္စရာ၊ ဇန်န၀ါရီ ၂

(၂၃၂) နှစ်မြောက် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ  အခမ်းအနား ဟောပြောပွဲတစ်ခုကို တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ဒီဇင်ဘာ (၃၁) ရက်နေ့ညက ကျင်းပပြု လုပ်ခဲ့ကြောင်းသိရှိရသည်။

ယင်းအောက်မေ့ဖွယ်းဟောပြောပွဲ အခမ်းအနားတွင် ဆားပြင်ကျေးရွာနှင့် တောင်ကုတ်မြို့တွင်းမှ  ကျောင်းသား ကျောင်းသူကလေးငယ်လေးများမှ အမျိုးသားရေးကဗျာများကို ရွတ်ဖတ်ခဲ့ကြသည်။ 

စာရေးဆရာစန္ဒကူးထင် ပေါ်၊ သံတွဲမြို့မှ သမိုင်းသုတေသီစာရေးဆရာ၊ ဆရာတော် ငွေသဇင်(သံတွဲ)၊ နိရဉ္စရာဆောင်းပါးရှင် စာရေးဆ ရာ ရက္ခ၊ ကမာဆရာတော်နှစ်ပါးနှင့် ခရိုင်ဆရာတော်တို့မှ ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် မကြောင်းများကို ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပွဲဖြစ် မြောက်ရေးကို တက်ကြွစီစဉ်ခဲ့ သူဆားပြင်ကျေးရွာ ကိုပြုံးချိုမှ အပိတ်နိဂုံး အမှာ စကားပြောကြားခဲ့ပြီး ဟောပြောပွဲအ ခန်းအနားကို ညဥ့် ၁၂ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

၎င်းအခမ်းအနားသို့ တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားပါတီအပါအ၀င် ဆားပြင်ကျေးရွာနှင့် အနီးအနားမှ လူထုပရိတ်သတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ။

ဓါတ်ပုံ - လူဆင့် (အရိပ်စစ်)

မင်းသားကြီးရွီဘန်း သီတန်းစာ


မင်းသားကြီးရွှီဘန်း သီတန်းစာရတု

မင်းသားအမှန်၊ ငါလျှင်ကြံကနိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်းဘ၀ပြောင်းလိမ့် ---။

ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့မှန်စွာမချွတ်၊ သူမသတ်လည်းမလွတ်တခါ၊ သီအံ့ရာတည်း ---။

ကမ္ဘာတာရှည်၊ သူရို့သည်လည်းအတည်မစိုး၊ ငါမြီတိုးသော်အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။

နောင်လာနောက်လူ၊ ရခိုင်သူရို့အယူမစောင်း၊ ငါ့လမ်းကြောင်းကိုကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကိုတခါမုက္ချ၊ ငါရို့ရအံ့ ---။

လုံ့လရှိခံ၊ လိုလျှင်ကြံကနိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်စွဲမှတ်ဤစာသီတမ်းတည်း ---။ ။

(မင်းသားကြီးရွှီဘန်း)
မူရင်းရွီးသူအမည် Credit ပီးပါယင့်
ပုံနန့်လေး မသက်ဆိုင်ပါ ကဗျာ ရတုကိုသာ အဓိကထား၍ တင်ရခြင်းသာဖြစ်ပါသည်။

မြောက်ဦးမြို့နန်းတော်ကုန်း

မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက် တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။

သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။

နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။

အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။

ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။

နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။

ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။

ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-

(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။

မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
……………………………………………………………

(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။

ဂျူး နဲ့ ရခိုင်


#ဂျူးလူမျိုးတွေကို မျိုးသုဉ်းသတ်ဖြတ်ခဲ့တာ နာဇီစစ်
ဘုရင် ဟစ်တလာ။
#ရခိုင်လူမျိုးတွေကို မျိုးသုဉ်းသတ်ဖြတ်ခဲ့တာ #ဗမာဘုရင် #အမျိုးယုတ်မောင်ဝိုင်း။
#ဟစ်တလာ သတ်ခဲ့တာ ဂျူးလူမျိုးတွေအသက်က
၂သန်းကျော်တည်းသာ..ရှိတယ်​။
#မောင်ဝိုင်း သတ်ခဲ့တာ #ရခိုင်လူမျိုးတွေအသက်က
၇သန်း(၇၄၅၂၇၅၅ ယောက်)ကျော်တောင် သတ်​ခဲ့တယ်​။
#မောင်ဝိုင်း နဲ့စာကြည့်ရင် ဟစ်တလာကတော့
အသေးစားလူသတ်သမားသာဖြစ်တယ် #မောင်ဝိုင်းဟာ ကမ ၻာ့လူသတ္အမ်ားဆုံး ကမ ၻာ့
အရက္စက္ဆုံး အယုတ္မာဆုံးအျဖစ္သတ္မွတ္ပါ
တယ်။
         
