ကရင်လူမျိုး၏ မူလဇာစ်မြစ် (၆)

ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက်ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက် မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့ ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။ အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။ အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ် နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ ပညာရှင်တဦးလည်း ဖြစ်ပါသည်။ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။ကိ။သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း ၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။ကူ။မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။ကော။ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည် နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။ကိ။ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။ကော်။သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊ မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ (Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ် မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။ (မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွားသည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များလော Laos၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။ထိုင်း Thaiထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group in Thailand)ကမ်ပူးခြား (ကမ္ဘောဒီးယား)ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis, ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့ သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920, page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)ဗီယက်နမ်ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman, North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.)ဘော်နီယိုဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄ တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3, No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo and the tribes of Karen in Burma are related)နိဂုံးကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက် ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့် မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင် ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။

သုတေသနစာတမ်းစောဖော(ရန်ကုန်တက္ကသိုလ်)စာမျက်နှာမှကူးယူဖော်ပြသည်။

ကချင်လူမျိုးဆင်းသက်လာပုံ

ကချင်လူမျိုးတို့ သည် တိဗက်အနွယ်ဝင်များဖြစ်ပြီး ဗမာလူမျိုးတို့ နှင့်တနွယ်တည်းဆင်း သက်လာကြသူများဖြစ်သည်။တိဗက်ဗမာအနွယ်ဝင်တို့ သည် မြန်မာနိုင်ငံထဲသို့ တသုတ် ပြီးတသုတ်ရွှေ့ ပြောင်းဆင်းသက်လာကြကာ ၁၁ ရာစုနှစ်အတွင်းက မြန်မာနိုင်ငံမြောက် ဖျားစွန်းဒေသများသို့ ရောက်ရှိလာကြပြီး ၁၅ ရာစု နှစ်လောက်က ပြည်နယ်အတွင်းသို့  ရောက်ရှိအခြေစိုက်လာကြသည်ဟု ယူဆခဲ့ကြသည်။

ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ မြောက်ပိုင်း သမပိုင်းဇုံတွင်တည်ရှိပြီးဧရာဝတီနှင့်

ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်းဒေသမြေပြန့် များနှင့်တောတောင်များရောပြွမ်းလျက်ရှိသော

ပြည်နယ်တစ်ခုဖြစ်သည်။မှိုင်းညှို့ မြင့်မားလှသောတောင်ထွတ်တောင်တန်းများ၊နက်

ရှိုင်းထူထပ်သောသစ်တောကြီးများ၊ကြည်လင်အေးမြသောမြစ်ချောင်းရေတန်ခွန်များ

အင်းအိုင်များနှင့် စိမ်းလန်းသာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။

မြောက်လတ္တီတွဒ် ၂၃၃၇ ဒီဂရီနှင့် ၂၈၅၈ ကြား၊အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၇ မိနစ်ကြားတွင်

တည်ရှိပြီး အရှေ့ ဖက် နှင့်မြောက်ဖက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊အနောက်ဖက်

တွင် ကသာခရိုင်၊ နာဂတောင်တန်း၊ အထက်ချင်းတွင်းခရိုင်၊ အာသံပြည်တို့ နှင့်နယ်နိ

မိတ်ခြင်းထိစပ်လျက်ရှိသည်။

ကချင်ပြည်နယ်၏ စုစုပေါင်းဧရိယာအကျယ်အ၀န်းမှာ

စတုရန်းမိုင်ပေါင်း ၃၉၉၀၀ ခန့် ရှိသည်။ကုန်းမြင့်ဒေသဖြစ်သည့်အလျောက် ကချင်

ပြည်နယ်သည် ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀ခန့် မြင့်

သည်။ယခုခေတ်ကာလာတွင်လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပြီး စည်ကား

သိုက်မြိုက် သော၊နေချင့်စဖွယ်ကောင်းသော၊ ချစ်စရာဓလေ့များဖြင့်ပြည့်နှက်နေ

သော၊သာယာလှပသော စသဖြင့်သောများစွာဖြင့်ပြည့်နှက်နေသောပြည်နယ် ဖြစ်

ပါသည်။

ကချင်ပြည်နယ်၏ ပြည်နယ်ရုံးစိုက်ရာမြို့ မှာ မြစ်ကြီးနားမြို့ ဖြစ်ပြီး ကချင်ပြည်

နယ်၏ မြို့ တော်ဖြစ်သည်။အခြားထင်ရှားသောနေရာများမှာ ဧရာဝတီင်္ဖြစ်စတင်ဖြစ်ဖျား

ခံသည့် မေခ၊နှင့် မလိခ ပေါင်းစုံရာ မြစ်ဆုံ၊မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်ဖြစ်သည့် အလျား

