မင်းသားကြီးရွီဘန်း သီတန်းစာ


မင်းသားကြီးရွှီဘန်း သီတန်းစာရတု

မင်းသားအမှန်၊ ငါလျှင်ကြံကနိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်းဘ၀ပြောင်းလိမ့် ---။

ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့မှန်စွာမချွတ်၊ သူမသတ်လည်းမလွတ်တခါ၊ သီအံ့ရာတည်း ---။

ကမ္ဘာတာရှည်၊ သူရို့သည်လည်းအတည်မစိုး၊ ငါမြီတိုးသော်အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။

နောင်လာနောက်လူ၊ ရခိုင်သူရို့အယူမစောင်း၊ ငါ့လမ်းကြောင်းကိုကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကိုတခါမုက္ချ၊ ငါရို့ရအံ့ ---။

လုံ့လရှိခံ၊ လိုလျှင်ကြံကနိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်စွဲမှတ်ဤစာသီတမ်းတည်း ---။ ။

(မင်းသားကြီးရွှီဘန်း)
မူရင်းရွီးသူအမည် Credit ပီးပါယင့်
ပုံနန့်လေး မသက်ဆိုင်ပါ ကဗျာ ရတုကိုသာ အဓိကထား၍ တင်ရခြင်းသာဖြစ်ပါသည်။

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...