          
#ခိုင်ထွန်း
#ရက္ခိုင့်​နိုင်​ငံ

တိုက်ပွဲ သတင်း

ဒီဇင်ဘာလ (၃၀)ရက်နေ့မှ (၃၁)ရက်နေထိဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းများ

(၁) ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက် ၀၈း၂၅ နာရီမှ ၀၈း၄၅ နာရီအချိန်ထိ ကျောက်မဲမြို့နယ် တော်ဖယ်ရွာအနီးတွင် တစ်ကြိမ် နေ့လည် ၁၄း၃၀ နာရီ အချိန်တွင်ကျောက်မဲမြို့နယ် ကျောက်ဖြူ ရွာအနီးတွင်တစ်ကြိမ် အသီးသီးတိုက်ပွဲဖြစ်ပွားခဲ့သည်။

(၂) ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက် (၆)နာရီမှ (၆)နာရီ (၅၀)မိနစ်အထိ ကွတ်ခိုင်အနီး၌မြန်မာစစ်တပ် ခရလ (၂၄၁) (၂၄၂) တို့နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(၃) ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက် (၆)နာရီမှ (၆) နာရီ (၃၀)မိနစ်အချိန်ထိ ကွတ်ခိုင်မြို့နယ် "ပန်ဆေး"ကျေးရွာအနီးတွင်လည်းကောင်း၊ နံနက် (၁၀)နာရီ(၂၀)မိနစ်အချိန်တွင် မန်တုံမြို့နယ် "လွယ်ထန်"ကျေးရွာ အနီးတွင်လည်းကောင်း၊နေ့ လည် (၁)နာရီ (၃၀) မှ (၂)နာရီခန့် အထိနမ့်ဆန်မြို့နယ် "ကွယ်ဟယ်"ကျေးရွာအနီးတွင် လည်းကောင်း၊ နေ့လည်(၁) နာရီမှ(၃) နာရီအချိန်ထိ မန်တုံမြို့နယ် "နမ့်ခွမ်"ကျေးရွာနှင့် "ကြူပန့်"ကျေးရွာကြားတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့
Northern Alliance – Burma
AA + KIA + TNLA+ MNDAA
သတင်းနှင့်မီဒီယာများဆက်သွယ်ရန်ဖုန်းနံပါတ်
မိုင်းအိုက်ကျော်
၀၉၄၉၃၁၄၉၅၁ (0949314951)

ငြိမ်းချမ်းရေးကော်မရှင်နှင့် ဝ၊ မိုင်းလားတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေး



အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ယူဒဗလျူအက်စ်ပီ/ယူဒဗလျူအက်စ်အေ ခေါင်းဆောင် ဦးရှောက်မင်လျံ ဦးစီးအဖွဲ့တို့ ပန်ဆန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့အဖွဲ့နဲ့ ဝ တပ်ဖွဲ့တို့ ဒီဇင်ဘာ ၃၀ ရက်မနက်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကော်မရှင်ဟာ မိုင်းလားတပ်ဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မိုင်းလားအဖွဲ့ နိုင်ငံရေးအကြံပေး ဦးသန်းစိုးနိုင်က ပြောပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ ဆွေးနွေးပွဲကို ဝ တပ်ဖွဲ့အနေနဲ့ ပုဏ္ဏားတိုင်အဖြစ် ပါဝင်စေဖို့ ဆွေးနွေးနေတာလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဝကို ပုဏ္ဏားတိုင်လုပ်ပေးစေချင်တယ်၊ နှစ်ဘက်စလုံးရဲ့ဆန္ဒပဲ၊ အဲဒါအတွက် ညှိနေကြတာပဲ၊ တခုက မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝအဖွဲ့ကို ကြားလူအဖြစ် ပါဝင်စေချင်တယ်၊ ဖြစ်နိုင်လို့ရှိရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝအဖွဲ့ကို ဦးဆောင်စေချင်တယ်၊ ဒါပေမယ့် အဲဒီအခြေအနေကို တပ်မတော်ကလည်း မြင်တဲ့အတွက် မြောက်ပိုင်းအဖွဲ့နဲ့ ဝအဖွဲ့ မပေါင်းစပ်မိဖို့အတွက် ကြိုးစားနေတယ်၊ အဲ့ဒါကြောင့် အခု မြောက်ပိုင်းအဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးဖို့ ကိစ္စမှာ ဝအဖွဲ့ကို နှစ်ဘက်စလုံးက ကြားထားနေကြတာ။”