၁၄ မိုင် အနံ ၇ မိုင်ရှိသည့် အင်းတော်ကြီးအိုင်တို့ မှာ ကမ္ဘာကျော်အောင်ထင်ရှားလှသော

နေရာများပင်ဖြစ်သည်။

ပုဂံခေတ်က ကချင်ပြည်နယ်တွင်း ပါဝင်သောဒေသတို့ မှာ ပုဂံခေတ် မြန်မာအင်ပိုင်ယာအတွင်းပါဝင်ခဲ့၏။တာတာလူမျိုးတို့  ၀င်ရောက်တိုက်ခဲ့ပြီးပုဂံမင်းဆက်ပျက်သုန်းသောအခါက သည်ဒေသတွင် မောရှမ်းလူမျိုး တို့ ကြီးစိုးခဲ့ကြသည်။တောင်ငူခေတ်မရောက်မှီခေတ်တစ်လျှောက်လုံး တွင် မော်ရှမ်းတို့  သည် ကချင်ပြည်နယ်ဒေသများကိုသာမက အနောက်ဘက်ပိုင်းရှိဒေသများကိုပါ ကြီးစိုး နိုင်ခဲ့ကြသည်။တခါတရံ တောင်ဖက်ရှိမြန်မာနိုင်ငံနှင့် မြောက်ဖက်ရှိတရုတ်နိုင်ငံတို့ ကို ပါဝင်ရောက်အာဏာဖြန့် ခဲ့ကြသဖြင့် စစ်မက်ရေးရာအရ ဖြေရှင်းခဲ့ရမှုများလည်းရှိခဲ့ရ သည်။

ထိုစဉ်က မောရှမ်းတို့ ၏ အချက်အချာဒေသမှာ မိုးကောင်းဒေသဖြစ်သည်။၁၅၃၅ -၃၆ ခုနှစ်ခန့် လောက်တွင်တောင်ငူမှနေပြီးမြန်မာနိုင်ငံ ပြန်လည်စုစည်းထူထောင်ခဲ့စဉ် က ကချင်ပြည်နယ်ဒေသတ၀ိုက်မှာ မြန်မာနိုင်ငံနှင့် တပေါင်းတည်းပြန်လည်ဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ကချင်ပြည်နယ်ဒေသများသည် မြန်မာနိုင်ငံနှင့်တပေါင်းတည်းဖြစ်ခဲ့ လေတော့သည်။၁၈၈၅ ခုနှစ်၊မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသည့်နောက် ဒီဇင် ဘာလ ၂၈ ရက်နေ့ က ဗန်းမော်မြို့ ကို သိမ်းပိုက်ခဲ့သည်။ထိုစဉ်က ပြည်နယ်ဒေသအတွင်း ရှိ ကချင်၊ဗမာ၊ရှမ်း တိုင်းရင်းသားခေါင်းဆောင်များပူးပေါင်းကာဗြိတိသျှ တို့ ၏အုပ်ချုပ်မှု ကိုကာလအတန်ကြာတော်လှန်ခဲ့ဖူးလေသည်။ခိုင်မြဲစွာအုပ်ချုပ်နိုင်ရေးအတွက် ဗြိတိသျှ တို့ သည် ၁၈၉၅ ခုနှစ်ထိ ၁၀နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့ရလေသည်။

ထို့ နောက်ကချင်ပြည် နယ်အား နယ်ခြားဒေသ အုပ်ချုပ်ရေးအောက်တွင်ထားရှိသဖြင့် ပြည်မအုပ်ချုပ်ရေးနှင့် ကွဲပြားသွားခဲ့လေသည်။ထိုခေတ်အုပ်ချုပ်ရေးကို မြန်မာပြည်ဘုရင်ခံက တိုက်ရိုက်အုပ် ချုပ်၍ အထက်တန်းအရာရှိများကိုမူ အင်္ဂလန်နိုင်ငံ ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်က ခန့် အပ်လေသည်။ကချင်တောင်တန်းဒေသ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကို ရှမ်း ပြည်နယ်မြောက်ပိုင်း နယ်ခြားဝန်ထောက်က အုပ်ချုပ်ခဲ့သည်။ကချင်တောင်တန်းဒေသ အုပ်ချုပ်ရေးဥပဒေများမှာ ယင်းဓလေ့ထုံးစံများအပေါ်မှီး၍ရေးဆွဲထားသောစည်းမျဉ်းများ ဖြစ်လေသည်။၁၉၃၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော" ကချင်တောင်တန်းသားများဆိုင်ရာ စည်းမျဉ်းဥပဒေများ" နှင့် "ကချင်ပြည်နယ်လက်စွဲ" စာအုပ်တို့ မှာထင်ရှားသောဥပဒေ စာအုပ်များဖြစ်ကြသည်

