တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ အခမ်းအနားကျင်းပ

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ အခမ်းအနားကျင်းပ

နိရဉ္စရာ၊ ဇန်န၀ါရီ ၂

(၂၃၂) နှစ်မြောက် ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် ဟောပြောပွဲ  အခမ်းအနား ဟောပြောပွဲတစ်ခုကို တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ဒီဇင်ဘာ (၃၁) ရက်နေ့ညက ကျင်းပပြု လုပ်ခဲ့ကြောင်းသိရှိရသည်။

ယင်းအောက်မေ့ဖွယ်းဟောပြောပွဲ အခမ်းအနားတွင် ဆားပြင်ကျေးရွာနှင့် တောင်ကုတ်မြို့တွင်းမှ  ကျောင်းသား ကျောင်းသူကလေးငယ်လေးများမှ အမျိုးသားရေးကဗျာများကို ရွတ်ဖတ်ခဲ့ကြသည်။ 

စာရေးဆရာစန္ဒကူးထင် ပေါ်၊ သံတွဲမြို့မှ သမိုင်းသုတေသီစာရေးဆရာ၊ ဆရာတော် ငွေသဇင်(သံတွဲ)၊ နိရဉ္စရာဆောင်းပါးရှင် စာရေးဆ ရာ ရက္ခ၊ ကမာဆရာတော်နှစ်ပါးနှင့် ခရိုင်ဆရာတော်တို့မှ ရခိုင်ထီးနန်းကျဆုံးနေ့ အောက်မေ့ဖွယ် မကြောင်းများကို ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပွဲဖြစ် မြောက်ရေးကို တက်ကြွစီစဉ်ခဲ့ သူဆားပြင်ကျေးရွာ ကိုပြုံးချိုမှ အပိတ်နိဂုံး အမှာ စကားပြောကြားခဲ့ပြီး ဟောပြောပွဲအ ခန်းအနားကို ညဥ့် ၁၂ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

၎င်းအခမ်းအနားသို့ တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားပါတီအပါအ၀င် ဆားပြင်ကျေးရွာနှင့် အနီးအနားမှ လူထုပရိတ်သတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ။

ဓါတ်ပုံ - လူဆင့် (အရိပ်စစ်)

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...