နှစ်ဘက်ဆွေးနွေးမှုအတွင်း ဝတပ်ဖွဲ့ ကြားဝင်ပါဖို့ မိုင်းလားတပ်ဖွဲ့ကလည်း လိုလားတယ်လို့ ပြောပါတယ်။

ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ် ၄ ခုရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကလည်း ဝတပ်ဖွဲ့အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ သက်သေအဖြစ် ပါဝင်စေလိုတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အစိုးရက နိုင်ငံရေးဆွေးနွေးပွဲတွေကို အစပျိုး လုပ်ဆောင်နေပြီး လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဒုတိယအကြိမ် ပင်လုံညီလာခံလုပ်ဖို့ ရည်မှန်း လုပ်ဆောင်နေတာပါ။

တလသာသာပဲ ကျန်ရှိတော့တဲ့အချိန်အတွင်း လတ်တလော တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှု လျှော့ချဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

လပြာသိုနန့် ဒီဇင်ဘာ ( ၃၁ )


အီးမြရေ လပြာသို မအီးနိုင် ငါ့ရင်ထဲမှာ
ဘီစီ (၃၀၀၀) ကျော်အတိတ်က
ကိုယ့်ပြည်ကိုယ့်မင်း ကိုယ့်ထီးနန်းကို
လွမ်းတမ်းတယင်း ရင်ကွဲပက်လက်
ငါဖြစ်လတ်တေ ဒီဇင်ဘာ --။

နှစ်ပေါင်း (၅၀၀၀) ကျော်အကြာ
ခိုင်မာခရေ မင်းအဆက်ဆက်
ဥသြရီသောက် မုနိပျောက်လို့ 
ထီးပျောက်နန်းပျောက် စည်ကြီးပေါက်တေ
ဒီဇင်ဘာ (၃၁) ရက် ဆုတ်လပြာသို --။

မမိနိုင် ယင်းအချိန်အတိတ်က
မီးတိုက်ခံရ ထီးနန်းလှနန့် 
စေတီပုထိုး ဘုရားကျောင်းကန်
ကျမ်းဂန်စာပီ ဗုဒ္ဓအမွီနန့် 
များပညာသျှင် အရှင်လတ်လတ်
သီအောင်သတ်ဖြတ် မောင်ဝိုင်းလက်မှာ
ကူပါကယ်ပါ လက်ထောင်ကာနန့် 
မြစ်နားကမ်းစပ် ရီမြှုပ်သတ်တေ --။

လူသားဒိုင်းကာ လိုသုံးရာဟု
ဗမာယိုးဒယား စစ်ပွဲကြားမှာ
(၆၀၀၀) ကျော်ရခိုင် တဖြိုင်ဖြိုင်လဲ
ရက်ရက်စက်စက် သူရို့သတ်တေ --။

တင်းဝါးပန်းခိုင် တမြိုင်မြိုင်
ရခိုင်အလောင်း စုစုပေါင်းရို့
အစုလိုက်အပုံလိုက် မသာဖြစ်ခ
ထိုဘ၀ကို ဇာပိုင်မိထားနိုင်ဖို့ လဲ --။

အခုချိန်ခါ များဗမာက
လက်ဟိရခိုင် ပြည်မဏ္ဍိုင်ကို
ဘယ်ကနှုတ်ယူ ညာဖဲ့ယူနန့်
မြီပေါ်မြီအောက် ခြုံပေါက်မကျန်
ရီနံဓါတ်ငွေ့ လိုပိုင်ဖဲ့ပနာ
သယံဇာတ အ၀၀နန့် 
ဆန်ရီစပါး သားငါးမကျန်
ဂေါင်းပုံဖြတ်ထုတ် ခဲဝါယုတ်ပိုင်
မြန်မာဗမာဖြစ်ဖို့ရာဟု
လူမျိုးသွီးနှော အရောင်ဆိုးရေ --။

တိုင်းခြားရောက်လာ မျိုးလေးဖြာနန့့်
ပြည်တွင်းရခိုင် စည်းလုံးနိုင်မှ
လခြမ်းရခိုင် မယိုင်လဲအောင်
တော်လှန်တိုက်ထုတ် အမျိုးယုတ်ကို
နိုင်မည်မုချ အောင်ပွဲလှနန့် 
ကမ္ဘာအလယ် ၀င်ဆန့်မည် --။

Dec /31/ဘားသို့

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...