။ ပင်လုံညီလာခံ၁၉၄၇ ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလ အစိုးရတက်လာသောအခါ သီးခြားကင်းလွတ်နေသောတောင်တန်းဒေသများကို ပြည်မအတွင်းသို့  ပြန်လည်သိမ်းသွင်းလို သဖြင့်တောင်တန်းသားများနှင့်စကားကမ်းလှမ်းခဲ့သည်။သို့ နှင့် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက် နေ့ တွင်ကျင်းပသော ပင်လုံညီလာခံကြီးတွင်တောင်တန်းဒေသခေါင်းဆောင်ကြီးများနှင့် ဗိုလ် ချုပ်အောင်ဆန်း အမှုးပြုသော မြန်မာခေါင်းဆောင်ကြီး တို့ သည် တောင်တန်းဒေသများအား မြန်မာပြည်မကြီးနှင့်ပူးပေါင်းရန် တညီတညွတ်ထည်းဆုံးဖြတ်ကြလေသည်။

၎င်း သဘောတူစာ ချုပ်အရ ၁၉၄၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ တွင်စတင်ကျင်းပသော တိုင်းပြည်ပြုလွတ်တော်မှရေး ဆွဲအတည်ပြုပေးခဲ့သည့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၁၊ အပိုဒ် ၆ တွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်ဟု ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကိုပြည်ထောင်စုမြန်မာ နိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ ဝင်တစ်ခုအဖြစ်ဖွဲ့ စည်းရမည်။ထိုပြည်ထောင်စုအဖွဲ့ ဝင် ကို နောက်နောင်တွင် ကချင်ပြည်နယ်ဟု ခေါ်တွင်ရမည်ဟု အတိတလင်းရေးသားဖေါ်ပြထား လေသည်။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ရက်နေ့ တွင် မြန်မာနိုင်ငံ လွပ်လပ်ရေး ရရှိပြီးနောက် ဇန်န၀ါရီလ ၊၁၀ ရက်နေ့ ကို ကချင်ပြည်နယ်နေ့ အဖြစ်စတင်သတ်မှတ်လိုက်သည်။

ကိုးကား.....http://wikimyanmar.co.cc

ကရင်လူမျိုးရှင်ဘုရင်ရှိခဲ့ဘူးသလား


ကရင်လူမျိုးဟာ များသောအားဖြင့်မိသားစုပုံစံ ညီကိုမောင်နှမပုံစံ ဆင်းရဲလည်းအတူတူ ချမ်းသာလည်းအတူတူအဆင့်အတန်းမခွဲခြားပဲ ကြီးသူစကားကိုနာခံတတ်ပြီညီညီညွတ်ညွတ်နေထိုင် တတ်တဲ့လူမျိုးဖြစ်တာကြောင့် ရှင်ဘုရင် အာဏာရှင်စနစ်အတော်ကိုရှားပါးခဲ့ပါတယ်။

ဒါကြောင့်လည်းဘုရင်အတော်ရှားခဲ့ကိုတွေ့ရမှာပါ။ဒါပေမဲ့ကရင်လူမျိုးမှာဘုရင်တွေမရှိခဲ့ဘူးလားတော့
မဟုတ်ပါဘူးရှိခဲ့ဘူးပါတယ်။ရှိခဲ့တဲ့ကရင်ရှင်ဘုရင်
တွေအကြောင်းကို အမျိုးများလေ့လာမှတ်သားနိုင်ဖို့ အရှင်ကုမာရ ပန်းတနော် ရေးသားတဲ့
ကရင်ရိုးရာယဉ်ကျေးမှုပဒေသာနှင့်အရိုးကောက်
တရားတော်စာအုပ်ကနေပြီထုပ်နှုတ်တင်ပြပေးလိုက် ရပါတယ်။

ကရင်ရှင်ဘုရင်များ
*****************
ဇယျမြို့
*******
သုဝဏ္ဏဘုမ္မိလို့ခေါ်တဲ့သထုံမြို့ဟာလွန်ခဲတဲ့နှစ်ပေါင်း၂၆၀၀ကျော်ကတိဿသက္ကရာဇာဘုရင်အုပ်ချုပ်ခဲ့ဘူးပါတယ်။တိဿသက္ကရာဇာဘုရင်ဟာဇယျာမြို့သစ်မှာ ၇လတိတိအောင်ပွဲခံစံတော်မူပြီသူ့ရဲ့သူရဲကောင်းကြီးဗျညားဣန္ဒကိုစောဗျသားဣန္ဒသေနရာဇာလို့ဘွဲ့ပေးပြီ မင်းမြောက်တန်ဆာငါးပါးနဲ့မင်းမြောက်ကာဇယျမြို့ကိုအုပ်စိုးစေခဲ့ပါတယ်။

အဲဒီဗျညားဣန္ဒဟာ ကရင်လူမ်ျိုးကရင်ရှင်ဘုရင်ဖြစ်ခဲ့ပါတယ်။ဇယျမြို့ဟာခုခါမှာမရှိတော့ပေမဲ့ကော့ကရိတ်မြို့ရဲ့အရှေ့တောင်ဘက်သုံးမိုင်ခန့်ဝေးတဲ့မြို့ဟောင်းလို့ခေါ်တဲ့ရွာအနီးမှာ မြို့ပျက်အဖြစ်ရှိနေသေးပြီ ဇယျမြို့ကို
ပိုင်တရောင်ဍိုင်၊ပံတရောင်ဒုံ၊ဗံဒရောဒုံဆိုပြီကရင်တွေကအမ်ျိုးမ်ျိုးခေါ်ဝေါခဲ့ကြတယ်လို့ သမိုင်းသုတေသီများကမှတ်တမ်းတင်ထားခဲ့ပါတယ်။

ကျိုက်မြို့ခေါ် ကလိုက်မြို့
************************
ကျိုက်မြို့ခေါ်ကလိုက်မြို့ကိုအုပ်ချုပ်ခဲ့တဲ့ ကလာပုမင်း ဝဘောမင်း လောပိန်မင်း နဲထော်မင်း သောဓနမင်း ဝလုနာမင်း ဝလောပိန်မင်း သီဝလာမင်း သွီနှင်မင်း ဝဗလဲတော်မင်း စတဲ့မင်းများဟာလည်း ကရင်လူမျိုး ကရင်ဘုရင် ရှင်ဘုရင်ဖြစ်ခဲ့ပါတယ်။

ကျိုက်မြို့ခေါ်ကလိုက်မြို့ဟာယခုအခါကော့ကရိတ်မြို့ ဟောင်သရောမြစ်နှင့်ကြာအင်းဆိပ်ကြီးမြို့ ကျိတ်ချောင်းဝမှာတည်ရှိပြီးမြိုဟောင်းနေရာမျသာ
ကျန်တော့ကြောင်းသမိုင်းသုတေသီများကဆိုပါတယ်

ကရင်ဘုရင်လစွဲ(ခေါ်)လုဒ္ဓယောဓရာဇာ
**********************************
ယခုအခါဇွဲကပင်လို့ခေါ်တဲ့ဗန္ဓဂီရိတောင်ခြေမှာရှိတဲ့ ပအာဝနတောကြီးအတွင်းလှိုင်ဂူတစ်ခုမှာနေတဲ့ဲကရင်မုဆိုးလစွဲဟာတိဿသက္ကရာဇာဘုရင်ကိုအမဲသားကင်ကျပ်တင်ချောက်များကိုဆက်သခဲ့တာ ကြောင့်မင်းကြီးကမုဆိုးလဆွဲကိုလုဒ္ဓယောဓရာဇာဘွဲ့ပေးပြီမင်းမြောက်ခဲ့ပါတယ်။
ဘုရင်လစွဲမုဆိုးဘဝကနေခဲ့တဲ့လှိုင်ဂူဟာခုဆဒ္ဒန်လှိုင် ဂူလို့လည်းဆိုပါတယ်။

ခုတင်ပြသွားတာကကရင်လူမျိုးမှာဘုရင်ရှိတယ်ဆိုတာကိုပါပဲ ဒီဘုရင်တွေကို ပြန်ကြည့်လိုက်ရင် ကိုယ်တိုင်ကိုယ်ကျနန်းစိုက်ပြီဘုရင်လုပ်ခဲ့တာမဟုတ်ပဲ သူတစ်ပါးကလာစိုးစံပြီပေးလို့သာမလွဲသာပဲ ဘုရင်ဖြစ်ခဲ့ရတာကိုမြင်တွေ့ရမှာပါ

ကျတော်အမြင်သုံးသပ်ချက်
************************ တကယ်တော့ရှင်ဘုရင်နဲ့ကရင်ဟာသိပ်မအပ်စပ်ဘူးလို့ကျတော်အမြင်ရထင်မြင်မိပါတယ်။ ကြီးသူစကားကိုနားထောင် ချမ်းသာဆင်းရဲမခွဲခြား အားလုံးကိုတန်းတူဆက်ဆံတတ်တဲ့ကရင်တွေရဲ့မွေးရာပါအမွေအနှစ် အိမ်ထောင်ပြိုင်မထားပဲ တစ်ဦးတစ်ယောက်ကိုသာရိုးမြေကျပေါင်းသင်းဆက် ဆံတတ်တဲ့ဓလေ့သဘာဝသူများတွေနဲ့လည်းမရောယှက် ကိုယ့်ဘာကိုယ်အေးအေးဆေးဆေးနေတတ်တဲ့
အလေ့အကျင့်တွေကြောင့်တစ်မိန့်တစ်အာဏာ စနစ်နဲ့အုပ်ချုပ်တဲ့ဘုရင်စနစ်ဟာလုံးဝမလိုက်ဖက်တဲ့အတွက်ကရင်လူမျိုးများမှာရှင်ဘုရင်နည်းပါးရပါ
ကြောင်းသုံးသပ်လိုက်ရပါတယ်။

အမျိုးများကျန်းမာချမ်းသာကြပါစေ။

သျှစ်သောင်း ပုထိုးတော်အတွင်းမှ မင်းဝတ်အစုံပါ ဝေသာလီခေတ် ဆင်းတုတော်

သျှစ်သောင်းပုထိုးတော်အတွင်းမှ မင်းဝတ်အစုံပါ ဝေသာလီခေတ် ဆင်းတုတော်

ဆရာကြီးဦးဦးသာထွန်း ဦးဆောင်မှုဖြင့် ဦးကျော်ထွန်းအောင် ဦးမြသာ ဦးထွီးမောင် တို့၏ ပံ့ပိုးမှုဖြင့် မြောက်ဦးသမိုင်းဝါသနာရှင်လူငယ်တစ်စုက မူလနေရာ ငွေတောင်ပေါက်တံတားအရှေ့ဘက် ကမ်းစီးပတ်ချောင်းအနီး ခံတပ်တောင်တန်းမှ ပျက်စီးကျိုးပဲ့နေသော ဆင်းတုတော်အား သျှစ်သောင်းဘုရားသို့ပင့်ဆောင်ကာ ရခိုင်ပန်းရံ အကျော်မော်ဆရာကြီး ဦးကျော်အေးမှ ၁၉၉၂ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင် ၃၁ထိ ဆရာကြီးဦးဦးသာထွန်းလမ်းညွှန်မှုဖြင့်  ရှေးမူမပျက် ပြန်လည်မွမ်းမံထားသော ဆင်းတုတော်ဖြစ်ပါသည်။

ဆင်းတုတော်၏လက်ရာမွန်

ဆင်းတုတော်၏ဦးခေါင်းတော်မှာ အနည်းငယ်ကြီးပြီး မကိုဋ်တော်ကိုလွန်စွာ လက်ရာမြောက်သော
ပန်းနွယ် ပန်းခက်များဖြင့် ပြုလုပ်ထားသည်။ မကိုဋ်၏အပေါ်ပိုင်းတွင် တမာရွက်ခေါ် ပန်းခက်(၆)ခုထက်မနည်းဖြင့်မကိုဋ် တော်နှစ်ထပ် ထုဆစ်ထားရှိသည်မှာ အနုစိတ်လှသည်။ ပန်းခက်တို့၏အောက်တွင် ပန်းနွယ်၊ ပန်းလိပ်များနှင့် ဗိန္ဓုမြောက်များ စီတန်းထားသည်ကို တွေ့ရသည်။ မကိုဋ်၏အပေါ်ဆုံး အလယ်ထိပ်တွင် ဆံကျစ်ကိုလက်ယာရစ်ခွေထားသည်။ နားရွက်တော်မှာ ပခုံးနှင့်မထိပေ။ နားပန်တော်နှစ်ခုမှာ ကွေးကောက်ပြီး နားရွက်မှကျနေသည်။ နားကင်းများကို ထင်ရှားစွာတွေ့ရသည်။ နဖူးတော်မှာ ကျယ်ပြန့်သည်။ မျက်လုံး၊ မျက်အိမ်၊ မျက်ရစ်၊မျက်လွှာတို့မှာ ကြည်ညို ဖွယ်ကောင်းလှသည်။ နှာခေါင်းတော်ဖြောင့်တန်းပြီး နှာတံပေါ်သည်။ မေတ္တာဓာတ်ပြည့်ဝသော ပါးစပ်တော်တွင် တည်ငြိမ်သောအပြုံးကို ဆောင်သည်။ မေးရိုးတော်အနည်းငယ် ကားသည်။

လည်ပင်းတော် မတိုမရှည်ဖြစ်ပြီး လည်ရစ်သုံးရစ်ကို ထင်ရှားစွာဖော်ထားသည်။ ရင်ဘတ်တော်မှာ
စလွယ်တော်ပါရှိပြီး စလွယ်(၃)ခုထက်မနည်းပေ။ စလွယ်တော် ကို ဘေးက ပါလီကွေးဖြင့် ထိန်းထားသည်။
(ဘုရင်မင်းမြတ်တို့သည် စလွယ်ကို ဝတ်ဆင်စဉ် ကိုယ်ကို ကိုင်းညွှတ်ခြင်း ပြုရာတွင် တွဲလောင်းမကျရအောင်ပါလီကွေးဖြင့် ထိန်းထားသဖြင့် စလွယ်တော်ဝတ်ဆင်ခြင်း ဟန်ပန်ကို လှပစေ သည်။ ) စလွယ်များ၏အနားကိုမုတ်ပုတီး (သို့မဟုတ်) ပုလဲလုံးများဖြင့် စီတန်းထားသည်ကို တွေ့ရ၏။ အချို့စလွယ် တွင် ပန်းများကိုမကုလပုပ္ဖ(ခေါ်) မြတ်လေးပန်းကိုသော်လည်းကောင်း၊ နာဂကေသရ (ခေါ်) ကံ့ကော်ပန်းကိုလည်း ကောင်း၊ထည့်သွင်းထုဆစ်ထားသည်မှာ အနုစိတ်လှပေသည်။ လက်မောင်းတော်တွင် မောင်းကွပ်ပါရှိပြီး ကံ့ကော် ပန်းများစီတန်းထားသည်။ လက်ကောက်တွင် ဗိန္ဓုပြောက်များ (သို့မဟုတ်) ပုလဲလုံးများဖြင့် စီထားသည်။ ညာဘက်လက်မှာ ပထဝီမြေကြီး (ပလ္လင်တော်)ကို မထိပေ။ ပဇက်မုဒြာ ခေါ် လူနတ်ဗြဟ္မာတို့၏ အဖူးအမြော်အပူအဇော်ကိုခံယူတော်မူဟန်ဖြစ်သည်။ ညာဘက်လက်ချောင်းများအားလုံးသည် ညို့သကျည်းကို ထိနေသည်။

ဘယ်ဘက်လက်ကို ရင်ခွင်ဝယ် ပက်လက်တင်ထားသည်။ ခြေထပ်ပလ္လင်ခွေ စံပယ်တော်မူဟန်ဖြစ်သည်။ ခါးတော်နှင့် ညို့သကျည်းအဖျားတွင် သင်းပိုင်ဝတ်ထားသည့် ဟန်အရစ်များ ဖော်ထားသည်။ ဥာဏ်တော် အတိုင်းအတာမှာ
(၁)အမြင့် (မကိုဋ်အပါ အဝင်) ၄-ပေ ၅လက်မ၊ (၂) မကိုဋ်အမြင့် ၁-ပေ၊ (၃) ခါးတော်ပတ်လည် ၃ပေ ၄လက်မ၊(၄)လက်မောင်းတော်လုံး ပတ် ၂-ပေ ၆ လက်မ၊ (၅) ဒူးစွန်းနှစ်ဖက်အကျယ် ၃ပေ ၃လက်မတို့ဖြစ်ပါသည်။

ခေတ်ကာလကို ခန့်မှန်းခြင်း

ဤဆင်းတုတော်ကို မည်သည့်ခုနှစ်တွင် မည်သူ၊ ကောင်းမှုပြုခဲ့သည်ဟု ပြောရန်မလွယ်ကူပေ၊ သို့သော်
အခြားသော ဆင်းတုတော်များ၏လက်ရာနှင့် ဆက်စပ်ပြီး သုတေသနလုပ်ခြင်းဖြင့် ခေတ်ကာလအပိုင်းအခြားကိုခန့်မှန်းနိုင်ပေသည်။

ဝေသာလီနန်းမြို့၏ မြောက်ဘက်အနီးတွင် ဝေသာလီဘုရားကြီးရှိပြီး ဝေသာလီမြို့ကိုစတင်တည်ထောင် ခဲ့သော မဟာမုနိ သူရိယတဉ္စန္ဒရား၏ ကောင်းမှုတော်ဖြစ်သည်။ ယင်းဝေသာလီဘုရားကြီးမှာယခု သျှစ်သောင်းဘုရား သိမ်တော်အတွင်းရှိသော မင်းဝတ်တန်ဆာနှင့် မကိုဋ်တော်ဆောင်းထားသည့်ဆင်းတုတော်နှင့် နဖူးတော်၊ မျက်ရစ်၊ နှာတံ၊ နှုတ်ခမ်း၊ မေးတော်တို့မှာ နီးစပ်မှုရှိခြင်း။

မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၅-ရာစုခေတ် ကျောက်ဆစ်ဗုဒ္ဓဦးခေါင်းတော်ကြီး (ဝေသာလီနန်းမြို့၏ အနောက်ဘက် ပီပင်ရင်းမှရသည်။ )တွင်ပါရှိသော မျက်လွှာချထားဟန်၊နှာတံပေါ်ဟန်၊ မေးရိုး တော်ဟန်၊ နဖူးကျယ်ပြန့်ဟန်တို့မှာ ယခု သျှစ်သောင်းသိမ်တော်ရောက် မင်းဝတ်တန်ဆာနှင့်မကိုဋ်ဆောင်း ဆင်းတု တော်နှင့် ထပ်တူထပ်မျှဖြစ်နေခြင်း။

ရခိုင်မဂ္ဂဇင်းအမှတ်(၁၃)တွင် ရခိုင်မဂ္ဂဇင်းကော်မတီမှတင်ပြထားသည့် ဆင်းတုတော်ပုံနှင့်တကွ
အောက်ပါကဗျာတို့ဖြင့် ဖော်ကျူးထားသည်မှာ-
"မင်းဝတ်တန်ဆာ စုံလင်စွာနှင့်
လက်ရာမြောက်ဘိ ဝေသာလီမှ
သီရိစက္ကဆင်းတုတော်"ဟူ၍ ဝေသာလီခေတ်တွင် ထုဆစ်ခဲ့သည့် လက်ရာမွန်ဖြစ်ကြောင်း

ဆရာကြီးဦးဦးသာထွန်းနှင့် အခြားဝါရင့်သုတေသီများကလည်း ဝေသာလီခေတ်လက်ရာဖြစ်သည်ဟု
အဆုံးအဖြတ်ပေးခဲ့ပေသည်။

**မောင်ဒေ၀ (မြောက်ဦး)
ကျိန်းရိပ်မြေ လက်ရွေးစင်ဆောင်းပါးပေါင်းချုပ်မှ ကူးယူဖော်ပြပါသည်။

မင်းဝတ်ဘုရားဆင်းတုတော်ကိုးကွယ်ခြင်းသည်
ဓမ္မဝိနယနှင့်  ညီ/မညီ

မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်
ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ်ပူဇော်ခြင်းသည် မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍
စတင်ကိုးကွယ်ပြုလုပ်ကြသနည်းဆိုသည်ကိုဖော်ပြရာတွင်
မုံရွေး ဇေတဝန်ဆရာတော်ကြီးထံ မုံရွာသီရိမာလာ မေးလျှာက်၍
ပြန်လည် ဖြေကြားထားသော သမန္တစက္ခု ဒီပနီ ကျမ်း
စာ- ၃၃၁ l ၁၀၀ - ပုစ္ဆာ ၏ ၁၀၀- ဝိသဇ္ဇနာ တွင်
အောက်ပါအတိုင်း ထင်ရှားစွါ ပါလေသည်။

ဘုရားရုပ်တုတော်ကို တန်ဆာဆောင်း နရတင်းဆင်၍
ပြုလုပ်ကိုးကွယ်သည့်အရာများ ကျမ်းဂန်လာသည်
မလာသည်ကို သိမှတ်လိုပါသည်ဟု ဟူရာ၌

တိပိဋက >>>  သုတ္တန်ပိဋက  နိကယ်ငါးရပ်>>>  ဒီဃနိကာယ် >>>
မဟာဝဂ် ပါဠိတော် >>> (၃) မဟာပရိနိဗ္ဗာနသုတ်  >>> ပါဠိတော်

အဘိဇာနာမိ ခေါ ပနာဟံ၊ အာနန္ဒ (ဒီ၊၂၊၉၂၊ အနေကသတံ ခတ္တိယပရိသံ ဥပသင်္ကမိတာ။ တတြပိ မယာ သန္နိသိန္နပုဗ္ဗံ စေဝ သလ္လပိတပုဗ္ဗဉ္စ သာကစ္ဆာ စ သမာပဇ္ဇိတပုဗ္ဗာ။ တတ္ထ ယာဒိသကော တေသံ ဝဏ္ဏော ဟောတိ၊ တာဒိသကော မယှံ ဝဏ္ဏော ဟောတိ။ ယာဒိသကော တေသံ သရော ဟောတိ၊ တာဒိသကော မယှံ သရော ဟောတိ။ ဓမ္မိယာ ကထာယ သန္ဒေဿမိ သမာဒပေမိ သမုတ္တေဇေမိ သမ္ပဟံသေမိ။ ဘာသမာနဉ္စ မံ န ဇာနန္တိ -- 'ကော နု ခေါ အယံ ဘာသတိ ဒေဝေါ ဝါ မနုေဿာ ဝါ'တိ? ဓမ္မိယာ ကထာယ သန္ဒေဿတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ အန္တရဓာယာမိ။ အန္တရဟိတဉ္စ မံ န ဇာနန္တိ -- 'ကော နု ခေါ အယံ အန္တရဟိတော ဒေဝေါ ဝါ မနုေဿာ ဝါ'တိ?

တိပိဋက >>>  သုတ္တန်ပိဋက  နိကယ်ငါးရပ်>>>  ဒီဃနိကာယ် >>>
မဟာဝဂ် ပါဠိတော် >>> (၃) မဟာပရိနိဗ္ဗာနသုတ်  >>> မြန်မာပြန်

" အာနန္ဒာ ငါသည် အရာမကသော မင်းပရိသတ် (စည်းဝေးပွဲများ) သို့ တက်ရောက်ခဲ့ဖူးသည်ကိုမှတ်မိပေ၏။ ထို (မင်းပရိသတ်များ) ၌ ငါသည် အတူတကွလည်း ထိုင်နေခဲ့ဖူး၏၊ အတူတကွလည်း ပြောဆိုခဲ့ဖူး၏၊ အတူတကွလည်း ဆွေးနွေးခဲ့ဖူး၏။ ထို (မင်းပရိသတ်များ) ၌ ထိုမင်းတို့၏ အဆင်းကဲ့သို့ပင်ငါ၏ အဆင်းသည်လည်း ဖြစ်၏၊ ထိုမင်းတို့၏ အသံကဲ့သို့ပင် ငါ၏ အသံသည်လည်း ဖြစ်၏၊ (ငါသည်ထိုမင်းတို့ကို) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ (ဤသို့) ဟောပြောနေစဉ်၌လည်း ”ဟောပြောနေသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။ (ငါသည်) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏။ (ဤသို့) ကွယ်ခဲ့သောအခါ၌လည်း ”ကွယ်သွားသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။

ဤသို့ စသည်ဖြင့်လာသော တိပိဋက ဆဋ္ဌမူ
ပါဠိတော်နှင့် မြန်မာပြန်စကားရပ်တွင်စင်စစ်အားဖြင့်ကား
ဘုရားသခင်၌ တန်ဆာဆင်ယင်ခြင်းလည်းမရှိ။လည်ရွဲ ဘယက်l
လက်ကောက် လက်ကြပ် lလက်စွပ် ခြေနင်း l နရတင်းဦးစိုက် l
မကိုဋ်စိန်ထောင် ဆင်ယင်ခြင်းလည်း မရှိပါ။ထိုသို့ မရှိသော်လည်း
အဝေးစကြာဝဠာသားတို့ကသာ ငါတို့မင်းသည်အခါတပါးဤကဲ့သို့
စကားကို မပြောစဖူး။ ယနေ့ကား အံ့ဖွယ်ရှိသော တရားစကားကို
ပြောဟောပေသည်ဟူ၍ ထင်ကြကုန်သည်။

ဤသို့ မင်းဟူ၍ မှတ်ထင်လေသော အခိုက်အတန့် ကာလကိုရည်၍
မင်းသဏ္ဍာန် မင်းဝတ်တန်ဆာဖြင့် တကွ အစဉ်အဆက်
ပူဇော် ထုဆစ် ကိုးကွယ်ကြလေသည်သာ ဖြစ်၏ဟု
ဆရာအစဉ်အဆက်စကားရှိပြီး ပိဋကတ်အကိုးအကားလည်း
ခိုင်မာသောကြောင့် မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်ကိုးကွယ်ခြင်းသည် ဓမ္မဝိနယ နှင့်အညီဆိုသည်မှာထင်ရှားပေပြီ ။

Pyay Htoo San

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...